အကာအကြယ္မဲ့ ကန္ စက္ရုံက ျမန္မာအလုပ္သမား ကုိဗစ္ေၾကာင့္ ကြယ္လြန္

နန္စန္းတင္ (ေခၚ) ေဒၚတင္ေအး (ဓါတ္ပံု- San Twin- ေဒၚတင္ေအးသမီး)
(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ကိုလိုရာဒိုျပည္နယ္က အသက္ (၅၉)ႏွစ္အရြယ္ ျမန္မာ အေမရိကန္ အမ်ဳိးသမီး တဦး COVID-19 ေရာဂါနဲ႔ ကြယ္လြန္သြြားတဲ့ ကိစၥမွာ ေနာက္ဆံုးဖ်ားနာတဲ့ အခ်ိန္ထိ အလုပ္လုပ္ခဲ့ရတဲ့ အေၾကာင္း က်န္ရစ္သူ ခင္ပြန္းသည္ က ဗီြအိုေအကိုေျပာပါတယ္။ ဆက္သြယ္ ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

ကိုလိုရာဒိုျပည္နယ္ Greeley က JBS အမဲသားစက္ရံုခဲြမွာ ၁၂ ႏွစ္ၾကာ အလုပ္လုပ္ကိုင္ေနတဲ့ နန္စန္းတင္ (ေခၚ) ေဒၚတင္ေအးဟာ ၿပီးခဲ့တဲ့ တနဂၤေႏြ ေမလ (၁၇)ရက္ေန႔ ညေနပိုင္းမွာ COVID-19 ေရာဂါနဲ႔ ေဆးရံုမွာ ကြယ္လြန္ခဲ့ပါတယ္။

မတ္လ (၂၉ )ရက္ေန႔ ေဆးရံု မတင္ခင္အခ်ိန္ထိ ဇနီးျဖစ္သူဟာ စက္ရံုက အသားေတြထားတဲ့ အေအးခန္းထဲမွာ အလုပ္လုပ္ကိုင္ခဲ့ရတယ္လို႔ ခင္ပြန္းျဖစ္သူ ဦးေအာင္ေက်ာ္တိုးက ဗီြအိုေအကို ေျပာပါတယ္။ ဒီမတိုင္ခင္ ရက္ပိုင္းေတြက စက္ရံုမွာ စတင္ေနထိုင္မေကာင္းျဖစ္ခ်ိန္ အလုပ္ခြင္ေဆးခန္းကို သြားျပခဲ့ေပမယ့္ ရိုးရိုး တုပ္ေကြးျဖစ္တာပဲဆိုၿပီး အလုပ္ျပန္လုပ္ခိုင္းခဲ့တယ္လို႔ ဦးေအာင္ေက်ာ္တိုးက ဆိုပါတယ္။

"သူက အဲယားကြန္း အခန္းမွာ အလုပ္လုပ္ရလို႔ အေအးပတ္တယ္ေပါ့။ flu ျဖစ္တယ္ေပါ့။ သူကိုယ္တိုင္လည္း အဲဒီလိုပဲ ထင္တယ္။ ဒါနဲ႔ တရက္ ေခ်ာင္းဆိုးေတာ့ JBS မွာရွိတဲ့ ေဆးခန္းေပါ့၊ အဲဒီေဆးခန္းကလည္း ေနမေကာင္း၊ ေခ်ာင္းဆိုးတယ္ဆိုလို႔ အိမ္ျပန္ခ်င္တယ္လို႔ Supervisor ကိုေျပာရင္ အဲဒီကို ပို႔တာ။ အဲဒီက ရိုးရိုး flu ျဖစ္တယ္ဆိုၿပီး ျပန္အလုပ္လုပ္ခိုင္းတယ္။"
ေဒၚတင္ေအး မိသားစုဓါတ္ပံု
ေဒၚတင္ေအးဟာ ကိုယ္ေတြလက္ေတြ ကိုက္ခဲေနေပမယ့္ သူတို႔ေနထိုင္တဲ့ Aurora ၿမိဳ႕နဲ႔ မိုင္ေပါင္း ၆၀ ေက်ာ္ကြာမွာရွိတဲ့ အမဲသားစက္ရံုကို ေန႕စဥ္ ကားႀကံဳနဲ႔ သြားၿပီး အလုပ္လုပ္ခဲ့ၿပီးေနာက္ မတ္လ ၂၉ရက္ေန႔ (တနဂၤေႏြ) မတိုင္ခင္ က်န္းမာေရးအေျခအေန ဆိုးရြားလာပံုကို ဦးေအာင္ေက်ာ္တိုးက အခုလို ေျပာျပပါတယ္။

