၂၀၂၀ အာဆီယံ- အေမရိကန္အမ်ိဳးသမီးသိပၸံပညာရွင္ဆု အမ်ိဳးသားအဆင့္မွာ ျမန္မာပညာရွင္ေဒါက္တာသဲဝင့္ေအာင္ ေ႐ြးခ်ယ္ခံရ

အမ်ိဳးသားအဆင့္မွာ ျမန္မာပညာရွင္ ေဒါက္တာသဲဝင့္ေအာင္ ေ႐ြးခ်ယ္ခံရ
(Zawgyi)⤵⤵⤵
၂၀၂၀ ခုႏွစ္ အာဆီယံ-အေမရိကန္ အမ်ိဳးသမီးသိပၸံပညာရွင္ဆု ကို ႀကိဳတင္ကာကြယ္တားဆီးေရးဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈ ေခါင္းစဥ္ေအာက္ကေန ေ႐ြးခ်ယ္ရာမွာ အမ်ိဳးသားအဆင့္ ဆန္ခါတင္စာရင္းမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ ေဒါက္တာသဲဝင့္ေအာင္ အေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ေဒါက္တာသဲဝင့္ေအာင္ဟာ စြမ္းအင္၊ ေလထုညစ္ညမ္းမႈနဲ႔ က်န္းမာေရးဆိုင္ရာသုေတသနေတြ ေဆာင္႐ြက္ ေနတဲ့ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ က်န္းမာေရးသိပၸံပညာရွင္တစ္ဦးျဖစ္ၿပီး လက္ရွိမွာ အေမရိကန္ႏိုင္ငံ North Carolina University မွာ ေဆးဘက္ဆိုင္ရာ သုေတသနအလုပ္ေတြကို တာဝန္ထမ္းေဆာင္ေနသူ ပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

' ' ဒီဆုက သိပၸံ နည္းပညာ၊ စြမ္းအင္ နဲ႔ သခ်ၤာ ပညာရပ္ေတြမွာ အမ်ိဳးသမီးပညာရွင္ေတြ ပိုၿပီး ေပၚထြက္ လာေအာင္ တြန္းအားေပးဖို႔ ခ်ီးျမႇင့္တဲ့ ဆုတစ္ခုျဖစ္ပါတယ္။ ဒီႏွစ္ေခါင္းစဥ္က ကြၽန္မလုပ္ေနတာနဲ႔လည္း ကိုက္ေတာ့ ဝင္ၿပိဳင္ျဖစ္တာပါ။''လို႔ ႏိုင္ငံအဆင့္ ေ႐ြးခ်ယ္ခဲ့ရသူေဒါက္တာသဲဝင့္ေအာင္က ဘီဘီစီကိုေျပာ ပါတယ္။
 ေလထုညစ္ညမ္းမႈဆိုင္ရာ သုေတသနထဲမွာ ျမန္မာနဲ႔ အိႏၵိယမွာ ေကာက္ယူခဲ့တဲ့ေတြ႕ရွိမႈေတြ ပါဝင္
ေဒါက္တာသဲဝင့္ေအာင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာတင္သြင္းတဲ့ သုေတသနေတြ႕ရွိခ်က္ေတြကဘာေတြလဲ

ဒီႏွစ္အတြက္ ႀကိဳတင္ကာကြယ္တားဆီးေရးဆိုင္ရာက်န္းမာေရးေစာင့္ေရွာက္မႈ ေခါင္းစဥ္ေအာက္ကေန ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး အာဆီယံ ႏိုင္ငံေတြက အမ်ိဳးသားအဆင့္ ၁၀ ဦးေ႐ြးရာမွာ ေဒါက္တာသဲဝင့္ေအာင္ရဲ႕ ႏိုင္ငံ ၃ခုမွာျပဳလုပ္ခဲ့တဲ့ စြမ္းအင္ေၾကာင့္ ေလထုညစ္ညမ္းမႈကတဆင့္ က်န္းမာေရးအေပၚ သက္ေရာက္မႈ ဆိုင္ရာသုေတသနေတြ႕ရွိခ်က္လည္းပါပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံကမီးမရေသးတဲ့ေဒသေတြမွာ ဆိုလာနဲ႔အေသးစား လွ်ပ္စစ္ဓာတ္အားရရွိဖို႔ လုပ္ေဆာင္ ရာမွာ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚဘယ္လို သက္ေရာက္မႈရွိေစလဲဆိုတဲ့ သုေတသန ေကာက္ယူ ထားတဲ့အခ်က္အလက္ေတြလည္း ပါပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ေလထုအရည္အေသြးအေျခအေနကဘယ္လိုရွိလဲ

