စကၤာပူမွာ COVID-19 ကူးစက္သူေတြထဲ ျပည္ပအလုပ္သမား ၉၀% နီးပါးပါ


(Zawgyi/Unicode)

စင္ကာပူမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူအေရအတြက္ဟာ ၂၀,၀၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒီကေန႔မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၇၈၈ ေယာက္ ေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ စင္ကာပူမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၂၀,၁၉၈ ေယာက္ထက္မနည္းရွိသြားပါၿပီ။

ကူးစက္ခံရသူေတြထဲက ၉၀ ရာခိုင္ႏႈန္း နီးပါးက ႏုိင္ငံျခားကေန အလုပ္လာလုပ္ၿပီး အေဆာင္မွာ ေနၾကတဲ့သူေတြျဖစ္ပါတယ္။ စင္ကာပူမွာ ၿပီးခဲ့တဲ့ ဧၿပီလဆန္းကစၿပီး ၂ လၾကာ အိမ္ထဲကေန အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္တာဟာ လာမယ့္ ဇြန္လ ၁ ရက္ေန႔မွာ ကုန္ဆုံးမွာျဖစ္ေပမဲ့ ဒါကို ျဖည္းျဖည္းခ်င္း ေျဖေလွ်ာ့ေပးတဲ့အေနနဲ႔ လာမယ့္ ေမလ ၁၂ ရက္ေန႔ကစၿပီး တခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြကို အစိုးရက ျပန္ဖြင့္ခြင့္ေပးသြားမွာ ျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈေတြကို စတင္ျဖစ္ေပၚေစခဲ့တဲ့အတြက္ စစ္ေဆးခံခဲ့ရတဲ့ အေပ်ာ္စီးသေဘၤာဟာ ဖိလစ္ပိုင္သေဘၤာသားေတြကို ျပန္ပို႔ဖို႔အတြက္ ဖိလစ္ပိုင္ေရပိုင္နက္ထဲကို ၀င္သြားခဲ့ၿပီျဖစ္ပါတယ္။

The Ruby Princess အေပ်ာ္စီးသေဘၤာဟာ မနီလာပင္လယ္ေအာ္မွာ ေက်ာက္ခ်မွာျဖစ္ၿပီး အဲဒီသေဘၤာေပၚမွာပါတဲ့ ဖိလစ္ပိုင္ သေဘၤာသား ၂၁၄ ေယာက္ကို ဗုိင္းရပ္စ္ပိုးရွိ၊ မရွိ စမ္းသပ္စစ္ေဆးသြားမွာျဖစ္တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖဲြ႔ ေျပာခြင့္ရကေျပာပါတယ္။ ဒါ့အျပင္ အဲဒီပင္လယ္ေအာ္ထဲမွာပဲ ေနာက္ထပ္ ဖိလစ္ပိုင္သေဘၤာသား ၅,၀၀၀ ေက်ာ္ ကမ္းျပန္ဆင္းဖို႔အတြက္ ေစာင့္ေနတဲ့ ေနာက္ထပ္ အေပ်ာ္စီး သေဘၤာ ၁၆ စင္းေလာက္ရွိတယ္လို႔လည္း ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ႏုိင္ငံအေတာ္မ်ားမ်ားမွာ ဗုိင္းရပ္စ္ကူးစက္မႈနဲ႔ပတ္သက္ၿပီး ခ်ထားတဲ့ ကန္႔သတ္ခ်က္ေတြကို ေလွ်ာ့ခ်လာေနတာေၾကာင့္ ကိုရီးယားေလေၾကာင္းလိုင္းလည္း ကုန္ပစၥည္းပို႔ေဆာင္တာေတြကို တိုးခ်ဲ႕ဖို႔အတြက္ ေရွ႕လကစၿပီး တခ်ိဳ႕ေလယာဥ္ခရီးစဥ္ေတြကို ျပန္ေျပးဆဲြသြားမွာျဖစ္ၿပီး ခရီးသည္ေတြ တုိးလာႏုိင္ဖြယ္ရွိတဲ့အေပၚမွာလည္း ျပင္ဆင္သြားမွာျဖစ္ပါတယ္။ ေလေၾကာင္းခရီးစဥ္ေတြ တုိးလာေပမဲ့လည္း ႏုိင္ငံတကာကိုသြားေနတဲ့ ခရီးစဥ္လမ္းေၾကာင္း ၁၁၀ ထဲက ၃၂ ခုကိုပဲ ေျပးဆဲြသြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