" သူ႔ကို ေဆးရံုတင္တဲ့ အဆင့္မေရာက္ခင္မွာ ဘယ္လိုျဖစ္လဲဆိုေတာ့ ၾကာသာပေတးေန႔ ည အလုပ္လုပ္တဲ့အခ်ိန္မွာ သူ႔ရဲ႕ယူနီေဖာင္းက အရမ္းစိုရႊဲေနတယ္။ အဲဒီစိုရႊဲေနတာနဲ႔ အလုပ္လုပ္ရေတာ့ အဲယားကြန္ေနရွင္းအခန္း၊ နဂိုကတည္းကလည္း သူ႔မွာ ေခ်ာင္းဆိုးတယ္၊ အဲေတာ့ ယူနီေဖာင္း အသစ္လဲေပးဖို႔ Supervisor ကို သူကေျပာတယ္။ သူတို႔လက္မခံဘူး။ ဆက္လုပ္ခိုင္းတယ္။ အိမ္ေရာက္ေတာ့ သူကေျပာတယ္။ ေယာက်္ား ငါေတာ့ ဖ်ားၿပီတဲ့။ အလုပ္မသြားႏိုင္ေတာ့ဘူး။ တကိုယ္လံုး ကိုက္ခဲေနတာပဲတဲ့။ က်ေနာ္လည္း စမ္းၾကည့္လိုက္ေတာ့ သူက ကိုယ္ပူေနတယ္။ အဲဒီကေန အေျခအေနက ေတာ္ေတာ္ဆိုးလာတာ။"

ဒါေပမဲ့ အဲဒီအခ်ိန္ထိ သူ႔မွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈရွိမရွိ ေဒၚတင္ေအးက စစ္ေဆးမႈမလုပ္ခဲ့ရဘူးလို႔ ဦးေအာင္ေက်ာ္တိုးကေျပာပါတယ္။ ဒါအျပင္ ေဒၚတင္ေအးလုပ္တဲ့ အမဲသားစက္ရံုမွာ အလုပ္သမား ၂၀၀၀ ေထာင္ေက်ာ္ရွိၿပီး COVID-19 ေရာဂါကာကြယ္ေရးဘာမွ မလုပ္ထားဘူးလို႔ ဦးေအာင္ေက်ာ္တိုးက ေျပာပါတယ္။ စက္ရံုမွာ အလုပ္သမားေတြကို ကိုယ္ပူတိုင္တာမ်ဳိး မလုပ္သလို၊ လူခ်င္း ၆ ေပကြာ အလုပ္လုပ္ဖို႔ ဆိုတဲ့ အေျခအေနမ်ဳိးလည္း မရွိဘူးလို႔ဆိုပါတယ္။

မတ္လ ၂၇ ရက္ေန႔မွာ ဘယ္လိုမွ အလုပ္ကို မသြားႏိုင္တဲ့အတြက္ ေဒၚတင္ေအးဟာ စက္ရံုကို ဖ်ားနာခြင့္ တိုင္ၿပီးေနာက္ အိမ္မွာေနရင္း ေခ်ာင္းဆိုး၊ အသက္ရွဳက်ပ္တဲ့ အေျခအေန အေတာ္ေလး ဆိုးရြားခဲ့တယ္လို႔ ဆိုပါတယ္။ မတ္လ ၂၉ရက္ေန႔ အေရးေပၚ ေဆးရံုတင္ခ်ိန္မွာ သူ႔ကို ခ်က္ခ်င္း ventilator ေအာက္စီဂ်င္ေပးတဲ့ အသက္ရွဳစက္ေပၚ တင္လိုက္ရတယ္လို႔ ဦးေအာင္ေက်ာ္တိုးက ေျပာပါတယ္။

