သံဃာေတြကို အြန္လိုင္းက ေဝဖန္သူကို ဖမ္းၿပီး မိတၱီလာ ကေန မႏၲေလးကိုလႊဲ

၂၀၁၃ မွာ ဘာသာေရး ျပႆနာ ျဖစ္ခဲ့ဖူး
(Zawgyi)⤵⤵⤵
ဗုဒၶ ဘာသာ သံဃာေတာ္ေတြကို ျပင္းျပင္းထန္ ပုတ္ခတ္ေရးသားခဲ့သူ မိတၱီလာမွာ လာေရာက္ေတာင္းပန္ ေျဖရွင္းတဲ့ပြဲဟာ လူအုပ္ကို မထိန္းႏိုင္ျဖစ္ၿပီး ရဲက အဲဒီလူကို ဖမ္းၿပီး ေခၚထုတ္သြားခဲ့ရတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးသန္းက ဘီဘီစီကို ေျပာပါတယ္။

ဒါေပမယ့္လည္း ေဒသခံတခ်ိဳ႕က ရဲစခန္းထိ လိုက္လာတဲ့အတြက္ အခုအခါမွာ သူ႔ကို မႏၲေလးၿမိဳ႕ကို လႊဲေျပာင္းေပးလိုက္ၿပီး သာသနာညႇိဳးႏြမ္းေစမႈနဲ႔ အမႈဖြင့္ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္လို႔ သိရွိထားေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသန္းက ေျပာပါတယ္။

အေျခခံပညာ ဒသမတန္း သင္႐ိုးသစ္မွာပါတဲ့ Sex Education အေၾကာင္းနဲ႔ ဆက္စပ္ၿပီး လူမႈကြန္ရက္မွာ ေဝဖန္ရင္း သူက ဗုဒၶသာသာ သံဃာေတာ္ကို ဆဲဆိုခဲ့သလို အလုပ္မလုပ္သူေတြလို႔လည္း ေဝဖန္ခဲ့ပါတယ္။

မိတၱီလာၿမိဳ႕က ဆရာေတာ္ေတြကေတာ့ လူကိုယ္တိုင္လာ ေတာင္းပန္ေပမယ့္ မလိုလားအပ္တဲ့ ျပႆနာေတြ ထပ္မျဖစ္ေရးအတြက္ ဥပေဒေၾကာင္းအရပဲ ရွင္းဖို႔ေျပာခဲ့တဲ့အတြက္ ပုတ္ခတ္ေရးသားခဲ့သူဟာ ဥပေဒေၾကာင္းအရ ရွင္းဖို႔ ျဖစ္လာခဲ့ပါတယ္။
 ေမလ ၁၈ရက္ေန႔ ေန႔လယ္ပိုင္းက Kyaw Win Thant ေဖစ္ဘြတ္အေကာင္ပိုင္ရွင္မိဘေတြက လာေတာင္းပန္
မိတၱီလာၿမိဳ႕ သံဃနာယက ႐ုံးခန္းမွာ ေမလ၁၉ရက္ေန႔က ရွင္းေနၾကရင္း အျပင္ဘက္ က လူအုပ္က မ်ားလာတဲ့ အတြက္ ရဲတပ္ဖြဲ႕က သူ႔ကို ကားနဲ႔ ေခၚထုတ္ခဲ့ရတယ္လို႔ မိတၱီလာ ၿမိဳ႕ခံေတြက ေျပာပါတယ္။

Sex Education အေၾကာင္း လူမႈကြန္ရက္မွာေရးသားရင္း သံဃာေတာ္ေတြကို ပုတ္ခတ္ေရးသားခဲ့သူဟာ မိတၱီလာမွာ ေနထိုင္ခဲ့တဲ့ ဆရာဝန္တစ္ဦးျဖစ္ၿပီး အခု ရန္ကုန္ၿမိဳ႕ မွာ ေနထိုင္သူျဖစ္ေၾကာင္း သူ႔မိဘေတြကေတာ့ မိတၱီလာမွာ ေနထိုင္သူေတြျဖစ္တယ္လို႔လည္း မိတၱီလာၿမိဳ႕ခံ ကိုေက်ာ္စိုးမိုးက ဘီဘီစီကို ေျပာပါတယ္။

