ထိုင္းကျပန္လာမယ့္ လုပ္သား ႏွစ္ေသာင္းေက်ာ္ ျမဝတီမွာ စတင္လက္ခံ

(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံကေန ျမန္မာျပည္ျပန္လာဖို႔ စာရင္းေပးထားတဲ့ ျမန္မာေ႐ႊ႕ေျပာင္း လုပ္သား ႏွစ္ေသာင္း ေက်ာ္ကို ျမဝတီအမွတ္၂ တံတားကေန ဒီေန႔ ေမ ၁ ရက္ေန႔မွာ စတင္လက္ခံေနပါၿပီ။

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီအမွတ္ ၂ တံတားကေန ျပန္လည္ဝင္ေရာက္လာသူ ဒီေန႔ အေယာက္ ၅၀ ေက်ာ္ပဲရွိပါေသးတယ္။ ထိုင္းႏိုင္ငံအတြင္း ခ႐ိုင္တစ္ခုနဲ႔ တစ္ခု သြားလာခြင့္ ပိတ္ထားတာ၊ ညမထြက္ရအမိန႔္ ေတြ ထုတ္ျပန္ထားတာ၊ ဘတ္စ္ကားဂိတ္ေတြ ျပန္မဖြင့္ေသးတာ စတဲ့ အေျခအေနေတြေၾကာင့္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားအမ်ားစု  ျပန္မလာႏိုင္ၾကေသးပါဘူး။

ျမန္မာအလုပ္သမားေတြ စနစ္တက်ျပန္လည္ဝင္ေရာက္ႏိုင္ဖို႔ ထိုင္းအစိုးရနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္လို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးဘိုဘိုေဝေမာင္က ေျပာပါတယ္။

“ျပန္လာဖို႔က ဟိုဘက္က အမိန႔္ထုတ္ျပန္ခ်က္ေလးေတြေၾကာင့္ အခက္ခဲရွိေနတာ၊ က်ေနာ္တို႔ကေတာ့ ဒီဟာကိုေျဖေလွ်ာ့ေပးဖို႔ ဟိုဘက္နဲ႔ ေဆြးေႏြးေနတယ္၊ စနစ္တက် ပို႔ေဆာင္တာျဖစ္ေစခ်င္တာေပါ့ေနာ္၊ က်ေနာ္ဘက္ကိုလာတဲ့ ဘတ္စ္ကားဂိတ္ေတြရွိတယ္၊ ထြက္တာကအစ စနစ္တက် က်ေနာ္ဘက္က တစ္ရက္ ၂၅၀၀ ပဲမွန္းတာေၾကာင့္ စနစ္တက် ဟိုဘက္ဒီဘက္ခ်ိတ္ၿပီးေတာ့ ျပန္လာဖို႔ စီစဥ္ေဆာင္႐ြက္ေနပါတယ္”

ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စက္႐ုံေတြပိတ္တာ၊ လုပ္သားအင္အား ေလွ်ာ့ခ်တာေတြေၾကာင့္ အလုပ္လက္မဲ့ျဖစ္သြားတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ စားေသာက္ေနထိုင္ဖို႔ ခက္ခဲေနၾကပါတယ္။

ၿပီးခဲ့တဲ့ မတ္လအတြင္း ျမဝတီနယ္စပ္ဂိတ္ကေန ျမန္မာအလုပ္သမား ေလးေသာင္းေက်ာ္ ဝင္ေရာက္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အစိုးရက ဧၿပီလ ၁၅ ရက္ေနာက္ပိုင္းမွ ျပန္လာၾကဖို႔ ေမတၱာရပ္ခံခဲ့တာပါ။

ဧၿပီလ ၁၅ ရက္မတိုင္ခင္မွာပဲ ျပန္လည္လက္ခံေရး ေနရာေတြ၊ ေစာင့္ၾကည့္ကန႔္သတ္မယ့္ ေနရာေတြ ျပင္ဆင္ဖို႔ဆိုၿပီး ဧၿပီလကုန္မွ ျပန္လာၾကပါဆိုၿပီး ထပ္မံေၾကညာလိုက္ပါတယ္။

