ထိုင္းက ျမန္မာဘက္ ျပန္လာတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ စလက္ခံ

 ကြာရန္တင္း စင္တာေတြမွာ ၂၁ ရက္ ေနရမွာ ျဖစ္ၿပီး အိမ္မွာ ၇ ရက္ဆက္ ကြာရန္တင္း ဝင္ရမယ္

(Zawgyi)⤵⤵⤵
ထိုင္းႏိုင္ငံကေန ျမန္မာျပည္ျပန္လာဖို႔ စာရင္းေပးထားတဲ့ ေသာင္းနဲ႔ခ်ီတဲ့ ျမန္မာလုပ္သားေတြကို ထိုင္း-ျမန္မာနယ္စပ္ ျမဝတီ အမွတ္၂ တံတားကေန ဒီေန႔ ေမ ၁ ရက္ေန႔မွာ စတင္လက္ခံေနပါၿပီ။

ပထမအသုတ္အေနနဲ႔ ျပန္လာသူ ၅၁ ဦးထဲမွာ မဲေဆာက္က အမ်ားဆုံး ျဖစ္ၿပီး သူတို႔ေတြဟာ ထိုင္းမွာ စက္႐ုံတခ်ိဳ႕ ပိတ္လိုက္တာေၾကာင့္နဲ႔ လုပ္ငန္းေတြ ေလွ်ာ့ခ်လိုက္တာေၾကာင့္ ျပန္လာၾကတာ ျဖစ္ပါတယ္။

"အိုတီ(အခ်ိန္ပိုေၾကး)ရမယ့္ဟာ မရေတာ့ဘူးေလဗ်ာ။ အဲလိုေတြ ျဖစ္သြားတာ။ က်န္တဲ့ကိစၥေတြကေတာ့ ဆန္ေစ်း၊ ဆန္ေစ်း ေခၚမွာေပါ့ အဲတာေလးေတြ နည္းနည္းေလး တက္လာတယ္။ အဲဒါတက္လာေတာ့ ရတဲ့လခနဲ႔ ကိုယ္၀ယ္စားရတဲ့ဟာနဲ႔ အပိုေငြ မရွိေတာ့ဘူး" လို႔ မဲေဆာက္မွာ အလုပ္လုပ္ခဲ့ၿပီး အခုေတာ့ စစ္ကိုင္းဘက္က ေနရပ္ကို ျပန္မယ့္ ကိုေဇာ္ႏိုင္ဝင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လကုန္တုန္းကလည္း ထိုင္းေရာက္ ျမန္မာလုပ္သား ၄ ေသာင္းေလာက္ ျပန္လာခဲ့ၾကပါေသးတယ္။

အဲ့ဒီတုန္းက ျပန္ဝင္လာၾကသူေတြထဲ တစ္ဦးမွာ ကိုဗစ္-၁၉ ပိုး ေတြ႕ခဲ့ၿပီးတဲ့ေနာက္ အစိုးရက ဧၿပီ ၃၀ ေနာက္ပိုင္းမွ ျပန္လာၾကဖို႔ ပန္ၾကားခဲ့တာေၾကာင့္ အခု ေမလ ၁ ရက္ေန႔က်မွ ျပန္ၿပီးလက္ခံေနတာ ျဖစ္ပါတယ္။

ဒီတေခါက္မွာေတာ့ လူေပါင္း ၁၆၀၀၀ ေက်ာ္ ျပန္လာဖို႔ စာရင္းေပးထားတယ္လို႔ ျမဝတီက ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။
 ျမဝတီမွာ လူ ၂ ေထာင္စာဆံ့တဲ့ ကြာရန္တင္းစင္တာ ၁၀ ခုကို အသင့္ျပင္ထားတယ္လို႔ဆို
ျပန္ဝင္လာသူေတြကို က်န္းမာေရးကူညီေစာင့္ေရွာက္မႈေတြ ေပးေနတဲ့ ျမဝတီခ႐ိုင္ ၾကက္ေျခနီ တပ္ဖြဲ႕မႉး ဦးေအာင္ႏိုင္ဦးက "ထိုင္းႏိုင္ငံကလည္း သူတို႔ရဲ႕ State Emergency အေျခအေနကို ေမလ ၃၁ ရက္ေန႔ အထိ ခ်မွတ္ထားတယ္လို႔ ၾကားတယ္။

