ဖိလစ္ပုိင္မွာ ထိပ္တန္းရုပ္သံလႊင့္ဌာန အပိတ္ခံရ

အပိတ္ခံလိုက္ရသည့္ ဖိလစ္ပိုင္ရုပ္သံသတင္းဌာန
Zawgyi/Unicode

ဖိလစ္ပိုင္နိုင္ငံမွာ ထိပ္တန္း ေရဒီယို ႐ုပ္သံလႊင့္ သတင္းဌာနႀကီးတခုကို လုပ္ငန္းေတြရပ္ဆိုင္းလိုက္ဖို႔ အစိုးရက အမိန္႔ထုတ္လိုက္တဲ့ အတြက္ ဒီလုပ္ရပ္ဟာ လြတ္လပ္တဲ့ မီဒီယာေတြအေပၚ တိုက္ခိုက္မႈအျဖစ္ စြပ္စြဲခ်က္ေတြ ထြက္ေပၚလာပါတယ္။

ဖိလစ္ပိုင္ သမၼတ Rodrigo Duterte ကိုမၾကာခဏေဝဖန္ေလ့ရွိတဲ့ ABS-CBN ေရဒီယို ႐ုပ္သံလႊင့္သတင္းဌာနကို ေမလ ၄ ရက္ေန႔မွာ ၂၅ ႏွစ္လိုင္စင္သက္တမ္းကုန္ဆုံးသြားတဲ့ အေၾကာင္းျပခ်က္နဲ႔ လုပ္ငန္းေတြရပ္ဆိုင္းဖို႔ အမ်ိဳးသား ဆက္သြယ္ျပန္ၾကားေရး ေကာ္မရွင္ အဖြဲ႕က အဂၤါေန႔ကအမိန္႔ထုတ္လိုက္တာပါ။ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါက်ေရာက္ေနတဲ့ ကာလကပ္ေရာဂါနဲ႔ ပတ္သက္လို႔ လြတ္လပ္ တဲ့ သတင္းဌာန သတင္းေတြကို လူေတြပိုၿပီး အားထားလာခ်ိန္မွာ အခုလို ပိတ္ပင္လိုက္တာလည္း ျဖစ္ပါတယ္။ ေရဒီယို ႐ုပ္သံလႊင့္ ခြင့္ရပ္ဆိုင္းလိုက္တဲ့အတြက္ ပရိသတ္ေတြ ကပ္ေရာဂါဆိုင္ရာ သတင္းအခ်က္အလက္ေတြ အခ်ိန္နဲ႔ေျပးညီရေတာ့မွာ မဟုတ္သလို တျခား ေဖ်ာ္ေျဖေရး အစီအစဥ္ေတြကိုလည္း ၾကည့္ရႈ႔ နားဆင္ လို႔ မရနိုင္ေတာ့ဘူးလို႔ ABS-CBN သတင္းဌာနႀကီးရဲ့ ထုတ္ျပန္ေၾကညာ ခ်က္မွာ ေဖာ္ျပထားပါတယ္။

သမၼတ Duterte ရဲ့ မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရးေဆာင္ရြက္ခ်က္ေတြ အပါအဝင္ သူ႔မူဝါဒေတြနဲ႔ လုပ္ရပ္ေတြကို ေဝဖန္ေလ့ရွိတဲ့ ABS-CBN သတင္းဌာနအေပၚ အခုလိုလုပ္တာဟာ သတင္း အေမွာင္ခ်လိုက္တာ ျဖစ္တယ္လို႔ သတင္းမီဒီယာလြတ္လပ္ခြင့္ ေစာင့္ၾကည့္ေရး အဖြဲ႕ေတြက ျပစ္တင္ ေျပာဆိုၾကပါတယ္။ ဒီလုပ္ရပ္ဟာ သတင္းလြတ္လပ္ခြင့္ကို ခ်ိဳးေဖာက္ဖို႔ ႀကိဳးပမ္းတဲ့ လုပ္ရပ္အျဖစ္ ေဝဖန္ ေျပာဆိုမႈေတြကိုေတာ့ အစိုးရကျငင္းဆိုေနတဲ့ တစ္ခ်ိန္တည္းမွာပဲ အြန္လိုင္း သတင္းဌာန တစ္ခုျဖစ္တဲ့ Rappler ဟာ နိုင္ငံျခားသား ပိုင္ဆိုင္ခြင့္ကို ပိတ္ပင္ထားတဲ့ ဥပေဒကို ခ်ိဳးေဖာက္ေနတယ္လို႔လည္း အစိုးရက စြပ္စြဲထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------
[Unicode]

