ဖားကန႔္မွာ COVID-19 က်ယ္ျပန႔္စြာ ကူးစက္ပ်ံ႕ႏွံ႔မယ့္အေရး စိုးရိမ္မႈေတြရွိေန

ဖားကန္႔က ေရမေဆးေက်ာက္ ရွာေဖြသူမ်ား
(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ဖားကန္႔ၿမဳိ့က ေရမေဆးေက်ာက္ ရွာေဖြသူေတြၾကားမွာ COVID-19 ကာကြယ္ေရး က်န္းမာေရး လမ္းညႊန္ခ်က္ေတြအတုိင္း လိုက္နာ ေဆာင္ရြက္တာ မရွိၾကတဲ့အတြက္ တာဝန္ရွိသူေတြနဲ႔ ေဒသခံေတြအၾကား စုိးရိမ္မႈတိုးလာေနတဲ့ အေၾကာင္း ကိုဥာဏ္ဝင္းေအာင္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ကုိ႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ကာကြယ္ေရးကို ျမန္မာတႏိုင္ငံလုံး အတုိင္းအတာနဲ႔ တတ္ႏိုင္သမွ် ေဆာင္ရြက္ေနခ်ိန္မွာ ဖားကန္႔ၿမဳိ႕မွာလည္း ၿမဳိ့အဝင္အထြက္ကို စစ္ေဆးေရးဂိတ္ (၄)ခုနဲ႔ တားဆီးပိတ္ဆုိ႔ၿပီး ၿမဳိ႕ျပင္က လူစိမ္းေတြ အလြယ္တကူ ဝင္မလာရေအာင္ လုံၿခဳံေရးတာဝန္ရွိသူေတြနဲ႔ ၿမဳိ့နယ္ အုပ္ခ်ဳပ္ေရးပို္င္းက ပူးေပါင္း စစ္ေဆးေနပါတယ္။

ဒီလုိအေျခအေနမ်ဳိးမွာ ဖားကန္႔ၿမဳိ႕ ေက်ာက္စိမ္းတူးေဖၚေရး လုပ္ကြက္က ေျမစာပုံေတြမွာ ေန႔စဥ္ ေက်ာက္ရွာေနၾကတဲ့ ေရမေဆးေက်ာက္ ရွာသူေတြၾကားမွာေတာ့ က်န္းမာေရးသတိေပး လမ္းညႊန္ခ်က္အတိုင္း လိုက္တာမႈ မရွိတာေၾကာင့္ စုိးရိမ္စရာ အေျခအေနေတြ ျမင္ေတြ႔ေနရတယ္လို႔ COVID-19 ကာကြယ္ေရး ကုိယ္တုိင္ က ြင္းဆင္း ေဆာင္ရြက္ေနတဲ့ ဖားကန္႔ၿမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးတင့္စိုးက VOA ကို ေျပာပါတယ္။

" ဒီ ေရမေဆး လူတန္းစားေတြမွာ ဘာျဖစ္သလဲဆိုေတာ့ သူတို႔ဆီမွာ လက္လႈပ္မွ ပါးစပ္လႈပ္ရတဲ့ အေနထားမ်ဳိးေလ။ ေက်ာက္ ရွာလို႔ရမွ စားလို႔ရႏိုင္တဲ့ အေနအထားျဖစ္ေတာ့ သူတို႔ေတြက ၂၄ နာရီလုံး ရွာေဖြေနၾကတယ္။ လူစုလူေဝးဆိုတဲ့ေနရာမွာ နည္းနည္းေနာေနာ လူစုလူေဝး မဟုတ္ဘူး၊ ေသာင္းနဲ႔ သိန္းနဲ႔ခ်ီ ရွိတာ။ က်ေနာ္တုိ႔က ဘယ္လိုမွကို တားဆီးလို႔ မရဘူး။ စည္းမဲ့ ကမ္းမဲ့နဲ႔ လူမစုရပါဘူးဆိုရင္လည္း တေန႔လုံးတညလုံး လူစုေနၾကတယ္။ အာဏာကလည္း မသက္ေရာက္ဘူး ၊ တရား ဥပေဒစိုးမုိးေရးက သူတို႔ဆီ မေရာက္တဲ့အခါက်ေတာ့ ဒီလူအုပ္ထဲသာ ကိုဗစ္ႀကီးသာ ေရာက္သြားလို႔ကေတာ့ အဲဒါမ်ဳိးကို က်ေနာ္တုိ႔က စိုးရိမ္မႈ ျဖစ္တယ္။ "

