ငါးႏွစ္သားေလး အေမ့ကားယူေမာင္းလာတာကို အေမရိကန္ အေဝးေျပးလမ္းတစ္ခုမွာမိ


(Zawgyi)⤵⤵⤵
တခ်ိဳ႕ကေလးေလးေတြ ၾကမ္းျပင္ေပၚ ထမင္းပန္းကန္ ေမွာက္ခ်ပစ္လို႔ ဒါမွမဟုတ္ ေၾကာင္အၿမီး လိုက္ဆြဲလို႔ မိဘေတြ ေဒါသထြက္ ေခါင္းကိုက္ရတတ္ပါတယ္။

ဒါေပမဲ့ အေမရိကန္ႏိုင္ငံ ယူတာျပည္နယ္က ေအဒရီယန္ ဆိုတဲ့ ၅ႏွစ္သား ေကာင္ေလးကေတာ့ အေဖ၊အေမရဲ႕ကားကို ယူေမာင္းသြားလိုက္တာ အေဝးေျပးလမ္းမႀကီးေပၚ ေရာက္မွ ရဲက တားခဲ့ရတာပါ။

အေဝးေျပးလမ္းမေပၚမွာ ကားတစ္စီး တစ္နာရီ မိုင္ ၃၀ ႏႈန္းနဲ႔ ေကြ႕ေကာက္ ေမာင္းေနတာကို ယာဥ္ထိန္းရဲက ေတြ႕ခဲ့ၿပီး ရပ္ဖို႔ တားခဲ့တာပါ။ ကားေမာင္းသူက အသာတၾကည္ပဲ ရပ္ေပးခဲ့ပါတယ္။

ကားေမာင္းသူေနရာမွာ ကေလးေလးကို ေတြ႕လိုက္ရေတာ့ ရဲက ပါးစပ္အေဟာင္းသား ျဖစ္သြားခဲ့ရပါတယ္။ ဒါတင္မကေသးပါဘူး။ ကေလးက လမ္ဘာဂီနီကား သြားဝယ္မလို႔ သူကားေမာင္းထြက္လာခဲ့တာလို႔ ေျပာပါတယ္။

သူလိုခ်င္ေနတဲ့ ေဒၚလာ တစ္သိန္းခြဲနီးပါးတန္ အဲဒီ တန္ဖိုးႀကီး ဇိမ္ခံကား မဝယ္ေပးဘူးလို႔ အေမက ေျပာရာကေန အေမနဲ႔စကားမ်ားၿပီး အိမ္ကေန ထြက္လာတာလို႔ အဲဒီ ကေလးက ရဲကို ေျပာျပပါတယ္။

"ကယ္လီဖိုးနီယားျပည္နယ္မွာ သူကိုယ္တိုင္ လမ္ဘာဂီနီကား သြားဝယ္မယ္လို႔ ဆုံးျဖတ္ၿပီး ကားယူေမာင္းလာတာ" လို႔ ယူတာျပည္နယ္ အေဝးေျပး ယာဥ္ထိန္းရဲအဖြဲ႕ရဲ႕ တြစ္တာေပၚမွာ ေဖာ္ျပထားပါတယ္။

"သူ႔အိတ္ထဲမွာ ၃ ေဒၚလာပဲ ပါလာတာဆိုေတာ့ ကားဝယ္ဖို႔ ပိုက္ဆံေလာက္မယ့္ပုံမေပၚဘူး" လို႔ လည္းဆိုပါတယ္။

ကားအသြားအလာေတြ ၾကပ္ေနတဲ့အၾကားမွာ ဟိုေကြ႕ ဒီေကာက္နဲ႔ အဲဒီေကာင္ေလး ကားေမာင္းလာေနတာကို ဒက္ရွ္ဘုတ္ေပၚက ကင္မရာနဲ႔ ႐ိုက္ထားတဲ့ ဗီဒီယိုကို KSL-TV ႐ုပ္ျမင္သံၾကားက ထုတ္လႊင့္ျပခဲ့ပါတယ္။