"ေဆးရံုလည္း ေရာက္ေရာ သူက လမ္းေတာင္ ေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့ဘူး။ အသက္ရွဳလို႔လည္း မရေတာ့ဘူး။ ၾကာသာပေတးေန႔ မတိုင္ခင္အထိ သူက အလုပ္လုပ္ေနတုန္း။ သူတို႔အလုပ္ကလည္း ဘာမွ မစစ္ပဲနဲ႔ လုပ္ခြင့္ျပဳေနတယ္။ ရွင္းရွင္းေျပာရရင္ social distancing၊ ႏွာေခါင္းစည္းတပ္တာတို႔ ဘာမွ မရွိဘူး။"
SEE ALSO:
COVID-19 ေၾကာင့္ ကန္ မွာ ျမန္မာႏြယ္ဖြား အနည္းဆုံး တဒါဇင္ခန္႔ ေသဆုံး

အဲဒီလို ေဆးရံုမတင္ခင္ ေဒၚတင္ေအးဟာ ကိုယ္၀န္ရွိေနတဲ့ သမီးျဖစ္သူနဲ႔ အၿမဲ ပံုမွန္ေတြ႕ခဲ့ရာမွာ သမီးျဖစ္သူမွာလည္း COVID-19 ေရာဂါကူးစက္ခံေနရေၾကာင္း ဆရာ၀န္ေတြက ေတြ႕ခဲ့ၿပီးေနာက္ သမီးျဖစ္သူက မိဘႏွစ္ပါးကို ဗိုင္းရပ္စ္ရွိမရွိ အျမန္ဆံုးစစ္ဖို႔ တယ္လီဖုန္းနဲ႔ လွမ္းေျပာခဲ့တယ္လို႔ ဦးေအာင္ေက်ာ္တိုး ကေျပာပါတယ္။ သူတို႔ သြားၿပီး စစ္ဖို႔ လုပ္ေနခ်ိန္မွာ ဇနီးျဖစ္သူရဲ႕ အေျခအေန ဆိုးရြားလာၿပီး ေဆးရံုကို အျမန္တင္လိုက္ရတာျဖစ္တယ္လို႔ သူကဆိုပါတယ္။ သူ႔မွာေတာ့ COVID-19 ေရာဂါကူးစက္မႈ လကၡဏာျပခဲ့ေပမယ့္ ဆရာ၀န္ရဲ႕ ညြန္ၾကားခ်က္နဲ႔ ႏွစ္ပတ္ၾကာ quarantine လုပ္ခဲ့ၿပီးေနာက္ ဗိုင္းရပ္စ္မရွိဘူးဆိုတဲ့ (negative) ေတြ႕ရတယ္လို႔ ဦးေအာင္ေက်ာ္တိုးက ေျပာပါတယ္။

သမီးျဖစ္သူကလည္း ေဒၚတင္ေအး ေဆးရံုမတင္ခင္ တရက္အလုိမွာ ကေလးကို အျမန္ဆံုး ဗိုက္ခဲြေမြးခဲ့ရပါတယ္။ ဒါေပမယ့္ ေဒၚတင္ေအးဟာ သူ႔ေျမးဦး Felix ကိုေတြ႕မသြားခဲ့ရပါဘူး။ ေဒၚတင္ေအး မကြယ္လြန္ခင္ ေဆးရံုက အသက္ရွဳစက္ေပၚမွာ တလေက်ာ္ေလာက္ေနခဲ့ရပါတယ္။ သူ႔ရဲ႕ရုပ္အေလာင္းကို ေမလ ၂၁ ရက္ေန႔မွာ ဗုဒၶဘာသာထံုးတမ္းစဥ္လာအတိုင္း မီးသၿဂိဳလ္ခြင့္ ရမွာျဖစ္ၿပီး ကိုဗစ္ကပ္ေရာဂါ ကာလေၾကာင့္ လူေတြကန္႔သတ္ထားတဲ့အတြက္ မိသားစု၀င္သံုးဦး နဲ႔အတူ ျမန္မာသံဃာေတာ္ တပါးနဲ႔ စုစုေပါင္း ရွစ္ဦး တက္ေရာက္ခြင့္ရမွာျဖစ္ပါတယ္။