အစိုးရက က်န္းမာေရး သတိေပးခ်က္ေတြ ထုတ္ထားေပမဲ့ ၀မ္းစာအတြက္ ရုန္းကန္ေနၾကရတာေၾကာင့္ ေရမေဆးေက်ာက္ ရွာေဖ ြသူေတြၾကားမွာ ခပ္ခြာခြာ ေနရမယ့္ Social Distancing ဆိုတာ မရွိသလို ၊ ႏွာေခါင္းစည္းသုံးသူ အလြန္းနည္းပါးၿပီး တကယ္တမ္း ေရာဂါကူးစက္လာရင္ ထိန္းမရ ျဖစ္မွာကို စုိးရိမ္ေနသူက ဖားကန္႔ ေက်ာက္စိမ္းတူးေဖၚေရး လုပ္ကြက္နား ေနထိုင္တဲ့ ကိုေဇာ္မိုးထက္ ျဖစ္ပါတယ္။

" ေျမစာပုံ တပုံတပုံမွာ အနည္းဆုံး မရွိဘူးဆိုရင္ လူ(၃၀၀)ကေန (၅၀၀) အမ်ားဆုံး (၁,၀၀၀) ပတ္ခ်ာလည္ ရွိပါတယ္။ အဲဒါက ပုခုံးခ်င္းတုိက္ ဖင္ခ်င္းေပါက္ တကယ့္ကို ပ်ားအုံႀကီးလိုပဲ ျပြတ္သိပ္ၿပီး ေနေနၾကတာ။ Mask ပါတဲ့လူလည္း ရွိတယ္ မပါတဲ့လူလည္းရွိတယ္။ တခ်ဳိ႕က လိုက္နာတယ္ ၊ အမ်ားေသာအားျဖင့္ လူမ်ားစုက မလုိက္နာၾကဘူး။ အဲဒီေတာ့ ေရမေဆး အသုိင္းအဝိုင္းကိုက ကိုင္တြယ္ဖို႔ ေတာ္ေတာ္ကိုခက္တယ္။ အရမ္းကို ခက္တဲ့ အထဲမွာပါတယ္။ က်ေနာ္တို႔ ဖားကန္႔က ျဖစ္ရင္ေတာ့ မေတြးရဲဘူး။ ဖားကန္႔မွာရွိတဲ့ လူေတြကို ၾကည့္လိုက္ရင္ Mask တပ္တဲ့လူဦးေရက အင္မတန္ကို နည္းတယ္။ မ်ားေသာအားျဖင့္ သိပ္မတပ္ၾကတာကိုေတြ႕ရတယ္။ "

COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရးဆိုင္ရာ NLD အစိုးရရဲ႕ စီမံခန္႔ခြဲ ေဆာင္ရြက္မႈေတြဟာ အားရစရာ မေကာင္းဘူးဆိုတဲ့ ေဝဖန္ေထာက္ျပမႈေတ ြ လူမႈကြန္ယက္ မီဒီယာေပၚမွာ ထြက္ေပၚေနတဲ့ တခ်ိန္ထဲမွာဘဲ ဖားကန္႔ၿမဳိ႕မွာလည္း ေဒသခံေတြၾကား ပူးေပါင္းၿပီး ကိုဗစ္ ကာကြယ္ေရးအတြက္ လိုအပ္ခ်က္ကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေျဖရွင္းေနရတယ္လို႔ ကိုေဇာ္မုိးထက္က ေျပာပါတယ္။