ကနဦးကေတာ့ ကားေမာင္းသူဟာ မူးၿပီးေမာင္းေနတယ္လို႔ ရဲေတြက ယူဆခဲ့တာပါ။

ေကာင္ေလးကို ေတြ႕လိုက္ခ်ိန္မွာ ရဲက "မင္းအသက္ ဘယ္ေလာက္လဲ၊ မင္းအသက္က ၅ ႏွစ္၊ ဟုတ္လား" လို႔ အံ့ၾသတႀကီး ေမးလိုက္ပုံကို အဲဒီဗီဒီယိုထဲမွာ ေတြ႕ရပါတယ္။

အဲဒီေကာင္ေလးဟာ ကားေျခနင္းကို မီေအာင္ နင္းႏိုင္ဖို႔ ထိုင္ခုံအေရွ႕စြန္းနားေလးမွာ မနည္း ထိုင္ေမာင္းလာခဲ့တာပါ။ သူ႔အိမ္ကေန ၅ မိနစ္ေလာက္ ၾကာၾကာ ေမာင္းလာခဲ့ၿပီးပါၿပီ။

ဒီျဖစ္ရပ္အတြင္း ဘယ္သူမွ အထိအခိုက္ေတာ့ မရွိခဲ့ပါဘူး။ အေဖနဲ႔ အေမကို တရားစြဲသင့္မသင့္ ေဒသ တရား႐ုံးက ဆုံးျဖတ္လိမ့္မယ္လို႔ KSL-TV က ေျပာပါတယ္။

အဲဒီေကာင္ေလး ကားယူၿပီးထြက္လာခ်ိန္မွာ မိဘ ႏွစ္ေယာက္စလုံး အလုပ္သြားေနၿပီး သူ႔အထက္ အႀကီး အစ္ကို၊အစ္မ တစ္ေယာက္ကို ထိန္းခိုင္းထားတာပါ။

ကေလးေတြ မီတဲ့ေနရာေတြမွာ ကားေသာ့ေတြ မထားၾကဖို႔ ရဲက သတိေပးခ်က္ ထပ္ထုတ္ျပန္ထားပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ငါးနှစ်သားလေး အမေ့ကားယူမောင်းလာတာကို အမေရိကန် အဝေးပြေးလမ်းတစ်ခုမှာမိ

တချို့ကလေးလေးတွေ ကြမ်းပြင်ပေါ် ထမင်းပန်းကန် မှောက်ချပစ်လို့ ဒါမှမဟုတ် ကြောင်အမြီး လိုက်ဆွဲလို့ မိဘတွေ ဒေါသထွက် ခေါင်းကိုက်ရတတ်ပါတယ်။

ဒါပေမဲ့ အမေရိကန်နိုင်ငံ ယူတာပြည်နယ်က အေဒရီယန် ဆိုတဲ့ ၅နှစ်သား ကောင်လေးကတော့ အဖေ၊အမေရဲ့ကားကို ယူမောင်းသွားလိုက်တာ အဝေးပြေးလမ်းမကြီးပေါ် ရောက်မှ ရဲက တားခဲ့ရတာပါ။

အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ ကွေ့ကောက် မောင်းနေတာကို ယာဉ်ထိန်းရဲက တွေ့ခဲ့ပြီး ရပ်ဖို့ တားခဲ့တာပါ။ ကားမောင်းသူက အသာတကြည်ပဲ ရပ်ပေးခဲ့ပါတယ်။

ကားမောင်းသူနေရာမှာ ကလေးလေးကို တွေ့လိုက်ရတော့ ရဲက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ကလေးက လမ်ဘာဂီနီကား သွားဝယ်မလို့ သူကားမောင်းထွက်လာခဲ့တာလို့ ပြောပါတယ်။

