ဖမ္းဆီးခံထားရသူ ေတာင္ကုတ္- ဆားျပင္ေက်းရြာ ANP ဥကၠ႒ အပါအ၀င္ ၅ ဦးကို အၾကမ္းဖက္မႈျဖင့္ တရားစြဲ


နိရဥၥရာ၊ ေမ ၁၁ / ၂၀၂၀

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဆားျပင္ေက်းရြာမွ ဖမ္းဆီးခံထားရသူ ေက်းရြာ ANP ဥကၠ႒ အပါအ၀င္ ၅ ဦးကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၂ (က) ျဖင့္ ယေန႕တြင္ တရားစြဲဆိုလိုက္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။

အဆိုပါ တရားစြဲခံရသူမ်ားမွာ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဆားျပင္ေက်းရြာအုပ္စု ရခိုင္အမ်ိဳးသားပါတီ (ANP) ေက်းရြာ ဥကၠ႒ ကိုျပံဳးခ်ိဳႏွင့္ ေက်းရြာသားမ်ား ျဖစ္ၾကသည့္ ကိုသန္းႏိုင္၊ ကိုေအာင္ထူး၊ ကိုေမာင္ျမင့္ေအာင္၊ ကိုလွျဖဴတို႔ ျဖစ္ၾကသည္။

၄င္းတို႔ ၅ ဦးကို ဧၿပီလ ၅ ရက္ေန႔က ဖမ္းဆီးသြားၿပီး မတရားအသင္းဆက္သြယ္မႈ ပုဒ္မ (၁၇) ျဖင့္ လမူးစခန္းမွ အမႈဖြင့္တရားစြဲဆိုထားခဲ့ရာ ၿမိဳ႕နယ္တရားရံုးက သက္ေသခိုင္လံုမႈမ႐ွိဆိုၿပီး ေမလ ၅ရက္ေန႔က ျပန္လႊတ္ေပးခဲ့သည္။ မိနစ္အနည္းငယ္ အၾကာတြင္ ၎တို႕ ၅ ဦးအား ထပ္မံ ဖမ္းဆီးျပီး မအီျမိဳ႕အနီး ဗံုးေပါက္ကြဲမႈႏွင့္ ဆက္စပ္ကာ အၾကမ္းဖက္မႈျဖင့္ အမႈဖြင့္ကာ ရမန္ယူခဲ့သည္။

ေတာင္ကုတ္ျမိဳ႕နယ္ တရားသူၾကီးမွ ေနာက္ထပ္ ၄ ရက္ ရမန္ေပးခဲ့ျပီး ယေန႕ ေမလ ၁၁ ရက္ေန႕တြင္ ရံုးထုတ္ျပီး အၾကမ္းဖက္မႈ ပုဒ္မ ၅၂ ျဖင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္ေၾကာင္း ဦးျပံဳးခ်ိဳ၏ညီမ ေဒၚသန္းသန္းဆင့္က ေျပာသည္။

"သူတို႔က ဒီေန႔ရံုးထုတ္တယ္။ ၿပီးေတာ့ သူတို႔ကို ဒီေန႔တရားစြဲတယ္။ ၅၂ (က) နဲ႔ တရားစြဲတယ္။ တရားစြဲတာကေတာ့ မအီစခန္းမွဴးက တရားလိုလုပ္ၿပီး စြဲတာပါ"ဟု ၎က ေျပာသည္။

အဆိုပါအမႈကိစၥႏွင့္ ပတ္သက္၍ လာမည့္ ေမလ ၂၂ ကို ရံုးခ်ိန္လိုက္သည္ဟု ၄င္းကဆက္ေျပာသည္။

သူတို႕အမႈအား လိုက္ပါ ေဆာင္ရြက္ေပးေနသူ ေရွ႕ေန ဦးတင္ညိဳအား ဆက္သြယ္ရာ ဖုန္းပိတ္ထားသျဖင့္ ဆက္သြယ္ ေမးျမန္းႏိုင္ျခင္း မရွိပါ။ ၎ေရးထားေသာပုိ႕စ္တြင္ ဆားျပင္ေက်းရြာအုပ္စု ရခိုင္အမ်ိဳးသားပါတီ ဥကၠ႒ ဦးျပံဳးခ်ိဳပါ (၅) ဦးအား ေတာင္ကုတ္ျမိဳ႕နယ္ တရားရံုးသို႕ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂ (က) အရ အေရးယူေပးရန္ ယေန႕တြင္ တရားစြဲဆိုတင္ပို႕ခဲ့ျပီ ျဖစ္ပါေၾကာင္း၊ ၎အမႈ၏ ျပစ္ဒဏ္မွာ အနည္းဆံုး ေထာင္ဒဏ္ ၃ ႏွစ္မွ အမ်ားဆံုး ေထာင္ဒဏ္ ၇ ႏွစ္ အထိ က်ခံေစႏိုင္ေသာ စြဲဆိုခ်က္ ျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားသည္။

