ကုိဗစ္ေၾကာင့္ ျပည္ပမွာေသာင္တင္ေနတဲ့ သိန္းခ်ီ ႏုိင္ငံသားေတြကုိ အိႏၵိယအစုိးရ ျပန္ေခၚမည္


Zawgyi/Unicode

ကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး ကန္႔သတ္ခ်က္ေတြ ေၾကာင့္ ျပည္ပနိုင္ငံေတြမွာ ေသာင္တင္ေနတဲ့ သိန္း ဂဏန္းရွိတဲ့ အိႏၵိယနိုင္ငံသား အေျမာက္အျမားကို ေလယာဥ္နဲ႔ ေရတပ္သေဘၤာေတြ အသုံးျပဳၿပီး ျပန္လည္ေခၚယူမယ့္ အစီအစဥ္ကို စတင္ ေနၿပီလို႔အိႏၵိယအစိုးရက အဂၤါေန႔ကေျပာပါတယ္။ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကို တင္းတင္းက်ပ္က်ပ္ လုပ္ေဆာင္ေနတဲ့ အိႏၵိယနိုင္ငံ ဟာ ျပည္ပ ေလယာဥ္ ဆိုက္ေရာက္မႈကို မတ္လ ေႏွာင္းပိုင္းကတည္းက ပိတ္ထားခဲ့တာေၾကာင့္ ျပည္ပမွာ အလုပ္လုပ္ကိုင္ေနသူေတြ နဲ႔ ေက်ာင္းသူ ေက်ာင္းသား အမ်ားအျပား နိုင္ငံရပ္ျခားမွာ ေသာင္တင္ေနတာ ျဖစ္ပါတယ္။ အိႏၵိယနိုင္ငံသား၁ေထာင္ေက်ာ္ကို ျပန္လည္ေခၚေဆာင္ဖို႔ သေဘၤာ ၂ စင္းကို ေမာ္လဒိုက္ကို ေစလႊတ္လိုက္ၿပီလို႔လည္း အိႏၵိယ ေရတပ္က အဂၤါေန႔ ေႏွာင္းပိုင္းမွာ ေျပာပါတယ္။ တတိယ ေျမာက္ သေဘၤာကို အိႏၵိယနိုင္ငံသား ၃.၃ သန္း ရွိတဲ့ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE)ကို ေစလႊတ္ထားတယ္လို႔လည္း ေရတပ္ ေျပာခြင့္ရက AFP သတင္းဌာနကို ေျပာပါတယ္။

နိုင္ငံသားေတြကို ၾကာသပေတးေန႔ကစၿပီး ျပန္လည္ေခၚယူမယ္လို႔ အိႏၵိယ အစိုးရက ေၾကညာထားၿပီး နိုင္ငံ ၁၂ နိုင္ငံက လူေပါင္း ၁ ေသာင္းခြဲနီးပါးကိုေလယာဥ္ ခရီးစဥ္ ၆၄ ခုနဲ႔ ျပန္လည္ ေခၚေဆာင္ေပးမွာ ျဖစ္ေၾကာင္း ၿမိဳ႕ၿပ ေလေၾကာင္း ဝန္ႀကီး ဌာန ကေျပာပါတယ္။ အဲဒီ ေလယာဥ္ခရီးစဥ္ေတြနဲ႔ တစ္ေန႔ ပ်မ္းမၽွ လူ ၂၀၀၀ ဝန္းက်င္ကို တစ္ပတ္ၾကာအိႏၵိယ နိုင္ငံတြင္းက ေနရာ စုံကို ပို႔ေဆာင္ေပးမွာျဖစ္တယ္လို႔လည္း အိႏၵိယနိုင္ငံျခားေရး ဝန္ႀကီး ဌာနက ေျပာပါတယ္။

အေမရိကန္နိုင္ငံမွာ ေရာက္ရွိေနတဲ့ အိႏၵိယနိုင္ငံသား ၂ ေသာင္းေလာက္ ျပည္ေတာ္ျပန္ဖို႔ စာရင္းေပးထားၿပီလို႔လည္း THE TIME OF INDIA သတင္းစာက ေျပာပါတယ္။

ျပန္လည္ေရာက္ရွိသူေတြအေနနဲ႔ ၁၄ ရက္ၾကာ သီးျခား ခြဲေနရမွာ ျဖစ္ပါတယ္။ အဂၤါေန႔က ထုတ္ျပန္ခ်က္အရ အိႏၵိယနိုင္ငံမွာ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၁ ေသာင္းခြဲ ခန္႔ရွိၿပီး ေသဆုံးသူ ၁၅၀၀ ေက်ာ္ၿပီ ျဖစ္ပါတယ္။ အဂၤါေန႔က ကူးစက္မႈ ၉၃၀၀ အတည္ျပဳ ခဲ့တာေၾကာင့္ တေန႔တည္း ကူးစက္မႈ အမ်ားဆုံး စံခ်ိန္ျဖစ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၉၅ ဦး ရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------
[Unicode]