စင်္ကာပူမှာ COVID-19 ကူးစက်သူတွေထဲ ပြည်ပအလုပ်သမား ၉၀% နီးပါးပါ

စင်ကာပူမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ ၂၀,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၇၈၈ ယောက် တွေ့ရှိခဲ့တာကြောင့် အခုဆိုရင် စင်ကာပူမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၂၀,၁၉၈ ယောက်ထက်မနည်းရှိသွားပါပြီ။

ကူးစက်ခံရသူတွေထဲက ၉၀ ရာခိုင်နှုန်း နီးပါးက နိုင်ငံခြားကနေ အလုပ်လာလုပ်ပြီး အဆောင်မှာ နေကြတဲ့သူတွေဖြစ်ပါတယ်။ စင်ကာပူမှာ ပြီးခဲ့တဲ့ ဧပြီလဆန်းကစပြီး ၂ လကြာ အိမ်ထဲကနေ အပြင်မထွက်ကြဖို့ အမိန့်ထုတ်တာဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ ဒါကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးတဲ့အနေနဲ့ လာမယ့် မေလ ၁၂ ရက်နေ့ကစပြီး တချို့စီးပွားရေးလုပ်ငန်းတွေကို အစိုးရက ပြန်ဖွင့်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို စတင်ဖြစ်ပေါ်စေခဲ့တဲ့အတွက် စစ်ဆေးခံခဲ့ရတဲ့ အပျော်စီးသင်္ဘောဟာ ဖိလစ်ပိုင်သင်္ဘောသားတွေကို ပြန်ပို့ဖို့အတွက် ဖိလစ်ပိုင်ရေပိုင်နက်ထဲကို ဝင်သွားခဲ့ပြီဖြစ်ပါတယ်။

The Ruby Princess အပျော်စီးသင်္ဘောဟာ မနီလာပင်လယ်အော်မှာ ကျောက်ချမှာဖြစ်ပြီး အဲဒီသင်္ဘောပေါ်မှာပါတဲ့ ဖိလစ်ပိုင် သင်္ဘောသား ၂၁၄ ယောက်ကို ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ စမ်းသပ်စစ်ဆေးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရကပြောပါတယ်။ ဒါ့အပြင် အဲဒီပင်လယ်အော်ထဲမှာပဲ နောက်ထပ် ဖိလစ်ပိုင်သင်္ဘောသား ၅,၀၀၀ ကျော် ကမ်းပြန်ဆင်းဖို့အတွက် စောင့်နေတဲ့ နောက်ထပ် အပျော်စီး သင်္ဘော ၁၆ စင်းလောက်ရှိတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံအတော်များများမှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး ချထားတဲ့ ကန့်သတ်ချက်တွေကို လျှော့ချလာနေတာကြောင့် ကိုရီးယားလေကြောင်းလိုင်းလည်း ကုန်ပစ္စည်းပို့ဆောင်တာတွေကို တိုးချဲ့ဖို့အတွက် ရှေ့လကစပြီး တချို့လေယာဉ်ခရီးစဉ်တွေကို ပြန်ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်တွေ တိုးလာနိုင်ဖွယ်ရှိတဲ့အပေါ်မှာလည်း ပြင်ဆင်သွားမှာဖြစ်ပါတယ်။ လေကြောင်းခရီးစဉ်တွေ တိုးလာပေမဲ့လည်း နိုင်ငံတကာကိုသွားနေတဲ့ ခရီးစဉ်လမ်းကြောင်း ၁၁၀ ထဲက ၃၂ ခုကိုပဲ ပြေးဆွဲသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid/5409714.html
စကၤာပူမွာ COVID-19 ကူးစက္သူေတြထဲ ျပည္ပအလုပ္သမား ၉၀% နီးပါးပါ စကၤာပူမွာ COVID-19 ကူးစက္သူေတြထဲ ျပည္ပအလုပ္သမား ၉၀% နီးပါးပါ Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.