ရန္ကုန္နဲ႔ မႏၲေလးက စစ္ေဆးၿပီး စက္႐ံုတခ်ဳိ႕ ျပန္လည္ပတ္ေနၿပီ

ရန္ကုန္ၿမိဳ႕က အထည္ခ်ဳပ္ စက္ရံုတခုမွာ အလုပ္လုပ္ေနၾကတဲ့ အလုပ္သမားမ်ား (ႏို၀င္ဘာ ၀၁၊ ၂၀၁၈)
(Zawgyi/Unicode)

ရန္ကုန္နဲ႔ မႏၲေလး စက္မႈဇုန္တခ်ိဳ႕ လုပ္ငန္းစတင္လည္ပတ္ေနပါၿပီ။ COVID-19 ေရာဂါကာကြယ္ေရးကို က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္အတိုင္း ျပင္ဆင္ၿပီး ျပန္ဖြင့္ခြင့္ရတဲ့ စက္႐ုံေတြအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးမွာပါ။

စက္႐ုံေပါင္း ၈,၀၀၀ ေက်ာ္ရွိတဲ့ မႏၲေလးတိုင္းက စက္႐ုံ ၃၀၀ ေလာက္ ျပန္ဖြင့္ခြင့္ရၿပီး လုပ္ငန္းလည္ပတ္ေနပါၿပီ။ ဒါကေတာ့ က်န္းမာေရးဝန္ႀကီးဌာန ဦးစားေပး စစ္ေဆးတဲ့အထဲက စက္႐ုံေတြျဖစ္ပါတယ္။ မႏၲေလးတိုင္း လူဝင္မႈနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေအာင္ၾကည္က မႏၲေလးအေျခအေနကို အခုလိုေျပာျပပါတယ္။

“စားေသာက္ကုန္ထုတ္လုပ္တဲ့ စက္႐ုံေတြေတာ့ က်ေနာ္တို႔ ဖြင့္ပါတယ္ခင္ဗ်။ ေဆးဝါးစက္႐ုံေတြေပါ့ေနာ္ အဲဒါေတြက စစ္ေနရင္းနဲ႔ ဖြင့္ပါတယ္။ က်ေနာ္တို႔ ဒီေန႔အထိေတာ့ ( ႐ုံေပါင္း) ၂၈၀ ေလာက္ရွိသြားပါၿပီ။ က်န္းမာေရးဝန္ႀကီးဌာနကေတာ့ အဓိကေပါ့ေလ။ သူတို႔သတ္မွတ္ထားတဲ့ အဆင့္ေတြအတိုင္း ေရာက္ၿပီဆိုရင္ က်ေနာ္တို႔က ဖြင့္ေပးမွာပါ။ ၈,၁၃၁ ႐ုံေပါ့ က်ေနာ္တို႔ (မႏၲေလး) ကေတာ့။”

မႏၲေလးတိုင္းက စက္႐ုံေတြကို စစ္ေဆးဖို႔ သက္ဆိုင္တဲ့ ၿမိဳ႕နယ္အလိုက္ တိုင္းအစိုးရက ဖြဲ႕စည္းေပးၿပီး စစ္ေဆးေနတယ္လို႔ ဝန္ႀကီး ဦးေအာင္ၾကည္က ေျပာပါတယ္။

ရန္ကုန္တိုင္းမွာ စစ္ေဆးဖို႔ ရွိတဲ့ စက္႐ုံစုစုေပါင္းက ၆,၆၃၂ ႐ုံျဖစ္ၿပီး ဧၿပီလ ၂၀ ကေန ၃၀၊ ၁၀ ရက္အတြင္း စက္႐ုံေပါင္း ၂,၆၀၀ ေလာက္စစ္ေဆးၿပီးခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ ၂,၆၀၀ ထဲက စက္႐ုံျပန္လည္ပတ္ဖို႔ သင့္ေတာ္ၿပီး A အဆင့္သတ္မွတ္ထားတဲ့ စက္႐ုံက ၅၄၀ ရွိတယ္လို႔ ရန္ကုန္တိုင္းအစိုးရက ေျပာပါတယ္။ အစိုးရလမ္းၫႊန္ထားတဲ့ စက္႐ုံတြင္း တေယာက္နဲ႔တေယာက္ ၆ ေပ အကြာသတ္မွတ္ခ်က္ကိုလည္း စက္႐ုံေတြအေျခအေနအရ အဆင္ေျပေအာင္ စီစဥ္ေပးရေၾကာင္း ရန္ကုန္တိုင္း လူဝင္မႈနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

