ၿဗိတိန္က ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈအမ်ားဆုံး ျဖစ္ေနတာ ဘာေၾကာင့္လဲ

 ေရာဂါကူးစက္မႈကာလ စိတ္မပ်က္ေစဖို႔ သက္တံပုံနဲ႔ အားေပးၾက
(Zawgyi)⤵⤵⤵
အစိုးရထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္လို႔ ေသတဲ့လူ စုစုေပါင္း အေရအတြက္က ဥေရာပတိုက္မွာ ၿဗိတိန္က ထိပ္ဆုံးျဖစ္သြားပါတယ္။

ဗုဒၶဟူးေန႔တုန္းက ေနာက္ထပ္လူ ၆၄၉ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့ၿပီး ၿဗိတိန္မွာ အဲဒီေရာဂါေၾကာင့္ေသဆုံးသူ စုစုေပါင္း ၃၀,၀၇၆ ေယာက္ထိမ်ားသြားပါၿပီ။

အဂၤါေန႔မွာတုန္းက အီတလီက ေနာက္ဆုံးစာရင္းအရ ၂၉,၆၈၄ ေယာက္နဲ႔ ဥေရာပမွာ ကိုဗစ္ -၁၉ ေရာဂါနဲ႔ ေသဆုံးမႈ အမ်ားဆုံးျဖစ္ေနခဲ့တာပါ။

ကမာၻကိုၾကည့္ရင္ေတာ့ အေမရိကန္က ဒီေရာဂါနဲ႔ လူေပါင္း ၇၂,၀၀၀ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ထားပါတယ္။

က်န္းမာေရး ပညာရွင္ေတြကေတာ့ ဒီကိန္းဂဏန္းေတြက ဇာတ္လမ္းတခုလုံးကို ေျပာျပေနတာ မဟုတ္ဘူး၊ အစိတ္အပိုင္းေလးကိုသာ ေဖာ္ျပေနတာလို႔ ဆိုပါတယ္။

ကင္းဘရစ္ခ်္ တကၠသိုလ္ က ပါေမာကၡ ဆာ ေဒးဗစ္ စပီဂ်ဲလ္ေဟာတာက ကြၽန္ေတာ္တို႔ အေသအခ်ာ မွတ္ယူႏိုင္တာကေတာ့ထုတ္ျပန္ၾကတဲ့ ဒီကိန္းဂဏန္းေတြ အားလုံးဟာ ဗိုင္းရပ္စ္ေၾကာင့္ အမွန္တကယ္ေသသြားသူ အေရအတြက္ကို "အႀကီးအက်ယ္ ေလ်ာ့ေပါ့တြက္ထားတာ" လို႔ ေျပာပါတယ္။

"ကြၽန္ေတာ္တို႔ စိတ္ခ်လက္ခ်ေျပာႏိုင္တာကေတာ့ အဲ့ဒီႏိုင္ငံေတြအားလုံးထဲ တႏိုင္ငံမွ အေျခအေနေကာင္းတာ မဟုတ္ဘူး ဆိုတာပါ။ ဘယ္သူက ဘယ္အဆင့္မွာရွိတယ္ဆိုတာကို ျပႏိုင္ဖို႔ ဘာအခ်က္မွ ေကာင္းေကာင္းမရွိပါဘူး" လို႔လည္း သူက ထပ္ျဖည့္ေျပာပါတယ္။
ႏႈိင္းယွဥ္ၾကည့္ျခင္း

ႏိုင္ငံအမ်ိဳးမ်ိဳးကထုတ္ျပန္တဲ့ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးမႈႏႈန္းေတြကို ႏႈိင္းယွဥ္ၿပီး ေကာက္ခ်က္ဆြဲ ရတာကလည္း အခက္အခဲ စိန္ေခၚမႈေတြ အမ်ားႀကီးရွိပါတယ္။

"တျခားႏိုင္ငံေတြ ဗိုင္းရပ္စ္ေၾကာင့္ေသတာကို သတ္မွတ္တဲ့နည္းနာက မတူညီဘဲ အမ်ိဳးမ်ိဳးကြဲျပားပါတယ္၊ ႏိုင္ငံတကာက ကိန္းဂဏန္းေတြကို ႏႈိင္းယွဥ္ရတာ အလြန္ကို ခက္ခဲပါတယ္" လို႔ အဂၤလန္ျပည္သူ႔က်န္းမာေရး ဌာန ေဆးပညာဆိုင္ရာ ဒါ႐ိုက္တာ ပါေမာကၡ အီဗြန္း ဒြိဳင္းက ဆိုပါတယ္။

