ပဲခူးတိုင္း၊ လက္စြပ္က်ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးအား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူ


(Zawgyi)⤵⤵⤵
ပဲခူးတိုင္းေဒသႀကီး၊ လက္စြပ္က်ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအးကိုကို ကိုအဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ေမ(၁၂)ရက္မွာ သတင္း ထုတ္ျပန္ပါတယ္။

 ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္၊ လက္စြပ္က်ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအးကိုကိုဟာ လက္စြပ္က်ေက်း႐ြာအုပ္စုအတြင္း အုတ္လုပ္ငန္းလုပ္ကိုင္သူေတြကို အုတ္လုပ္ငန္းလိုင္စင္ ေလွ်ာက္ထားတာမရွိေစဘဲ ေငြေၾကးရယူၿပီး လုပ္ကိုင္ခြင့္ျပဳတာကို အေရးယူေပးဖို႔ ေကာ္မရွင္ကို တိုင္ၾကားခဲ့ တာပါ။

တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္း စစ္ေဆးခဲ့ရာ ပဲခူးတိုင္းေဒသႀကီး၊ လက္စြပ္က်ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအးကိုကို ဟာ အုတ္ဖုတ္ လုပ္ငန္းလုပ္ကိုင္သူေတြထံက ေငြေၾကးေတြနဲ႔ အုတ္ေတြကို ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး တံစိုးလက္ ေဆာင္အျဖစ္ လက္ခံရယူခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့တယ္လို႔ဆိုပါတယ္။

အဲဒါေၾကာင့္ ဦးေအးကိုကို ကိုအဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၇ အရ ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕မရဲစခန္းမွာ ေမ(၁၁)ရက္က တိုင္ၾကားခ်က္ဖြင့္ၿပီး တရားစြဲဆိုအေရးယူႏိုင္ေရး ေဆာင္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။

One News Myanmar
-----------------------------
(Unicode)⤵⤵⤵
ပဲခူးတိုင်း၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ

ပဲခူးတိုင်းဒေသကြီး၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကို ကိုအဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က မေ(၁၂)ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

 ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုဟာ လက်စွပ်ကျကျေးရွာအုပ်စုအတွင်း အုတ်လုပ်ငန်းလုပ်ကိုင်သူတွေကို အုတ်လုပ်ငန်းလိုင်စင် လျှောက်ထားတာမရှိစေဘဲ ငွေကြေးရယူပြီး လုပ်ကိုင်ခွင့်ပြုတာကို အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားခဲ့ တာပါ။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကို ဟာ အုတ်ဖုတ် လုပ်ငန်းလုပ်ကိုင်သူတွေထံက ငွေကြေးတွေနဲ့ အုတ်တွေကို ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး တံစိုးလက် ဆောင်အဖြစ် လက်ခံရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ဦးအေးကိုကို ကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းမှာ မေ(၁၁)ရက်က တိုင်ကြားချက်ဖွင့်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan/
ပဲခူးတိုင္း၊ လက္စြပ္က်ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးအား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူ ပဲခူးတိုင္း၊ လက္စြပ္က်ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးအား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.