“တခ်ိဳ႕စက္႐ုံေတြမွာေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္ဖို႔ဆိုရင္ ေနရာထိုင္ခင္း အခက္အခဲလည္း ရွိႏိုင္တယ္။ အဲဒီလို အေျခအေနမ်ိဳးဆိုရင္ မ်က္ႏွာခ်င္းဆိုင္ မဟုတ္တဲ့ဟာမ်ိဳး ျဖစ္ရမယ္၊ ေနာက္ေက်ာေပးရမယ္။ ေနာက္ၿပီး partition ကာတာမ်ိဳးေတြနဲ႔ ေဆာင္႐ြက္ရမယ္။ ဒါေပမဲ့ အဲဒါသည္ပင္ ပူးပူးကပ္ကပ္၊ နီးကပ္တဲ့ဟာမ်ိဳးေတာ့ မျဖစ္ရဘူးေပါ့။ လုပ္ငန္းရွင္ေရာ၊ အလုပ္သမားေတြေရာ အားလုံးအတြက္ လုံေလာက္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ မဟုတ္ေသာ္လည္း ဒါကိုေတာ့ အေလးထား လိုက္နာၿပီး ေဆာင္႐ြက္ေပးၾကဖို႔ က်မတို႔ ထိန္းေၾကာင္း ေျပာၾကားေပးပါတယ္။”

စက္႐ုံ၊ အလုပ္႐ုံေတြကို က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း ျပင္ဆင္ထားတာ ရွိ၊ မရွိ ဧၿပီလကုန္ထိ စစ္ေဆးသြားမယ္ဆိုေပမဲ့ အမ်ားစုက်န္ေသးလို႔ အခု ေမလ ၁၅ ရက္အထိ အစိုးရက သက္တမ္း ထပ္တိုးထားပါတယ္။ စက္မႈၿမိဳ႕ေတာ္ လႈိင္သာယာရဲ႕အေျခအေနကို တိုင္းလႊတ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က အခုလိုေျပာပါတယ္။

“လႈိင္သာယာမွာ စက္႐ုံေပါင္း ၂,၀၀၀ နီးပါးေလာက္ရွိတယ္။ အခုမွ ၅၀၀ ေက်ာ္ဆိုေတာ့ အမ်ားႀကီးလိုေသးတယ္။ သို႔ေသာ္လည္း စစ္ေဆးဖို႔အတြက္ကို လာေရာက္တင္ျပတဲ့စက္႐ုံေတြလည္းရွိသလို၊ မတင္ျပတဲ့စက္႐ုံေတြလည္း အမ်ားႀကီးရွိတယ္။ စက္႐ုံကိုယ္တိုင္က က်ေနာ္တို႔ကို စစ္ေဆးေပးပါ က်ေနာ္တို႔ အဆင္သင့္ျဖစ္ေနပါၿပီဆိုရင္ ဒီဘက္က စစ္ေဆးမႈက အျမန္ဆုံးလုပ္ေပးတာေပါ့၊ စစ္ေဆးေရးအဖြဲ႕က။”

စက္႐ုံေတြပိတ္ထားတဲ့ကာလ အလုပ္သမားေတြ အဆင္ေျပေအာင္ လူမႈဖူလုံေၾကး ၄၀ ရာခိုင္ႏႈန္း အစိုးရက ေပးေနပါတယ္။ အစိုးရရဲ႕ လူမႈဖူလုံေရး စီမံကိန္းအတြက္ အက်ံဳးဝင္တဲ့ အာမခံလုပ္သားအင္အား ၁.၄၆ သန္း ရွိတယ္လို႔ အစိုးရထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အလုပ္ရွင္နဲ႔ အလုပ္သမားအင္အားက ႏိုင္ငံတိုးတက္ဖို႔ အဓိကက်ၿပီး ဟန္ခ်က္ညီ ပူးေပါင္းၾကဖို႔ ဒီေန႔ ေမလ ၁ ရက္ (၁၃၀) ႀကိမ္ေျမာက္ အလုပ္သမားေန႔မွာ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က သဝဏ္လႊာ ေပးပို႔ထားတာပါ။