မိတၱီလာၿမိဳ႕ခံေတြဟာ သူ႔ကို ဘုန္းႀကီးေက်ာင္းကေန ရဲတပ္ဖြဲ႕ကေခၚထုတ္သြားစဥ္မွာ စိတ္ဆိုးေဒါသထြက္ၾကၿပီးေတာ့ ရဲကားကို လည္း ခဲေတြနဲ႔ ပစ္ေပါက္တိုက္ခိုက္တာေတြ ရွိခဲ့တယ္လို႔လည္း ကိုေက်ာ္စိုးမိုးက ေျပာပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းေတြ ကတည္းက ဆက္တိုက္ဆိုသလို ဗုဒၶဘာသာ သံဃာေတာ္ေတြကို သူက ေဝဖန္ဆဲဆို တိုက္ခိုက္ေရးသားေနတဲ့အတြက္ ၿမိဳ႕မိၿမိဳ႕ဖနဲ႔ ဗုဒၶသာသာသံဃာေတာ္ေတြက သံဃမဟာနာယက နဲ႔ သာသနာေရးကို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။
 ေမလ ၁၉ ရက္မွာ လူစုလူေဝးေတြျဖစ္
Kyaw Win Thant အေကာင့္ပိုင္ရွင္ဟာ ဒသမတန္း သင္႐ိုးပါ Sex Education အေၾကာင္း ေဝဖန္ေျပာၾကားရင္း မိတၱီလာၿမိဳ႕ နဂါး႐ုံေက်ာင္းတိုက္က ကိုယ္ေတာ္ေတြဟာ ၿမိဳ႕လယ္က ဗီဒီယို႐ုံမွာ လာၾကည့္ၾကတဲ့ အေၾကာင္း၊ ေဘာပြဲေလာင္းတဲ့အေၾကာင္း၊ လူေတြလုပ္တဲ့ အတိုင္း အကုန္လုပ္ၿပီး၊ ကိုယ္ေတာ္ေတြက အလုပ္မလုပ္ၾကေၾကာင္း စတာေတြကို ေရးသားခဲ့တာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ပါေမာကၡခ်ဳပ္ ဆရာေတာ္က အစ ကိုရင္ေတြထိ အားလုံးကို လည္း ဆဲဆိုတာကိုလည္း ေရးသားတာ ေတြ႕ရတယ္လို႔ မိတၱီလာၿမိဳ႕ခံေတြက ေျပာပါတယ္။

သူဟာ ဗုဒၶသာသာဝင္ တစ္ဦးျဖစ္ၿပီး အခုလို ေရးသားမိတာေတြဟာ အရက္မူးေနတဲ့ အခ်ိန္မွာေရး မိတာျဖစ္တယ္လို႔ ေျဖရွင္းတာေတြ ရွိတယ္လို႔လည္း မိတၱီလာၿမိဳ႕က သတင္းေထာက္တစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

အဲ့ဒီ Kyaw Win Thant အေကာင့္ ပိုင္ရွင္အေနနဲ႔ လြန္ခဲ့တဲ့ ရက္ပိုင္းေတြ ကတည္းက စၿပီး သံဃာေတာ္ေတြကို ေဝဖန္တဲ့ စာသားေတြ ဆက္တိုက္ေရးသားခဲ့တာလို႔လည္း တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးသန္းက ဘီဘီစီကို ေျပာပါတယ္။
ကာယကံရွင္ကိုယ္တိုင္ေတာင္းပန္ဖို႔သံဃာအခ်ိဳ႕နဲ႔ၿမိဳ႕ခံအခ်ိဳကေတာင္းဆိုခဲ့ၾက
ေမလ ၁၈ရက္ ေန႔လယ္ပိုင္းက Kyaw Win Thant ေဖစ့္ဘုတ္ အေကာင္ပိုင္ရွင္ မိဘေတြက မိတၱီလာၿမိဳ႕နယ္ သံဃနာယက ဆရာေတာ္ထံ လာေရာက္ေတာင္းပန္ခဲ့ေပမယ့္ ကာယကံရွင္ကိုယ္တိုင္ ေတာင္းပန္ဖို႔ သံဃာတခ်ိဳ႕နဲ႔ ၿမိဳ႕ခံတခ်ိဳ႕က ေတာင္းဆိုတဲ့အတြက္ ကာယကံရွင္ကိုယ္တိုင္ ေတာင္းပန္ဖို႔ ေမလ၁၉ ရက္ မနက္ သံဃနာယက ဥကၠ႒ ေက်ာင္းျဖစ္တဲ့ ကိုးနဝင္းေက်ာင္းကို လာေရာက္ခဲ့တာ ျဖစ္တယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုးသန္းက ဘီဘီစီကိုေျပာပါတယ္။

