ဓာတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ အိႏၵိယမွာ လူ ၁၃ ေယာက္ေသဆုံး

ဓာတ္ေငြ႕ရႉရႈိက္မိသူ အမ်ားအျပားကို ေဆး႐ုံပို႔ခဲ့ရ
(Zawgyi)⤵⤵⤵
အိႏၵိယႏိုင္ငံေတာင္ပိုင္းမွာ ဓာတ္ေငြယိုစိမ့္မႈေၾကာင့္ လူ ၁၃ ေယာက္ေသဆုံးၿပီး ရာနဲ႔ခ်ီတဲ့လူေတြ နာမက်န္းျဖစ္ခဲ့ပါတယ္။

ဓာတ္ေငြ႕ယိုစိမ့္မႈဟာ အန္ဒရာပရာဒက္ရွ္ျပည္နယ္ ဗစ္ရွ္ခါပတ္နမ္ ၿမိဳ႕မွာျဖစ္ပြားခဲ့ၿပီး LG Polymers စက္႐ုံကေန ယိုစိမ့္ခဲ့တာ ျဖစ္ပါတယ္။

ရာနဲ႔ခ်ီတဲ့လူေတြကို ေဆး႐ုံတင္ခဲ့ရတယ္လို႔ ဆရာဝန္ေတြကေျပာပါတယ္။ လူအမ်ားအျပားဟာ မ်က္လုံးေတြ ပူေလာင္ၿပီး အသက္ရႉက်ပ္ခဲ့ၾကပါတယ္။

ဓာတ္ေငြ႕ယိုစိမ့္မႈဟာ ေဒသစံေတာ္ခ်ိန္ မနက္ ၃ နာရီေလာက္မွာ ျဖစ္ပြားခဲ့ၿပီး ေပါ့ဆမႈေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ေဖာ္ေျပာဆိုပါတယ္။

အိႏၵိယမွာ ကို႐ိုနာဗိုင္းရပ္စ္ မျပန္႔ပြားေအာင္ ပိတ္ဆို႔မႈေတြကို မတ္လ ၂၄ ရက္ေန႔ကတည္းက လုပ္ခဲ့ၿပီးေနာက္ အခုပထမဆုံးအႀကိမ္အျဖစ္ စက္႐ုံကို ျပန္ဖြင့္ရာမွာ ဓာတ္ေငြ႕ယိုစိမ့္မႈ ျဖစ္ပြားတာပါ။

စက္႐ုံျပန္ဖြင့္ရာမွာ ေဆာင္႐ြက္ရမယ့္ လုပ္ထုံးလုပ္နည္းေတြကို သင့္တင့္ေလ်ာက္ပတ္စြာ မလိုက္နာခဲ့လို႔ ယိုစိမ့္မႈ ျဖစ္ပြားခဲ့ပုံရတယ္လို႔ ျပည္နယ္ စက္မႈဝန္ႀကီး ဂူတန္ရက္ဒီက ဘီဘီစီ တဲလုဂု ဌာနကို ေျဖၾကားခဲ့ပါတယ္။

ဗစ္ရွ္ခါပတ္နမ္က အႀကီးတန္းရဲအရာရွိတဦးျဖစ္တဲ့ ဆြာ႐ုရန္နီက ပိတ္ဆို႔မႈေၾကာင့္ စက္႐ုံကို မလည္ပတ္ဘဲ ထားခဲ့တယ္လို႔ ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

ပိတ္ဆို႔မႈကာလမွာ ဓာတ္ေငြ႕ယိုစိမ့္ေနခဲ့ၿပီး ဓာတုဓာတ္ျပဳမႈျဖစ္ေပၚခဲ့ရာကေန ေလွာင္ကန္ေတြအတြင္းမွာ အပူဓာတ္ ထြက္လာပါတယ္။ အဲဒီကေန ဓာတ္ေငြ႕ယိုစိမ့္လာတာ ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