ၿဗိတိန္ လူဦးေရက အၾကမ္းဖ်င္းအားျဖင့္ ၆၆ သန္းရွိၿပီး အီတလီက သန္း ၆၀ ပါ။

လူဦးေရနဲ႔ အဲဒီေသႏႈန္းကို အခ်ိဳးခ်ၾကည့္ရင္ ၿဗိတိန္က အီတလီထက္ ၁၀ ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။
အီတလီမွာ ႏွာေခါင္းစည္းတပ္ဖို႔ သတိေပး
ဗိုင္းရပ္စ္ေၾကာင့္ေသတာလို႔ ေကာက္ယူတဲ့စာရင္းျပဳစုပုံက တႏိုင္ငံနဲ႔ တႏိုင္ငံမတူတာကို ထည့္စဥ္းစား ၾကဖို႔လည္း ေျပာေနပါတယ္။

ၿဗိတိန္အစိုးရ က်န္းမာေရးဆိုင္ရာ အႀကံေပး အႀကီးအကဲ ခရစ္ ဝွစ္တီ က "ႏိုင္ငံတိုင္းက မတူတဲ့နည္းေတြနဲ႔ စာရင္းသြင္းေနတာျဖစ္တယ္။ ဒီေတာ့ အဲဒါေတြ တခုနဲ႔တခု ႏႈိင္းယွဥ္ေျပာေနတာက အက်ိဳးမျဖစ္တာ လုပ္ေနသလိုျဖစ္တယ္" လို႔ ေျပာပါတယ္။

ႏိုင္ငံေတြအၾကား ေဆး႐ုံမွာ ကိုဗစ္ - ၁၉ ေၾကာင့္ေသဆုံးတဲ့ စာရင္းသြင္းတာကေတာ့ အေတာ္ေလး အတိအက်ပါ။ ဒါေပမဲ့ လူအိုေစာင့္ေရွာက္ေရး ေဂဟာေတြ၊ အိမ္ေတြမွာ ေသဆုံးတဲ့ စာရင္းမွာေတာ့ အတိအက် သတ္သတ္မွတ္မွတ္ ရွိမရွိ မရွင္းလင္းပါဘူး။

လူဦးေရထဲမွာ အသက္ငယ္သူက ဘယ္ေလာက္၊ အသက္ႀကီးသူက ဘယ္ေလာက္ ပါလဲဆိုတဲ့ အေပၚမွာလည္း အခုႏႈိင္းယွဥ္တြက္ၾကတဲ့ အေရးမွာ ထည့္တြက္ဖို႔လိုလာပါတယ္။

ဥပမာအားျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ ထိခိုက္သက္ေရာက္မႈက အသက္ငယ္တဲ့ လူေတြထက္စာရင္ အသက္ႀကီးတဲ့သူေတြအေပၚ ပိုမ်ားတာကို သိထားၾကၿပီးသားပါ။

တခါ အသက္ႀကီးတဲ့သူေတြအထဲ ပင္ကိုယ္ နာတာရွည္ေရာဂါအခံရွိရင္ ပိုၿပီး အသက္အႏၲရာယ္နဲ႔ နီးပါတယ္။

အီတလီမွာ အသက္ႀကီးတဲ့သူအေရအတြက္က အသက္ငယ္တဲ့သူအေရအတြက္နဲ႔ ႏႈိင္းစာရင္ ပိုမ်ားပါတယ္။ ဒီေတာ့ တျခားအခ်က္ေတြက အတူတူျဖစ္မယ္ဆိုရင္ အီတလီက ေသဆုံးႏႈန္းက ၿဗိတိန္က ေသဆုံးႏႈန္းထက္မ်ားမယ္လို႔ မွန္းဆႏိုင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသတာဆိုတာ ဘာလဲ

ၿဗိတိန္မွာ အစိုးရကထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြက ကို႐ိုနာဗိုင္းရပ္စ္ အတည္ျပဳ လူနာစာရင္းကို အေျခခံၿပီးမွ ေသတယ္ဆိုရင္ အဲဒါေၾကာင့္ေသတယ္ဆိုတဲ့ စာရင္းသြင္း ထုတ္ျပန္ပါတယ္။

ဒါေပမဲ့ အမ်ိဳးသားအဆင့္ စာရင္းဇယားမ်ားဌာနကေတာ့ ေသစာရင္း လက္မွတ္ မွာ ကိုဗစ္ - ၁၉ ေၾကာင့္ေသတယ္လို႔ ေရးထားရင္ အဲဒီလိုပဲ စာရင္းသြင္းပါတယ္။ အဲဒီလူဟာ ဗိုင္းရပ္စ္ တကယ္ရွိမရွိ စစ္ေဆးထားတယ္၊ မထားဘူး ဆိုတာကို ထည့္မတြက္ပါဘူး။