မိတၱီလာၿမိဳ႕ေတာင္းပန္ပြဲမွာ လူစုလူေဝး ျဖစ္လာရတာဟာ ေမလ ၁၉ ရက္ေန႔ မွာKyaw Win Thant ေဖစ္ဘုတ္အေကာင္ပိုင္ရွင္ ကိုယ္တိုင္လာေတာင္းပန္ဖို႔ရွိတယ္ဆိုတာကို လူမႈကြန္ရက္ မွာ ျဖန္႔ခ်ိခဲ့ ၾကတဲ့အတြက္ျဖစ္တယ္လို႔လည္း မိတၱီလာၿမိဳ႕ခံေတြက ေျပာပါတယ္။

သံဃာေတာ္ေတြကေတာ့ ဥပေဒေၾကာင္းအရ ေျဖရွင္းတာဟာ ေရးသားတဲ့သူနဲ႔ မိတၱီလာၿမိဳ႕က သူ႔မိဘေတြ လုံၿခဳံေရးအတြက္ပါ ေကာင္းတယ္လို႔ ယူဆၿပီး ဥပေဒေၾကာင္းအရ အေရးယူေပးဖို႔ ဆုံးျဖတ္ခဲ့ၾကကာ သက္ဆိုင္ရာ အာဏာပိုင္ေတြကလည္း ဥပေဒေၾကာင္းအရ အေရးယူေဆာင္႐ြက္ဖို႔ ရဲစခန္းကို ေခၚေဆာင္သြားခဲ့ပါတယ္။

ဒါေပမဲ့လည္း ေဒသခံတခ်ိဳ႕ကရဲစခန္းအထိ လိုက္လာတဲ့အတြက္ Kyaw Win Thant အေကာင့္ပိုင္ရွင္ကို မႏၲေလးၿမိဳ႕ကို လႊဲေျပာင္းေပးလိုက္ၿပီး သာသနာညႇိဳးႏြမ္းေစမႈနဲ႔ အမႈဖြင့္ေဆာင္႐ြက္ဖို႔ စီစဥ္ထားတယ္လို႔ သိရွိထားေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးသန္းက ေျပာပါတယ္။

သာသနာညႇိဳးႏြမ္းေစမႈ ပုဒ္မ ၂၉၅ (က) ကေတာ့ ေထာင္ဒဏ္ ၂ ႏွစ္အထိ က်ခံႏိုင္ၿပီး ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ဒဏ္ ႏွစ္ ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္းေဖာ္ျပထားၿပီး အာမခံမေပးတဲ့ ပုဒ္မျဖစ္ပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
သံဃာတွေကို အွန်လိုင်းက ဝေဖန်သူကို ဖမ်းပြီး မိတ္တီလာ ကနေ မန္တလေးကိုလွှဲ

ဗုဒ္ဓ ဘာသာ သံဃာတော်တွေကို ပြင်းပြင်းထန် ပုတ်ခတ်ရေးသားခဲ့သူ မိတ္တီလာမှာ လာရောက်တောင်းပန် ဖြေရှင်းတဲ့ပွဲဟာ လူအုပ်ကို မထိန်းနိုင်ဖြစ်ပြီး ရဲက အဲဒီလူကို ဖမ်းပြီး ခေါ်ထုတ်သွားခဲ့ရတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ဒေသခံတချို့က ရဲစခန်းထိ လိုက်လာတဲ့အတွက် အခုအခါမှာ သူ့ကို မန္တလေးမြို့ကို လွှဲပြောင်းပေးလိုက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောပါတယ်။

