ႏုိင္ငံျခားမွာ အလုပ္ရမယ္ဆုိၿပီး ထုိင္းမွာ အြန္လုိင္းက လိမ္လည္မႈေတြထြက္ေပၚ

facebook အသံုးျပဳေနသူမ်ား
(Zawgyi/Unicode)

နိုင္ငံရပ္ျခားမွာ အလုပ္လုပ္ရမယ္ဆိုၿပီး အြန္လိုင္းကေန လိမ္လည္မႈေတြ တိုးျမင့္လာေနတဲ့ကိစၥကို ထိုင္းနိုင္ငံက ၾကဳံေတြ႕ေနရတယ္လို႔ ထိုင္း ထိပ္တန္း တာဝန္ရွိသူတစ္ဦးက အဂၤါေန႔က ေျပာပါတယ္။

အဲဒီလို လိမ္လည္တဲ့ ေၾကာ္ျငာေတြဟာ Facebook မွာ အမ်ားဆုံး ေတြ႕ရွိရတာျဖစ္တယ္လည္း ထိုင္း အလုပ္အကိုင္ရွာေဖြေရး ဦးစီးဌာနက အႀကီးအကဲက Suchat Pornchaiwiseskul ေျပာပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္အတြင္း ျပည္ပ အလုပ္အကိုင္ ေၾကာ္ျငာေတြနဲ႔ပတ္သက္ၿပီး ဘတ္ေငြ သန္း ၁၀၀ အေမရိကန္ ေဒၚလာ ၃ သန္းေက်ာ္ လိမ္လည္ခံရတဲ့ တိုင္ၾကားမႈေပါင္း ၁၅၀၀ ေက်ာ္ရွိခဲ့ၿပီး Facebook နဲ႔ Line APP ေတြမွာ လိမ္လည္ခံရတာ အမ်ားဆုံးလို႔ Pornchaiwiseskul က ေျပာပါတယ္။

Facebook ကုမၸဏီကေတာ့ အျမင္မွားေစမယ့္ ေၾကာ္ျငာတုေတြကို ခြင့္မျပဳဘဲ မူဝါဒေတြနဲ႔ မကိုက္ညီရင္ ဖယ္ရွားပစ္တယ္လို႔ ေျပာပါတယ္။

လိုင္စင္ရထားတဲ့ အလုပ္အကိုင္ ရွာေဖြေရး ကုမၸဏီ အမ်ားစုက ဥပေဒ ေဘာင္အတြင္းက လုပ္ေဆာင္ေနေပမဲ့ Facebook ကို သုံးၿပီး ေၾကာ္ျငာေနသူေတြအေရး ကိုင္တြယ္ရာမွာေတာ့ အခက္အခဲအမ်ားႀကီး ရွိေနတယ္လို႔လည္း Pornchaiwiseskul က ေျပာပါတယ္။

အလုပ္အကိုင္ ရွာေဖြေပးမယ္လို႔ ေၾကာ္ျငာတဲ့သူေတြက ဝန္ေဆာင္ခ PROCESSING FEE ကို လွည့္ဖ်ား ေတာင္းခံၿပီးတဲ့ေနာက္ ေပ်ာက္ သြားတတ္တယ္လို႔လည္း အလုပ္သမားအေရး လႈပ္ရွားသူ Wiranwan Mosby က ေျပာပါတယ္။ ဘယ္ေလဆိပ္မွာမွ သူတို႔တေတြ မေပၚလာသလို လိမ္လည္ ခံရသူကို သူတို႔ရဲ့ လူမႈ မီဒီယာ အဆက္အသြယ္ကေနၿပီး Blockလုပ္ပစ္၊ ပထုတ္ပစ္တယ္လို႔ လည္း ဆိုပါတယ္။ လူေတြက အလိမ္ခံရမွာကို သိေပမဲ့ ေငြေၾကး လိုအပ္တာေၾကာင့္ စြန္႔စားတဲ့လမ္းကို ေရြးခ်ယ္ၾကတာလို႔လည္း ေျပာပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