ဘယ္လ္ဂ်ီယံဟာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးႏႈန္း ျမင့္တယ္ဆိုတာကို ထုတ္ျပန္တဲ့ေနာက္မွာ ဗိုင္းရပ္စ္ ေၾကာင့္ အထိခိုက္ဆုံးႏိုင္ငံအျဖစ္ အေဝဖန္ခံရပါတယ္။

သူတို႔ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးႏႈန္းေကာက္တာက တျခားႏိုင္ငံေတြနဲ႔ မတူဘူးလို႔ ဘယ္လ္ဂ်ီယံ အစိုးရ အရာရွိေတြက ေျပာၿပီး သူတို႔ က ေဆး႐ုံမွာေသဆုံးတာ၊ လူအို႐ုံေတြမွာ ေသဆုံးတာကို စာရင္းေကာက္တယ္၊ လူအို႐ုံမွာ ေသဆုံးတာဆိုရင္ ကိုဗစ္ - ၁၉ ေရာဂါေၾကာင့္ ေသတယ္လို႔ သံသယရွိတာကို တကယ္ ပိုးရွိ၊ မရွိ မစစ္ေဆးဘဲ စာရင္းထဲထည့္ေၾကာင္း ရွင္းျပပါတယ္။
လူအမ်ားၾကားသြားရင္ ႏွာေခါင္းစည္း မျဖစ္မေန တပ္ဖို႔ ဘယ္လ္ဂ်ီယံမွာ စည္းကမ္းထုတ္
တခါ ႏိုင္ငံေရးစနစ္အရ တင္းက်ပ္တဲ့ ထိန္းခ်ဳပ္မႈေအာက္က ႏိုင္ငံေတြက သတင္းအခ်က္အလက္ေတြ ဟာလည္း ယုံၾကည္စိတ္ခ်ရဖို႔ ခက္ခဲပါတယ္။

ႏိုင္ငံ လူဦးေရနဲ႔ႏႈိင္းယွဥ္ရင္ ဗိုင္းရပ္စ္ေၾကာင့္ေသဆုံးတဲ့ႏႈန္းက တ႐ုတ္ႏိုင္ငံ စာရင္းေတြကို ၾကည့္မယ္ဆိုရင္ အင္မတန္မွ နည္းပါးတာေတြ႕ရပါတယ္။ ဒါေတာင္ ဝူဟန္က ေသစာရင္းကို ၅၀ ရာခိုင္ႏႈန္း ထပ္ျမႇင့္ၿပီးတဲ့ ေနာက္ကို ေျပာတာပါ။

ဒီေတာ့ စာရင္းဇယားေတြ ေကာက္ရတာအခ်ိန္ယူရမွာျဖစ္သလို အဲဒီအခ်ိန္က လေပါင္းမ်ားစြာ အနည္းဆုံးၾကာႏိုင္တယ္လို႔ပညာရွင္ေတြက ဆိုၾကပါတယ္။

ၿဗိတိန္မွာ ဘာအမွားေတြ လုပ္ခဲ့လဲ

ကမာၻ႔ကပ္ အေစာပိုင္းကာလေတြအတြင္း ဓာတ္ခြဲခန္းစမ္းသပ္တာကို အက်ယ္အျပန႔္လုပ္တာ၊ ပိုးရွိသူနဲ႔ ထိေတြ႕ခဲ့သူေတြကို ကြင္းဆက္ေနာက္ေၾကာင္းလိုက္ၿပီး စီမံေပးတာ စတာေတြကို လုပ္ခဲ့တဲ့ ႏိုင္ငံေတြကကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈ ထိန္းခ်ဳပ္ေရးမွာ ေအာင္ျမင္မႈ အေကာင္းဆုံး ရခဲ့ပုံပါ။

ဂ်ာမနီနဲ႔ ေတာင္ကိုရီးယားမွာ တျခားအဆိုးဆုံးထိခိုက္တဲ့ ႏိုင္ငံေတြနဲ႔ ႏႈိင္းယွဥ္ရင္ ေသဆုံးႏႈန္း အင္မတန္ကို နည္းပါတယ္။

လူဦးေရဘယ္ေလာက္မွာ လူဘယ္ေလာက္က ဓာတ္ခြဲခန္း စမ္းသပ္စစ္ေဆးတာ လုပ္ၿပီးၿပီလဲ ဆိုတဲ့ ကိန္းဂဏန္းအခ်က္အလက္က ေသဆုံးႏႈန္းနိမ့္မယ္ ဆိုတာကို မွန္းဆဖို႔အတြက္ အသုံးဝင္ႏိုင္တဲ့ အခ်က္လို႔ တြက္ႏိုင္ပါတယ္။