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ကြောင့် ပြည်ပနိုင်ငံတွေမှာ သောင်တင်နေတဲ့ သိန်း ဂဏန်းရှိတဲ့ အိန္ဒိယနိုင်ငံသား အမြောက်အမြားကို လေယာဉ်နဲ့ ရေတပ်သင်္ဘောတွေ အသုံးပြုပြီး ပြန်လည်ခေါ်ယူမယ့် အစီအစဉ်ကို စတင် နေပြီလို့အိန္ဒိယအစိုးရက အင်္ဂါနေ့ကပြောပါတယ်။ ဗိုင်းရပ်စ် ထိန်းချုပ်ရေး အစီအစဉ်တွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတဲ့ အိန္ဒိယနိုင်ငံ ဟာ ပြည်ပ လေယာဉ် ဆိုက်ရောက်မှုကို မတ်လ နှောင်းပိုင်းကတည်းက ပိတ်ထားခဲ့တာကြောင့် ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေ နဲ့ ကျောင်းသူ ကျောင်းသား အများအပြား နိုင်ငံရပ်ခြားမှာ သောင်တင်နေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသား၁ထောင်ကျော်ကို ပြန်လည်ခေါ်ဆောင်ဖို့ သင်္ဘော ၂ စင်းကို မော်လဒိုက်ကို စေလွှတ်လိုက်ပြီလို့လည်း အိန္ဒိယ ရေတပ်က အင်္ဂါနေ့ နှောင်းပိုင်းမှာ ပြောပါတယ်။ တတိယ မြောက် သင်္ဘောကို အိန္ဒိယနိုင်ငံသား ၃.၃ သန်း ရှိတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)ကို စေလွှတ်ထားတယ်လို့လည်း ရေတပ် ပြောခွင့်ရက AFP သတင်းဌာနကို ပြောပါတယ်။

နိုင်ငံသားတွေကို ကြာသပတေးနေ့ကစပြီး ပြန်လည်ခေါ်ယူမယ်လို့ အိန္ဒိယ အစိုးရက ကြေညာထားပြီး နိုင်ငံ ၁၂ နိုင်ငံက လူပေါင်း ၁ သောင်းခွဲနီးပါးကိုလေယာဉ် ခရီးစဉ် ၆၄ ခုနဲ့ ပြန်လည် ခေါ်ဆောင်ပေးမှာ ဖြစ်ကြောင်း မြို့ပြ လေကြောင်း ဝန်ကြီး ဌာန ကပြောပါတယ်။ အဲဒီ လေယာဉ်ခရီးစဉ်တွေနဲ့ တစ်နေ့ ပျမ်းမျှ လူ ၂၀၀၀ ဝန်းကျင်ကို တစ်ပတ်ကြာအိန္ဒိယ နိုင်ငံတွင်းက နေရာ စုံကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံသား ၂ သောင်းလောက် ပြည်တော်ပြန်ဖို့ စာရင်းပေးထားပြီလို့လည်း THE TIME OF INDIA သတင်းစာက ပြောပါတယ်။

ပြန်လည်ရောက်ရှိသူတွေအနေနဲ့ ၁၄ ရက်ကြာ သီးခြား ခွဲနေရမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁ သောင်းခွဲ ခန့်ရှိပြီး သေဆုံးသူ ၁၅၀၀ ကျော်ပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့က ကူးစက်မှု ၉၃၀၀ အတည်ပြု ခဲ့တာကြောင့် တနေ့တည်း ကူးစက်မှု အများဆုံး စံချိန်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၉၅ ဦး ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/india-government-calling-citizens-in-foreign/5407871.html
ကုိဗစ္ေၾကာင့္ ျပည္ပမွာေသာင္တင္ေနတဲ့ သိန္းခ်ီ ႏုိင္ငံသားေတြကုိ အိႏၵိယအစုိးရ ျပန္ေခၚမည္ ကုိဗစ္ေၾကာင့္ ျပည္ပမွာေသာင္တင္ေနတဲ့ သိန္းခ်ီ ႏုိင္ငံသားေတြကုိ အိႏၵိယအစုိးရ ျပန္ေခၚမည္ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.