ကခ်င္ျပည္နယ္မွာ လူအသြားအလာ ပုံမွန္ျပန္ျဖစ္ေန

(Zawgyi)⤵⤵⤵
ကခ်င္ျပည္နယ္မွာ ေနထိုင္သူေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ၿပီးခဲ့တဲ့ ဧၿပီလအတြင္း အသြားအလာ နည္းခဲ့ပါတယ္။ ဒါေပမယ့္ အခုလေမလဆန္းကစၿပီး လူအမ်ားအျပား ပုံမွန္လို ျပန္လည္သြားလာမႈေတြ ရွိလာ ေနပါတယ္။

ေရာဂါပိုးစေတြ႕ခဲ့ခ်ိန္ကေတာ့ ျမစ္ႀကီးနားၿမိဳ႕မွာ သြားလာမႈေတြ နည္းပါးခဲ့ေပမယ့္ လူထုက က်န္းမာေရး အသိအားနည္းတာနဲ႔ ဝမ္းေရးအတြက္ အခုေနာက္ပိုင္း အိမ္ျပင္ထြက္လာၾကတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ ေဒသခံ ေဒၚနန္ပူက ေျပာပါတယ္။

မိုးညႇင္းၿမိဳ႕မွာလည္း အစိုးရက လူစုလူေဝးနဲ႔ သြားလာမႈေတြကို ကန႔္သတ္ထားသလို အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ၾကဖို႔ ေျပာဆိုထားေပမယ့္ အခုေနာက္ပိုင္း လိုက္နာမႈေတြမရွိေတာ့ဘူးလို႔ ၿမိဳ႕ညႇင္းၿမိဳ႕က ေဒၚဂ်ာေခါင္က ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕မွာလည္း ေရာဂါကာကြယ္ေရးထက္ ဝမ္းေရးက ပိုခက္ခဲ့တဲ့အတြက္ အခုရက္ပိုင္း အျပင္ထြက္သြား လာသူေတြ မ်ားလာတယ္လို႔ ဖားကန႔္ေဒသခံ ဦးယိန္းေခါ ကေျပာပါတယ္။

ပူတာအို၊ ဗန္ေမာ္ ၊ဝိုင္းေမာ္ၿမိဳ႕နယ္ေတြက ေဒသခံေတြကို RFA က ေမးၾကည့္ရာမွာလည္း အခုရက္ပိုင္းမွာ ပုံမွန္လိုျပန္လည္သြားလာမႈေတြရွိေနတယ္လို႔ ေျပာပါတယ္။

ျပည္နယ္အစိုးရအဖြဲ႕အေနနဲ႔ေတာ့ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ ေျဖေလ်ာ့တာေတြမရွိဘဲ ဆက္လက္ လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ ျပည္နယ္အစိုးရအဖြဲ႕႐ုံး ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္ က ေျပာပါတယ္။

လူစုလူေဝးမေရွာင္၊ ႏွေခါင္းစည္းမတပ္ဘဲ အျပင္သြားေနမယ္ဆိုရင္ ေရာဂါပ်ံ႕ႏွံ႔မႈ ပိုမ်ားလာမွာျဖစ္တဲ့အတြက္ လူစုေဝေတြမလုပ္ၾကဖို႔နဲ႔ အျပင္ထြက္ရင္ ႏွာေခါင္းစည္းေတြတပ္ၾကဖို႔ ေဒါက္တာထက္ဝင္းက အႀကံျပဳ ထားပါတယ္။

ဒီေန႔ ေမလ ၁၂ ရက္ေန႔မွာ ျမစ္ႀကီးနားၿမိဳ႕က ၿမိဳ႕မေဈးအပါအဝင္၊ ရပ္ကြက္ေဈးေတြနဲ႔ လမ္းေတြမွာ ႏွာေခါင္းစည္းေတြတပ္ၾကဖို႔ ပညာေပးလုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ပညာေပးကာလၿပီးတဲ့ေနာက္ မလိုက္နာသူေတြကို ဒဏ္ေပးစနစ္နဲ႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး လိုက္နာမႈမရွိဘဲ ဆက္ၿပီးပ်က္ကြက္ေနမယ္ဆိုရင္ ၁၉၉၅ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရးဥပေဒနဲ႔ အေရးယူတာေတြ လုပ္သြားမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိတဲ့ ကခ်င္ျပည္နယ္ရဲ႕ ပထမဆုံးလူနာ အမွတ္ ၁၄၄ ဟာ ျမစ္ႀကီးနားၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူစဥ္ ေရာဂါပိုးမေတြ႕ရွိေတာ့တဲ့အတြက္ မေန႔က ေဆး႐ုံကဆင္းသြားၿပီျဖစ္ပါတယ္။

လက္ရွိကခ်င္ျပည္နယ္မွာ ေစာင့္ၾကည့္ေရးစခန္းဝင္ေနသူ ႏွစ္ေထာင္ေက်ာ္ရွိေနၿပီး အမ်ားဆုံးဟာ တ႐ုတ္ႏိုင္ငံက ျပန္လာသူေတြျဖစ္ပါတယ္။