ဒါေပမဲ့ ႏိုင္ငံအလိုက္ ေဆးစစ္တဲ့ စာရင္းဇယားေတြကလည္း ေကာက္ယူပုံမတူပါဘူး၊ တခ်ိဳ႕က ေဆးစစ္ၿပီးတဲ့ လူအေရအတြက္ကို ေကာက္တယ္၊ တခ်ိဳ႕က်ေတာ့ စစ္ေဆးတဲ့ ကိန္းဂဏန္းကို ေကာက္ယူပါတယ္၊ ဆိုလိုတာက လူတေယာက္မွာ မေသခ်ာလို႔ ၂ ႀကိမ္၊ ၃ ႀကိမ္ ျပန္စစ္ရတာလည္း စစ္တဲ့ အေရအတြက္ထဲမွာ ပါသြားပါတယ္။

ဘယ္အခ်ိန္မွာ ေဆးစစ္ေပးတာလဲ၊ ေဆး႐ုံေရာက္မွ စစ္တာလား၊ ရပ္ထဲ႐ြာထဲမွာ လိုက္စစ္ေပးတာလား ဆိုတဲ့အခ်က္ ကလည္း ထည့္သြင္းစဥ္းစားဖို႔ ေကာင္းတဲ့အခ်က္ပါ။
 ေတာင္ကိုရီးယားမွာ ဧၿပီ ၃၀ ရက္မွာ ႏိုင္ငံတြင္း အခ်င္းခ်င္းကူးစက္သူ မရွိတဲ့ ပထမဆုံးေန႔အျဖစ္ မွတ္တမ္းဝင္ခဲ့
ဂ်ာမနီနဲ႔ ေတာင္ကိုရီးယားမွာ အခ်ိန္ေစာေစာကတည္းက ဓာတ္ခြဲခန္း ေဆးစစ္ေပးတာကိုလုပ္ေပး ႏိုင္ၿပီး၊ ဗိုင္းရပ္စ္က ဘယ္က ဘယ္လို ပ်ံ႕ေနတာလဲဆိုတာ အမ်ားႀကီး ေလ့လာႏိုင္ခဲ့ပါတယ္။

အီတလီမွာလည္း ေဆးစစ္တာေတြ အမ်ားႀကီး လုပ္ႏိုင္ပါတယ္၊ ဒါေပမဲ့ ေသႏႈန္းျမင့္ပါတယ္၊ အီတလီက ဗိုင္းရပ္စ္ႏိုင္ငံတြင္းမွာ ျပန႔္ပြားတာ အေတာ္အခ်ိန္ရၿပီးမွ ေဆးစစ္တာကို အရွိန္ျမႇင့္ခဲ့တာပါ။

ၿဗိတိန္ကလည္း အီတလီလို အလားတူပါပဲ။

အတိုက္အခံပါတီက ေအာက္လႊတ္ေတာ္အမတ္ ေဒါက္တာ ႐ိုဆီနာ အဲလ္လင္ ခန္းက အစိုးရရဲ႕ ေဆးစစ္တဲ့ ဗ်ဴဟာက"အသက္ေတြအမ်ားႀကီးေပးခဲ့ရတယ္" လို႔ အစိုးရကို ေဝဖန္ပါတယ္။

ဒီလိုေဝဖန္တာေတြအျပင္ က်န္းမာေရးဝန္ထမ္းေတြ၊ ေစာင့္ေရွာက္မႈေပးတဲ့ဝန္ထမ္းေတြ အတြက္ အကာအကြယ္ ပစၥည္းေတြ personal protective equipment (PPE) မလုံေလာက္တဲ့ အေပၚမွာလည္း အစိုးရကို လူတခ်ိဳ႕ က အျပစ္ပုံခဲ့ပါတယ္။

ဧၿပီလအေစာပိုင္းတုန္းက အမ်ိဳးသားအဆင့္ ေစာင့္ေရွာက္မႈဆိုင္ရာ အသင္းက နာဒရာ အာမက္ က "ကြၽန္မတို႔ အမ်ားဆုံးၾကားရတဲ့ အသံေတြကေတာ့ 'ကြၽန္ေတာ္တို႔၊ ကြၽန္မတို႔ ႏွာေခါင္းစည္းေတြ အသည္းအသန္ကို လိုေနတယ္၊ ဘယ္သူ႔ဆီမွာမ်ား လက္အိတ္ရမလဲ' စတဲ့အသံေတြပဲ" လို႔ ေျပာခဲ့ပါတယ္။

