ကင္ဆာေရာဂါ သတိျပဳဖို႔ မႏၲေလးဝန္ႀကီးခ်ဳပ္ ေဆာင္းပါးေရး တိုက္တြန္း

(Zawgyi)⤵⤵⤵
ကင္ဆာေၾကာင့္ ေသဆုံးရတဲ့ အေရအတြက္ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ကမာၻတစ္လႊား ေသဆုံးမႈေတြထက္ ပိုမ်ားေနတယ္လို႔ ကိုယ္တိုင္ ကင္ဆာေရာဂါကို အံတုေနရတဲ့ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ က ေဆာင္းပါးတစ္ပုဒ္မွာ ေရးထားပါတယ္။

ကင္ဆာေရာဂါသည္ေတြအေနနဲ႔ ေရာဂါျဖစ္ၿပီဆိုတာကိုသိတာနဲ႔ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာေတြကို ျပင္ဆင္ ထားသင့္တယ္လို႔ အညာသားဆိုတဲ့ ကေလာင္နာမည္နဲ႔ ေရးသားထားတဲ့ မႏၲေလးေန႔စဥ္ သတင္းစာ ေဆာင္းပါးမွာ ဝန္ႀကီးခ်ဳပ္က တိုက္တြန္းလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ ေဆာင္းပါးထဲမွာေတာ့ ကမာၻ႔ ကင္ဆာေရာဂါျဖစ္ပြားမႈ ၅၀ ရာခိုင္ႏႈန္းခန႔္ ဟာ အာရွမွာ ရွိေနေၾကာင္း၊ သူ႔အေနနဲ႔ ေသြးကင္ဆာေရာဂါျဖစ္ၿပီဆိုတာကို သိလိုက္ရေတာ့ သင့္ေတာ္တဲ့ ကုထုံးနဲ႔ ကုသခံယူဖို႔ ျပင္ဆင္ခဲ့ေၾကာင္း၊ စတဲ့အခ်က္ေတြ ပါဝင္ပါတယ္။ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီက ထုတ္ေဝတဲ့ မႏၲေလးေန႔စဥ္သတင္းစာမွာ အခုလ ၈ ရက္ေန႔က ေဖာ္ျပခဲ့တာပါ။

မိတ္ေဆြေတြက အားေပးၾကေၾကာင္း၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံက တရားမွတ္ဖို႔ ေျပာခဲ့သလို၊ ေဆးဒဏ္ကို အလူးအလဲ ခံရခ်ိန္မွာ Viber Massage ပို႔ၿပီး အားေပးခဲ့ေၾကာင္း၊ ဒီလိုအားေပးမႈေတြမရွိရင္ ဘယ္လိုမွ ေတာင့္ခံႏိုင္မွာ မဟုတ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေရးထားပါတယ္။

ဝန္ႀကီးခ်ဳပ္ ဟာ ေသြးကင္ဆာေရာဂါကို ထိုင္းႏိုင္ငံမွာ ကုသမႈ ခံယူေနတာပါ။

၂ဝ၁၈ ခုႏွစ္ စစ္တမ္းမ်ားအရဆိုရင္ ျမန္မာႏိုင္ငံမွာ ကင္ဆာျဖစ္ပြားမႈ (၆၉၅၅၄) ဦး ရွိခဲ့ၿပီး (၅၁ဝ၅၉) ဦး ေသဆုံးခဲ့တယ္လို႔ ဝန္ႀကီးခ်ဳပ္က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကင္ဆာေရာဂါ ေပါမ်ားမွန္း၊ ကင္ဆာေဆးသြင္းသူေတြမ်ားမွန္း ေဆး႐ုံႀကီးေရာက္မွ မ်က္ဝါး ထင္ထင္ ျမင္ခဲ့ရတယ္ဆိုတဲ့ ဝန္ႀကီးခ်ဳပ္က မႏၲေလးမွာ လိုအပ္တဲ့ ကင္ဆာကုေဆး႐ုံတစ္ခု ေပၚေပါက္လာေရး အတြက္ ႏိုင္ငံေတာ္ သမၼတကို ေတာင္းဆိုခဲ့ပါတယ္လို႔လည္း ေဆာင္းပါးထဲမွာ ေဖာ္ျပခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕က ထင္ရွားတဲ့ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ ၿဖိဳးသီဟက အသီးအႏွံေတြ၊ အစားစာေတြမွာ တာရွည္ခံေဆး၊ ဆိုးေဆး အသုံးျပဳထည့္ၾကတာကို ျမန္မာႏိုင္ငံမွာ အမ်ားအျပား ေတြ႕ႏိုင္ၿပီး ဒါေတြကို ၾကာရွည္ စားသုံးရင္  ကင္ဆာျဖစ္ပြားတတ္ေပမယ့္ လူအမ်ားစု ေရွာင္ဖို႔ခက္ေနတယ္လို႔ ေထာက္ျပပါတယ္။