တာ့ခ္ခ႐ိုင္ အတြင္းက ျမန္မာႏိုင္ငံသားေတြကေတာ့ ျပန္ဝင္ေရာက္လာႏိုင္တယ္လို႔ေတာ့ ကြၽန္ေတာ္တို႔ ၾကားပါတယ္။

ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ကေတာ့ ကိုယ့္ႏိုင္ငံသားေတြ ျပန္လာတဲ့အခါက်လို႔ရွိရင္ ေႏြးေႏြးေထြးေထြး ႀကိဳဆိုဖို႔ ေစာင့္ေနတာပါ" လို႔ ေျပာပါတယ္။

ျပန္ဝင္လာၾကမယ့္သူေတြဟာ ကိုဗစ္-၁၉ ပိုးရွိမရွိ ေစာင့္ၾကပ္ၾကည့္ရႈမယ့္ ကြာရန္တင္းစင္တာေတြမွာ ၂၁ ရက္ ေနရမွာ ျဖစ္ၿပီး ဒီေနာက္ေတာ့ ကိုယ့္ေနအိမ္ကိုျပန္၊ အဲ့ဒီမွာ ၇ ရက္ၾကာ ကြာရန္တင္းဝင္ရမယ္လို႔ က်န္းမာေရးဌာနက ထုတ္ျပန္ပါတယ္။

လက္ရွိမွာ ကရင္နဲ႔ မြန္ျပည္နယ္ စတဲ့ ျပည္နယ္နဲ႔ တိုင္းေတြမွာ ေနရပ္ျပန္ေတြအတြက္ က်န္းမာေရးေစာင့္ၾကပ္ၾကည့္ရႈမယ့္ ကြာရန္တင္းစင္တာေတြ အသင့္ျပင္ထားသလို ျမဝတီမွာလည္း လူ ၂ ေထာင္စာဆံ့တဲ့ ကြာရန္တင္းစင္တာ ၁၀ ခုကို အသင့္ျပင္ထားတယ္လို႔ ကရင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က "သိန္းဂဏန္းထိမ်ားႏိုင္တဲ့ ျပည္ေတာ္ျပန္ေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈအစီအစဥ္ေတြ" ကို လုပ္ေဆာင္ရမယ့္ အေၾကာင္းသူ႔ရဲ႕ Aung San Suu Kyi Facebook စာမ်က္ႏွာမွာ ဒီကေန႔ ေရးသားထားပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
ထိုင်းက မြန်မာဘက် ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ စလက်ခံ

ထိုင်းနိုင်ငံကနေ မြန်မာပြည်ပြန်လာဖို့ စာရင်းပေးထားတဲ့ သောင်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေကို ထိုင်း-မြန်မာနယ်စပ် မြဝတီ အမှတ်၂ တံတားကနေ ဒီနေ့ မေ ၁ ရက်နေ့မှာ စတင်လက်ခံနေပါပြီ။

ပထမအသုတ်အနေနဲ့ ပြန်လာသူ ၅၁ ဦးထဲမှာ မဲဆောက်က အများဆုံး ဖြစ်ပြီး သူတို့တွေဟာ ထိုင်းမှာ စက်ရုံတချို့ ပိတ်လိုက်တာကြောင့်နဲ့ လုပ်ငန်းတွေ လျှော့ချလိုက်တာကြောင့် ပြန်လာကြတာ ဖြစ်ပါတယ်။