ေဇာ္ထက္   / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------
[Unicode Version]

ရန်ကုန်နဲ့ မန္တလေးက စစ်ဆေးပြီး စက်ရုံတချို့ ပြန်လည်ပတ်နေပြီ

ရန်ကုန်နဲ့ မန္တလေး စက်မှုဇုန်တချို့ လုပ်ငန်းစတင်လည်ပတ်နေပါပြီ။ COVID-19 ရောဂါကာကွယ်ရေးကို ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း ပြင်ဆင်ပြီး ပြန်ဖွင့်ခွင့်ရတဲ့ စက်ရုံတွေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

စက်ရုံပေါင်း ၈,၀၀၀ ကျော်ရှိတဲ့ မန္တလေးတိုင်းက စက်ရုံ ၃၀၀ လောက် ပြန်ဖွင့်ခွင့်ရပြီး လုပ်ငန်းလည်ပတ်နေပါပြီ။ ဒါကတော့ ကျန်းမာရေးဝန်ကြီးဌာန ဦးစားပေး စစ်ဆေးတဲ့အထဲက စက်ရုံတွေဖြစ်ပါတယ်။ မန္တလေးတိုင်း လူဝင်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က မန္တလေးအခြေအနေကို အခုလိုပြောပြပါတယ်။

“စားသောက်ကုန်ထုတ်လုပ်တဲ့ စက်ရုံတွေတော့ ကျနော်တို့ ဖွင့်ပါတယ်ခင်ဗျ။ ဆေးဝါးစက်ရုံတွေပေါ့နော် အဲဒါတွေက စစ်နေရင်းနဲ့ ဖွင့်ပါတယ်။ ကျနော်တို့ ဒီနေ့အထိတော့ ( ရုံပေါင်း) ၂၈၀ လောက်ရှိသွားပါပြီ။ ကျန်းမာရေးဝန်ကြီးဌာနကတော့ အဓိကပေါ့လေ။ သူတို့သတ်မှတ်ထားတဲ့ အဆင့်တွေအတိုင်း ရောက်ပြီဆိုရင် ကျနော်တို့က ဖွင့်ပေးမှာပါ။ ၈,၁၃၁ ရုံပေါ့ ကျနော်တို့ (မန္တလေး) ကတော့။”

မန္တလေးတိုင်းက စက်ရုံတွေကို စစ်ဆေးဖို့ သက်ဆိုင်တဲ့ မြို့နယ်အလိုက် တိုင်းအစိုးရက ဖွဲ့စည်းပေးပြီး စစ်ဆေးနေတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းမှာ စစ်ဆေးဖို့ ရှိတဲ့ စက်ရုံစုစုပေါင်းက ၆,၆၃၂ ရုံဖြစ်ပြီး ဧပြီလ ၂၀ ကနေ ၃၀၊ ၁၀ရက်အတွင်း စက်ရုံပေါင်း ၂,၆၀၀ လောက်စစ်ဆေးပြီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ၂,၆၀၀ ထဲက စက်ရုံပြန်လည်ပတ်ဖို့ သင့်တော်ပြီး A အဆင့်သတ်မှတ်ထားတဲ့ စက်ရုံက ၅၄၀ ရှိတယ်လို့ ရန်ကုန်တိုင်းအစိုးရက ပြောပါတယ်။ အစိုးရလမ်းညွှန်ထားတဲ့ စက်ရုံတွင်း တယောက်နဲ့တယောက် ၆ ပေ အကွာသတ်မှတ်ချက်ကိုလည်း စက်ရုံတွေအခြေအနေအရ အဆင်ပြေအောင် စီစဉ်ပေးရကြောင်း ရန်ကုန်တိုင်း လူဝင်မှုနဲ့လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