ျမန္မာျပည္ကိုျပန္လာမယ္ဆိုရင္ တရားဝင္ျဖစ္ေစ၊ တရားမဝင္ လုပ္သားေတြျဖစ္ေစ စာရင္းေပးၾကဖို႔ဆိုၿပီး ဘန္ေကာက္မွာရွိတဲ့ ျမန္မာသံ႐ုံးက ထုတ္ျပန္ထားပါတယ္။

ဒီေန႔ကစလို႔ ၃ ရက္အတြင္း လူႏွစ္ေသာင္းေက်ာ္ ျပန္လာဖို႔ ထိုင္းႏိုင္ငံက ျမန္မာသံ႐ုံးကို စာရင္းေပးထားတယ္လို႔ ဦးဘိုဘိုေဝေမာင္က ေျပာပါတယ္။

ထိုင္းႏိုင္ငံက ျမန္မာသံ႐ုံး တာဝန္ရွိသူေတြ၊ အလုပ္သမား သံအရာရွိေတြဆီ RFA က ဆက္သြယ္ေမးရာမွာေတာ့ လက္ခံေျဖၾကားျခင္း မရွိပါဘူး။

ျမန္မာလုပ္သားေတြ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္မွာ ျမန္မာအစိုးရအေနနဲ႔ ထိုင္းအစိုးရနဲ႔ အေက် အလည္ ညႇိႏႈိင္းသင့္တယ္လု႔ိ ျမန္မာျပည္သားမ်ားအေရး ပူးတြဲလႈပ္ရွားမႈေကာ္မတီဥကၠဌ ဦးမိုးႀကိဳးက ေျပာပါတယ္။

“ထိုင္းဘက္ကေန နယ္စပ္ျဖစ္တဲ့ မဲေဆာက္အပါအဝင္ တာ့ခ္ခ႐ိုင္အတြင္းမွာ ေနရပ္ျပန္ အလုပ္သမားေတြ လြတ္လြတ္လပ္လပ္ လႈပ္ရွားသြားလာႏိုင္ေအာင္ သူတို႔ရဲ႕ အေရးေပၚကာလ စည္းမ်ည္းစည္းကမ္းေတြကို ေျဖေလွ်ာ့ေပးဖို႔အတြက္ ထိုင္းဘက္ကို အေက်အလည္အေျပအလည္ ညႇိႏႈိင္းသင့္တယ္”

ျမန္မာလုပ္သားေတြကို ထိုင္းႏိုင္ငံဘက္က အစားအေသာက္ေဝတာ၊ က်န္းမာေရးစစ္ေဆးေပးတာ မရွိဘူးလို႔ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြက ေျပာပါတယ္။ ဒါေၾကာင့္ မိသားစုရွိတဲ့ ေနရပ္ကိုသာ ျပန္လာခ်င္ ေနၾကတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဘက္ကေတာ့ ျပန္လည္ဝင္ေရာက္လာမယ့္ ႏိုင္ငံသားေတြအတြက္ ျပင္ဆင္ထားတယ္လို႔ ျမဝတီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

“ျမဝတီမွာ Quanrantine စခန္း ၁၀ ခုေက်ာ္ေလာက္ရွိၿပီး အဲမွာ လူဦးေရ ႏွစ္ေထာင္ေလာက္ ထားတာေပါ့၊ သက္ဆိုင္ရာ အစိုးရအဖြဲ႕ေတြနဲ႔လည္း ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ခ်ိတ္ဆက္ၿပီး သက္ဆိုင္ရာေနရာမွာ Quanrantine ေတြထားႏိုင္ေအာင္ စီစဥ္ထားပါတယ္၊ အဓိက က်ေနာ္တို႔ ႀကိဳတင္ျပင္ဆင္တာကေတာ့ တကယ္လို႔ သူေဒသက လာႀကိဳဖို႔ေနာက္က်တဲ့အခါမွာ ျမဝတီတို႔၊ ဘားအံတို႔မွာပဲ ထားမယ္ေပါ့၊ အဓိကေတာ့ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္အသီးသီးရွိ အစိုးရေတြက လာႀကိဳရင္ ေတာ္ေတာ္ေလး အဆင္ေျပမွာေပါ့”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေမလဆန္းမွာ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံကို ျပန္လည္ဝင္ေရာက္လာမယ့္သူ ငါးေသာင္းကေန ခုႏွစ္ေသာင္းၾကားရွိႏိုင္တယ္လို႔ ေျပာထားပါတယ္။