“ကင္ဆာတို႔ ေသြးတိုး၊ ဆီးခ်ိဳ႕တို႔ဟာ မကူးစက္ႏိုင္တဲ့ေရာဂါျဖစ္ေပမယ့္ အႏၲရာယ္ ေတာ္ေတာ္ေပးတဲ့ ေရာဂါေပါ့၊ ဒါကႏိုင္ငံအတြက္ ႀကီးမားတဲ့ က်န္းမာေရး ဝန္ထုတ္ဝန္ပိုးလို႔ ေျပာလို႔ရတယ္။ လူေနမႈပုံစံနဲ႔လည္း အမ်ားႀကီး ဆက္စပ္ပတ္သက္မႈရွိတယ္"

က်န္းမားေရးနဲ႔ လိုက္ေလ်ာညီေထြျဖစ္မယ့္ ေနထိုင္မႈက အေရးႀကီးေၾကာင္း ေဒါက္တာ ၿဖိဳးသီဟက အခ်က္ သုံးခ်က္ နဲ႔ ရွင္းလင္းေျပာပါတယ္။

“စားေသာက္ေနထိုင္မႈေတြ ေျပာင္းရမယ္။ အကင္ေတြ အမ်ားႀကီးစားတာက လူတစ္ေယာက္ကို ကင္ဆာ ျဖစ္ေစဖို႔ ပိုၿပီးတြန္းအားေပးေစတယ္။ ဒုတိယအခ်က္က ေနထိုင္ရတဲ့ ပတ္ဝန္းက်င္ ပိုေကာင္းလာဖို႔၊ လူေတြက ဗိုက္ဝ႐ုံ စားေနရတယ္။ တကယ္ေတာ့ ဗိုက္ဝ႐ုံတင္မကဘူး၊ အဟာရျပည့္ဖို႔ က်န္းမာေရးနဲ႔ ညီၫြတ္ဖို႔လည္း လိုတယ္။ တတိယတစ္ခုကေတာ့ ေစာေစာသိေအာင္ လုပ္ႏိုင္ဖို႔လိုတယ္။ ေစာစီး သိရင္ ကုသရတာ လြယ္တယ္၊ အခုက မျဖစ္ေတာ့ဘူးဆိုမွ ေဆး႐ုံေရာက္လာေတာ့ ကုသရတာ ခက္တယ္၊ အသက္ေသဆုံးမႈမ်ားတယ္”

အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန တာဝန္ရွိသူမ်ားအေနအေနနဲ႔လည္း ႀကိဳးပမ္းလုပ္ကိုင္ ေနၾကေပမယ့္ ဝန္နဲ႔အားမမွ်တဲ့ အေျခေနျဖစ္ေနေသးတယ္လို႔ ေဒါက္တာ ၿဖိဳးသီဟက ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ ေဆာင္းပါးထဲမွာလည္း ကင္ဆာျဖစ္ၿပီဆိုရင္ မိသားစုနဲ႔ အရင္တိုင္ပင္ဖို႔၊ ကုန္က်စရိတ္ကို စဥ္းစားထားဖို႔၊ အေရာင္ပါတဲ့အသီး အ႐ြက္ေတြစားဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔ဆိုတာမ်ိဳးေတြ အႀကံေပးထားပါတယ္။