“တချို့စက်ရုံတွေမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် နေရာထိုင်ခင်း အခက်အခဲလည်း ရှိနိုင်တယ်။ အဲဒီလို အခြေအနေမျိုးဆိုရင် မျက်နှာချင်းဆိုင် မဟုတ်တဲ့ဟာမျိုး ဖြစ်ရမယ်၊ နောက်ကျောပေးရမယ်။ နောက်ပြီး partition ကာတာမျိုးတွေနဲ့ ဆောင်ရွက်ရမယ်။ ဒါပေမဲ့ အဲဒါသည်ပင် ပူးပူးကပ်ကပ်၊ နီးကပ်တဲ့ဟာမျိုးတော့ မဖြစ်ရဘူးပေါ့။ လုပ်ငန်းရှင်ရော၊ အလုပ်သမားတွေရော အားလုံးအတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်သော်လည်း ဒါကိုတော့ အလေးထား လိုက်နာပြီး ဆောင်ရွက်ပေးကြဖို့ ကျမတို့ ထိန်းကြောင်း ပြောကြားပေးပါတယ်။”

စက်ရုံ၊ အလုပ်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင်ထားတာ ရှိ၊ မရှိ ဧပြီလကုန်ထိ စစ်ဆေးသွားမယ်ဆိုပေမဲ့ အများစုကျန်သေးလို့ အခု မေလ ၁၅ ရက်အထိ အစိုးရက သက်တမ်း ထပ်တိုးထားပါတယ်။ စက်မှုမြို့တော် လှိုင်သာယာရဲ့အခြေအနေကို တိုင်းလွှတ်ကိုယ်စားလှယ် ဦးဝင်းမောင်က အခုလိုပြောပါတယ်။

“လှိုင်သာယာမှာ စက်ရုံပေါင်း ၂,၀၀၀ နီးပါးလောက်ရှိတယ်။ အခုမှ ၅၀၀ ကျော်ဆိုတော့ အများကြီးလိုသေးတယ်။ သို့သော်လည်း စစ်ဆေးဖို့အတွက်ကို လာရောက်တင်ပြတဲ့စက်ရုံတွေလည်းရှိသလို၊ မတင်ပြတဲ့စက်ရုံတွေလည်း အများကြီးရှိတယ်။ စက်ရုံကိုယ်တိုင်က ကျနော်တို့ကို စစ်ဆေးပေးပါ ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီဆိုရင် ဒီဘက်က စစ်ဆေးမှုက အမြန်ဆုံးလုပ်ပေးတာပေါ့၊ စစ်ဆေးရေးအဖွဲ့က။”

စက်ရုံတွေပိတ်ထားတဲ့ကာလ အလုပ်သမားတွေ အဆင်ပြေအောင် လူမှုဖူလုံကြေး ၄၀ ရာခိုင်နှုန်း အစိုးရက ပေးနေပါတယ်။ အစိုးရရဲ့ လူမှုဖူလုံရေး စီမံကိန်းအတွက် အကျုံးဝင်တဲ့ အာမခံလုပ်သားအင်အား ၁.၄၆ သန်း ရှိတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအင်အားက နိုင်ငံတိုးတက်ဖို့ အဓိကကျပြီး ဟန်ချက်ညီ ပူးပေါင်းကြဖို့ ဒီနေ့ မေလ ၁ ရက် (၁၃၀) ကြိမ်မြောက် အလုပ်သမားနေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ထားတာပါ။

ဇော်ထက်   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/ygn-mdy-factory-open/5400679.html
ရန္ကုန္နဲ႔ မႏၲေလးက စစ္ေဆးၿပီး စက္႐ံုတခ်ဳိ႕ ျပန္လည္ပတ္ေနၿပီ ရန္ကုန္နဲ႔ မႏၲေလးက စစ္ေဆးၿပီး စက္႐ံုတခ်ဳိ႕ ျပန္လည္ပတ္ေနၿပီ Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.