ျပန္ဝင္လာသူေတြ နယ္စပ္ေဒသေတြက တိုင္းနဲ႔ ျပည္နယ္ေတြမွာ မထားေတာ့ဘဲ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ေတြကို ပို႔ေဆာင္ၿပီး ေစာင့္ၾကည့္ကန႔္သတ္စခန္းမွာထားဖို႔ အစိုးရကစီစဥ္ထားပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
----------------------------------------

(Unicode)⤵⤵⤵
ထိုင်းကပြန်လာမယ့် လုပ်သား နှစ်သောင်းကျော် မြဝတီမှာ စတင်လက်ခံ

ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာဖို့ စာရင်းပေးထားတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား နှစ်သောင်း ကျော်ကို မြဝတီအမှတ်၂ တံတားကနေ ဒီနေ့ မေ ၁ ရက်နေ့မှာ စတင်လက်ခံနေပါပြီ။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီအမှတ် ၂ တံတားကနေ ပြန်လည်ဝင်ရောက်လာသူ ဒီနေ့ အယောက် ၅၀ ကျော်ပဲရှိပါသေးတယ်။ ထိုင်းနိုင်ငံအတွင်း ခရိုင်တစ်ခုနဲ့ တစ်ခု သွားလာခွင့် ပိတ်ထားတာ၊ ညမထွက်ရအမိန့် တွေ ထုတ်ပြန်ထားတာ၊ ဘတ်စ်ကားဂိတ်တွေ ပြန်မဖွင့်သေးတာ စတဲ့ အခြေအနေတွေကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစု  ပြန်မလာနိုင်ကြသေးပါဘူး။

မြန်မာအလုပ်သမားတွေ စနစ်တကျပြန်လည်ဝင်ရောက်နိုင်ဖို့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

“ပြန်လာဖို့က ဟိုဘက်က အမိန့်ထုတ်ပြန်ချက်လေးတွေကြောင့် အခက်ခဲရှိနေတာ၊ ကျနော်တို့ကတော့ ဒီဟာကိုဖြေလျှော့ပေးဖို့ ဟိုဘက်နဲ့ ဆွေးနွေးနေတယ်၊ စနစ်တကျ ပို့ဆောင်တာဖြစ်စေချင်တာပေါ့နော်၊ ကျနော်ဘက်ကိုလာတဲ့ ဘတ်စ်ကားဂိတ်တွေရှိတယ်၊ ထွက်တာကအစ စနစ်တကျ ကျနော်ဘက်က တစ်ရက် ၂၅၀၀ ပဲမှန်းတာကြောင့် စနစ်တကျ ဟိုဘက်ဒီဘက်ချိတ်ပြီးတော့ ပြန်လာဖို့ စီစဉ်ဆောင်ရွက်နေပါတယ်”

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံတွေပိတ်တာ၊ လုပ်သားအင်အား လျှော့ချတာတွေကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စားသောက်နေထိုင်ဖို့ ခက်ခဲနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း မြဝတီနယ်စပ်ဂိတ်ကနေ မြန်မာအလုပ်သမား လေးသောင်းကျော် ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစိုးရက ဧပြီလ ၁၅ ရက်နောက်ပိုင်းမှ ပြန်လာကြဖို့ မေတ္တာရပ်ခံခဲ့တာပါ။

ဧပြီလ ၁၅ ရက်မတိုင်ခင်မှာပဲ ပြန်လည်လက်ခံရေး နေရာတွေ၊ စောင့်ကြည့်ကန့်သတ်မယ့် နေရာတွေ ပြင်ဆင်ဖို့ဆိုပြီး ဧပြီလကုန်မှ ပြန်လာကြပါဆိုပြီး ထပ်မံကြေညာလိုက်ပါတယ်။