"အိုတီ(အချိန်ပိုကြေး)ရမယ့်ဟာ မရတော့ဘူးလေဗျာ။ အဲလိုတွေ ဖြစ်သွားတာ။ ကျန်တဲ့ကိစ္စတွေကတော့ ဆန်ဈေး၊ ဆန်ဈေး ခေါ်မှာပေါ့ အဲတာလေးတွေ နည်းနည်းလေး တက်လာတယ်။ အဲဒါတက်လာတော့ ရတဲ့လခနဲ့ ကိုယ်ဝယ်စားရတဲ့ဟာနဲ့ အပိုငွေ မရှိတော့ဘူး" လို့ မဲဆောက်မှာ အလုပ်လုပ်ခဲ့ပြီး အခုတော့ စစ်ကိုင်းဘက်က နေရပ်ကို ပြန်မယ့် ကိုဇော်နိုင်ဝင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်တုန်းကလည်း ထိုင်းရောက် မြန်မာလုပ်သား ၄ သောင်းလောက် ပြန်လာခဲ့ကြပါသေးတယ်။

အဲ့ဒီတုန်းက ပြန်ဝင်လာကြသူတွေထဲ တစ်ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ခဲ့ပြီးတဲ့နောက် အစိုးရက ဧပြီ ၃၀ နောက်ပိုင်းမှ ပြန်လာကြဖို့ ပန်ကြားခဲ့တာကြောင့် အခု မေလ ၁ ရက်နေ့ကျမှ ပြန်ပြီးလက်ခံနေတာ ဖြစ်ပါတယ်။

ဒီတခေါက်မှာတော့ လူပေါင်း ၁၆၀၀၀ ကျော် ပြန်လာဖို့ စာရင်းပေးထားတယ်လို့ မြဝတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

ပြန်ဝင်လာသူတွေကို ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ ပေးနေတဲ့ မြဝတီခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးအောင်နိုင်ဦးက "ထိုင်းနိုင်ငံကလည်း သူတို့ရဲ့ State Emergency အခြေအနေကို မေလ ၃၁ ရက်နေ့ အထိ ချမှတ်ထားတယ်လို့ ကြားတယ်။

တာ့ခ်ခရိုင် အတွင်းက မြန်မာနိုင်ငံသားတွေကတော့ ပြန်ဝင်ရောက်လာနိုင်တယ်လို့တော့ ကျွန်တော်တို့ ကြားပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံသားတွေ ပြန်လာတဲ့အခါကျလို့ရှိရင် နွေးနွေးထွေးထွေး ကြိုဆိုဖို့ စောင့်နေတာပါ" လို့ ပြောပါတယ်။

ပြန်ဝင်လာကြမယ့်သူတွေဟာ ကိုဗစ်-၁၉ ပိုးရှိမရှိ စောင့်ကြပ်ကြည့်ရှုမယ့် ကွာရန်တင်းစင်တာတွေမှာ ၂၁ ရက် နေရမှာ ဖြစ်ပြီး ဒီနောက်တော့ ကိုယ့်နေအိမ်ကိုပြန်၊ အဲ့ဒီမှာ ၇ ရက်ကြာ ကွာရန်တင်းဝင်ရမယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ကရင်နဲ့ မွန်ပြည်နယ် စတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ နေရပ်ပြန်တွေအတွက် ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမယ့် ကွာရန်တင်းစင်တာတွေ အသင့်ပြင်ထားသလို မြဝတီမှာလည်း လူ ၂ ထောင်စာဆံ့တဲ့ ကွာရန်တင်းစင်တာ ၁၀ ခုကို အသင့်ပြင်ထားတယ်လို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "သိန်းဂဏန်းထိများနိုင်တဲ့ ပြည်တော်ပြန်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်တွေ" ကို လုပ်ဆောင်ရမယ့် အကြောင်းသူ့ရဲ့ Aung San Suu Kyi Facebook စာမျက်နှာမှာ ဒီကနေ့ ရေးသားထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52506354
ထိုင္းက ျမန္မာဘက္ ျပန္လာတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ စလက္ခံ ထိုင္းက ျမန္မာဘက္ ျပန္လာတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ စလက္ခံ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.