ေဒၚတင္ေအး အပါအ၀င္ သူအလုပ္ လုပ္တဲ့ JBS အမဲသားစက္ရံုမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရၿပီး ေသဆံုးခဲ့တဲ့ အလုပ္သမား စုစုေပါင္း ရွစ္ေယာက္ရွိသြားပါၿပီ။ စက္ရံုတြင္း ကူးစက္ခံရသူ အလုပ္သမားေပါင္း ၃၁၆ ေယာက္ရွိေနေၾကာင္း ကိုလိုရာဒိုျပည္နယ္ က်န္းမာေရးဌာန စစ္တမ္းက ေဖၚျပထားပါတယ္။ ဒါေပမဲ့ လက္ရွိ JBS အမဲသားစက္ရံုကို ဖြင့္ထားဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ ဧၿပီလအတြင္းကေတာ့ သန္႔ရွင္းေရးအတြက္ ဆိုၿပီး ႏွစ္ရက္ပဲ စက္ရံုကို ပိတ္ခဲ့တာပါ။ အခုလိုေဒၚတင္ေအး COVID-19 ေရာဂါနဲ႔ ေသဆံုးခဲ့တာနဲ႔ ပတ္သက္လို႔ အမဲသားစက္ရံုရဲ႕ ေရာဂါကာကြယ္ေရး အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္ျဖစ္တယ္လို႔ ဦးေအာင္ေက်ာ္တိုးက ဗီြအိုေအကို ေျပာပါတယ္။

ကိုဗစ္ေရာဂါနဲ႔ ေဒၚတင္ေအး ကြယ္လြန္သြားတဲ့ ကိစၥမွာ Greeley က JBS အမဲသားစက္ရံုကို United Food and Commercial Workers Union Local 7 အလုပ္သမားသမဂၢက တရားစဲြဖို႔ ျပင္ဆင္ေနေၾကာင္း ဦးေအာင္ေက်ာ္တိုးက ေျပာပါတယ္။ အဲဒီစက္မွာ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာ စုစုေပါင္း ၂၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ ဆိုပါတယ္။

ဦးေအာင္ေက်ာ္တိုးနဲ႔ နန္စန္းတင္ (ေခၚ) ေဒၚတင္ေအးတို႔ဟာ ထိုင္းျမန္မာနယ္စပ္က ABSDF ေက်ာင္းသားတပ္မေတာ္ အဖဲြ႔၀င္ေဟာင္းေတြျဖစ္ၿပီး ေဒၚတင္ေအးကိုယ္တိုင္လည္း BWU ျမန္မာအမ်ဳိးသမီးသမဂၢအဖဲြ႔၀င္ေဟာင္းျဖစ္ပါတယ္။ သားသမီး ႏွစ္ဦးနဲ႔အတူ မိသားစုတစုလံုး အေမရိကန္ျပည္ေထာင္စုကို ဒုကၡသည္အျဖစ္ ၂၀၀၇ခုႏွစ္မွာ ေရာက္ရွိအေျခခ်ခဲ့ပါတယ္။

အင္ၾကင္းႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

အကာအကွယ်မဲ့ ကန် စက်ရုံက မြန်မာအလုပ်သမား ကိုဗစ်ကြောင့် ကွယ်လွန်

(Unicode)

အမေရိကန်ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ်က အသက် (၅၉)နှစ်အရွယ် မြန်မာ အမေရိကန် အမျိုးသမီး တဦး COVID-19 ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ကိစ္စမှာ နောက်ဆုံးဖျားနာတဲ့ အချိန်ထိ အလုပ်လုပ်ခဲ့ရတဲ့ အကြောင်း ကျန်ရစ်သူ ခင်ပွန်းသည် က ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ကိုလိုရာဒိုပြည်နယ် Greeley က JBS အမဲသားစက်ရုံခွဲမှာ ၁၂ နှစ်ကြာ အလုပ်လုပ်ကိုင်နေတဲ့ နန်စန်းတင် (ခေါ်) ဒေါ်တင်အေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ မေလ (၁၇)ရက်နေ့ ညနေပိုင်းမှာ COVID-19 ရောဂါနဲ့ ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