အစိုးရရဲ႕ေမလ ၁၂ ရက္ေန႔ ဒီေန႔မနက္အထိ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးစစ္ေဆးေတြ႕ရွိသူ စုစုေပါင္း ၁၈၀ ဦးရွိၿပီး ျပန္လည္ေကာင္းမြန္လာသူ ၇၄ ဦးရွိသလို ေသဆုံးသူ ေျခာက္ဦးရွိပါတယ္။

အဲလိဇဘက္ဂ်န္မာ/RFA Burmese
-------------------------------------

(Unicode)⤵⤵⤵
ကချင်ပြည်နယ်မှာ လူအသွားအလာ ပုံမှန်ပြန်ဖြစ်နေ

ကချင်ပြည်နယ်မှာ နေထိုင်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်း အသွားအလာ နည်းခဲ့ပါတယ်။ ဒါပေမယ့် အခုလမေလဆန်းကစပြီး လူအများအပြား ပုံမှန်လို ပြန်လည်သွားလာမှုတွေ ရှိလာ နေပါတယ်။

ရောဂါပိုးစတွေ့ခဲ့ချိန်ကတော့ မြစ်ကြီးနားမြို့မှာ သွားလာမှုတွေ နည်းပါးခဲ့ပေမယ့် လူထုက ကျန်းမာရေး အသိအားနည်းတာနဲ့ ဝမ်းရေးအတွက် အခုနောက်ပိုင်း အိမ်ပြင်ထွက်လာကြတယ်လို့ မြစ်ကြီးနားမြို့ ဒေသခံ ဒေါ်နန်ပူက ပြောပါတယ်။

မိုးညှင်းမြို့မှာလည်း အစိုးရက လူစုလူဝေးနဲ့ သွားလာမှုတွေကို ကန့်သတ်ထားသလို အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့ ပြောဆိုထားပေမယ့် အခုနောက်ပိုင်း လိုက်နာမှုတွေမရှိတော့ဘူးလို့ မြို့ညှင်းမြို့က ဒေါ်ဂျာခေါင်က ပြောပါတယ်။

ဖားကန့်မြို့မှာလည်း ရောဂါကာကွယ်ရေးထက် ဝမ်းရေးက ပိုခက်ခဲ့တဲ့အတွက် အခုရက်ပိုင်း အပြင်ထွက်သွား လာသူတွေ များလာတယ်လို့ ဖားကန့်ဒေသခံ ဦးယိန်းခေါ ကပြောပါတယ်။

ပူတာအို၊ ဗန်မော် ၊ဝိုင်းမော်မြို့နယ်တွေက ဒေသခံတွေကို RFA က မေးကြည့်ရာမှာလည်း အခုရက်ပိုင်းမှာ ပုံမှန်လိုပြန်လည်သွားလာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့တော့ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဖြေလျော့တာတွေမရှိဘဲ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဇော် က ပြောပါတယ်။

လူစုလူဝေးမရှောင်၊ နှခေါင်းစည်းမတပ်ဘဲ အပြင်သွားနေမယ်ဆိုရင် ရောဂါပျံ့နှံ့မှု ပိုများလာမှာဖြစ်တဲ့အတွက် လူစုဝေတွေမလုပ်ကြဖို့နဲ့ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ကြဖို့ ဒေါက်တာထက်ဝင်းက အကြံပြု ထားပါတယ်။

ဒီနေ့ မေလ ၁၂ ရက်နေ့မှာ မြစ်ကြီးနားမြို့က မြို့မဈေးအပါအဝင်၊ ရပ်ကွက်ဈေးတွေနဲ့ လမ်းတွေမှာ နှာခေါင်းစည်းတွေတပ်ကြဖို့ ပညာပေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပညာပေးကာလပြီးတဲ့နောက် မလိုက်နာသူတွေကို ဒဏ်ပေးစနစ်နဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး လိုက်နာမှုမရှိဘဲ ဆက်ပြီးပျက်ကွက်နေမယ်ဆိုရင် ၁၉၉၅ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူတာတွေ လုပ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတဲ့ ကချင်ပြည်နယ်ရဲ့ ပထမဆုံးလူနာ အမှတ် ၁၄၄ ဟာ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် ရောဂါပိုးမတွေ့ရှိတော့တဲ့အတွက် မနေ့က ဆေးရုံကဆင်းသွားပြီဖြစ်ပါတယ်။

လက်ရှိကချင်ပြည်နယ်မှာ စောင့်ကြည့်ရေးစခန်းဝင်နေသူ နှစ်ထောင်ကျော်ရှိနေပြီး အများဆုံးဟာ တရုတ်နိုင်ငံက ပြန်လာသူတွေဖြစ်ပါတယ်။

အစိုးရရဲ့မေလ ၁၂ ရက်နေ့ ဒီနေ့မနက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ စုစုပေါင်း ၁၈၀ ဦးရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၇၄ ဦးရှိသလို သေဆုံးသူ ခြောက်ဦးရှိပါတယ်။

အဲလိဇဘက်ဂျန်မာ/RFA Burmese
https://www.rfa.org/burmese/news/people-hangout-in-kachin-state-05122020041515.html
ကခ်င္ျပည္နယ္မွာ လူအသြားအလာ ပုံမွန္ျပန္ျဖစ္ေန ကခ်င္ျပည္နယ္မွာ လူအသြားအလာ ပုံမွန္ျပန္ျဖစ္ေန Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.