မနက္ ၃ နာရီခြဲေလာက္မွာ ႐ြာသားေတြက တိုင္ၾကားခဲ့လို႔ရဲအဖြဲ႕ဟာ အခင္းျဖစ္ပြားရာေနရာကို ခ်က္ခ်င္းသြားေရာက္ခဲ့ေပမယ့္ အဆိပ္သင့္မွာစိုးလို႔ အျမန္ျပန္ဆုတ္ခဲ့တယ္လို႔ သူက ေျပာေၾကာင္း သတင္းဌာနေတြက ကိုးကားေရးသားၾကပါတယ္။

ေလထဲမွာ ဓာတ္ေငြ႕အနံ႔ရရင္အဲဒီအနီးအနားမွာ မိနစ္ အနည္းငယ္ထက္ပိုေနဖို႔ မျဖစ္ႏိုင္ဘူးလို႔လည္း သူကဆိုပါတယ္။

ဓာတ္ေငြ႕ပ်ံ႕ႏွံ႔လာေတာ့ လူေတြဟာ တုန္လႈပ္ေျခာက္ျခားၿပီး အိမ္ထဲက ထြက္ေျပးၾကပါတယ္။ လူေတြသတိလစ္ၿပီး လမ္းေတြေပၚ လဲက်သြားတဲ့ စိတ္ထိခိုက္စရာ ဓာတ္ပုံနဲ႔ ဗြီဒီယိုေတြကို လူမႈကြန္ရက္မွာ တင္ခဲ့ၾကပါတယ္။
 ေဆး႐ုံတင္ကုသခဲံရသူေတြထဲမွာ ကေလးငယ္ေတြလည္းပါဝင္
ဓာတ္ေငြ႕ယိုစိမ့္မႈ ျဖစ္ပြားခ်ိန္မွာ စက္႐ုံဝန္ထမ္းတခ်ိဳ႕ အတြင္းမွာ ရွိေနလိမ့္မယ္လို႔ ယူဆၾကပါတယ္။ သူတို႔နဲ႔ပတ္သက္ၿပီး ဘာသတင္းမွ မရေသးဘူးလို႔ တာဝန္ရွိသူေတြက ဆိုပါတယ္။

ဓာတ္ေငြ႕ဟာ ၂ မိုင္ပတ္လည္ေဒသအတြင္း ပ်ံ႕ႏွံ႔ေရာက္ရွိခဲ့မယ္လို႔ယူဆတဲ့အတြက္ အနီးအနား ပတ္ဝန္းက်င္က လူေတြကို ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။

အနည္းဆုံးလူေပါင္း ၁၀၀၀ ကိုေဆး႐ုံတင္ခဲ့ရတယ္လို႔ ေဒသႏၲရ က်န္းမာေရး အရာရွိတဦးက ေျပာဆိုၿပီး ေနာက္ထပ္လူေပါင္းမ်ားစြာဟာ သူတို႔အိမ္ေတြထဲမွာ သတိလစ္ေနတာမ်ိဳး ျဖစ္ႏိုင္တာကို စိုးရိမ္ပူပန္မိေၾကာင္းလည္း ေျပာပါတယ္။

အဲဒီအခ်ိန္မွာ အိပ္ေပ်ာ္ေနတဲ့သူေတြ ရွိပါတယ္။ လူေတြကို ေဆး႐ုံပို႔ႏိုင္ဖို႔ သူတို႔ေဆာင္႐ြက္ေပးေနပါတယ္။

ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔အတြက္ ေအာက္ဆီဂ်င္နဲ႔ ေလေကာင္းေလသန္႔ေပးဖို႔ လိုအပ္လို႔ပါလို႔ က်န္းမာေရး အရာရွိ ဘီေကနိတ္က ေအအက္ဖ္ပီ သတင္းဌာနကို ေျဖၾကားခဲ့ပါတယ္။

ျဖစ္ျဖစ္ခ်င္းမွာ ဓာတ္ေငြ႕ယိုစိမ့္မႈကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔အရာရွိတဦးကဆိုပါတယ္။

အခုအခါမွာေတာ့ အေျခအေနကို ထိန္းခ်ဳပ္ထားႏိုင္ၿပီလို႔ ေဒသတြင္းသတင္းဌာနေတြက ေဖာ္ျပေရးသားၾကပါတယ္။

