ဒုတိယကမာၻစစ္တြင္ ဆိုဗီယက္ျပည္ေထာင္စု၏ အခန္းက႑ကို ေမွးမွိန္ေအာင္ အေမရိကန္က လုပ္ေဆာင္ေနေၾကာင္း ႐ုရွားေျပာ



Share/Bookmark

၂၀၂၀ ျပည့္ႏွစ္ ေမ ၉ ရက္တြင္ ႐ုရွားႏိုင္ငံ၌ ျပဳလုပ္သည့္ စစ္ေအာင္ပြဲေန႔အခမ္းအနား၌ Tu-95MS မဟာဗ်ဴဟာေျမာက္ ဗုံက်ဲေလယာဥ္မ်ား သ႐ုပ္ျပ ပ်ံသန္းေနစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေမာ္စကို ၊ ေမ ၁၁ ရက္(ဆင္ဟြာ)

    ဒုတိယကမာၻစစ္၏ သမိုင္းအမွန္ကို ပုံပ်က္ေအာင္ ႏွင့္ နာဇီဂ်ာမနီမ်ားအား ေခ်မႈန္းခဲ့သည့္ ဆိုဗီယက္ျပည္ေထာင္စု၏ အခန္းက႑ကို ေမွးမွိန္ေအာင္ အေမရိကန္ႏိုင္ငံက လုပ္ေဆာင္ေနေၾကာင္း ႐ုရွားႏိုင္ငံက ေျပာၾကားလိုက္သည္။

“ နာဇီေတြကို ေခ်မႈန္းခဲ့တဲ့ ရလဒ္ေတြကို ပုံပ်က္ေအာင္ လုပ္ေနတာေတြ ၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ပါဝင္မႈကို ေသးသိမ္ေအာင္ လုပ္ေနတာေတြအေပၚ  ကြၽန္ေတာ္တို႔ အရမ္းကို ေဒါသထြက္မိပါတယ္ ” ဟု ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေမ ၁၀ ရက္တြင္ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

လူမႈကြန္ရက္ေပၚတြင္ အေမရိကန္သမၼတအိမ္ျဖဴေတာ္မွ ေရးသားေဖာ္ျပေနသည့္ မွတ္ခ်က္စကားမ်ားကို လ်စ္လ်ဴရႈထား၍ မရႏိုင္ေၾကာင္း ၊ ၎ေရးသားခ်က္ထဲတြင္ နာဇီမ်ားအေပၚ အေမရိကန္ ႏွင့္ ၿဗိတိန္ ႏိုင္ငံတို႔ကသာ အႏိုင္ယူခဲ့သည္ဟူ၍ ေဖာ္ျပခဲ့ေၾကာင္း ႐ုရွားဝန္ႀကီးဌာနက ဆိုသည္။

“ အေမရိကန္အရာရွိေတြဟာ ရဲစြမ္းသတၱိမရွိၾကသလို လူသားအားလုံးအတြက္ တပ္နီေတာ္နဲ႔ ဆိုဗီယက္ျပည္သူေတြ အသက္ေပါင္းမ်ားစြာ စြန႔္လႊတ္အနစ္နာခံခဲ့တာေတြ ၊ အမွန္တရားရဲ႕ အခန္းက႑ေတြကိုလည္း ေလးစားသမႈ မရွိပါဘူး” ဟူ၍ ေၾကညာခ်က္တြင္ ျဖည့္စြက္ေဖာ္ျပထားသည္။

“ ႐ုရွားသမၼတ ဗလာတီမာပူတင္နဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ဟာ ဆိုဗီယက္ နဲ႔ အေမရိကန္စစ္သားေတြၿခံရံၿပီး Elbe ျမစ္ကမ္းနံေဘးမွာ  ၇၅ႏွစ္ေျမာက္ စစ္ေအာင္ပြဲေန႔အခမ္းအနားမွာ ေတြ႕ဆုံၾကဖို႔ ပါ။ အဲလိုအမူအက်င့္ေၾကာင့္ပဲ အေၾကာင္းမလွစြာနဲ႔ ပယ္ဖ်က္လိုက္ရတာကို ဧၿပီ ၂၅ ရက္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ တစ္ေစာင္မွာ ရွင္းရွင္းလင္းလင္း ေဖာ္ျပခဲ့တယ္ ” ဟု ဆက္လက္ ေရးသားထားသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ႐ုရွားႏိုင္ငံသည္ အေမရိကန္အစိုးရအရာရွိမ်ားႏွင့္  “ အေလးအနက္ေဆြးေႏြးမႈတစ္ခု” ျပဳလုပ္ရန္ စီစဥ္လ်က္ရွိေၾကာင္း ဝန္ႀကီးဌာန၏ ေၾကညာခ်က္အရ သိရသည္။႐ုရွားႏိုင္ငံသည္ COVID-19 ကူးစက္မႈ တိုက္ဖ်က္ေရးလုပ္ေဆာင္ေနသည့္ အေရးႀကီးကာလမွာပင္ ေမ ၉ ရက္၌ ဒုတိယကမာၻစစ္အတြင္း နာဇီမ်ားအေပၚ ဆိုဗီယက္ျပည္ေထာင္စုက စစ္ေအာင္ႏိုင္ျခင္း ၇၅ ႏွစ္ေျမာက္အခမ္းအနားကို က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