မြန်မာပြည်ကိုပြန်လာမယ်ဆိုရင် တရားဝင်ဖြစ်စေ၊ တရားမဝင် လုပ်သားတွေဖြစ်စေ စာရင်းပေးကြဖို့ဆိုပြီး ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ကစလို့ ၃ ရက်အတွင်း လူနှစ်သောင်းကျော် ပြန်လာဖို့ ထိုင်းနိုင်ငံက မြန်မာသံရုံးကို စာရင်းပေးထားတယ်လို့ ဦးဘိုဘိုဝေမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံက မြန်မာသံရုံး တာဝန်ရှိသူတွေ၊ အလုပ်သမား သံအရာရှိတွေဆီ RFA က ဆက်သွယ်မေးရာမှာတော့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

မြန်မာလုပ်သားတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်မှာ မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ အကျေ အလည် ညှိနှိုင်းသင့်တယ်လု့ိ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းဘက်ကနေ နယ်စပ်ဖြစ်တဲ့ မဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်းမှာ နေရပ်ပြန် အလုပ်သမားတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်အောင် သူတို့ရဲ့ အရေးပေါ်ကာလ စည်းမျည်းစည်းကမ်းတွေကို ဖြေလျှော့ပေးဖို့အတွက် ထိုင်းဘက်ကို အကျေအလည်အပြေအလည် ညှိနှိုင်းသင့်တယ်”

မြန်မာလုပ်သားတွေကို ထိုင်းနိုင်ငံဘက်က အစားအသောက်ဝေတာ၊ ကျန်းမာရေးစစ်ဆေးပေးတာ မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒါကြောင့် မိသားစုရှိတဲ့ နေရပ်ကိုသာ ပြန်လာချင် နေကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ပြန်လည်ဝင်ရောက်လာမယ့် နိုင်ငံသားတွေအတွက် ပြင်ဆင်ထားတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

“မြဝတီမှာ Quanrantine စခန်း ၁၀ ခုကျော်လောက်ရှိပြီး အဲမှာ လူဦးရေ နှစ်ထောင်လောက် ထားတာပေါ့၊ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေနဲ့လည်း ဝန်ကြီးချုပ်ကိုယ်တိုင် ချိတ်ဆက်ပြီး သက်ဆိုင်ရာနေရာမှာ Quanrantine တွေထားနိုင်အောင် စီစဉ်ထားပါတယ်၊ အဓိက ကျနော်တို့ ကြိုတင်ပြင်ဆင်တာကတော့ တကယ်လို့ သူဒေသက လာကြိုဖို့နောက်ကျတဲ့အခါမှာ မြဝတီတို့၊ ဘားအံတို့မှာပဲ ထားမယ်ပေါ့၊ အဓိကတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ အစိုးရတွေက လာကြိုရင် တော်တော်လေး အဆင်ပြေမှာပေါ့”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေလဆန်းမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့်သူ ငါးသောင်းကနေ ခုနှစ်သောင်းကြားရှိနိုင်တယ်လို့ ပြောထားပါတယ်။

ပြန်ဝင်လာသူတွေ နယ်စပ်ဒေသတွေက တိုင်းနဲ့ ပြည်နယ်တွေမှာ မထားတော့ဘဲ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ပို့ဆောင်ပြီး စောင့်ကြည့်ကန့်သတ်စခန်းမှာထားဖို့ အစိုးရကစီစဉ်ထားပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/news/myanmar-workers-come-back-from-thai-05012020045716.html
ထိုင္းကျပန္လာမယ့္ လုပ္သား ႏွစ္ေသာင္းေက်ာ္ ျမဝတီမွာ စတင္လက္ခံ ထိုင္းကျပန္လာမယ့္ လုပ္သား ႏွစ္ေသာင္းေက်ာ္ ျမဝတီမွာ စတင္လက္ခံ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.