ျမန္မာအမ်ိဳးသားေတြမွာဆိုရင္ အဆုတ္နဲ႔ ေလႁပြန္ကင္ဆာျဖစ္ပြားမႈက ၁၆.၆ ရာခိုင္ႏႈန္း၊ ပါးစပ္နဲ႔ အာေခါင္ ကင္ဆာ ၁၂.၉ ရာခိုင္ႏႈန္း၊ အသည္းကင္ဆာ ၁၂.၅ ရာခိုင္ ႏႈန္း၊ အစာအိမ္ကင္ဆာ ၁၁.၃ ရာခိုင္ႏႈန္း၊ အစာမ်ိဳေရမ်ိဳ ကင္ဆာ ၈.၉ ရာခိုင္ႏႈန္း၊ အျခားကင္ဆာက ၃၇.၉ ရာခိုင္ႏႈန္း ရွိတယ္လို႔ ဝန္ႀကီးခ်ဳပ္ ေရးသားထားတဲ့ ကိုယ့္ဘဝ ကိုယ္ျပင္၊ ရင္ဆိုင္ ႐ုန္းကန္ဆိုတဲ့ ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

အမ်ိဳုးသမီးေတြကေတာ့ အဆုန္ေလႁပြန္ကင္ဆာက ၁၃.၈ ရာခိုင္ႏႈန္း၊ သားအိမ္ေခါင္းကင္ဆာ ၁၂.၇ ရာခိုင္ႏႈန္း၊ ရင္သားကင္ဆာ ၁၁.၈ ရာခိုင္ႏႈန္း၊ အစာအိမ္ကင္ဆာ ၇.၂ ရာခိုင္ႏႈန္း၊ အသည္းကင္ဆာ ၆.၀ ရာခိုင္ႏႈန္းနဲ႔ အျခားကင္ဆာျဖစ္ပြားမႈကေတာ့ ၄၈.၅ ရာခိုင္ႏႈန္းရွိတယ္လို႔  ဝန္ႀကီးခ်ဳပ္က သတိေပးပါတယ္။

ကင္ဆာေရာဂါျဖစ္ပြားမႈဟာ စိုးရိမ္စရာအေျခအေနျဖစ္ေနတာေၾကာင့္ ဥပေဒနဲ႔အညီ ထိေရာက္စြာ ကာကြယ္ႏိုင္ဖို႔ ဆိုတဲ့ အဆိုကို ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ၂၀၁၉ ခုႏွစ္ ဇြန္လ ၆ ရက္ ေန႔က အတည္ျပဳထားပါတယ္။

ဝင္ေငြအသင့္အတင့္ရွိတဲ့ႏိုင္ငံ၊ ဝင္ေငြနည္းပါးတဲ့ႏိုင္ငံေတြမွာ ကင္ဆာေရာဂါကာကြယ္ေစာင့္ေရွာက္ေရးကို အကန႔္အသတ္နဲ႔သာ လုပ္ေဆာင္ႏိုင္တဲ့အတြက္ ေနာင္လာမယ့္ႏွစ္ေပါင္း ၂၀ ဆိုရင္ ကင္ဆာ ေရာဂါျဖစ္ပြားမႈဟာ ၈၁ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေခမဏီဝင္း / RFA Burmese
----------------------------------

(Unicode)⤵⤵⤵
ကင်ဆာရောဂါ သတိပြုဖို့ မန္တလေးဝန်ကြီးချုပ် ဆောင်းပါးရေး တိုက်တွန်း

ကင်ဆာကြောင့် သေဆုံးရတဲ့ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်လွှား သေဆုံးမှုတွေထက် ပိုများနေတယ်လို့ ကိုယ်တိုင် ကင်ဆာရောဂါကို အံတုနေရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ဆောင်းပါးတစ်ပုဒ်မှာ ရေးထားပါတယ်။

ကင်ဆာရောဂါသည်တွေအနေနဲ့ ရောဂါဖြစ်ပြီဆိုတာကိုသိတာနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင် ထားသင့်တယ်လို့ အညာသားဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားထားတဲ့ မန္တလေးနေ့စဉ် သတင်းစာ ဆောင်းပါးမှာ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဆောင်းပါးထဲမှာတော့ ကမ္ဘာ့ ကင်ဆာရောဂါဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းခန့် ဟာ အာရှမှာ ရှိနေကြောင်း၊ သူ့အနေနဲ့ သွေးကင်ဆာရောဂါဖြစ်ပြီဆိုတာကို သိလိုက်ရတော့ သင့်တော်တဲ့ ကုထုံးနဲ့ ကုသခံယူဖို့ ပြင်ဆင်ခဲ့ကြောင်း၊ စတဲ့အချက်တွေ ပါဝင်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေတဲ့ မန္တလေးနေ့စဉ်သတင်းစာမှာ အခုလ ၈ ရက်နေ့က ဖော်ပြခဲ့တာပါ။