(Xinhua)
-----------------------------
(Unicode)⤵⤵⤵
ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ အခန်းကဏ္ဍကို မှေးမှိန်အောင် အမေရိကန်က လုပ်ဆောင်နေကြောင်း ရုရှားပြော

    မော်စကို ၊ မေ ၁၁ ရက်(ဆင်ဟွာ)

    ဒုတိယကမ္ဘာစစ်၏ သမိုင်းအမှန်ကို ပုံပျက်အောင် နှင့် နာဇီဂျာမနီများအား ချေမှုန်းခဲ့သည့် ဆိုဗီယက်ပြည်ထောင်စု၏ အခန်းကဏ္ဍကို မှေးမှိန်အောင် အမေရိကန်နိုင်ငံက လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်သည်။

“ နာဇီတွေကို ချေမှုန်းခဲ့တဲ့ ရလဒ်တွေကို ပုံပျက်အောင် လုပ်နေတာတွေ ၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပါဝင်မှုကို သေးသိမ်အောင် လုပ်နေတာတွေအပေါ်  ကျွန်တော်တို့ အရမ်းကို ဒေါသထွက်မိပါတယ် ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

လူမှုကွန်ရက်ပေါ်တွင် အမေရိကန်သမ္မတအိမ်ဖြူတော်မှ ရေးသားဖော်ပြနေသည့် မှတ်ချက်စကားများကို လျစ်လျူရှုထား၍ မရနိုင်ကြောင်း ၊ ၎င်းရေးသားချက်ထဲတွင် နာဇီများအပေါ် အမေရိကန် နှင့် ဗြိတိန် နိုင်ငံတို့ကသာ အနိုင်ယူခဲ့သည်ဟူ၍ ဖော်ပြခဲ့ကြောင်း ရုရှားဝန်ကြီးဌာနက ဆိုသည်။

“ အမေရိကန်အရာရှိတွေဟာ ရဲစွမ်းသတ္တိမရှိကြသလို လူသားအားလုံးအတွက် တပ်နီတော်နဲ့ ဆိုဗီယက်ပြည်သူတွေ အသက်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံခဲ့တာတွေ ၊ အမှန်တရားရဲ့ အခန်းကဏ္ဍတွေကိုလည်း လေးစားသမှု မရှိပါဘူး” ဟူ၍ ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

“ ရုရှားသမ္မတ ဗလာတီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဆိုဗီယက် နဲ့ အမေရိကန်စစ်သားတွေခြံရံပြီး Elbe မြစ်ကမ်းနံဘေးမှာ  ၇၅နှစ်မြောက် စစ်အောင်ပွဲနေ့အခမ်းအနားမှာ တွေ့ဆုံကြဖို့ ပါ။ အဲလိုအမူအကျင့်ကြောင့်ပဲ အကြောင်းမလှစွာနဲ့ ပယ်ဖျက်လိုက်ရတာကို ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ် ” ဟု ဆက်လက် ရေးသားထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံသည် အမေရိကန်အစိုးရအရာရှိများနှင့်  “ အလေးအနက်ဆွေးနွေးမှုတစ်ခု” ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။ရုရှားနိုင်ငံသည် COVID-19 ကူးစက်မှု တိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အရေးကြီးကာလမှာပင် မေ ၉ ရက်၌ ဒုတိယကမ္ဘာစစ်အတွင်း နာဇီများအပေါ် ဆိုဗီယက်ပြည်ထောင်စုက စစ်အောင်နိုင်ခြင်း ၇၅ နှစ်မြောက်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/world/eastern-europe/27488-2020-05-11-03-59-36

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