မတ်လ (၂၉ )ရက်နေ့ ဆေးရုံ မတင်ခင်အချိန်ထိ ဇနီးဖြစ်သူဟာ စက်ရုံက အသားတွေထားတဲ့ အအေးခန်းထဲမှာ အလုပ်လုပ်ကိုင်ခဲ့ရတယ်လို့ ခင်ပွန်းဖြစ်သူ ဦးအောင်ကျော်တိုးက ဗွီအိုအေကို ပြောပါတယ်။ ဒီမတိုင်ခင် ရက်ပိုင်းတွေက စက်ရုံမှာ စတင်နေထိုင်မကောင်းဖြစ်ချိန် အလုပ်ခွင်ဆေးခန်းကို သွားပြခဲ့ပေမယ့် ရိုးရိုး တုပ်ကွေးဖြစ်တာပဲဆိုပြီး အလုပ်ပြန်လုပ်ခိုင်းခဲ့တယ်လို့ ဦးအောင်ကျော်တိုးက ဆိုပါတယ်။

"သူက အဲယားကွန်း အခန်းမှာ အလုပ်လုပ်ရလို့ အအေးပတ်တယ်ပေါ့။ flu ဖြစ်တယ်ပေါ့။ သူကိုယ်တိုင်လည်း အဲဒီလိုပဲ ထင်တယ်။ ဒါနဲ့ တရက် ချောင်းဆိုးတော့ JBS မှာရှိတဲ့ ဆေးခန်းပေါ့၊ အဲဒီဆေးခန်းကလည်း နေမကောင်း၊ ချောင်းဆိုးတယ်ဆိုလို့ အိမ်ပြန်ချင်တယ်လို့ Supervisor ကိုပြောရင် အဲဒီကို ပို့တာ။ အဲဒီက ရိုးရိုး flu ဖြစ်တယ်ဆိုပြီး ပြန်အလုပ်လုပ်ခိုင်းတယ်။"

ဒေါ်တင်အေးဟာ ကိုယ်တွေလက်တွေ ကိုက်ခဲနေပေမယ့် သူတို့နေထိုင်တဲ့ Aurora မြို့နဲ့ မိုင်ပေါင်း ၆၀ ကျော်ကွာမှာရှိတဲ့ အမဲသားစက်ရုံကို နေ့စဉ် ကားကြုံနဲ့ သွားပြီး အလုပ်လုပ်ခဲ့ပြီးနောက် မတ်လ ၂၉ရက်နေ့ (တနင်္ဂနွေ) မတိုင်ခင် ကျန်းမာရေးအခြေအနေ ဆိုးရွားလာပုံကို ဦးအောင်ကျော်တိုးက အခုလို ပြောပြပါတယ်။

" သူ့ကို ဆေးရုံတင်တဲ့ အဆင့်မရောက်ခင်မှာ ဘယ်လိုဖြစ်လဲဆိုတော့ ကြာသာပတေးနေ့ ည အလုပ်လုပ်တဲ့အချိန်မှာ သူ့ရဲ့ယူနီဖောင်းက အရမ်းစိုရွှဲနေတယ်။ အဲဒီစိုရွှဲနေတာနဲ့ အလုပ်လုပ်ရတော့ အဲယားကွန်နေရှင်းအခန်း၊ နဂိုကတည်းကလည်း သူ့မှာ ချောင်းဆိုးတယ်၊ အဲတော့ ယူနီဖောင်း အသစ်လဲပေးဖို့ Supervisor ကို သူကပြောတယ်။ သူတို့လက်မခံဘူး။ ဆက်လုပ်ခိုင်းတယ်။ အိမ်ရောက်တော့ သူကပြောတယ်။ ယောကျ်ား ငါတော့ ဖျားပြီတဲ့။ အလုပ်မသွားနိုင်တော့ဘူး။ တကိုယ်လုံး ကိုက်ခဲနေတာပဲတဲ့။ ကျနော်လည်း စမ်းကြည့်လိုက်တော့ သူက ကိုယ်ပူနေတယ်။ အဲဒီကနေ အခြေအနေက တော်တော်ဆိုးလာတာ။"