"က်ေနာ္တို႔ ဆိုလို႔ရွိရင္ ကုိယ္ထူကုိယ္ထ က်ေနာ္တို႔ ေဘာ္ဒါ အေပါင္းအသင္းေတြ စုၿပီးေတာ့ PPE ဝတ္စုံ (၁,၀၀၀) လႉတယ္ ျမန္မာႏိုင္ငံမွာ အမ်ားဆုံးလႉတယ္လို႔ေတာင္ ေျပာလို႔ရတယ္။ ဒီ စစ္ေဆးေရး ဂိတ္ေတြမွာ ဆုိလို႔ရွိရင္လည္း ဝန္ထမ္းေတြရွိတယ္ လူ(၂၀)ေလာက္ တရက္တရက္ အနည္းဆုံး စားစရိတ္ေတ ြ ေန႔စဥ္ သြားစရိတ္ လာစရိတ္ေတြ ၊ က်န္းမာေရး ဝန္ထမ္းေတြကို အႀကဳိအပို႔ေတြရွိတယ္ .. တစက္မွ မေထာက္ပ့ံဘူး။ ဟို Quarantine ဝင္ဖို႔ ဆိုရင္လည္း ေထာက္ပံ့မႈ မေပးဘူးဗ်ာ ဘယ္လိုလုပ္အဆင္ေျပမွာလည္း၊ အဲဒီေတာ့ ဘာလုပ္ၾကသလဲ ဆိုေတာ့ ဒီမွာရွိတဲ့ လုပ္ငန္းရွင္ေတြ ပရဟိတ အဖြဲ႔ေတြ ေစတနာ့ဝန္ထမ္းေတြက ဒီ ကြာရမ္တင္းေတြ အတြက္ အလႉေငြလိုက္ခံ .. တခါ သက္ဆိုင္ရာဌာနကိုသ ြား ေကၽြးဖို႔ ေမြးဖို႔ေတြလုပ္ ၊ ေတာ္ေတာ္ဆိုးတယ္။ က်ေနာ္ထင္တယ္ အစိုးရက သပ္သပ္မွတ္မွတ္ ေထာက္ပံ့တာ ဘာမွ မရွိဘူး။ "
ဖားကန္႔ၿမိဳ႕ (ဓါတ္ပံု-Zaw Moe Htet)
ဒီလိုေဝဖန္မႈေပၚ နားလည္ေပမယ့္ အစိုးရက အတတ္ႏိုင္ဆုံး ေျဖရွင္းေဆာင္ရြက္ေနတယ္လို႔ ဖားကန္႔ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးတင့္စိုးက ခုလို ရွင္းျပပါတယ္။

" အဲဒါက ဒီလို ရွိပါတယ္။ ရွင္းရွင္းေျပာရရင္ ေနာက္ဆုံးေတာ့ တုိင္းျပည္ရဲ႕ ဘတ္ဂ်က္ေပၚမွာလည္း မူတည္ပါတယ္။ မရွိ ရွိတာနဲ႔ ေခၽြတာၿပီး ႀကံဖန္ၿပီး လုပ္ေနရတဲ့ အေနထားမ်ဳိးမွာ ဒီလို ကပ္ေရာဂါဆုိးႀကီး ျဖစ္လာတဲ့အခါက်ေတာ့ က်ေနာ္တုိ႔ မျဖစ္ျဖစ္ေအာင္ ေဆာင္ရြက္ေနရတဲ့ အေနအထားမ်ဳိးျဖစ္တယ္။ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းတယ္ ဆိုဦးေတာ့လည္း က်ေနာ္တို႔ဒီမွာလည္း အားလုံးက အုပ္ခ်ဳပ္ေရးတခုထဲ မဟုတ္ဘူးဗ်။ က်ေနာ္တို႔ ဒီမွာ ၿမဳိ့နယ္တိုင္း လိုလိုမွရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အားလုံးဟာ ဒီကအုပ္ခ်ဳပ္ေရးနဲ႔ အတူတူ လက္တြဲၿပီးေတာ့မွ အရပ္ဖက္အဖြဲ႔အစည္းေတြ ဌာနဆိုင္ရာေတြနဲ႔ ေပါင္းၿပီးေတာ့ အကုန္လုပ္ေနၾကရတာကိုး။ သူ႔ေဒသကိုယ့္ေဒသ သူ႔ဟာနဲ႔သူ အားလုံးဝိုင္းလုပ္တဲ့အခါက်ေတာ့ အေတာ္မ်ားမ်ားက အားရေက်နပ္ဖို႔ ေကာင္းတယ္လို႔ပဲ က်ေနာ့္အေနနဲ႔ ျမင္ပါတယ္။"

အစိုးရက ေဒသတခ်ဳိ႕မွာ တားျမစ္ခ်က္ေတြ ေျဖ ေလွ်ာ့လာၿပီျဖစ္ေပမဲ့ ဖားကန္႔ၿမဳိ႕ အဝင္အထြက္ဂိတ္ေတြကိုေတာ့ ည (၇)နာရီကေန မနက္(၆)နာရီ တားျမစ္ ကန္႔သတ္ထားဆဲ ျဖစ္ပါတယ္။ COVID-19 လူနာနံပတ္ (၈၂)နဲ႔အတူ ေလယာဥ္တစင္းထဲ စီးလာတဲ့ ဖားကန္႔ၿမဳိ႕ခံ ႏွစ္ဦးကို Quarantine ထားခ်ိန္တုန္းက ၿမဳိ့ခံေတြၾကား စုိးရိမ္မႈ မ်ားခဲ့ၾကၿပီး ၊ ေနာက္ပိုင္း အဲဒီလူေတြဆီမွာ ေရာဂါပိုး မရွိတဲ့အတြက္ စိတ္ျပန္ေအးသြားလုိ႔ အေနအထိုင္ ေပါ့ေလ်ာ့တာမ်ဳိးလည္း ရွိတယ္လို႔ ၿမဳိ့ခံေတြက ေျပာပါတယ္။