အစိုးရ ဝန္ႀကီး မိုက္ကယ္ ဂို႔ခ္က ေမလ ၂ ရက္ေန႔တုန္းက ေျပာရာမွာ အဂၤလန္ထဲက က်န္းမာေရးနဲ႔ လူမႈေရး ေစာင့္ေရွာက္မႈ စနစ္အတြက္ PPE ေပါင္း ၁. ၀၈ ဘီလီယံ ျဖန႔္ေဝၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ဘီဘီစီက ေလ့လာသိသမွ် အဲဒီ PPE ေပါင္း တဝက္ေလာက္က လက္အိတ္ေတြသာျဖစ္ၿပီး၊ အဲဒီထဲက အမ်ားအျပားကလည္း လက္အိတ္ကို အစုံလိုက္ ေရတြက္တာ မဟုတ္ပဲ တခုခ်င္းလိုက္ ေရတြက္ထားတာပါ။

ကမာၻ႔ကပ္မၿပီးမခ်င္း ဘယ္ႏိုင္ငံက ဗိုင္းရပ္စ္အေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုသာတယ္ဆိုတာ သိဖို႔ ကေတာ့ မလြယ္လွပါဘူး။

"ဘယ္ႏိုင္ငံက ဘာေၾကာင့္ တျခားသူေတြထက္ ပိုေကာင္းေအာင္လုပ္ႏိုင္တယ္ ဆိုတာ သိရဖို႔က အဲဒီ ဗိုင္းရပ္စ္ကပ္ကို ေက်ာ္လႊားၿပီးခ်ိန္မွ သိရမယ္။ အဲဒီအခါက်ေတာ့ ေနာက္တခါ ႀကဳံလာရမွာေတြအတြက္ သင္ခန္းစာေတြကို တကယ္ေလ့လာၿပီး ျဖစ္မယ္" လို႔ ေအာက္စဖို႔ တကၠသိုလ္က ပါေမာကၡ ေဂ်ဆင္ အုတ္ကဲက ေျပာပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ဗြိတိန်က ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအများဆုံး ဖြစ်နေတာ ဘာကြောင့်လဲ

အစိုးရထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ဖြစ်လို့ သေတဲ့လူ စုစုပေါင်း အရေအတွက်က ဥရောပတိုက်မှာ ဗြိတိန်က ထိပ်ဆုံးဖြစ်သွားပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက နောက်ထပ်လူ ၆၄၉ ယောက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပြီး ဗြိတိန်မှာ အဲဒီရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၃၀,၀၇၆ ယောက်ထိများသွားပါပြီ။

အင်္ဂါနေ့မှာတုန်းက အီတလီက နောက်ဆုံးစာရင်းအရ ၂၉,၆၈၄ ယောက်နဲ့ ဥရောပမှာ ကိုဗစ် -၁၉ ရောဂါနဲ့ သေဆုံးမှု အများဆုံးဖြစ်နေခဲ့တာပါ။

ကမ္ဘာကိုကြည့်ရင်တော့ အမေရိကန်က ဒီရောဂါနဲ့ လူပေါင်း ၇၂,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေး ပညာရှင်တွေကတော့ ဒီကိန်းဂဏန်းတွေက ဇာတ်လမ်းတခုလုံးကို ပြောပြနေတာ မဟုတ်ဘူး၊ အစိတ်အပိုင်းလေးကိုသာ ဖော်ပြနေတာလို့ ဆိုပါတယ်။

ကင်းဘရစ်ချ် တက္ကသိုလ် က ပါမောက္ခ ဆာ ဒေးဗစ် စပီဂျဲလ်ဟောတာက ကျွန်တော်တို့ အသေအချာ မှတ်ယူနိုင်တာကတော့ထုတ်ပြန်ကြတဲ့ ဒီကိန်းဂဏန်းတွေ အားလုံးဟာ ဗိုင်းရပ်စ်ကြောင့် အမှန်တကယ်သေသွားသူ အရေအတွက်ကို "အကြီးအကျယ် လျော့ပေါ့တွက်ထားတာ" လို့ ပြောပါတယ်။

"ကျွန်တော်တို့ စိတ်ချလက်ချပြောနိုင်တာကတော့ အဲ့ဒီနိုင်ငံတွေအားလုံးထဲ တနိုင်ငံမှ အခြေအနေကောင်းတာ မဟုတ်ဘူး ဆိုတာပါ။ ဘယ်သူက ဘယ်အဆင့်မှာရှိတယ်ဆိုတာကို ပြနိုင်ဖို့ ဘာအချက်မှ ကောင်းကောင်းမရှိပါဘူး" လို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

နှိုင်းယှဉ်ကြည့်ခြင်း

နိုင်ငံအမျိုးမျိုးကထုတ်ပြန်တဲ့ ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းတွေကို နှိုင်းယှဉ်ပြီး ကောက်ချက်ဆွဲ ရတာကလည်း အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။