ထြန္းခိုင္ (ေတာင္ရင္းကြၽန္) / Narinjara
--------------------
Unicode:

ဖမ်းဆီးခံထားရသူ တောင်ကုတ်- ဆားပြင်ကျေးရွာ ANP ဥက္ကဋ္ဌ အပါအဝင် ၅ ဦးကို အကြမ်းဖက်မှုဖြင့် တရားစွဲ

နိရဥ္စရာ၊ မေ ၁၁ / ၂၀၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကျေးရွာ ANP ဥက္ကဋ္ဌ အပါအဝင် ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ယနေ့တွင် တရားစွဲဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ တရားစွဲခံရသူများမှာ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာအုပ်စု ရခိုင်အမျိုးသားပါတီ (ANP) ကျေးရွာ ဥက္ကဋ္ဌ ကိုပြုံးချိုနှင့် ကျေးရွာသားများ ဖြစ်ကြသည့် ကိုသန်းနိုင်၊ ကိုအောင်ထူး၊ ကိုမောင်မြင့်အောင်၊ ကိုလှဖြူတို့ ဖြစ်ကြသည်။

၄င်းတို့ ၅ ဦးကို ဧပြီလ ၅ ရက်နေ့က ဖမ်းဆီးသွားပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ (၁၇) ဖြင့် လမူးစခန်းမှ အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ မြို့နယ်တရားရုံးက သက်သေခိုင်လုံမှုမရှိဆိုပြီး မေလ ၅ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ မိနစ်အနည်းငယ် အကြာတွင် ၎င်းတို့ ၅ ဦးအား ထပ်မံ ဖမ်းဆီးပြီး မအီမြို့အနီး ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ကာ အကြမ်းဖက်မှုဖြင့် အမှုဖွင့်ကာ ရမန်ယူခဲ့သည်။

တောင်ကုတ်မြို့နယ် တရားသူကြီးမှ နောက်ထပ် ၄ ရက် ရမန်ပေးခဲ့ပြီး ယနေ့ မေလ ၁၁ ရက်နေ့တွင် ရုံးထုတ်ပြီး အကြမ်းဖက်မှု ပုဒ်မ ၅၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဦးပြုံးချို၏ညီမ ဒေါ်သန်းသန်းဆင့်က ေျပာသည်။

"သူတို့က ဒီနေ့ရုံးထုတ်တယ်။ ပြီးတော့ သူတို့ကို ဒီနေ့တရားစွဲတယ်။ ၅၂ (က) နဲ့ တရားစွဲတယ်။ တရားစွဲတာကတော့ မအီစခန်းမှူးက တရားလိုလုပ်ပြီး စွဲတာပါ"ဟု ၎င်းက ပြောသည်။

အဆိုပါအမှုကိစ္စနှင့် ပတ်သက်၍ လာမည့် မေလ ၂၂ ကို ရုံးချိန်လိုက်သည်ဟု ၄င်းကဆက်ပြောသည်။

သူတို့အမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးတင်ညိုအား ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိပါ။ ၎င်းရေးထားသောပို့စ်တွင် ဆားပြင်ကျေးရွာအုပ်စု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးပြုံးချိုပါ (၅) ဦးအား တောင်ကုတ်မြို့နယ် တရားရုံးသို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အရ အရေးယူပေးရန် ယနေ့တွင် တရားစွဲဆိုတင်ပို့ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၎င်းအမှု၏ ပြစ်ဒဏ်မှာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ် အထိ ကျခံစေနိုင်သော စွဲဆိုချက် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ထွန်းခိုင် (တောင်ရင်းကျွန်) / Narinjara
https://www.facebook.com/narinjara.info/ 
ဖမ္းဆီးခံထားရသူ ေတာင္ကုတ္- ဆားျပင္ေက်းရြာ ANP ဥကၠ႒ အပါအ၀င္ ၅ ဦးကို အၾကမ္းဖက္မႈျဖင့္ တရားစြဲ ဖမ္းဆီးခံထားရသူ ေတာင္ကုတ္- ဆားျပင္ေက်းရြာ ANP ဥကၠ႒ အပါအ၀င္ ၅ ဦးကို အၾကမ္းဖက္မႈျဖင့္ တရားစြဲ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.