ဒါပေမဲ့ အဲဒီအချိန်ထိ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ ဒေါ်တင်အေးက စစ်ဆေးမှုမလုပ်ခဲ့ရဘူးလို့ ဦးအောင်ကျော်တိုးကပြောပါတယ်။ ဒါအပြင် ဒေါ်တင်အေးလုပ်တဲ့ အမဲသားစက်ရုံမှာ အလုပ်သမား ၂၀၀၀ ထောင်ကျော်ရှိပြီး COVID-19 ရောဂါကာကွယ်ရေးဘာမှ မလုပ်ထားဘူးလို့ ဦးအောင်ကျော်တိုးက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမားတွေကို ကိုယ်ပူတိုင်တာမျိုး မလုပ်သလို၊ လူချင်း ၆ ပေကွာ အလုပ်လုပ်ဖို့ ဆိုတဲ့ အခြေအနေမျိုးလည်း မရှိဘူးလို့ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ ဘယ်လိုမှ အလုပ်ကို မသွားနိုင်တဲ့အတွက် ဒေါ်တင်အေးဟာ စက်ရုံကို ဖျားနာခွင့် တိုင်ပြီးနောက် အိမ်မှာနေရင်း ချောင်းဆိုး၊ အသက်ရှုကျပ်တဲ့ အခြေအနေ အတော်လေး ဆိုးရွားခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၂၉ရက်နေ့ အရေးပေါ် ဆေးရုံတင်ချိန်မှာ သူ့ကို ချက်ချင်း ventilator အောက်စီဂျင်ပေးတဲ့ အသက်ရှုစက်ပေါ် တင်လိုက်ရတယ်လို့ ဦးအောင်ကျော်တိုးက ပြောပါတယ်။

"ဆေးရုံလည်း ရောက်ရော သူက လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ အသက်ရှုလို့လည်း မရတော့ဘူး။ ကြာသာပတေးနေ့ မတိုင်ခင်အထိ သူက အလုပ်လုပ်နေတုန်း။ သူတို့အလုပ်ကလည်း ဘာမှ မစစ်ပဲနဲ့ လုပ်ခွင့်ပြုနေတယ်။ ရှင်းရှင်းပြောရရင် social distancing၊ နှာခေါင်းစည်းတပ်တာတို့ ဘာမှ မရှိဘူး။"

အဲဒီလို ဆေးရုံမတင်ခင် ဒေါ်တင်အေးဟာ ကိုယ်ဝန်ရှိနေတဲ့ သမီးဖြစ်သူနဲ့ အမြဲ ပုံမှန်တွေ့ခဲ့ရာမှာ သမီးဖြစ်သူမှာလည်း COVID-19 ရောဂါကူးစက်ခံနေရကြောင်း ဆရာဝန်တွေက တွေ့ခဲ့ပြီးနောက် သမီးဖြစ်သူက မိဘနှစ်ပါးကို ဗိုင်းရပ်စ်ရှိမရှိ အမြန်ဆုံးစစ်ဖို့ တယ်လီဖုန်းနဲ့ လှမ်းပြောခဲ့တယ်လို့ ဦးအောင်ကျော်တိုး ကပြောပါတယ်။ သူတို့ သွားပြီး စစ်ဖို့ လုပ်နေချိန်မှာ ဇနီးဖြစ်သူရဲ့ အခြေအနေ ဆိုးရွားလာပြီး ဆေးရုံကို အမြန်တင်လိုက်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ သူ့မှာတော့ COVID-19 ရောဂါကူးစက်မှု လက္ခဏာပြခဲ့ပေမယ့် ဆရာဝန်ရဲ့ ညွန်ကြားချက်နဲ့ နှစ်ပတ်ကြာ quarantine လုပ်ခဲ့ပြီးနောက် ဗိုင်းရပ်စ်မရှိဘူးဆိုတဲ့ (negative) တွေ့ရတယ်လို့ ဦးအောင်ကျော်တိုးက ပြောပါတယ်။