အခြေခံပညာ ဒသမတန်း သင်ရိုးသစ်မှာပါတဲ့ Sex Education အကြောင်းနဲ့ ဆက်စပ်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ရင်း သူက ဗုဒ္ဓသာသာ သံဃာတော်ကို ဆဲဆိုခဲ့သလို အလုပ်မလုပ်သူတွေလို့လည်း ဝေဖန်ခဲ့ပါတယ်။

မိတ္တီလာမြို့က ဆရာတော်တွေကတော့ လူကိုယ်တိုင်လာ တောင်းပန်ပေမယ့် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်ရေးအတွက် ဥပဒေကြောင်းအရပဲ ရှင်းဖို့ပြောခဲ့တဲ့အတွက် ပုတ်ခတ်ရေးသားခဲ့သူဟာ ဥပဒေကြောင်းအရ ရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။

မိတ္တီလာမြို့ သံဃနာယက ရုံးခန်းမှာ မေလ၁၉ရက်နေ့က ရှင်းနေကြရင်း အပြင်ဘက် က လူအုပ်က များလာတဲ့ အတွက် ရဲတပ်ဖွဲ့က သူ့ကို ကားနဲ့ ခေါ်ထုတ်ခဲ့ရတယ်လို့ မိတ္တီလာ မြို့ခံတွေက ပြောပါတယ်။

Sex Education အကြောင်း လူမှုကွန်ရက်မှာရေးသားရင်း သံဃာတော်တွေကို ပုတ်ခတ်ရေးသားခဲ့သူဟာ မိတ္တီလာမှာ နေထိုင်ခဲ့တဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး အခု ရန်ကုန်မြို့ မှာ နေထိုင်သူဖြစ်ကြောင်း သူ့မိဘတွေကတော့ မိတ္တီလာမှာ နေထိုင်သူတွေဖြစ်တယ်လို့လည်း မိတ္တီလာမြို့ခံ ကိုကျော်စိုးမိုးက ဘီဘီစီကို ပြောပါတယ်။

မိတ္တီလာမြို့ခံတွေဟာ သူ့ကို ဘုန်းကြီးကျောင်းကနေ ရဲတပ်ဖွဲ့ကခေါ်ထုတ်သွားစဉ်မှာ စိတ်ဆိုးဒေါသထွက်ကြပြီးတော့ ရဲကားကို လည်း ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ကိုကျော်စိုးမိုးက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက ဆက်တိုက်ဆိုသလို ဗုဒ္ဓဘာသာ သံဃာတော်တွေကို သူက ဝေဖန်ဆဲဆို တိုက်ခိုက်ရေးသားနေတဲ့အတွက် မြို့မိမြို့ဖနဲ့ ဗုဒ္ဓသာသာသံဃာတော်တွေက သံဃမဟာနာယက နဲ့ သာသနာရေးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Kyaw Win Thant အကောင့်ပိုင်ရှင်ဟာ ဒသမတန်း သင်ရိုးပါ Sex Education အကြောင်း ဝေဖန်ပြောကြားရင်း မိတ္တီလာမြို့ နဂါးရုံကျောင်းတိုက်က ကိုယ်တော်တွေဟာ မြို့လယ်က ဗီဒီယိုရုံမှာ လာကြည့်ကြတဲ့ အကြောင်း၊ ဘောပွဲလောင်းတဲ့အကြောင်း၊ လူတွေလုပ်တဲ့ အတိုင်း အကုန်လုပ်ပြီး၊ ကိုယ်တော်တွေက အလုပ်မလုပ်ကြကြောင်း စတာတွေကို ရေးသားခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ပါမောက္ခချုပ် ဆရာတော်က အစ ကိုရင်တွေထိ အားလုံးကို လည်း ဆဲဆိုတာကိုလည်း ရေးသားတာ တွေ့ရတယ်လို့ မိတ္တီလာမြို့ခံတွေက ပြောပါတယ်။