"တခြားနိုင်ငံတွေ ဗိုင်းရပ်စ်ကြောင့်သေတာကို သတ်မှတ်တဲ့နည်းနာက မတူညီဘဲ အမျိုးမျိုးကွဲပြားပါတယ်၊ နိုင်ငံတကာက ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ရတာ အလွန်ကို ခက်ခဲပါတယ်" လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေး ဌာန ဆေးပညာဆိုင်ရာ ဒါရိုက်တာ ပါမောက္ခ အီဗွန်း ဒွိုင်းက ဆိုပါတယ်။

ဗြိတိန် လူဦးရေက အကြမ်းဖျင်းအားဖြင့် ၆၆ သန်းရှိပြီး အီတလီက သန်း ၆၀ ပါ။

လူဦးရေနဲ့ အဲဒီသေနှုန်းကို အချိုးချကြည့်ရင် ဗြိတိန်က အီတလီထက် ၁၀ ရာခိုင်နှုန်း ပိုများပါတယ်။

ဗိုင်းရပ်စ်ကြောင့်သေတာလို့ ကောက်ယူတဲ့စာရင်းပြုစုပုံက တနိုင်ငံနဲ့ တနိုင်ငံမတူတာကို ထည့်စဉ်းစား ကြဖို့လည်း ပြောနေပါတယ်။

ဗြိတိန်အစိုးရ ကျန်းမာရေးဆိုင်ရာ အကြံပေး အကြီးအကဲ ခရစ် ဝှစ်တီ က "နိုင်ငံတိုင်းက မတူတဲ့နည်းတွေနဲ့ စာရင်းသွင်းနေတာဖြစ်တယ်။ ဒီတော့ အဲဒါတွေ တခုနဲ့တခု နှိုင်းယှဉ်ပြောနေတာက အကျိုးမဖြစ်တာ လုပ်နေသလိုဖြစ်တယ်" လို့ ပြောပါတယ်။

နိုင်ငံတွေအကြား ဆေးရုံမှာ ကိုဗစ် - ၁၉ ကြောင့်သေဆုံးတဲ့ စာရင်းသွင်းတာကတော့ အတော်လေး အတိအကျပါ။ ဒါပေမဲ့ လူအိုစောင့်ရှောက်ရေး ဂေဟာတွေ၊ အိမ်တွေမှာ သေဆုံးတဲ့ စာရင်းမှာတော့ အတိအကျ သတ်သတ်မှတ်မှတ် ရှိမရှိ မရှင်းလင်းပါဘူး။

လူဦးရေထဲမှာ အသက်ငယ်သူက ဘယ်လောက်၊ အသက်ကြီးသူက ဘယ်လောက် ပါလဲဆိုတဲ့ အပေါ်မှာလည်း အခုနှိုင်းယှဉ်တွက်ကြတဲ့ အရေးမှာ ထည့်တွက်ဖို့လိုလာပါတယ်။

ဥပမာအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထိခိုက်သက်ရောက်မှုက အသက်ငယ်တဲ့ လူတွေထက်စာရင် အသက်ကြီးတဲ့သူတွေအပေါ် ပိုများတာကို သိထားကြပြီးသားပါ။

တခါ အသက်ကြီးတဲ့သူတွေအထဲ ပင်ကိုယ် နာတာရှည်ရောဂါအခံရှိရင် ပိုပြီး အသက်အန္တရာယ်နဲ့ နီးပါတယ်။

အီတလီမှာ အသက်ကြီးတဲ့သူအရေအတွက်က အသက်ငယ်တဲ့သူအရေအတွက်နဲ့ နှိုင်းစာရင် ပိုများပါတယ်။ ဒီတော့ တခြားအချက်တွေက အတူတူဖြစ်မယ်ဆိုရင် အီတလီက သေဆုံးနှုန်းက ဗြိတိန်က သေဆုံးနှုန်းထက်များမယ်လို့ မှန်းဆနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေတာဆိုတာ ဘာလဲ

ဗြိတိန်မှာ အစိုးရကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ကိုရိုနာဗိုင်းရပ်စ် အတည်ပြု လူနာစာရင်းကို အခြေခံပြီးမှ သေတယ်ဆိုရင် အဲဒါကြောင့်သေတယ်ဆိုတဲ့ စာရင်းသွင်း ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အမျိုးသားအဆင့် စာရင်းဇယားများဌာနကတော့ သေစာရင်း လက်မှတ် မှာ ကိုဗစ် - ၁၉ ကြောင့်သေတယ်လို့ ရေးထားရင် အဲဒီလိုပဲ စာရင်းသွင်းပါတယ်။ အဲဒီလူဟာ ဗိုင်းရပ်စ် တကယ်ရှိမရှိ စစ်ဆေးထားတယ်၊ မထားဘူး ဆိုတာကို ထည့်မတွက်ပါဘူး။