ယိုစိမ့္ခဲ့တဲ့ဓာတ္ေငြ႕ဟာ စတိုင္းရင္းဓာတ္ေငြ႕ျဖစ္တယ္လို႔ အန္ဒရာပရာဒက္ရွ္ ေလထုညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးအဖြဲ႕ရဲ႕ ထိပ္တန္းအရာရွိတဦးျဖစ္တဲ့ ရာဂ်န္ျဒာရက္ဒီက ဘီဘီစီကိုေျပာပါတယ္။ စတိုင္းရင္းကို ပုံမွန္အားျဖင့္ ေအးခဲထားေလ့ရွိပါတယ္။
အခုယိုစိမ့္ခဲ့တဲ့ဓာတ္ေငြ႕ဟာ စတိုင္ရင္းဓာတ္ေငြ႕လို႔ တာဝန္ရွိသူေတြက ထုတ္ေဖာ္ေျပာဆို
ဓာတ္ေငြ႕ကိုရႉရႈိက္မိခဲ့သူေတြဟာ ေရရွည္မွာ ဘယ္လိုအက်ိဳးဆက္ျဖစ္ႏိုင္တယ္ဆိုတာကိုေတာ့ ေလ့လာေနဆဲပဲလို႔လည္း သူကဆိုပါတယ္။

အခုေလာေလာဆယ္မွာေတာ့ လူေတြအေနနဲ႔ ဓာတ္ေငြ႕အႏၲရာယ္ ကာကြယ္ဖို႔အတြက္ ေရစိုအဝတ္ ဒါမွမဟုတ္ ေရစိုႏွာေခါင္းစည္း တပ္ဆင္ထားၾကဖို႔ အႀကံျပဳထားပါတယ္။

အိႏၵိယမွာလည္း အရင္ကလည္း ဓာတ္ေငြ႕ယိုစိမ့္မႈ ျဖစ္ပြားခဲ့ဖူးတဲ့ သမိုင္းေၾကာင္းရွိပါတယ္။

၁၉၈၄ခုႏွစ္က ဘိုပါးလ္ၿမိဳ႕ ပိုးသတ္ေဆးစက္႐ုံကေန အဆိပ္အေတာက္ ဓာတုပစၥည္းယိုစိမ့္ခဲ့ၿပီး လူေပါင္း ေထာင္ခ်ီ ေသဆုံးခဲ့ပါတယ္။ အဲဒီျဖစ္စဥ္ဟာ ကမာၻမွာ အဆိုးဝါးဆုံး ဓာတုယိုစိမ့္မႈ တခုျဖစ္ခဲ့ပါတယ္။

အဲဒီတုန္းက ယိုစိမ့္ခဲ့တဲ့ မီသိုင္းအိုင္ဆိုဆိုင္ယာနိတ္ေၾကာင့္ ႏွစ္ေပါင္း ၃၅ ႏွစ္ ၾကာတဲ့တိုင္ေအာင္ ခႏၶာကိုယ္အဂၤါခ်ိဳ႕တဲ့တဲ့ကေလးငယ္ေတြကို ေမြးဖြားဆဲျဖစ္တယ္လို႔ ဓာတုအဆိပ္သင့္ခဲ့သူေတြက ေျပာဆိုၾကပါတယ္။

(ဒီသတင္းကို ဘီဘီစီ တဲလုဂု ဌာနက ဆတစ္ရွ္ဘယ္လာနဲ႔ ဒိပထိဘာထိနီတို႔ ပူးေပါင္းေရးသားပါတယ္။)