လက္ရွိအေျခအေနကေတာ့ တ႐ုတ္ႏိုင္ငံထဲ အလုပ္သြားလုပ္ၿပီး တ႐ုတ္ အာဏာပိုင္ေတြ ျပန္ခိုင္းတာေၾကာင့္ ျပန္လာရသူေတြထဲက (၇၀၀) ေလာက္ ဖားကန႔္ကို ေရာက္လာၾကၿပီး Quarantine စင္တာ (၂၀) ေက်ာ္မွာ သီးျခား ခ ြဲထား ေစာင့္ၾကည့္မႈ လုပ္ထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္ / ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------------

ဖားကန့်မှာ COVID-19 ကျယ်ပြန့်စွာ ကူးစက်ပျံ့နှံ့မယ့်အရေး စိုးရိမ်မှုတွေရှိနေ

(Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့က ရေမဆေးကျောက် ရှာဖွေသူတွေကြားမှာ COVID-19 ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်တာ မရှိကြတဲ့အတွက် တာဝန်ရှိသူတွေနဲ့ ဒေသခံတွေအကြား စိုးရိမ်မှုတိုးလာနေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးကို မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တတ်နိုင်သမျှ ဆောင်ရွက်နေချိန်မှာ ဖားကန့်မြို့မှာလည်း မြို့အဝင်အထွက်ကို စစ်ဆေးရေးဂိတ် (၄)ခုနဲ့ တားဆီးပိတ်ဆို့ပြီး မြို့ပြင်က လူစိမ်းတွေ အလွယ်တကူ ဝင်မလာရအောင် လုံခြုံရေးတာဝန်ရှိသူတွေနဲ့ မြို့နယ် အုပ်ချုပ်ရေးပိုင်းက ပူးပေါင်း စစ်ဆေးနေပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဖားကန့်မြို့ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ကွက်က မြေစာပုံတွေမှာ နေ့စဉ် ကျောက်ရှာနေကြတဲ့ ရေမဆေးကျောက် ရှာသူတွေကြားမှာတော့ ကျန်းမာရေးသတိပေး လမ်းညွှန်ချက်အတိုင်း လိုက်တာမှု မရှိတာကြောင့် စိုးရိမ်စရာ အခြေအနေတွေ မြင်တွေ့နေရတယ်လို့ COVID-19 ကာကွယ်ရေး ကိုယ်တိုင် က ွင်းဆင်း ဆောင်ရွက်နေတဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက VOA ကို ပြောပါတယ်။

" ဒီ ရေမဆေး လူတန်းစားတွေမှာ ဘာဖြစ်သလဲဆိုတော့ သူတို့ဆီမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ အနေထားမျိုးလေ။ ကျောက် ရှာလို့ရမှ စားလို့ရနိုင်တဲ့ အနေအထားဖြစ်တော့ သူတို့တွေက ၂၄ နာရီလုံး ရှာဖွေနေကြတယ်။ လူစုလူဝေးဆိုတဲ့နေရာမှာ နည်းနည်းနောနော လူစုလူဝေး မဟုတ်ဘူး၊ သောင်းနဲ့ သိန်းနဲ့ချီ ရှိတာ။ ကျနော်တို့က ဘယ်လိုမှကို တားဆီးလို့ မရဘူး။ စည်းမဲ့ ကမ်းမဲ့နဲ့ လူမစုရပါဘူးဆိုရင်လည်း တနေ့လုံးတညလုံး လူစုနေကြတယ်။ အာဏာကလည်း မသက်ရောက်ဘူး ၊ တရား ဥပဒေစိုးမိုးရေးက သူတို့ဆီ မရောက်တဲ့အခါကျတော့ ဒီလူအုပ်ထဲသာ ကိုဗစ်ကြီးသာ ရောက်သွားလို့ကတော့ အဲဒါမျိုးကို ကျနော်တို့က စိုးရိမ်မှု ဖြစ်တယ်။ "