ေဒါက္တာသဲဝင့္ေအာင္ဟာ သူ႔ရဲ႕ ေလထုညစ္ညမ္းမႈေၾကာင့္ က်န္းမာေရးအေပၚထိခိုက္မႈရွိတယ္ဆိုတဲ့ သုေတသနေတြကို အိႏၵိယႏိုင္ငံ၊ မာလာဝီႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံတို႔မွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

'' ျမန္မာမွာက ၈၀ရာခိုင္ႏႈန္းေလာက္က ေက်းလက္မွာေနတဲ့သူေတြေပါ့ေလ။ ဟင္းထမင္းခ်က္ဖို႔က ထင္းတို႔ မီးေသြးကို သုံးတာမ်ားတယ္။ အဲဒီက ထြက္တဲ့ မီးခိုးေတြက အိမ္ထဲကေလထု အရည္အေသြးကို ထိခိုက္ တယ္။ အထူးသျဖင့္ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အဆုတ္နဲ႔ ႏွလုံးေသြးေၾကာတို႔ကို ထိခိုက္တယ္။ ျမန္မာမွာ ၈၀ ေက်ာ္ရာခိုင္ႏႈန္းက သုံးေနတာျဖစ္တဲ့အတြက္ က်န္းမာေရးကို ထိခိုက္ေစတယ္လို႔ေျပာႏိုင္ တယ္''လို႔ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့ သုေတသနေတြ႕ရွိခ်က္ေတြအရ သူကေျပာျပပါတယ္။
 ျမန္မာလူဦးေရရဲ႕ ၈၀ရာခိုင္ႏႈန္းေလာက္က ေက်းလက္ေနသူေတြျဖစ္ၿပီး အမ်ားစုက ထင္းနဲ႔ မီးေသြးေလာင္စာေတြကို အသုံးျပဳၾက
ကမာၻမွာ လူဦးေရထူထပ္တဲ့ႏိုင္ငံေတြမွာ တစ္ႏွစ္တာအတြင္းေကာက္ယူထားတဲ့ေလထုအရည္ေသြး သတ္မွတ္ခ်က္ေတြ( ဖုန္မႊားတိုင္းတာခ်က္)အရ အိႏၵိယႏိုင္ငံမွာ ၁၀၀ ေက်ာ္ ၂၀၀ ေက်ာ္မွာရွိၿပီး ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွာေတာ့ ၅၀ ေက်ာ္မွာ ရွိတယ္လို႔လည္း ေဒါက္တာသဲဝင့္ေအာင္ကေျပာျပပါတယ္။

' ' အိႏၵိယတို႔ တ႐ုတ္တို႔ကေတာ့ ေလထုညစ္ညမ္းမႈအျမင့္ဆုံးႏိုင္ငံေတြထဲမွာပါတယ္။ ျမန္မာကေတာ့ လူဦးေရကလည္း အဲေလာက္မမ်ားဘူး။ ရန္ကုန္က အေမရိကန္သံ႐ုံးမွာ တိုင္းတာ ထားတဲ့စက္အရ တစ္ႏွစ္တာအတြင္းမွာ တိုင္းတာခ်က္အရ ေဆာင္းတြင္းမွာအျမင့္ဆုံးျဖစ္ၿပီး ၅၀၊ ၆၀ ေလာက္ပဲရွိပါတယ္။ ဒါေပမယ့္လည္း WHO ရဲ႕ဂိုက္လိုင္းအရေတာ့ ေက်ာ္ပါတယ္။ တစ္ႏွစ္ကို ၁၀ ထက္မျမင့္သင့္ဘူးဆိုေတာ့ အဲထက္ေတာ့ ျမင့္ေနၿပီ။ တျခားႏိုင္ငံေတြေလာက္မဆိုးေအာင္လုပ္ရမွာေပါ့ေလ။''လို႔ သူကေျပာျပပါတယ္။
ရန္ကုန္ပတ္ပတ္လည္မွာ စက္႐ုံအလုပ္႐ုံေတြကထုတ္တဲ့ မီးခိုးေငြ႕ေတြရွိေန
ျမန္မာႏိုင္ငံမွာ ေလထုညစ္ညမ္းမႈကို ဘယ္လိုေလွ်ာ့ခ်ၾကမလဲ
ျမန္မာႏိုင္ငံဟာ ၂၀၁၄ ခုႏွစ္သန္းေခါင္စာရင္းေကာက္ယူမႈအခ်က္အလက္ေတြအရ လူဦးေရ ၅၄ သန္း ေက်ာ္ရွိၿပီး ကမာၻ႔လူဦးေရထူထပ္တဲ့ႏိုင္ငံေတြေလာက္ ေလထုညစ္ညမ္းမႈပမာဏ မျမင့္မားေသးေပမယ့္ လည္း က်န္းမာေရးစံႏႈန္းသတ္မွတ္ခ်က္ေတြအရေတာ့ ျမင့္မားေနတာေၾကာင့္ ေလွ်ာ့ခ်ဖို႔လိုအပ္ေနၿပီလို႔ ေဒါက္တာသဲဝင့္ေအာင္က သူျပဳလုပ္ထားတဲ့ သုေတသနရလာဒ္ေတြအရ ေျပာပါတယ္။