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အိန္ဒိယမှာ လူ ၁၃ ယောက်သေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဓာတ်ငွေယိုစိမ့်မှုကြောင့် လူ ၁၃ ယောက်သေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ နာမကျန်းဖြစ်ခဲ့ပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုဟာ အန်ဒရာပရာဒက်ရှ်ပြည်နယ် ဗစ်ရှ်ခါပတ်နမ် မြို့မှာဖြစ်ပွားခဲ့ပြီး LG Polymers စက်ရုံကနေ ယိုစိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့လူတွေကို ဆေးရုံတင်ခဲ့ရတယ်လို့ ဆရာဝန်တွေကပြောပါတယ်။ လူအများအပြားဟာ မျက်လုံးတွေ ပူလောင်ပြီး အသက်ရှူကျပ်ခဲ့ကြပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုဟာ ဒေသစံတော်ချိန် မနက် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့ပြီး ပေါ့ဆမှုကြောင့် ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် ပိတ်ဆို့မှုတွေကို မတ်လ ၂၄ ရက်နေ့ကတည်းက လုပ်ခဲ့ပြီးနောက် အခုပထမဆုံးအကြိမ်အဖြစ် စက်ရုံကို ပြန်ဖွင့်ရာမှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားတာပါ။

စက်ရုံပြန်ဖွင့်ရာမှာ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေကို သင့်တင့်လျောက်ပတ်စွာ မလိုက်နာခဲ့လို့ ယိုစိမ့်မှု ဖြစ်ပွားခဲ့ပုံရတယ်လို့ ပြည်နယ် စက်မှုဝန်ကြီး ဂူတန်ရက်ဒီက ဘီဘီစီ တဲလုဂု ဌာနကို ဖြေကြားခဲ့ပါတယ်။

ဗစ်ရှ်ခါပတ်နမ်က အကြီးတန်းရဲအရာရှိတဦးဖြစ်တဲ့ ဆွာရုရန်နီက ပိတ်ဆို့မှုကြောင့် စက်ရုံကို မလည်ပတ်ဘဲ ထားခဲ့တယ်လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ပိတ်ဆို့မှုကာလမှာ ဓာတ်ငွေ့ယိုစိမ့်နေခဲ့ပြီး ဓာတုဓာတ်ပြုမှုဖြစ်ပေါ်ခဲ့ရာကနေ လှောင်ကန်တွေအတွင်းမှာ အပူဓာတ် ထွက်လာပါတယ်။ အဲဒီကနေ ဓာတ်ငွေ့ယိုစိမ့်လာတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မနက် ၃ နာရီခွဲလောက်မှာ ရွာသားတွေက တိုင်ကြားခဲ့လို့ရဲအဖွဲ့ဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပေမယ့် အဆိပ်သင့်မှာစိုးလို့ အမြန်ပြန်ဆုတ်ခဲ့တယ်လို့ သူက ပြောကြောင်း သတင်းဌာနတွေက ကိုးကားရေးသားကြပါတယ်။

လေထဲမှာ ဓာတ်ငွေ့အနံ့ရရင်အဲဒီအနီးအနားမှာ မိနစ် အနည်းငယ်ထက်ပိုနေဖို့ မဖြစ်နိုင်ဘူးလို့လည်း သူကဆိုပါတယ်။

ဓာတ်ငွေ့ပျံ့နှံ့လာတော့ လူတွေဟာ တုန်လှုပ်ခြောက်ခြားပြီး အိမ်ထဲက ထွက်ပြေးကြပါတယ်။ လူတွေသတိလစ်ပြီး လမ်းတွေပေါ် လဲကျသွားတဲ့ စိတ်ထိခိုက်စရာ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားချိန်မှာ စက်ရုံဝန်ထမ်းတချို့ အတွင်းမှာ ရှိနေလိမ့်မယ်လို့ ယူဆကြပါတယ်။ သူတို့နဲ့ပတ်သက်ပြီး ဘာသတင်းမှ မရသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဓာတ်ငွေ့ဟာ ၂ မိုင်ပတ်လည်ဒေသအတွင်း ပျံ့နှံ့ရောက်ရှိခဲ့မယ်လို့ယူဆတဲ့အတွက် အနီးအနား ပတ်ဝန်းကျင်က လူတွေကို ရွှေ့ပြောင်းခဲ့ပါတယ်။