ဖိလစ်ပိုင်နိုင်ငံမှာ ထိပ်တန်း ရေဒီယို ရုပ်သံလွှင့် သတင်းဌာနကြီးတခုကို လုပ်ငန်းတွေရပ်ဆိုင်းလိုက်ဖို့ အစိုးရက အမိန့်ထုတ်လိုက်တဲ့ အတွက် ဒီလုပ်ရပ်ဟာ လွတ်လပ်တဲ့ မီဒီယာတွေအပေါ် တိုက်ခိုက်မှုအဖြစ် စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကိုမကြာခဏဝေဖန်လေ့ရှိတဲ့ABS-CBN ရေဒီယို ရုပ်သံလွှင့်သတင်းဌာနကို မေလ၄ ရက်နေ့မှာ ၂၅ နှစ်လိုင်စင်သက်တမ်းကုန်ဆုံးသွားတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းတွေရပ်ဆိုင်းဖို့ အမျိုးသား ဆက်သွယ်ပြန်ကြားရေး ကော်မရှင် အဖွဲ့က အင်္ဂါနေ့ကအမိန့်ထုတ်လိုက်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကျရောက်နေတဲ့ ကာလကပ်ရောဂါနဲ့ ပတ်သက်လို့ လွတ်လပ် တဲ့ သတင်းဌာန သတင်းတွေကို လူတွေပိုပြီး အားထားလာချိန်မှာ အခုလို ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။ ရေဒီယို ရုပ်သံလွှင့် ခွင့်ရပ်ဆိုင်းလိုက်တဲ့အတွက် ပရိသတ်တွေ ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်နဲ့ပြေးညီရတော့မှာ မဟုတ်သလို တခြား ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း ကြည့်ရှု့ နားဆင် လို့ မရနိုင်တော့ဘူးလို့ ABS-CBN သတင်းဌာနကြီးရဲ့ ထုတ်ပြန်ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ Duterte ရဲ့မူးယစ်ဆေးဝါးနှိမ်နှင်းရေးဆောင်ရွက်ချက်တွေ အပါအဝင် သူ့မူဝါဒတွေနဲ့ လုပ်ရပ်တွေကို ဝေဖန်လေ့ရှိတဲ့ ABS-CBN သတင်းဌာနအပေါ် အခုလိုလုပ်တာဟာ သတင်း အမှောင်ချလိုက်တာ ဖြစ်တယ်လို့ သတင်းမီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်ရေး အဖွဲ့တွေက ပြစ်တင် ပြောဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ သတင်းလွတ်လပ်ခွင့်ကို ချိုးဖောက်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ် ဝေဖန် ပြောဆိုမှုတွေကိုတော့ အစိုးရကငြင်းဆိုနေတဲ့ တစ်ချိန်တည်းမှာပဲ အွန်လိုင်း သတင်းဌာန တစ်ခုဖြစ်တဲ့ Rappler ဟာ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖောက်နေတယ်လို့လည်း အစိုးရက စွပ်စွဲထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/philippine-government-shutdown-popular-tv-station/5407887.html
ဖိလစ္ပုိင္မွာ ထိပ္တန္းရုပ္သံလႊင့္ဌာန အပိတ္ခံရ ဖိလစ္ပုိင္မွာ ထိပ္တန္းရုပ္သံလႊင့္ဌာန အပိတ္ခံရ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.