အစိုးရက ကျန်းမာရေး သတိပေးချက်တွေ ထုတ်ထားပေမဲ့ ဝမ်းစာအတွက် ရုန်းကန်နေကြရတာကြောင့် ရေမဆေးကျောက် ရှာဖေ ွသူတွေကြားမှာ ခပ်ခွာခွာ နေရမယ့် Social Distancing ဆိုတာ မရှိသလို ၊ နှာခေါင်းစည်းသုံးသူ အလွန်းနည်းပါးပြီး တကယ်တမ်း ရောဂါကူးစက်လာရင် ထိန်းမရ ဖြစ်မှာကို စိုးရိမ်နေသူက ဖားကန့် ကျောက်စိမ်းတူးဖေါ်ရေး လုပ်ကွက်နား နေထိုင်တဲ့ ကိုဇော်မိုးထက် ဖြစ်ပါတယ်။

" မြေစာပုံ တပုံတပုံမှာ အနည်းဆုံး မရှိဘူးဆိုရင် လူ(၃၀၀)ကနေ (၅၀၀) အများဆုံး (၁,၀၀၀) ပတ်ချာလည် ရှိပါတယ်။ အဲဒါက ပုခုံးချင်းတိုက် ဖင်ချင်းပေါက် တကယ့်ကို ပျားအုံကြီးလိုပဲ ပြွတ်သိပ်ပြီး နေနေကြတာ။ Mask ပါတဲ့လူလည်း ရှိတယ် မပါတဲ့လူလည်းရှိတယ်။ တချို့က လိုက်နာတယ် ၊ အများသောအားဖြင့် လူများစုက မလိုက်နာကြဘူး။ အဲဒီတော့ ရေမဆေး အသိုင်းအဝိုင်းကိုက ကိုင်တွယ်ဖို့ တော်တော်ကိုခက်တယ်။ အရမ်းကို ခက်တဲ့ အထဲမှာပါတယ်။ ကျနော်တို့ ဖားကန့်က ဖြစ်ရင်တော့ မတွေးရဲဘူး။ ဖားကန့်မှာရှိတဲ့ လူတွေကို ကြည့်လိုက်ရင် Mask တပ်တဲ့လူဦးရေက အင်မတန်ကို နည်းတယ်။ များသောအားဖြင့် သိပ်မတပ်ကြတာကိုတွေ့ရတယ်။ "

COVID-19 ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ NLD အစိုးရရဲ့ စီမံခန့်ခွဲ ဆောင်ရွက်မှုတွေဟာ အားရစရာ မကောင်းဘူးဆိုတဲ့ ဝေဖန်ထောက်ပြမှုတေ ွ လူမှုကွန်ယက် မီဒီယာပေါ်မှာ ထွက်ပေါ်နေတဲ့ တချိန်ထဲမှာဘဲ ဖားကန့်မြို့မှာလည်း ဒေသခံတွေကြား ပူးပေါင်းပြီး ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်ချက်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတယ်လို့ ကိုဇော်မိုးထက်က ပြောပါတယ်။

"ကျနော်တို့ ဆိုလို့ရှိရင် ကိုယ်ထူကိုယ်ထ ကျနော်တို့ ဘော်ဒါ အပေါင်းအသင်းတွေ စုပြီးတော့ PPE ဝတ်စုံ (၁,၀၀၀) လှူတယ် မြန်မာနိုင်ငံမှာ အများဆုံးလှူတယ်လို့တောင် ပြောလို့ရတယ်။ ဒီ စစ်ဆေးရေး ဂိတ်တွေမှာ ဆိုလို့ရှိရင်လည်း ဝန်ထမ်းတွေရှိတယ် လူ(၂၀)လောက် တရက်တရက် အနည်းဆုံး စားစရိတ်တေ ွ နေ့စဉ် သွားစရိတ် လာစရိတ်တွေ ၊ ကျန်းမာရေး ဝန်ထမ်းတွေကို အကြိုအပို့တွေရှိတယ် .. တစက်မှ မထောက်ပံ့ဘူး။ ဟို Quarantine ဝင်ဖို့ ဆိုရင်လည်း ထောက်ပံ့မှု မပေးဘူးဗျာ ဘယ်လိုလုပ်အဆင်ပြေမှာလည်း၊ အဲဒီတော့ ဘာလုပ်ကြသလဲ ဆိုတော့ ဒီမှာရှိတဲ့ လုပ်ငန်းရှင်တွေ ပရဟိတ အဖွဲ့တွေ စေတနာ့ဝန်ထမ်းတွေက ဒီ ကွာရမ်တင်းတွေ အတွက် အလှူငွေလိုက်ခံ .. တခါ သက်ဆိုင်ရာဌာနကိုသ ွား ကျွေးဖို့ မွေးဖို့တွေလုပ် ၊ တော်တော်ဆိုးတယ်။ ကျနော်ထင်တယ် အစိုးရက သပ်သပ်မှတ်မှတ် ထောက်ပံ့တာ ဘာမှ မရှိဘူး။ "