နိုင်ငံခြားမှာအလုပ်ရမယ်ဆိုပြီး ထိုင်းမှာ အွန်လိုင်းက လိမ်လည်မှုတွေထွက်ပေါ်

(Unicode)

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ လိမ်လည်မှုတွေ တိုးမြင့်လာနေတဲ့ကိစ္စကို ထိုင်းနိုင်ငံက ကြုံတွေ့နေရတယ်လို့ ထိုင်း ထိပ်တန်း တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့က ပြောပါတယ်။

အဲဒီလို လိမ်လည်တဲ့ ကြော်ငြာတွေဟာ Facebook မှာ အများဆုံး တွေ့ရှိရတာဖြစ်တယ်လည်း ထိုင်း အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာနက အကြီးအကဲက Suchat Pornchaiwiseskul ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ပြည်ပ အလုပ်အကိုင် ကြော်ငြာတွေနဲ့ပတ်သက်ပြီး ဘတ်ငွေ သန်း ၁၀၀ အမေရိကန် ဒေါ်လာ ၃ သန်းကျော် လိမ်လည်ခံရတဲ့ တိုင်ကြားမှုပေါင်း ၁၅၀၀ ကျော်ရှိခဲ့ပြီး Facebook နဲ့ Line APP တွေမှာ လိမ်လည်ခံရတာ အများဆုံးလို့ Pornchaiwiseskul က ပြောပါတယ်။

Facebook ကုမ္ပဏီကတော့ အမြင်မှားစေမယ့် ကြော်ငြာတုတွေကို ခွင့်မပြုဘဲ မူဝါဒတွေနဲ့ မကိုက်ညီရင် ဖယ်ရှားပစ်တယ်လို့ ပြောပါတယ်။

လိုင်စင်ရထားတဲ့ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ အများစုက ဥပဒေ ဘောင်အတွင်းက လုပ်ဆောင်နေပေမဲ့ Facebook ကို သုံးပြီး ကြော်ငြာနေသူတွေအရေး ကိုင်တွယ်ရာမှာတော့ အခက်အခဲအများကြီး ရှိနေတယ်လို့လည်း Pornchaiwiseskul က ပြောပါတယ်။

အလုပ်အကိုင် ရှာဖွေပေးမယ်လို့ ကြော်ငြာတဲ့သူတွေက ဝန်ဆောင်ခ PROCESSING FEE ကို လှည့်ဖျား တောင်းခံပြီးတဲ့နောက် ပျောက် သွားတတ်တယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူ Wiranwan Mosby က ပြောပါတယ်။ ဘယ်လေဆိပ်မှာမှ သူတို့တတွေ မပေါ်လာသလို လိမ်လည် ခံရသူကို သူတို့ရဲ့ လူမှု မီဒီယာ အဆက်အသွယ်ကနေပြီး Blockလုပ်ပစ်၊ ပထုတ်ပစ်တယ်လို့ လည်း ဆိုပါတယ်။ လူတွေက အလိမ်ခံရမှာကို သိပေမဲ့ ငွေကြေး လိုအပ်တာကြောင့် စွန့်စားတဲ့လမ်းကို ရွေးချယ်ကြတာလို့လည်း ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/online-job-scam-/5426952.html
ႏုိင္ငံျခားမွာ အလုပ္ရမယ္ဆုိၿပီး ထုိင္းမွာ အြန္လုိင္းက လိမ္လည္မႈေတြထြက္ေပၚ ႏုိင္ငံျခားမွာ အလုပ္ရမယ္ဆုိၿပီး ထုိင္းမွာ အြန္လုိင္းက လိမ္လည္မႈေတြထြက္ေပၚ Reviewed by THITHTOOLWIN on 06:50 Rating: 5
Powered by Blogger.