'' လုပ္ရမယ့္နည္းက ေနရာေပၚမူတည္ၿပီးလုပ္လို႔ရတယ္ ေက်းလက္မွာဆို ထင္းတို႔ ဘာတို႔မီးဖိုေတြထက္ ေလာင္စာသုံးၿပီး မီးခိုးထြက္တဲ့ မီးဖိုေတြသုံးတာကို ေလွ်ာ့ဖို႔လိုတယ္ ၿမိဳ႕ေတြမွာဆို စက္႐ုံေတြက ထြက္တဲ့ အခိုးအေငြ႕ေတြကိုေလွ်ာ့ခ်ဖို႔လိုတယ္။ ရန္ကုန္ပတ္ပတ္လည္မွာဆို စက္႐ုံေတြကအမ်ားႀကီးရွိေနတာ။ ၿပီးေတာ့ ဒီဇယ္ကားေတြကထြက္တဲ့အေငြ႕ေတြက ကင္ဆာေရာဂါျဖစ္ေစႏိုင္တယ္ဆိုတာကို ထုတ္ျပန္ ထားၿပီးလည္း ျဖစ္ပါတယ္။ဒါေတြကို ေလွ်ာ့ရပါမယ္''လို႔ သူက အႀကံျပဳပါတယ္။
 ေလထုညစ္ညမ္းမႈ ပမာဏကိုအခ်ိန္မီေလွ်ာ့ခ်ႏိုင္ဖို႔လိုအပ္
ေလထုညစ္ညမ္းမႈေၾကာင့္ ကမာၻမွာႏွစ္စဥ္ လူသန္းနဲ႔ခ်ီ ေသဆုံးမႈေတြရွိေန

အိမ္တြင္းေလထုညစ္ညမ္းမႈနဲ႔ ျပင္ပေလထုညစ္ညမ္းမႈအပါအဝင္ ေလထုညစ္ညမ္းမႈေတြေၾကာင့္ တစ္ကမာၻ လုံးမွာ လူဦးေရ ၈ ဒႆမ ၅ သန္းေလာက္ ႏွစ္စဥ္အသက္ဆုံးရႈံးေနရတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္( WHO)အပါအဝင္ အဖြဲ႕အစည္းေတြရဲ႕ ခန႔္မွန္းတြက္ခ်က္ထားမႈအရ လာမယ့္၂၀၂၅ခုႏွစ္မွာ အာဆီယံႏိုင္ငံတြင္း ႏိုင္ငံေတြရဲ႕လူဦးေရဟာ လက္ရွိ ၆၄၂သန္းကေန သန္း ၆၆၀ ထိ ျမင့္တက္လာဖို႔ရွိတယ္လို႔ိဆိုပါတယ္။