သူဟာ ဗုဒ္ဓသာသာဝင် တစ်ဦးဖြစ်ပြီး အခုလို ရေးသားမိတာတွေဟာ အရက်မူးနေတဲ့ အချိန်မှာရေး မိတာဖြစ်တယ်လို့ ဖြေရှင်းတာတွေ ရှိတယ်လို့လည်း မိတ္တီလာမြို့က သတင်းထောက်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲ့ဒီ Kyaw Win Thant အကောင့် ပိုင်ရှင်အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေ ကတည်းက စပြီး သံဃာတော်တွေကို ဝေဖန်တဲ့ စာသားတွေ ဆက်တိုက်ရေးသားခဲ့တာလို့လည်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကို ပြောပါတယ်။

မေလ ၁၈ရက် နေ့လယ်ပိုင်းက Kyaw Win Thant ဖေစ့်ဘုတ် အကောင်ပိုင်ရှင် မိဘတွေက မိတ္တီလာမြို့နယ် သံဃနာယက ဆရာတော်ထံ လာရောက်တောင်းပန်ခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင် တောင်းပန်ဖို့ သံဃာတချို့နဲ့ မြို့ခံတချို့က တောင်းဆိုတဲ့အတွက် ကာယကံရှင်ကိုယ်တိုင် တောင်းပန်ဖို့ မေလ၁၉ ရက် မနက် သံဃနာယက ဥက္ကဋ္ဌ ကျောင်းဖြစ်တဲ့ ကိုးနဝင်းကျောင်းကို လာရောက်ခဲ့တာ ဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ဘီဘီစီကိုပြောပါတယ်။

မိတ္တီလာမြို့တောင်းပန်ပွဲမှာ လူစုလူဝေး ဖြစ်လာရတာဟာ မေလ ၁၉ ရက်နေ့ မှာKyaw Win Thant ဖေစ်ဘုတ်အကောင်ပိုင်ရှင် ကိုယ်တိုင်လာတောင်းပန်ဖို့ရှိတယ်ဆိုတာကို လူမှုကွန်ရက် မှာ ဖြန့်ချိခဲ့ ကြတဲ့အတွက်ဖြစ်တယ်လို့လည်း မိတ္တီလာမြို့ခံတွေက ပြောပါတယ်။

သံဃာတော်တွေကတော့ ဥပဒေကြောင်းအရ ဖြေရှင်းတာဟာ ရေးသားတဲ့သူနဲ့ မိတ္တီလာမြို့က သူ့မိဘတွေ လုံခြုံရေးအတွက်ပါ ကောင်းတယ်လို့ ယူဆပြီး ဥပဒေကြောင်းအရ အရေးယူပေးဖို့ ဆုံးဖြတ်ခဲ့ကြကာ သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ဖို့ ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒေသခံတချို့ကရဲစခန်းအထိ လိုက်လာတဲ့အတွက် Kyaw Win Thant အကောင့်ပိုင်ရှင်ကို မန္တလေးမြို့ကို လွှဲပြောင်းပေးလိုက်ပြီး သာသနာညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ သိရှိထားကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်းက ပြောပါတယ်။

သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ကတော့ ထောင်ဒဏ် ၂ နှစ်အထိ ကျခံနိုင်ပြီး ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ် ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားပြီး အာမခံမပေးတဲ့ ပုဒ်မဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52731152
သံဃာေတြကို အြန္လိုင္းက ေဝဖန္သူကို ဖမ္းၿပီး မိတၱီလာ ကေန မႏၲေလးကိုလႊဲ သံဃာေတြကို အြန္လိုင္းက ေဝဖန္သူကို ဖမ္းၿပီး မိတၱီလာ ကေန မႏၲေလးကိုလႊဲ Reviewed by THITHTOOLWIN on 05:45 Rating: 5
Powered by Blogger.