မိတ်ဆွေတွေက အားပေးကြကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံက တရားမှတ်ဖို့ ပြောခဲ့သလို၊ ဆေးဒဏ်ကို အလူးအလဲ ခံရချိန်မှာ Viber Massage ပို့ပြီး အားပေးခဲ့ကြောင်း၊ ဒီလိုအားပေးမှုတွေမရှိရင် ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်က ရေးထားပါတယ်။

ဝန်ကြီးချုပ် ဟာ သွေးကင်ဆာရောဂါကို ထိုင်းနိုင်ငံမှာ ကုသမှု ခံယူနေတာပါ။

၂ဝ၁၈ ခုနှစ် စစ်တမ်းများအရဆိုရင် မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားမှု (၆၉၅၅၄) ဦး ရှိခဲ့ပြီး (၅၁ဝ၅၉) ဦး သေဆုံးခဲ့တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာရောဂါ ပေါများမှန်း၊ ကင်ဆာဆေးသွင်းသူတွေများမှန်း ဆေးရုံကြီးရောက်မှ မျက်ဝါး ထင်ထင် မြင်ခဲ့ရတယ်ဆိုတဲ့ ဝန်ကြီးချုပ်က မန္တလေးမှာ လိုအပ်တဲ့ ကင်ဆာကုဆေးရုံတစ်ခု ပေါ်ပေါက်လာရေး အတွက် နိုင်ငံတော် သမ္မတကို တောင်းဆိုခဲ့ပါတယ်လို့လည်း ဆောင်းပါးထဲမှာ ဖော်ပြခဲ့ပါတယ်။

ရန်ကုန်မြို့က ထင်ရှားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဖြိုးသီဟက အသီးအနှံတွေ၊ အစားစာတွေမှာ တာရှည်ခံဆေး၊ ဆိုးဆေး အသုံးပြုထည့်ကြတာကို မြန်မာနိုင်ငံမှာ အများအပြား တွေ့နိုင်ပြီး ဒါတွေကို ကြာရှည် စားသုံးရင်  ကင်ဆာဖြစ်ပွားတတ်ပေမယ့် လူအများစု ရှောင်ဖို့ခက်နေတယ်လို့ ထောက်ပြပါတယ်။

“ကင်ဆာတို့ သွေးတိုး၊ ဆီးချို့တို့ဟာ မကူးစက်နိုင်တဲ့ရောဂါဖြစ်ပေမယ့် အန္တရာယ် တော်တော်ပေးတဲ့ ရောဂါပေါ့၊ ဒါကနိုင်ငံအတွက် ကြီးမားတဲ့ ကျန်းမာရေး ဝန်ထုတ်ဝန်ပိုးလို့ ပြောလို့ရတယ်။ လူနေမှုပုံစံနဲ့လည်း အများကြီး ဆက်စပ်ပတ်သက်မှုရှိတယ်"

ကျန်းမားရေးနဲ့ လိုက်လျောညီထွေဖြစ်မယ့် နေထိုင်မှုက အရေးကြီးကြောင်း ဒေါက်တာ ဖြိုးသီဟက အချက် သုံးချက် နဲ့ ရှင်းလင်းပြောပါတယ်။

“စားသောက်နေထိုင်မှုတွေ ပြောင်းရမယ်။ အကင်တွေ အများကြီးစားတာက လူတစ်ယောက်ကို ကင်ဆာ ဖြစ်စေဖို့ ပိုပြီးတွန်းအားပေးစေတယ်။ ဒုတိယအချက်က နေထိုင်ရတဲ့ ပတ်ဝန်းကျင် ပိုကောင်းလာဖို့၊ လူတွေက ဗိုက်ဝရုံ စားနေရတယ်။ တကယ်တော့ ဗိုက်ဝရုံတင်မကဘူး၊ အဟာရပြည့်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လည်း လိုတယ်။ တတိယတစ်ခုကတော့ စောစောသိအောင် လုပ်နိုင်ဖို့လိုတယ်။ စောစီး သိရင် ကုသရတာ လွယ်တယ်၊ အခုက မဖြစ်တော့ဘူးဆိုမှ ဆေးရုံရောက်လာတော့ ကုသရတာ ခက်တယ်၊ အသက်သေဆုံးမှုများတယ်”