ျမင့္တက္လာတဲ့လူဦးေရအခ်ိဳးအစားအရ လူေတြရဲ႕ေနထိုင္မႈပုံစံေတြေၾကာင့္ ဆီးခ်ိဳ၊ ကင္ဆာ၊အဆုတ္၊ ႏွလုံးစတဲ့ NCDs(Noncommunicable disease) ေရာဂါေတြေၾကာင့္ အာဆီယံ ႏိုင္ငံေတြမွာ တစ္ႏွစ္ကို ၅ သန္းေလာက္ေသဆုံးႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ဒီလိုေသဆုံးမႈႏႈန္းေတြျမႇင့္တက္မလာေအာင္ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ဒီႏွစ္မွာ ႀကိဳတင္ကာကြယ္တားဆီးေရးဆိုင္ရာ က်န္းမာေရးေစာင့္ေရွာက္မႈ ေခါင္းစဥ္နဲ႔ သုေတသနေတြ႕ရွိခ်က္ေတြကို ပါဝင္ယွဥ္ၿပိဳင္ေစခဲ့တာလည္း ျဖစ္ပါတယ္။
 ေတာင္ယာမီးရႈိ႕မႈေတြလည္း ရွိေန
အာဆီယံ-အေမရိကန္ အမ်ိဳးသမီးသိပၸံပညာရွင္ဆုရွင္ကို ဘယ္လိုေ႐ြးမွာလဲ

ဒီဆုရဲ႕ ေနာက္ဆုံးအဆင့္အေနနဲ႔ လက္ရွိ အမ်ိဳးသားအဆင့္ ၁၀ ဦးထဲက ေနာက္ဆုံးဆန္ခါတင္အေနနဲ႔ ၂ဦးေ႐ြးခ်ယ္ၿပီး ဒိုင္ေတြေရွ႕မွာ ျပဳလုပ္ထားတဲ့သုေတသနရလာဒ္ရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို ေျပာဆို ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒိုင္ေတြက ေနာက္ဆုံးအႏိုင္ရသူေတြကို ေ႐ြးခ်ယ္ေပးမွာျဖစ္ပါတယ္။

ေနာက္ဆုံးအဆင့္ကို ဇြန္လအတြင္း လာအိုႏိုင္ငံမွာ က်င္းပသြားဖို႔ လ်ာထားေပမယ့္ ကပ္ေရာဂါအေျခ အေန အရ ေ႐ြ႕ဆိုင္းမလားဆိုတာကိုေတာ့မသိရေသးဘူးလို႔ဆိုပါတယ္။

ေနာက္ဆုံးအဆင့္ အႏိုင္ရရွိသူဟာ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ ႏွစ္ေသာင္းခြဲကို ရရွိမွာျဖစ္ပါတယ္။
 ေလထုညစ္ညမ္းမႈတင္မက သဘာဝပတ္ဝန္းဆိုင္ရာ ေျပာင္းလဲမႈေတြနဲ႔ပတ္သက္ၿပီး အခ်က္အလက္စနစ္တက်ေကာက္ယူမႈေတြလုပ္ဖို႔ အေရးႀကီးလာ
အာဆီယံ- အေမရိကန္အမ်ိဳးသမီး သိပၸံပညာရွင္ဆုကို ျမန္မာကရခဲ့ရင္ ဘာအက်ိဳးရလဒ္ေတြရွိမလဲ

အာဆီယံႏိုင္ငံတြင္းက အမ်ိဳးသီးပညာရွင္ေတြကိုခ်ီးျမႇင့္တဲ့ အာဆီယံ-အေမရိကန္ အမ်ိဳးသမီး သိပၸံပညာရွင္ ဆုကို ထိုင္းႏိုင္ငံ၊ စကၤာပူ၊ ဖိလစ္ပိုင္စတဲ့ ႏိုင္ငံေတြကဆုရခဲ့ဖူးၿပီး ျမန္မာႏိုင္ငံ ကေတာ့ ဆုရခဲ့တာမ်ိဳးမရွိေသးပါဘူး။

' ' ဒီဆုကို ျမန္မာကမရဖူးေသးေတာ့ ရခဲ့မယ္ဆိုရင္ ျမန္မာကလည္း ကမာၻက သုေတသနပညာရွင္ေတြနဲ႔ တန္းတူလုပ္ႏိုင္တယ္ဆိုတာသိသြားမယ္။ ျပႏိုင္မယ္။ ျမန္မာႏိုင္ငံရဲ႕အေျခ အေနကိုသိၿပီး ကမာၻႏိုင္ငံေတြရဲ႕ ပူးေပါင္းလုပ္ေဆာင္မႈေတြလည္း ပိုရလာႏိုင္မယ္လို႔ ထင္တယ္။ အာဆီယံႏိုင္ငံေတြမွာလည္း ေလထု ညစ္ညမ္းမႈနဲ႔ပတ္သက္ၿပီး လုပ္ေနတာေတြရွိပါတယ္။ ျမန္မာအေနနဲ႔လည္း ပူးေပါင္းၿပီးလုပ္လို႔ရမယ္။ ေနာက္ေလထုညစ္ညမ္းမႈတင္မကဘူး ဆက္စပ္လို႔ က်န္းမာေရးဆိုင္ရာ ကိစၥရပ္ေတြမွာ တျခားႏိုင္ငံေတြနဲ႔ ပိုၿပီး ပူးေပါင္းမႈေတြ လုပ္လာႏိုင္မယ္။''