ဘယ်လ်ဂျီယံဟာ ဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်း မြင့်တယ်ဆိုတာကို ထုတ်ပြန်တဲ့နောက်မှာ ဗိုင်းရပ်စ် ကြောင့် အထိခိုက်ဆုံးနိုင်ငံအဖြစ် အဝေဖန်ခံရပါတယ်။

သူတို့ ဗိုင်းရပ်စ်ကြောင့်သေဆုံးနှုန်းကောက်တာက တခြားနိုင်ငံတွေနဲ့ မတူဘူးလို့ ဘယ်လ်ဂျီယံ အစိုးရ အရာရှိတွေက ပြောပြီး သူတို့ က ဆေးရုံမှာသေဆုံးတာ၊ လူအိုရုံတွေမှာ သေဆုံးတာကို စာရင်းကောက်တယ်၊ လူအိုရုံမှာ သေဆုံးတာဆိုရင် ကိုဗစ် - ၁၉ ရောဂါကြောင့် သေတယ်လို့ သံသယရှိတာကို တကယ် ပိုးရှိ၊ မရှိ မစစ်ဆေးဘဲ စာရင်းထဲထည့်ကြောင်း ရှင်းပြပါတယ်။

တခါ နိုင်ငံရေးစနစ်အရ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်က နိုင်ငံတွေက သတင်းအချက်အလက်တွေ ဟာလည်း ယုံကြည်စိတ်ချရဖို့ ခက်ခဲပါတယ်။

နိုင်ငံ လူဦးရေနဲ့နှိုင်းယှဉ်ရင် ဗိုင်းရပ်စ်ကြောင့်သေဆုံးတဲ့နှုန်းက တရုတ်နိုင်ငံ စာရင်းတွေကို ကြည့်မယ်ဆိုရင် အင်မတန်မှ နည်းပါးတာတွေ့ရပါတယ်။ ဒါတောင် ဝူဟန်က သေစာရင်းကို ၅၀ ရာခိုင်နှုန်း ထပ်မြှင့်ပြီးတဲ့ နောက်ကို ပြောတာပါ။

ဒီတော့ စာရင်းဇယားတွေ ကောက်ရတာအချိန်ယူရမှာဖြစ်သလို အဲဒီအချိန်က လပေါင်းများစွာ အနည်းဆုံးကြာနိုင်တယ်လို့ပညာရှင်တွေက ဆိုကြပါတယ်။

ဗြိတိန်မှာ ဘာအမှားတွေ လုပ်ခဲ့လဲ

ကမ္ဘာ့ကပ် အစောပိုင်းကာလတွေအတွင်း ဓာတ်ခွဲခန်းစမ်းသပ်တာကို အကျယ်အပြန့်လုပ်တာ၊ ပိုးရှိသူနဲ့ ထိတွေ့ခဲ့သူတွေကို ကွင်းဆက်နောက်ကြောင်းလိုက်ပြီး စီမံပေးတာ စတာတွေကို လုပ်ခဲ့တဲ့ နိုင်ငံတွေကကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရေးမှာ အောင်မြင်မှု အကောင်းဆုံး ရခဲ့ပုံပါ။

ဂျာမနီနဲ့ တောင်ကိုရီးယားမှာ တခြားအဆိုးဆုံးထိခိုက်တဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးနှုန်း အင်မတန်ကို နည်းပါတယ်။

လူဦးရေဘယ်လောက်မှာ လူဘယ်လောက်က ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးတာ လုပ်ပြီးပြီလဲ ဆိုတဲ့ ကိန်းဂဏန်းအချက်အလက်က သေဆုံးနှုန်းနိမ့်မယ် ဆိုတာကို မှန်းဆဖို့အတွက် အသုံးဝင်နိုင်တဲ့ အချက်လို့ တွက်နိုင်ပါတယ်။

ဒါပေမဲ့ နိုင်ငံအလိုက် ဆေးစစ်တဲ့ စာရင်းဇယားတွေကလည်း ကောက်ယူပုံမတူပါဘူး၊ တချို့က ဆေးစစ်ပြီးတဲ့ လူအရေအတွက်ကို ကောက်တယ်၊ တချို့ကျတော့ စစ်ဆေးတဲ့ ကိန်းဂဏန်းကို ကောက်ယူပါတယ်၊ ဆိုလိုတာက လူတယောက်မှာ မသေချာလို့ ၂ ကြိမ်၊ ၃ ကြိမ် ပြန်စစ်ရတာလည်း စစ်တဲ့ အရေအတွက်ထဲမှာ ပါသွားပါတယ်။

ဘယ်အချိန်မှာ ဆေးစစ်ပေးတာလဲ၊ ဆေးရုံရောက်မှ စစ်တာလား၊ ရပ်ထဲရွာထဲမှာ လိုက်စစ်ပေးတာလား ဆိုတဲ့အချက် ကလည်း ထည့်သွင်းစဉ်းစားဖို့ ကောင်းတဲ့အချက်ပါ။