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများအနေအနေနဲ့လည်း ကြိုးပမ်းလုပ်ကိုင် နေကြပေမယ့် ဝန်နဲ့အားမမျှတဲ့ အခြေနေဖြစ်နေသေးတယ်လို့ ဒေါက်တာ ဖြိုးသီဟက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဆောင်းပါးထဲမှာလည်း ကင်ဆာဖြစ်ပြီဆိုရင် မိသားစုနဲ့ အရင်တိုင်ပင်ဖို့၊ ကုန်ကျစရိတ်ကို စဉ်းစားထားဖို့၊ အရောင်ပါတဲ့အသီး အရွက်တွေစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာမျိုးတွေ အကြံပေးထားပါတယ်။

မြန်မာအမျိုးသားတွေမှာဆိုရင် အဆုတ်နဲ့ လေပြွန်ကင်ဆာဖြစ်ပွားမှုက ၁၆.၆ ရာခိုင်နှုန်း၊ ပါးစပ်နဲ့ အာခေါင် ကင်ဆာ ၁၂.၉ ရာခိုင်နှုန်း၊ အသည်းကင်ဆာ ၁၂.၅ ရာခိုင် နှုန်း၊ အစာအိမ်ကင်ဆာ ၁၁.၃ ရာခိုင်နှုန်း၊ အစာမျိုရေမျို ကင်ဆာ ၈.၉ ရာခိုင်နှုန်း၊ အခြားကင်ဆာက ၃၇.၉ ရာခိုင်နှုန်း ရှိတယ်လို့ ဝန်ကြီးချုပ် ရေးသားထားတဲ့ ကိုယ့်ဘဝ ကိုယ်ပြင်၊ ရင်ဆိုင် ရုန်းကန်ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အမျိုုးသမီးတွေကတော့ အဆုန်လေပြွန်ကင်ဆာက ၁၃.၈ ရာခိုင်နှုန်း၊ သားအိမ်ခေါင်းကင်ဆာ ၁၂.၇ ရာခိုင်နှုန်း၊ ရင်သားကင်ဆာ ၁၁.၈ ရာခိုင်နှုန်း၊ အစာအိမ်ကင်ဆာ ၇.၂ ရာခိုင်နှုန်း၊ အသည်းကင်ဆာ ၆.၀ ရာခိုင်နှုန်းနဲ့ အခြားကင်ဆာဖြစ်ပွားမှုကတော့ ၄၈.၅ ရာခိုင်နှုန်းရှိတယ်လို့  ဝန်ကြီးချုပ်က သတိပေးပါတယ်။

ကင်ဆာရောဂါဖြစ်ပွားမှုဟာ စိုးရိမ်စရာအခြေအနေဖြစ်နေတာကြောင့် ဥပဒေနဲ့အညီ ထိရောက်စွာ ကာကွယ်နိုင်ဖို့ ဆိုတဲ့ အဆိုကို ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက် နေ့က အတည်ပြုထားပါတယ်။

ဝင်ငွေအသင့်အတင့်ရှိတဲ့နိုင်ငံ၊ ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေမှာ ကင်ဆာရောဂါကာကွယ်စောင့်ရှောက်ရေးကို အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်တဲ့အတွက် နောင်လာမယ့်နှစ်ပေါင်း ၂၀ ဆိုရင် ကင်ဆာ ရောဂါဖြစ်ပွားမှုဟာ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/mdy-chief-minister-on-his-cancer-survival-05112020052231.html
ကင္ဆာေရာဂါ သတိျပဳဖို႔ မႏၲေလးဝန္ႀကီးခ်ဳပ္ ေဆာင္းပါးေရး တိုက္တြန္း ကင္ဆာေရာဂါ သတိျပဳဖို႔ မႏၲေလးဝန္ႀကီးခ်ဳပ္ ေဆာင္းပါးေရး တိုက္တြန္း Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.