ဒါအျပင္ ျမန္မာႏိုင္ငံအေနနဲ႔လည္း သုေတသနေကာက္ယူမႈေတြကို အရင္ထက္ပိုပြင့္လင္းစြာ လုပ္ကိုင္ လာႏိုင္တဲ့အေျခေနမွာ ေရရွည္စီမံကိန္းေတြေရးဆြဲႏိုင္ဖို႔အတြက္ သဘာဝပတ္ဝန္းက်င္ ဆိုင္ရာ အခ်က္အလက္ေတြကို ယခုအခ်ိန္ကတည္းကစတင္ေကာက္ယူတာေတြကိုလုပ္ေဆာင္သင့္ၿပီလို႔ သူကဆိုပါတယ္။

'' ဒါမွ ငါတို႔ ဆယ္ႏွစ္ေလာက္တုံးကဘယ္လိုအေျခအေနရွိခဲ့တယ္။ ဘယ္လိုေကာင္းမြန္ေအာင္လုပ္ႏိုင္လဲ။ ပလန္နင္ဆြဲႏိုင္မွာေပါ့'' လို႔ သူက သုေတသနအခ်က္အလက္ေတြရဲ႕အေရးပါပုံကို ေထာက္ျပပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
၂၀၂၀ အာဆီယံ- အမေရိကန်အမျိုးသမီးသိပ္ပံပညာရှင်ဆု အမျိုးသားအဆင့်မှာ မြန်မာပညာရှင်ဒေါက်တာသဲဝင့်အောင် ရွေးချယ်ခံရ

Image caption အမျိုးသားအဆင့်မှာ မြန်မာပညာရှင် ဒေါက်တာသဲဝင့်အောင် ရွေးချယ်ခံရ

၂၀၂၀ ခုနှစ် အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆု ကို ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်အောက်ကနေ ရွေးချယ်ရာမှာ အမျိုးသားအဆင့် ဆန်ခါတင်စာရင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါက်တာသဲဝင့်အောင် အရွေးချယ်ခံခဲ့ရပါတယ်။

ဒေါက်တာသဲဝင့်အောင်ဟာ စွမ်းအင်၊ လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးဆိုင်ရာသုတေသနတွေ ဆောင်ရွက် နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ အမေရိကန်နိုင်ငံ North Carolina University မှာ ဆေးဘက်ဆိုင်ရာ သုတေသနအလုပ်တွေကို တာဝန်ထမ်းဆောင်နေသူ ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

' ' ဒီဆုက သိပ္ပံ နည်းပညာ၊ စွမ်းအင် နဲ့ သင်္ချာ ပညာရပ်တွေမှာ အမျိုးသမီးပညာရှင်တွေ ပိုပြီး ပေါ်ထွက် လာအောင် တွန်းအားပေးဖို့ ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ဒီနှစ်ခေါင်းစဉ်က ကျွန်မလုပ်နေတာနဲ့လည်း ကိုက်တော့ ဝင်ပြိုင်ဖြစ်တာပါ။''လို့ နိုင်ငံအဆင့် ရွေးချယ်ခဲ့ရသူဒေါက်တာသဲဝင့်အောင်က ဘီဘီစီကိုပြော ပါတယ်။

ဓာတ်ပုံ မူပိုင် Joe Pedit
Image caption လေထုညစ်ညမ်းမှုဆိုင်ရာ သုတေသနထဲမှာ မြန်မာနဲ့ အိန္ဒိယမှာ ကောက်ယူခဲ့တဲ့တွေ့ရှိမှုတွေ ပါဝင်
ဒေါက်တာသဲဝင့်အောင် ဝင်ရောက်ယှဉ်ပြိုင်ရာမှာတင်သွင်းတဲ့ သုတေသနတွေ့ရှိချက်တွေကဘာတွေလဲ