ဂျာမနီနဲ့ တောင်ကိုရီးယားမှာ အချိန်စောစောကတည်းက ဓာတ်ခွဲခန်း ဆေးစစ်ပေးတာကိုလုပ်ပေး နိုင်ပြီး၊ ဗိုင်းရပ်စ်က ဘယ်က ဘယ်လို ပျံ့နေတာလဲဆိုတာ အများကြီး လေ့လာနိုင်ခဲ့ပါတယ်။

အီတလီမှာလည်း ဆေးစစ်တာတွေ အများကြီး လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ သေနှုန်းမြင့်ပါတယ်၊ အီတလီက ဗိုင်းရပ်စ်နိုင်ငံတွင်းမှာ ပြန့်ပွားတာ အတော်အချိန်ရပြီးမှ ဆေးစစ်တာကို အရှိန်မြှင့်ခဲ့တာပါ။

ဗြိတိန်ကလည်း အီတလီလို အလားတူပါပဲ။

အတိုက်အခံပါတီက အောက်လွှတ်တော်အမတ် ဒေါက်တာ ရိုဆီနာ အဲလ်လင် ခန်းက အစိုးရရဲ့ ဆေးစစ်တဲ့ ဗျူဟာက"အသက်တွေအများကြီးပေးခဲ့ရတယ်" လို့ အစိုးရကို ဝေဖန်ပါတယ်။

ဒီလိုဝေဖန်တာတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေ၊ စောင့်ရှောက်မှုပေးတဲ့ဝန်ထမ်းတွေ အတွက် အကာအကွယ် ပစ္စည်းတွေ personal protective equipment (PPE) မလုံလောက်တဲ့ အပေါ်မှာလည်း အစိုးရကို လူတချို့ က အပြစ်ပုံခဲ့ပါတယ်။

ဧပြီလအစောပိုင်းတုန်းက အမျိုးသားအဆင့် စောင့်ရှောက်မှုဆိုင်ရာ အသင်းက နာဒရာ အာမက် က "ကျွန်မတို့ အများဆုံးကြားရတဲ့ အသံတွေကတော့ 'ကျွန်တော်တို့၊ ကျွန်မတို့ နှာခေါင်းစည်းတွေ အသည်းအသန်ကို လိုနေတယ်၊ ဘယ်သူ့ဆီမှာများ လက်အိတ်ရမလဲ' စတဲ့အသံတွေပဲ" လို့ ပြောခဲ့ပါတယ်။

အစိုးရ ဝန်ကြီး မိုက်ကယ် ဂို့ခ်က မေလ ၂ ရက်နေ့တုန်းက ပြောရာမှာ အင်္ဂလန်ထဲက ကျန်းမာရေးနဲ့ လူမှုရေး စောင့်ရှောက်မှု စနစ်အတွက် PPE ပေါင်း ၁. ၀၈ ဘီလီယံ ဖြန့်ဝေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘီဘီစီက လေ့လာသိသမျှ အဲဒီ PPE ပေါင်း တဝက်လောက်က လက်အိတ်တွေသာဖြစ်ပြီး၊ အဲဒီထဲက အများအပြားကလည်း လက်အိတ်ကို အစုံလိုက် ရေတွက်တာ မဟုတ်ပဲ တခုချင်းလိုက် ရေတွက်ထားတာပါ။

ကမ္ဘာ့ကပ်မပြီးမချင်း ဘယ်နိုင်ငံက ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး ဘယ်လိုသာတယ်ဆိုတာ သိဖို့ ကတော့ မလွယ်လှပါဘူး။

"ဘယ်နိုင်ငံက ဘာကြောင့် တခြားသူတွေထက် ပိုကောင်းအောင်လုပ်နိုင်တယ် ဆိုတာ သိရဖို့က အဲဒီ ဗိုင်းရပ်စ်ကပ်ကို ကျော်လွှားပြီးချိန်မှ သိရမယ်။ အဲဒီအခါကျတော့ နောက်တခါ ကြုံလာရမှာတွေအတွက် သင်ခန်းစာတွေကို တကယ်လေ့လာပြီး ဖြစ်မယ်" လို့ အောက်စဖို့ တက္ကသိုလ်က ပါမောက္ခ ဂျေဆင် အုတ်ကဲက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52576920
ၿဗိတိန္က ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈအမ်ားဆုံး ျဖစ္ေနတာ ဘာေၾကာင့္လဲ ၿဗိတိန္က ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈအမ်ားဆုံး ျဖစ္ေနတာ ဘာေၾကာင့္လဲ Reviewed by THITHTOOLWIN on 04:15 Rating: 5
Powered by Blogger.