သမီးဖြစ်သူကလည်း ဒေါ်တင်အေး ဆေးရုံမတင်ခင် တရက်အလိုမှာ ကလေးကို အမြန်ဆုံး ဗိုက်ခွဲမွေးခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်တင်အေးဟာ သူ့မြေးဦး Felix ကိုတွေ့မသွားခဲ့ရပါဘူး။ ဒေါ်တင်အေး မကွယ်လွန်ခင် ဆေးရုံက အသက်ရှုစက်ပေါ်မှာ တလကျော်လောက်နေခဲ့ရပါတယ်။ သူ့ရဲ့ရုပ်အလောင်းကို မေလ ၂၁ ရက်နေ့မှာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း မီးသဂြိုလ်ခွင့် ရမှာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါ ကာလကြောင့် လူတွေကန့်သတ်ထားတဲ့အတွက် မိသားစုဝင်သုံးဦး နဲ့အတူ မြန်မာသံဃာတော် တပါးနဲ့ စုစုပေါင်း ရှစ်ဦး တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

ဒေါ်တင်အေး အပါအဝင် သူအလုပ် လုပ်တဲ့ JBS အမဲသားစက်ရုံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ အလုပ်သမား စုစုပေါင်း ရှစ်ယောက်ရှိသွားပါပြီ။ စက်ရုံတွင်း ကူးစက်ခံရသူ အလုပ်သမားပေါင်း ၃၁၆ ယောက်ရှိနေကြောင်း ကိုလိုရာဒိုပြည်နယ် ကျန်းမာရေးဌာန စစ်တမ်းက ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ လက်ရှိ JBS အမဲသားစက်ရုံကို ဖွင့်ထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ သန့်ရှင်းရေးအတွက် ဆိုပြီး နှစ်ရက်ပဲ စက်ရုံကို ပိတ်ခဲ့တာပါ။ အခုလိုဒေါ်တင်အေး COVID-19 ရောဂါနဲ့ သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ အမဲသားစက်ရုံရဲ့ ရောဂါကာကွယ်ရေး အားနည်းချက်တွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ဦးအောင်ကျော်တိုးက ဗွီအိုအေကို ပြောပါတယ်။

ကိုဗစ်ရောဂါနဲ့ ဒေါ်တင်အေး ကွယ်လွန်သွားတဲ့ ကိစ္စမှာ Greeley က JBS အမဲသားစက်ရုံကို United Food and Commercial Workers Union Local 7 အလုပ်သမားသမဂ္ဂက တရားစွဲဖို့ ပြင်ဆင်နေကြောင်း ဦးအောင်ကျော်တိုးက ပြောပါတယ်။ အဲဒီစက်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ စုစုပေါင်း ၂၀၀ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

ဦးအောင်ကျော်တိုးနဲ့ နန်စန်းတင် (ခေါ်) ဒေါ်တင်အေးတို့ဟာ ထိုင်းမြန်မာနယ်စပ်က ABSDF ကျောင်းသားတပ်မတော် အဖွဲ့ဝင်ဟောင်းတွေဖြစ်ပြီး ဒေါ်တင်အေးကိုယ်တိုင်လည်း BWU မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။ သားသမီး နှစ်ဦးနဲ့အတူ မိသားစုတစုလုံး အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ၂၀၀၇ခုနှစ်မှာ ရောက်ရှိအခြေချခဲ့ပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-american-in-colorado-die-for-covid-19/5426971.html
အကာအကြယ္မဲ့ ကန္ စက္ရုံက ျမန္မာအလုပ္သမား ကုိဗစ္ေၾကာင့္ ကြယ္လြန္ အကာအကြယ္မဲ့ ကန္ စက္ရုံက ျမန္မာအလုပ္သမား ကုိဗစ္ေၾကာင့္ ကြယ္လြန္ Reviewed by THITHTOOLWIN on 06:48 Rating: 5
Powered by Blogger.