ဒီနှစ်အတွက် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်အောက်ကနေ ယှဉ်ပြိုင်ရတာဖြစ်ပြီး အာဆီယံ နိုင်ငံတွေက အမျိုးသားအဆင့် ၁၀ ဦးရွေးရာမှာ ဒေါက်တာသဲဝင့်အောင်ရဲ့ နိုင်ငံ ၃ခုမှာပြုလုပ်ခဲ့တဲ့ စွမ်းအင်ကြောင့် လေထုညစ်ညမ်းမှုကတဆင့် ကျန်းမာရေးအပေါ် သက်ရောက်မှု ဆိုင်ရာသုတေသနတွေ့ရှိချက်လည်းပါပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကမီးမရသေးတဲ့ဒေသတွေမှာ ဆိုလာနဲ့အသေးစား လျှပ်စစ်ဓာတ်အားရရှိဖို့ လုပ်ဆောင် ရာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ်ဘယ်လို သက်ရောက်မှုရှိစေလဲဆိုတဲ့ သုတေသန ကောက်ယူ ထားတဲ့အချက်အလက်တွေလည်း ပါပါတယ်။
မြန်မာနိုင်ငံရဲ့ လေထုအရည်အသွေးအခြေအနေကဘယ်လိုရှိလဲ

ဒေါက်တာသဲဝင့်အောင်ဟာ သူ့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးအပေါ်ထိခိုက်မှုရှိတယ်ဆိုတဲ့ သုတေသနတွေကို အိန္ဒိယနိုင်ငံ၊ မာလာဝီနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

'' မြန်မာမှာက ၈၀ရာခိုင်နှုန်းလောက်က ကျေးလက်မှာနေတဲ့သူတွေပေါ့လေ။ ဟင်းထမင်းချက်ဖို့က ထင်းတို့ မီးသွေးကို သုံးတာများတယ်။ အဲဒီက ထွက်တဲ့ မီးခိုးတွေက အိမ်ထဲကလေထု အရည်အသွေးကို ထိခိုက် တယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အဆုတ်နဲ့ နှလုံးသွေးကြောတို့ကို ထိခိုက်တယ်။ မြန်မာမှာ ၈၀ ကျော်ရာခိုင်နှုန်းက သုံးနေတာဖြစ်တဲ့အတွက် ကျန်းမာရေးကို ထိခိုက်စေတယ်လို့ပြောနိုင် တယ်''လို့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်တွေအရ သူကပြောပြပါတယ်။
ဓာတ်ပုံ မူပိုင် Ther Wint Aung
Image caption မြန်မာလူဦးရေရဲ့ ၈၀ရာခိုင်နှုန်းလောက်က ကျေးလက်နေသူတွေဖြစ်ပြီး အများစုက ထင်းနဲ့ မီးသွေးလောင်စာတွေကို အသုံးပြုကြ

ကမ္ဘာမှာ လူဦးရေထူထပ်တဲ့နိုင်ငံတွေမှာ တစ်နှစ်တာအတွင်းကောက်ယူထားတဲ့လေထုအရည်သွေး သတ်မှတ်ချက်တွေ( ဖုန်မွှားတိုင်းတာချက်)အရ အိန္ဒိယနိုင်ငံမှာ ၁၀၀ ကျော် ၂၀၀ ကျော်မှာရှိပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှာတော့ ၅၀ ကျော်မှာ ရှိတယ်လို့လည်း ဒေါက်တာသဲဝင့်အောင်ကပြောပြပါတယ်။

' ' အိန္ဒိယတို့ တရုတ်တို့ကတော့ လေထုညစ်ညမ်းမှုအမြင့်ဆုံးနိုင်ငံတွေထဲမှာပါတယ်။ မြန်မာကတော့ လူဦးရေကလည်း အဲလောက်မများဘူး။ ရန်ကုန်က အမေရိကန်သံရုံးမှာ တိုင်းတာ ထားတဲ့စက်အရ တစ်နှစ်တာအတွင်းမှာ တိုင်းတာချက်အရ ဆောင်းတွင်းမှာအမြင့်ဆုံးဖြစ်ပြီး ၅၀၊ ၆၀ လောက်ပဲရှိပါတယ်။ ဒါပေမယ့်လည်း WHO ရဲ့ဂိုက်လိုင်းအရတော့ ကျော်ပါတယ်။ တစ်နှစ်ကို ၁၀ ထက်မမြင့်သင့်ဘူးဆိုတော့ အဲထက်တော့ မြင့်နေပြီ။ တခြားနိုင်ငံတွေလောက်မဆိုးအောင်လုပ်ရမှာပေါ့လေ။''လို့ သူကပြောပြပါတယ်။
ဓာတ်ပုံ မူပိုင် Aung Htet Oo
Image caption ရန်ကုန်ပတ်ပတ်လည်မှာ စက်ရုံအလုပ်ရုံတွေကထုတ်တဲ့ မီးခိုးငွေ့တွေရှိနေ
မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချကြမလဲ

မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူမှုအချက်အလက်တွေအရ လူဦးရေ ၅၄ သန်း ကျော်ရှိပြီး ကမ္ဘာ့လူဦးရေထူထပ်တဲ့နိုင်ငံတွေလောက် လေထုညစ်ညမ်းမှုပမာဏ မမြင့်မားသေးပေမယ့် လည်း ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်တွေအရတော့ မြင့်မားနေတာကြောင့် လျှော့ချဖို့လိုအပ်နေပြီလို့ ဒေါက်တာသဲဝင့်အောင်က သူပြုလုပ်ထားတဲ့ သုတေသနရလာဒ်တွေအရ ပြောပါတယ်။

'' လုပ်ရမယ့်နည်းက နေရာပေါ်မူတည်ပြီးလုပ်လို့ရတယ် ကျေးလက်မှာဆို ထင်းတို့ ဘာတို့မီးဖိုတွေထက် လောင်စာသုံးပြီး မီးခိုးထွက်တဲ့ မီးဖိုတွေသုံးတာကို လျှော့ဖို့လိုတယ် မြို့တွေမှာဆို စက်ရုံတွေက ထွက်တဲ့ အခိုးအငွေ့တွေကိုလျှော့ချဖို့လိုတယ်။ ရန်ကုန်ပတ်ပတ်လည်မှာဆို စက်ရုံတွေကအများကြီးရှိနေတာ။ ပြီးတော့ ဒီဇယ်ကားတွေကထွက်တဲ့အငွေ့တွေက ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဆိုတာကို ထုတ်ပြန် ထားပြီးလည်း ဖြစ်ပါတယ်။ဒါတွေကို လျှော့ရပါမယ်''လို့ သူက အကြံပြုပါတယ်။
ဓာတ်ပုံ မူပိုင် Ther Wint Aung
Image caption လေထုညစ်ညမ်းမှု ပမာဏကိုအချိန်မီလျှော့ချနိုင်ဖို့လိုအပ်
လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာမှာနှစ်စဉ် လူသန်းနဲ့ချီ သေဆုံးမှုတွေရှိနေ

အိမ်တွင်းလေထုညစ်ညမ်းမှုနဲ့ ပြင်ပလေထုညစ်ညမ်းမှုအပါအဝင် လေထုညစ်ညမ်းမှုတွေကြောင့် တစ်ကမ္ဘာ လုံးမှာ လူဦးရေ ၈ ဒဿမ ၅ သန်းလောက် နှစ်စဉ်အသက်ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်( WHO)အပါအဝင် အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းတွက်ချက်ထားမှုအရ လာမယ့်၂၀၂၅ခုနှစ်မှာ အာဆီယံနိုင်ငံတွင်း နိုင်ငံတွေရဲ့လူဦးရေဟာ လက်ရှိ ၆၄၂သန်းကနေ သန်း ၆၆၀ ထိ မြင့်တက်လာဖို့ရှိတယ်လို့ိဆိုပါတယ်။

မြင့်တက်လာတဲ့လူဦးရေအချိုးအစားအရ လူတွေရဲ့နေထိုင်မှုပုံစံတွေကြောင့် ဆီးချို၊ ကင်ဆာ၊အဆုတ်၊ နှလုံးစတဲ့ NCDs(Noncommunicable disease) ရောဂါတွေကြောင့် အာဆီယံ နိုင်ငံတွေမှာ တစ်နှစ်ကို ၅ သန်းလောက်သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလိုသေဆုံးမှုနှုန်းတွေမြှင့်တက်မလာအောင်လျှော့ချနိုင်ဖို့အတွက် ဒီနှစ်မှာ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ခေါင်းစဉ်နဲ့ သုတေသနတွေ့ရှိချက်တွေကို ပါဝင်ယှဉ်ပြိုင်စေခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Ther Wint Aung
Image caption တောင်ယာမီးရှို့မှုတွေလည်း ရှိနေ
အာဆီယံ-အမေရိကန် အမျိုးသမီးသိပ္ပံပညာရှင်ဆုရှင်ကို ဘယ်လိုရွေးမှာလဲ