အနည်းဆုံးလူပေါင်း ၁၀၀၀ ကိုဆေးရုံတင်ခဲ့ရတယ်လို့ ဒေသန္တရ ကျန်းမာရေး အရာရှိတဦးက ပြောဆိုပြီး နောက်ထပ်လူပေါင်းများစွာဟာ သူတို့အိမ်တွေထဲမှာ သတိလစ်နေတာမျိုး ဖြစ်နိုင်တာကို စိုးရိမ်ပူပန်မိကြောင်းလည်း ပြောပါတယ်။

အဲဒီအချိန်မှာ အိပ်ပျော်နေတဲ့သူတွေ ရှိပါတယ်။ လူတွေကို ဆေးရုံပို့နိုင်ဖို့ သူတို့ဆောင်ရွက်ပေးနေပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ သူတို့အတွက် အောက်ဆီဂျင်နဲ့ လေကောင်းလေသန့်ပေးဖို့ လိုအပ်လို့ပါလို့ ကျန်းမာရေး အရာရှိ ဘီကေနိတ်က အေအက်ဖ်ပီ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ဖြစ်ဖြစ်ချင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့အရာရှိတဦးကဆိုပါတယ်။

အခုအခါမှာတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြရေးသားကြပါတယ်။

ယိုစိမ့်ခဲ့တဲ့ဓာတ်ငွေ့ဟာ စတိုင်းရင်းဓာတ်ငွေ့ဖြစ်တယ်လို့ အန်ဒရာပရာဒက်ရှ် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ ရာဂျန်ဒြာရက်ဒီက ဘီဘီစီကိုပြောပါတယ်။ စတိုင်းရင်းကို ပုံမှန်အားဖြင့် အေးခဲထားလေ့ရှိပါတယ်။

ဓာတ်ငွေ့ကိုရှူရှိုက်မိခဲ့သူတွေဟာ ရေရှည်မှာ ဘယ်လိုအကျိုးဆက်ဖြစ်နိုင်တယ်ဆိုတာကိုတော့ လေ့လာနေဆဲပဲလို့လည်း သူကဆိုပါတယ်။

အခုလောလောဆယ်မှာတော့ လူတွေအနေနဲ့ ဓာတ်ငွေ့အန္တရာယ် ကာကွယ်ဖို့အတွက် ရေစိုအဝတ် ဒါမှမဟုတ် ရေစိုနှာခေါင်းစည်း တပ်ဆင်ထားကြဖို့ အကြံပြုထားပါတယ်။

အိန္ဒိယမှာလည်း အရင်ကလည်း ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိပါတယ်။

၁၉၈၄ခုနှစ်က ဘိုပါးလ်မြို့ ပိုးသတ်ဆေးစက်ရုံကနေ အဆိပ်အတောက် ဓာတုပစ္စည်းယိုစိမ့်ခဲ့ပြီး လူပေါင်း ထောင်ချီ သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး ဓာတုယိုစိမ့်မှု တခုဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ယိုစိမ့်ခဲ့တဲ့ မီသိုင်းအိုင်ဆိုဆိုင်ယာနိတ်ကြောင့် နှစ်ပေါင်း ၃၅ နှစ် ကြာတဲ့တိုင်အောင် ခန္ဓာကိုယ်အင်္ဂါချို့တဲ့တဲ့ကလေးငယ်တွေကို မွေးဖွားဆဲဖြစ်တယ်လို့ ဓာတုအဆိပ်သင့်ခဲ့သူတွေက ပြောဆိုကြပါတယ်။

(ဒီသတင်းကို ဘီဘီစီ တဲလုဂု ဌာနက ဆတစ်ရှ်ဘယ်လာနဲ့ ဒိပထိဘာထိနီတို့ ပူးပေါင်းရေးသားပါတယ်။)

BBC Burmese
https://www.bbc.com/burmese/world-52575071
ဓာတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ အိႏၵိယမွာ လူ ၁၃ ေယာက္ေသဆုံး ဓာတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ အိႏၵိယမွာ လူ ၁၃ ေယာက္ေသဆုံး Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.