ဒီလိုဝေဖန်မှုပေါ် နားလည်ပေမယ့် အစိုးရက အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နေတယ်လို့ ဖားကန့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ခုလို ရှင်းပြပါတယ်။

" အဲဒါက ဒီလို ရှိပါတယ်။ ရှင်းရှင်းပြောရရင် နောက်ဆုံးတော့ တိုင်းပြည်ရဲ့ ဘတ်ဂျက်ပေါ်မှာလည်း မူတည်ပါတယ်။ မရှိ ရှိတာနဲ့ ချွေတာပြီး ကြံဖန်ပြီး လုပ်နေရတဲ့ အနေထားမျိုးမှာ ဒီလို ကပ်ရောဂါဆိုးကြီး ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ မဖြစ်ဖြစ်အောင် ဆောင်ရွက်နေရတဲ့ အနေအထားမျိုးဖြစ်တယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ် ဆိုဦးတော့လည်း ကျနော်တို့ဒီမှာလည်း အားလုံးက အုပ်ချုပ်ရေးတခုထဲ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒီမှာ မြို့နယ်တိုင်း လိုလိုမှရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာ ဒီကအုပ်ချုပ်ရေးနဲ့ အတူတူ လက်တွဲပြီးတော့မှ အရပ်ဖက်အဖွဲ့အစည်းတွေ ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့ အကုန်လုပ်နေကြရတာကိုး။ သူ့ဒေသကိုယ့်ဒေသ သူ့ဟာနဲ့သူ အားလုံးဝိုင်းလုပ်တဲ့အခါကျတော့ အတော်များများက အားရကျေနပ်ဖို့ ကောင်းတယ်လို့ပဲ ကျနော့်အနေနဲ့ မြင်ပါတယ်။"

အစိုးရက ဒေသတချို့မှာ တားမြစ်ချက်တွေ ဖြေ လျှော့လာပြီဖြစ်ပေမဲ့ ဖားကန့်မြို့ အဝင်အထွက်ဂိတ်တွေကိုတော့ ည (၇)နာရီကနေ မနက်(၆)နာရီ တားမြစ် ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ COVID-19 လူနာနံပတ် (၈၂)နဲ့အတူ လေယာဉ်တစင်းထဲ စီးလာတဲ့ ဖားကန့်မြို့ခံ နှစ်ဦးကို Quarantine ထားချိန်တုန်းက မြို့ခံတွေကြား စိုးရိမ်မှု များခဲ့ကြပြီး ၊ နောက်ပိုင်း အဲဒီလူတွေဆီမှာ ရောဂါပိုး မရှိတဲ့အတွက် စိတ်ပြန်အေးသွားလို့ အနေအထိုင် ပေါ့လျော့တာမျိုးလည်း ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိအခြေအနေကတော့ တရုတ်နိုင်ငံထဲ အလုပ်သွားလုပ်ပြီး တရုတ် အာဏာပိုင်တွေ ပြန်ခိုင်းတာကြောင့် ပြန်လာရသူတွေထဲက (၇၀၀) လောက် ဖားကန့်ကို ရောက်လာကြပြီး Quarantine စင်တာ (၂၀) ကျော်မှာ သီးခြား ခ ွဲထား စောင့်ကြည့်မှု လုပ်ထားပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/kachin-hpakant-covid-19-/5422043.html
ဖားကန႔္မွာ COVID-19 က်ယ္ျပန႔္စြာ ကူးစက္ပ်ံ႕ႏွံ႔မယ့္အေရး စိုးရိမ္မႈေတြရွိေန ဖားကန႔္မွာ COVID-19 က်ယ္ျပန႔္စြာ ကူးစက္ပ်ံ႕ႏွံ႔မယ့္အေရး စိုးရိမ္မႈေတြရွိေန Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.