သူလိုချင်နေတဲ့ ဒေါ်လာ တစ်သိန်းခွဲနီးပါးတန် အဲဒီ တန်ဖိုးကြီး ဇိမ်ခံကား မဝယ်ပေးဘူးလို့ အမေက ပြောရာကနေ အမေနဲ့စကားများပြီး အိမ်ကနေ ထွက်လာတာလို့ အဲဒီ ကလေးက ရဲကို ပြောပြပါတယ်။

"ကယ်လီဖိုးနီယားပြည်နယ်မှာ သူကိုယ်တိုင် လမ်ဘာဂီနီကား သွားဝယ်မယ်လို့ ဆုံးဖြတ်ပြီး ကားယူမောင်းလာတာ" လို့ ယူတာပြည်နယ် အဝေးပြေး ယာဉ်ထိန်းရဲအဖွဲ့ရဲ့ တွစ်တာပေါ်မှာ ဖော်ပြထားပါတယ်။

"သူ့အိတ်ထဲမှာ ၃ ဒေါ်လာပဲ ပါလာတာဆိုတော့ ကားဝယ်ဖို့ ပိုက်ဆံလောက်မယ့်ပုံမပေါ်ဘူး" လို့ လည်းဆိုပါတယ်။

ကားအသွားအလာတွေ ကြပ်နေတဲ့အကြားမှာ ဟိုကွေ့ ဒီကောက်နဲ့ အဲဒီကောင်လေး ကားမောင်းလာနေတာကို ဒက်ရှ်ဘုတ်ပေါ်က ကင်မရာနဲ့ ရိုက်ထားတဲ့ ဗီဒီယိုကို KSL-TV ရုပ်မြင်သံကြားက ထုတ်လွှင့်ပြခဲ့ပါတယ်။

ကနဦးကတော့ ကားမောင်းသူဟာ မူးပြီးမောင်းနေတယ်လို့ ရဲတွေက ယူဆခဲ့တာပါ။

ကောင်လေးကို တွေ့လိုက်ချိန်မှာ ရဲက "မင်းအသက် ဘယ်လောက်လဲ၊ မင်းအသက်က ၅ နှစ်၊ ဟုတ်လား" လို့ အံ့သြတကြီး မေးလိုက်ပုံကို အဲဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။

အဲဒီကောင်လေးဟာ ကားခြေနင်းကို မီအောင် နင်းနိုင်ဖို့ ထိုင်ခုံအရှေ့စွန်းနားလေးမှာ မနည်း ထိုင်မောင်းလာခဲ့တာပါ။ သူ့အိမ်ကနေ ၅ မိနစ်လောက် ကြာကြာ မောင်းလာခဲ့ပြီးပါပြီ။

ဒီဖြစ်ရပ်အတွင်း ဘယ်သူမှ အထိအခိုက်တော့ မရှိခဲ့ပါဘူး။ အဖေနဲ့ အမေကို တရားစွဲသင့်မသင့် ဒေသ တရားရုံးက ဆုံးဖြတ်လိမ့်မယ်လို့ KSL-TV က ပြောပါတယ်။

အဲဒီကောင်လေး ကားယူပြီးထွက်လာချိန်မှာ မိဘ နှစ်ယောက်စလုံး အလုပ်သွားနေပြီး သူ့အထက် အကြီး အစ်ကို၊အစ်မ တစ်ယောက်ကို ထိန်းခိုင်းထားတာပါ။

ကလေးတွေ မီတဲ့နေရာတွေမှာ ကားသော့တွေ မထားကြဖို့ ရဲက သတိပေးချက် ထပ်ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52560709
ငါးႏွစ္သားေလး အေမ့ကားယူေမာင္းလာတာကို အေမရိကန္ အေဝးေျပးလမ္းတစ္ခုမွာမိ ငါးႏွစ္သားေလး အေမ့ကားယူေမာင္းလာတာကို အေမရိကန္ အေဝးေျပးလမ္းတစ္ခုမွာမိ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.