ဒီဆုရဲ့ နောက်ဆုံးအဆင့်အနေနဲ့ လက်ရှိ အမျိုးသားအဆင့် ၁၀ ဦးထဲက နောက်ဆုံးဆန်ခါတင်အနေနဲ့ ၂ဦးရွေးချယ်ပြီး ဒိုင်တွေရှေ့မှာ ပြုလုပ်ထားတဲ့သုတေသနရလာဒ်ရဲ့ အကျိုးသက်ရောက်မှုတွေကို ပြောဆို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒိုင်တွေက နောက်ဆုံးအနိုင်ရသူတွေကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်ကို ဇွန်လအတွင်း လာအိုနိုင်ငံမှာ ကျင်းပသွားဖို့ လျာထားပေမယ့် ကပ်ရောဂါအခြေ အနေ အရ ရွေ့ဆိုင်းမလားဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။

နောက်ဆုံးအဆင့် အနိုင်ရရှိသူဟာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲကို ရရှိမှာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Ther Wint Aung
Image caption လေထုညစ်ညမ်းမှုတင်မက သဘာဝပတ်ဝန်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး အချက်အလက်စနစ်တကျကောက်ယူမှုတွေလုပ်ဖို့ အရေးကြီးလာ
အာဆီယံ- အမေရိကန်အမျိုးသမီး သိပ္ပံပညာရှင်ဆုကို မြန်မာကရခဲ့ရင် ဘာအကျိုးရလဒ်တွေရှိမလဲ

အာဆီယံနိုင်ငံတွင်းက အမျိုးသီးပညာရှင်တွေကိုချီးမြှင့်တဲ့ အာဆီယံ-အမေရိကန် အမျိုးသမီး သိပ္ပံပညာရှင် ဆုကို ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေကဆုရခဲ့ဖူးပြီး မြန်မာနိုင်ငံ ကတော့ ဆုရခဲ့တာမျိုးမရှိသေးပါဘူး။

' ' ဒီဆုကို မြန်မာကမရဖူးသေးတော့ ရခဲ့မယ်ဆိုရင် မြန်မာကလည်း ကမ္ဘာက သုတေသနပညာရှင်တွေနဲ့ တန်းတူလုပ်နိုင်တယ်ဆိုတာသိသွားမယ်။ ပြနိုင်မယ်။ မြန်မာနိုင်ငံရဲ့အခြေ အနေကိုသိပြီး ကမ္ဘာနိုင်ငံတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေလည်း ပိုရလာနိုင်မယ်လို့ ထင်တယ်။ အာဆီယံနိုင်ငံတွေမှာလည်း လေထု ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး လုပ်နေတာတွေရှိပါတယ်။ မြန်မာအနေနဲ့လည်း ပူးပေါင်းပြီးလုပ်လို့ရမယ်။ နောက်လေထုညစ်ညမ်းမှုတင်မကဘူး ဆက်စပ်လို့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တခြားနိုင်ငံတွေနဲ့ ပိုပြီး ပူးပေါင်းမှုတွေ လုပ်လာနိုင်မယ်။''

ဒါအပြင် မြန်မာနိုင်ငံအနေနဲ့လည်း သုတေသနကောက်ယူမှုတွေကို အရင်ထက်ပိုပွင့်လင်းစွာ လုပ်ကိုင် လာနိုင်တဲ့အခြေနေမှာ ရေရှည်စီမံကိန်းတွေရေးဆွဲနိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အချက်အလက်တွေကို ယခုအချိန်ကတည်းကစတင်ကောက်ယူတာတွေကိုလုပ်ဆောင်သင့်ပြီလို့ သူကဆိုပါတယ်။

'' ဒါမှ ငါတို့ ဆယ်နှစ်လောက်တုံးကဘယ်လိုအခြေအနေရှိခဲ့တယ်။ ဘယ်လိုကောင်းမွန်အောင်လုပ်နိုင်လဲ။ ပလန်နင်ဆွဲနိုင်မှာပေါ့'' လို့ သူက သုတေသနအချက်အလက်တွေရဲ့အရေးပါပုံကို ထောက်ပြပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52597735

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား