အိုင္စီေဂ် အေရး ျမန္မာဘက္က ဘာဆက္လုပ္ဖို႔ ရွိလဲ

ဒီဇင္ဘာတုန္းက အိုင္စီေဂ်ၾကားနာပြဲကို အတိုင္ပင္ခံကိုယ္တိုင္ သြားေရာက္ရင္ဆိုင္ခဲ့ၿပီး ၾကားျဖတ္စီမံခ်က္အမိန႔္ကို ဇန္နဝါရီက ခ်မွတ္ခဲ့တာျဖစ္
(Zawgyi)⤵⤵⤵
အိုင္စီေဂ်မွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ စြပ္စြဲထားတဲ့အေပၚ ၾကားျဖတ္စီမံခ်က္ေတြေဆာင္႐ြက္ဖို႔ အမိန႔္ခ်ထားရမွာ ေလးလအတြင္း အစီရင္ခံစာ ျပန္တင္ရမယ္ဆိုတဲ့အခ်က္ ပါပါတယ္။

ျမန္မာအစိုးရရဲ႕ ပထမဆုံး အစီရင္ခံစာကို အျပည္ျပည္ဆိုင္ရာတရား႐ုံး အိုင္စီေဂ်ထံ လာမယ့္ ေမလ ၂၃ ရက္မွာ တင္သြင္းဖို႔ရွိေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးခ်မ္းေအးက ဘီဘီစီကို ေျပာပါတယ္။

ဒါေၾကာင့္ အမိန႔္ခ်ခဲ့တဲ့ ဇန္နဝါရီလနာက္ပိုင္း ေလးလျပည့္ကာလအတြက္ လာမယ့္ ေမ ၂၃ မွာ ျမန္မာႏိုင္ငံတြင္း ျဖစ္ေပၚတိုးတက္မႈအေျခအေနနဲ႔ပတ္သက္ၿပီး အစီရင္ခံစာတစ္ေစာင္ကို ျမန္မာက တင္သြင္းရဖို႔ရွိပါတယ္။

အစီရင္ခံစာမွာ ပါဝင္တဲ့အခ်က္ေတြနဲ႔ပတ္သက္လို႔ေတာ့ အေသးစိတ္ကို ေျပာၾကားခြင့္မရွိဘူးလို႔ ဦးခ်မ္းေအးက ဆိုပါတယ္။

"အစီရင္ခံစာကို ဝန္ႀကီးဌာနေပါင္းစုံက ညႇိႏႈိင္းၿပီးေတာ့ ေရးသားထားပါတယ္။ အခ်ိန္မီတင္ဖို႔လုပ္ေနပါတယ္။ အေသးစိတ္ကိုေတာ့ ေျပာခြင့္မရွိပါဘူး"လို႔ သူက ေျပာပါတယ္။

အခုလို အစီရင္ခံစာမတင္ခင္ ၾကားမွာ ဘဂၤလားေဒ့ရွ္ကိုေရာက္ရွိေနတဲ့ ဒုကၡသည္ေတြ ေနရာျပန္လည္ခ်ထားေရး ကုလသမဂၢဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္ UNDP၊ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR တို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈလုပ္ငန္းေတြကို ေနာက္ထပ္တစ္ႏွစ္ ထပ္မံသက္တမ္းတိုး လိုက္ပါတယ္။
အိုင္စီေဂ်အေရးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုေထာက္ခံေၾကာင္း ၿမိဳ႕ႀကီးေတာ္ေတာ္မ်ားမ်ားမွာ ေထာက္ခံပြဲေတြျပဳလုပ္ျပသခဲ့ၾက
ဒါ့အျပင္ တရားမဝင္ ဝင္ေရာက္မႈနဲ႔ တရားစြဲခံထားရတဲ့ အမႈရင္ဆိုင္ေနဆဲနဲ႔ အက်ဥ္းက်ခံေနရတဲ့ ႐ိုဟင္ဂ်ာေတြကို ျပန္လႊတ္ေပးခဲ့ပါတယ္။

ဒါဟာ အိုင္စီေဂ်ကို အစီရင္ခံစာတင္မယ့္အစီရင္ခံစာအတြက္အေထာက္အကူျဖစ္ေစဖို႔ေဆာင္႐ြက္ခ်က္ေတြလားလို႔ ဘီဘီစီက ဦးခ်မ္းေအးကို ေမးတဲ့အခါ သူက အခုလိုေျပာပါတယ္။

" ဆက္စပ္ၿပီးေတာ့ေတာ့ အေထာက္အကူျပဳႏိုင္ပါတယ္။ ဘာလို႔လဲဆို သူတို႔ကိုျပန္လႊတ္ေပးတယ္ဆိုတာကလည္း သူတို႔ဟာ လူကုန္ကူးခံရတဲ့အေျခအေနနဲ႔ ဆက္စပ္ေနတာဆိုေတာ့ေလ။ သူတို႔ကို ျပန္လက္ခံဖို႔ သက္တမ္းတိုးတဲ့ကိစၥေတြက ဒီအိုင္စီေဂ်ကို အစီရင္ခံစာတင္ရမယ့္ကိစၥနဲ႔ေတာ့ မဆိုင္ဘူး။ ဒါေပမဲ့ သူတို႔ကိုျပန္လက္ခံဖို႔ကေတာ့ ဘဂၤလားေဒ့ရွ္နဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတယ္။ ႏွစ္ႀကိမ္ကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္မေဆာင္႐ြက္ႏိုင္ဘူး။ တတိယအႀကိမ္ကေတာ့ ျဖစ္ေအာင္ေတာ့ သူတို႔နဲ႔ ကြၽန္ေတာ္တို႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္" လို႔ ဦးခ်မ္းေအးကေျပာပါတယ္။

အိုင္စီေဂ်က ခ်မွတ္ထားတဲ့ ၾကားျဖတ္ေဆာင္႐ြက္ရမယ့္အခ်က္ေတြဟာ ေယဘုယ်ဆန္တဲ့ေတာင္းဆိုခ်က္ေတြသာျဖစ္ၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးစာခ်ဳပ္ပါ မလုပ္ရဘူးဆိုတဲ့အခ်က္ေတြကို မလုပ္ဖို႔၊ ကာကြယ္တားဆီးဖို႔ ဆိုတဲ့ေတာင္းဆိုခ်က္ေတြသာျဖစ္တယ္လို႔ ဦးခ်မ္းေအးက ဆိုပါတယ္။

"ဒါေတြက ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ျပည္တြင္းမွာလည္း ဒီဟာေတြနဲ႔ပတ္သက္ၿပီးေတာ့ ေဆာင္႐ြက္ထားတာေတြရွိတယ္။ တခ်ိဳ႕ကိစၥေတြက ဒါနဲ႔ တိုက္႐ိုက္မပတ္သက္ေပမယ့္ ေဆာင္႐ြက္ထားတာေတြရွိတာလည္း ေတြ႕ရမွာပါ။ ခုနက ေျပာတဲ့ လြတ္လပ္တဲ့စုံစမ္းစစ္ေဆးတဲ့ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကိုေဆာင္႐ြက္တာကလည္း ဒါေတြနဲ႔ ပတ္သက္ေနတာပါ" လို႔ ဆိုပါတယ္။

အခုလတ္တေလာမွာ ကိုဗစ္၁၉ ကပ္ေရာဂါေၾကာင့္ ရခိုင္နဲ႔ ခ်င္းျပည္နယ္ကလြဲလို႔ အျခားေဒသေတြမွာ တပ္မေတာ္က တစ္ဖတ္သတ္အပစ္ရပ္ ေၾကညာထားပါတယ္။ အိုင္စီေဂ်ကို အစီရင္ခံစာတင္ရမယ့္အခ်ိန္နီးလာခ်ိန္မွာ တပ္မေတာ္ရဲ႕ အပစ္ရပ္ေၾကညာခ်က္ကေရာ ဒီအေပၚမွာ အေထာက္အကူျဖစ္ႏိုင္ပါသလားလို႔ေမးတဲ့အခါ ဦးခ်မ္းေအးက

"ဆက္စပ္ေနတာေတြေတာ့ရွိပါတယ္။ ဒီဟာတစ္ခုတည္းကိစၥေၾကာင့္ေတာ့ မဟုတ္ပါဘူး" လို႔ ေျပာပါတယ္။

အိုင္စီေဂ်က ျမန္မာႏိုင္ငံကိ အမိန႔္ခ်ၿပီး ေလးလအတြင္း အစီရင္ခံစာတစ္ႀကိမ္၊ ေနာက္ပိုင္း အမႈမၿပီးျပတ္မခ်င္း ေျခာက္လတစ္ႀကိမ္ အစီရင္ခံစာ တင္ဖို႔ ခ်ထားပါတယ္။

ျမန္မာကို ခ်မွတ္ထားတဲ့ လတ္တေလာေဆာင္႐ြက္ရမယ့္ Provisional measures လို႔ ေခၚတဲ့ၾကားျဖတ္ေဆာင္႐ြက္ရမယ့္အခ်က္ေလးခ်က္ဟာ ျမန္မာႏိုင္ငံတြင္းမွာ ေနထိုင္တဲ့ ႐ိုဟင္ဂ်ာေတြနဲ႔ အဓိကသက္ဆိုင္တယ္လို႔ ဦးခ်မ္းေအးက ဆိုပါတယ္။

ဒါေၾကာင့္ အခု တင္ရမယ့္ေလးလပတ္အစီရင္ခံစာဟာ လူမ်ိဳးတုံးသတ္ျဖတ္မႈဆိုတဲ့ မူလပင္မစြပ္စြဲခ်က္ဆီကို ေရာက္တဲ့အဆင့္မဟုတ္ဘဲ အမႈနဲ႔ပတ္သက္ၿပီး အေသးစိတ္ေဆြးေႏြးမႈေတြမဟုတ္ေၾကာင္းလည္း သူက ေျပာပါတယ္။

"အမႈႀကီးနဲ႔ပတ္သက္လို႔ မွန္မမွန္ဆိုတဲ့အဆင့္က အျပန္အလွန္တစ္ေယာက္နဲ႔တစ္ေယာက္ တင္ျပတာ ၊ေျဖရွင္းတာေတြက လာဦးမွာ။ ဒါေၾကာင့္ Provisional measure ခ်တာနဲ႔ တကယ့္အမႈႀကီးနဲ႔ကေတာ့ ကြဲေအာင္ျမင္ဖို႔လိုတယ္" လို႔ သူက ေျပာပါတယ္။

ဒီၾကားကာလမွာ နယ္စပ္ကေန ျမန္မာႏိုင္ငံထဲ ျပန္လည္ဝင္ေရာက္လာတဲ့ ဒုကၡသည္ေတြရွိေနၿပီး လက္ရွိမွာ ကိုဗစ္-၁၉ ေၾကာင့္ နယ္စပ္မွာ လူအဝင္အထြက္ပိတ္ထားတဲ့အတြက္ ဧၿပီလက စလို႔ အသစ္ထပ္ဝင္သူမရွိေသးေၾကာင္း ဦးခ်မ္းေအးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ ေဆြးေႏြးမႈမေအာင္ျမင္ရတာ ဘာေၾကာင့္လဲ

ဘဂၤလားေဒ့ရွ္နဲ႔ ဒုကၡသည္ေတြျပန္လည္လက္ခံေရးေဆြးေႏြးရာမွာ ႏွစ္ႀကိမ္ရွိၿပီျဖစ္ၿပီး ႏွစ္ႀကိမ္လုံး မေအာင္ျမင္ရတဲ့အေၾကာင္းအရင္းကိုလည္း ဦးခ်မ္းေအးက ခုလိုေျပာပါတယ္။
ဒုကၡသည္ေတြျပန္လက္ခံေရး ဘဂၤလားေဒ့ရွ္ကို ျမန္မာအစိုးရကိုယ္စားလွယ္အဖြဲ႕ သြားေဆြးေႏြးတာႏွစ္ႀကိမ္ရွိၿပီျဖစ္
"ကြၽန္ေတာ္တို႔ဘက္က ဒုကၡသည္ေတြကိုျပန္လက္ခံဖို႔အတြက္လိုအပ္တဲ့အခ်က္အလက္ေတြကို စိစစ္ၿပီးေတာ့ ဘဂၤလားေဒ့ရွ္ဘက္ကို ပို႔ထားပါတယ္။ အခု စိစစ္ၿပီးေတာ့ ျပန္လက္ခံမယ္ဆိုတဲ့ သူေတြက ဘယ္သူေတြကေတာ့ ဘယ္႐ြာေတြမွာေနတယ္။ သူတို႔အတြက္ ဘယ္လိုစီစဥ္ထားတယ္ဆိုတာေတြ ပို႔ထားပါတယ္။ မေအာင္ျမင္ဘူးဆိုတာက နံပါတ္တစ္က ျပန္လာမယ့္လူေတြဆိုၿပီးေတာ့ ဘဂၤလားေဒ့ရွ္က ကြၽန္ေတာ္တို႔ဘက္ကို စာရင္းပို႔တယ္။ အဲဒီစာရင္းပို႔မယ္ဆိုရင္ ကြၽန္ေတာ္တို႔နဲ႔ ဘဂၤလားေဒ့ရွ္နဲ႔ သေဘာတူထားတဲ့ ေဖာင္ရွိတယ္။ အဲဒီေဖာင္ေတြမွာ ကာယကံရွင္ေတြကိုယ္တိုင္က လက္မွတ္ထိုးတာတို႔ လက္ေဗြႏွိပ္တာတို႔လုပ္ရမွာ။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္က ကြၽန္ေတာ္တို႔ကို ပို႔လာခ်ိန္မွာ ဒီထဲက လူေတြက သိေတာင္မသိၾကဘူး။ ဆိုေတာ့ နီးေတာ့ခ်ိန္က်ေတာ့မွ ျပန္မယ္ဆိုၿပီးလိုက္ေခၚေတာ့မွ အဲဒီလူေတြက အဲဒီခ်ိန္က်မွ သိတာ။ အဲဒီေတာ့ ဘဂၤလားေဒ့ရွ္ က ျပန္မယ္ဆိုတဲ့လူေတြနဲ႔ ေသခ်ာ သူတို႔သေဘာဆႏၵရယူၿပီးေတာ့မွ ကြၽန္ေတာ္တို႔ကိုအေစာတည္းက ပို႔ရမွာ။ အဲဒီလိုအေျခအေနပါ" လို႔ သူက ဆိုပါတယ္။

ဒါေၾကာင့္ လာမယ့္ တတိယအႀကိမ္ေဆြးေႏြးပြဲျဖစ္ေျမာက္ေရး ႀကိဳးပမ္းေနၿပီး ကိုဗစ္-၁၉ ကပ္ေရာဂါၿငိမ္သက္ၿပီး ျပည္ပခရီးသြားလာဆက္သြယ္ေရးအဆင္ေျပတဲ့အခါ ဘဂၤလားေဒ့ရွ္မွာ ေနာက္တစ္ႀကိမ္ေဆြးေႏြးပြဲလုပ္ဖို႔ရွိတယ္လို႔ ဦးခ်မ္းေအးက ေျပာပါတယ္။

ကုလလုံၿခဳံေရးေကာင္စီက ျမန္မာ့အေရး ဘာေတြေဆြးေႏြးလဲ

 ျမန္မာ့အေရး ေဆာင္႐ြက္ခ်က္ေတြနဲ႔ပတ္သက္လို႔ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ ႏိုင္ငံတခ်ိဳ႕ကို ျမန္မာအစိုးရက ရွင္းျပထားပါတယ္။

မေန႔က ေမ ၁၄ ရက္မွာ ကုလသမဂၢလုံၿခဳံေရးေကာင္စီက တံခါးပိတ္အစည္းအေဝးက်င္းပခဲ့ၿပီးအဲဒီမွာ ျမန္မာ့အေရးေဆြးေႏြးခဲ့ပါတယ္။

ဒါက တံခါးပိတ္ေဆြးေႏြးပြဲျဖစ္ၿပီး ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ မစၥ ခရစၥတင္းရွနာဘာဂီနာက ေဆြးေႏြးတင္ျပခဲ့တယ္လို႔ သိရေၾကာင္း ဦးခ်မ္းေအးက ဆိုပါတယ္။

"သူလည္း ျမန္မာႏိုင္ငံအေၾကာင္း သိထားတာေတြရွိပါတယ္။ ကြၽန္ေတာ္တို႔လည္း သူ႔ကို ရွင္းျပထားတာေတြရွိတယ္။ သူလည္း သူသိတဲ့ဟာေတြကို မွ်မွ်တတျပန္ေဆြးေႏြးတင္ျပမယ္လို႔ ေတာ့ သိထားပါတယ္။ တံခါးပိတ္ေဆြးေႏြးပြဲျဖစ္လို႔ဘာေတြေဆြးေႏြးတယ္ဆိုတာမသိရဘူး။ ဒါေပမဲ့ေဆြးေႏြးတဲ့အဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာပါတဲ့၊ ကြၽန္ေတာ္တို႔ႏိုင္ငံအေပၚ မွ်မွ်တတျမင္တဲ့ႏိုင္ငံေတြကိုေတာ့ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ခ်က္ေတြကို ရွင္းျပထားပါတယ္" လို႔ သူက ေျပာပါတယ္။

ကုလလုံၿခဳံေရးေကာင္စီရဲ႕ အၿမဲတမ္းအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ တ႐ုတ္နဲ႔ ႐ုရွကို ျမန္မာအစိုးရကို ေထာက္ခံတဲ့ အင္အားႀကီးႏိုင္ငံေတြပါဝင္ပါတယ္။

မေန႔က ျပဳလုပ္ခဲ့တဲ့အဲဒီအစည္းအေဝးမွာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အထူးကိုယ္စားလွယ္ရဲ႕ တင္ျပခ်က္ေတြအေပၚ ႀကိဳဆိုေၾကာင္း ၿဗိတိန္အစိုးရက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ျမန္မာမွာ ကိုဗစ္-၁၉ ကပ္ေရာဂါၾကား ရခိုင္နဲ႔ ခ်င္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ၾကား ပဋိပကၡေတြျမင့္တက္ေနၿပီး အရပ္သားေတြ အႀကီးအက်ယ္ ထိခိုက္မႈေတြျဖစ္တဲ့အေပၚ စိုးရိမ္ပူပန္တာေၾကာင့္ ကုလလုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရးေဆြးေႏြးၾကဖို႔ ဒီအစည္းအေဝးလုပ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဒီပဋိပကၡေတြေၾကာင့္ ျပည္တြင္းေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းမႈေတြ ျဖစ္ပြားခဲ့ၿပီး လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြကန႔္သတ္ခံရသလို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္အပါအဝင္ အရပ္သားေတြ သတ္ျဖတ္ခံရတဲ့အေရအတြက္ေတြတိုးလာတယ္လို႔ ၿဗိတိန္အစိုးရကေျပာပါတယ္။

ဒီပဋိပကၡေတြဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူသားခ်င္းစာနာေထာက္ထားမႈအေရးအေပၚအေျခအေနနဲ႔ ႀကဳံေနရတဲ့လူေတြ အထူးသျဖင့္ ဒုကၡသည္ေတြ၊ ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းရသူေတြနဲ႔ ႐ိုဟင္ဂ်ာလူထုေတြလို ထိခိုက္လြယ္တဲ့သူေတြမွာ အပိုေဆာင္းကန႔္သတ္ခံရမႈေတြနဲ႔ ရင္ဆိုင္လာရတယ္လို႔လည္း ဆိုပါတယ္။

မေန႔က ျပဳလုပ္ခဲ့တဲ့အဲဒီအစည္းအေဝးမွာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အထူးကိုယ္စားလွယ္ရဲ႕ တင္ျပခ်က္ေတြအေပၚ ႀကိဳဆိုေၾကာင္း ၿဗိတိန္အစိုးရက ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

ျမန္မာမွာ ကိုဗစ္-၁၉ ကပ္ေရာဂါၾကား ရခိုင္နဲ႔ ခ်င္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ၾကား ပဋိပကၡေတြျမင့္တက္ေနၿပီး အရပ္သားေတြ အႀကီးအက်ယ္ ထိခိုက္မႈေတြျဖစ္တဲ့အေပၚ စိုးရိမ္ပူပန္တာေၾကာင့္ ကုလလုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရးေဆြးေႏြးၾကဖို႔ ဒီအစည္းအေဝးလုပ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဒီပဋိပကၡေတြေၾကာင့္ ျပည္တြင္းေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းမႈေတြ ျဖစ္ပြားခဲ့ၿပီး လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြကန႔္သတ္ခံရသလို ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္အပါအဝင္ အရပ္သားေတြ သတ္ျဖတ္ခံရတဲ့အေရအတြက္ေတြတိုးလာတယ္လို႔ ၿဗိတိန္အစိုးရကေျပာပါတယ္။

ဒီပဋိပကၡေတြဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ လူသားခ်င္းစာနာေထာက္ထားမႈအေရးအေပၚအေျခအေနနဲ႔ ႀကဳံေနရတဲ့လူေတြ အထူးသျဖင့္ ဒုကၡသည္ေတြ၊ ေနရပ္စြန႔္ခြာေ႐ႊ႕ေျပာင္းရသူေတြနဲ႔ ႐ိုဟင္ဂ်ာလူထုေတြလို ထိခိုက္လြယ္တဲ့သူေတြမွာ အပိုေဆာင္းကန႔္သတ္ခံရမႈေတြနဲ႔ ရင္ဆိုင္လာရတယ္လို႔လည္း ဆိုပါတယ္။

ျမန္မာအစိုးရရဲ႕ ကပ္ေရာဂါအေရးေျဖရွင္းတဲ့ေျခလွမ္းေတြကိုလည္း အသိမွတ္ျပဳတယ္လို႔ ဆိုပါတယ္။

အဲဒီလိုေျဖရွင္းရာမွာ ဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈေႏွးေကြးသြားေအာင္ အတိုင္ပင္ခံပုဂၢိဳလ္ဦးေဆာင္ၿပီး လူထုအေျချပဳအသိပညာေပးလႈပ္ရွားမႈေတြလုပ္တာ၊ ကိုဗစ္ေၾကာင့္ ထိခိုက္တဲ့စီးပြားေရးအခက္အခဲေတြကိုေျဖရွင္းဖို႔ ကိုဗစ္၁၉ စီးပြားေရးကုစားမႈအစီအစဥ္ထုတ္ျပန္တာနဲ႔ ကိုဗစ္တိုက္ဖ်က္ေရးအတြက္ ျမန္မာအစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြၾကား ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မရွင္ဖြဲ႕စည္းတာ ဆိုတဲ့အခ်က္ေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ၿဗိတိန္က ဒီကနဦးအျပဳသေဘာေဆာင္တဲ့ ေျခလွမ္းေတြကို ေထာက္ခံတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ ရခိုင္နဲ႔ ခ်င္းျပည္နယ္မွာ ဆက္လက္ျဖစ္ပြားေနတဲ့ ပဋိပကၡေတြေၾကာင့္ အဲဒီကအရပ္သားေတြဟာ တျခား ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားတဲ့ေဒသက လူေတြထက္ ပိုၿပီး အႏၲရာယ္မ်ားတဲ့အေျခအေနမွာရွိတယ္လို႔လည္း ဆိုပါတယ္။ ဒါဟာ ရခိုင္ျပည္နယ္တြင္း ပဋိပကၡေတြျဖစ္ေစတဲ့ အေျခခံအေၾကာင္းရင္းကို ေျဖရွင္းဖို႔ စိန္ေခၚမႈေတြပိုမ်ားလာႏိုင္ၿပီး အေရးတႀကီးေျဖရွင္းဖို႔လိုေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လုံၿခဳံမႈရွိရွိနဲ႔ ဂုဏ္သိကၡာရွွိရွိ ေနရပ္ျပန္ဖို႔နဲ႔ ျပန္လည္ေနရာခ်ထားေရးတို႔ဖန္တီးေပးဖို႔ ပိုၿပီးခက္ခဲေစမယ္လို႔လည္းဆိုပါတယ္။

ဒါေၾကာင့္ ေမ ၉ ရက္က ထုတ္ျပန္ခဲ့တဲ့ တပ္မေတာ္ရဲ႕တစ္ဖတ္သက္အပစ္ရပ္ေၾကညာခ်က္မွာ ရခိုင္နဲ႔ ခ်င္းျပည္နယ္ကိုပါ ထည့္သြင္းဖို႔ တပ္မေတာ္ကို တိုက္တြန္းထားပါတယ္။

ဒါ့အျပင္ အင္တာနက္ပိတ္ထားတဲ့ေဒသေတြကိုလည္း အင္တာနက္ေတြျပန္ဖြင့္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

မစၥ ရန္ဟီးလီေနရာမွာ ယာယီခန႔္အပ္သူအေပၚ ျမန္မာအစိုးရ သေဘာထား

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ ရန္ဟီးလီေနရာမွာ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ေဟာင္း ေသာမတ္စ္အန္ဒ႐ူးစ္ကို ယာယီခန႔္အပ္ထားပါတယ္။
 မစၥရန္ဟီးလီဟာ ၂၀၁၄ ကေန ၂၀၂၀ ထိ ေျခာက္ႏွစ္ၾကာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးဆိုင္ရာအထူးကိုယ္စားလွယ္အျဖစ္ တာဝန္ယူခဲ့
မစၥရန္ဟီးလီဟာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးဆိုင္ရာအေျခအေနေတြကိုအစီရင္ခံစာတင္သြင္းသူျဖစ္ၿပီး ၂၀၁၄ ကေန ၂၀၂၀ ထိ ႏွစ္စဥ္ သက္တမ္းတိုးၿပီး ေျခာက္ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ျမန္မာအစိုးရကမစၥ ရန္ဟီးလီရဲ႕ အစီရင္ခံစာနဲ႔ ျမန္မာ့အေရးေျပာဆိုဆုံးျဖတ္ခ်က္ေတြဟာ တစ္ဖတ္သက္ဘက္လိုက္မႈေတြရွိေနတယ္ဆိုၿပီး ၂၀၁၇ ခုႏွစ္၊ ႏွစ္လယ္ပိုင္းကစလို႔ ပူးေပါင္းေဆာင္႐ြက္မႈကို ရပ္တန႔္ခဲ့ပါတယ္။

မစၥရန္ဟီးလီကိုလည္း ျပည္ဝင္ခြင့္မေပးခဲ့တဲ့အတြက္ အထူးကိုယ္စားလွယ္ဟာ ျမန္မာနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြကို ဝင္ေရာက္ၿပီး ျမန္မာ့အေရး ေလ့လာသုံးသပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အခုလို အထူးကိုယ္စားလွယ္သစ္ခန႔္အပ္တဲ့အေပၚ ျမန္မာအစိုးရရဲ႕ သေဘာထားကိုေမးတဲ့အခါ ဦးခ်မ္းေအးက

"ကြၽန္ေတာ္တို႔က အစတည္းက ဒီကိုယ္စားလွယ္ရဲ႕ Mandate(လုပ္ပိုင္ခြင့္နဲ႔ တာဝန္)ကို လက္မခံဘူး။ ဒါေပမဲ့ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္႐ြက္တဲ့ မူဝါဒရယ္၊ ကြၽန္ေတာ္တို႔ေဆာင္႐ြက္ခ်က္ေတြကို သူသိေအာင္ ဆိုၿပီး ခန႔္ခဲ့တဲ့အထူးကိုယ္စားလွယ္ေတြနဲ႔ ပူးေပါင္းေဆာင္ြရက္ခဲ့တယ္။ ဒါေပမဲ့ ရန္ဟီးလီရဲ႕ ေနာက္ပိုင္းမွာ လုပ္ရပ္ေတြေၾကာင့္ ဘယ္လိုမွ ပူးေပါင္းေဆာင္႐ြက္လို႔မရဘူး။ တစ္ဖက္သတ္ျဖစ္လာတယ္။ အစိုးရတစ္ခုတည္းမဟုတ္ဘူး။ ျပည္သူေတြေရာ လႊတ္ေတာ္ကပါလက္မခံေတာ့တာ။ ဒါေၾကာင့္ သူ႔နဲ႔ပူးေပါင္းေဆာင္႐ြက္မႈကိုရပ္ပစ္လိုက္တာ။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ မူဝါဒက အထူးကိုယ္စားလွယ္ရဲ႕Mandate ကိုလက္မခံဘူး။ country rapporteur (ႏိုင္ငံတစ္ႏိုင္ငံတည္းေပၚမူတည္ၿပီးခန႔္အပ္တဲ့ အထူးကိုယ္စားလွယ္) ကိုလက္မခံဘူး။ မူဝါဒအရ ပူးေပါင္းခဲ့တယ္။ လက္ေတြ႕မွာ ျဖစ္မလာတဲ့အတြက္ ရပ္ထားတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕ရပ္တည္ခ်က္ပါပဲ" လို႔ ဦးခ်မ္းေအးက ေျပာပါတယ္။

အခု အသစ္ခန႔္အပ္တဲ့ကိုယ္စားလွယ္နဲ႔ ပတ္သက္လို႔လည္း ေျပာစရာမရွိဘဲ မူလရပ္တည္ခ်က္အတိုင္းသာျဖစ္တယ္လို႔ ဆိုပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
အိုင်စီဂျေ အရေး မြန်မာဘက်က ဘာဆက်လုပ်ဖို့ ရှိလဲ

အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့အပေါ် ကြားဖြတ်စီမံချက်တွေဆောင်ရွက်ဖို့ အမိန့်ချထားရမှာ လေးလအတွင်း အစီရင်ခံစာ ပြန်တင်ရမယ်ဆိုတဲ့အချက် ပါပါတယ်။

မြန်မာအစိုးရရဲ့ ပထမဆုံး အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေထံ လာမယ့် မေလ ၂၃ ရက်မှာ တင်သွင်းဖို့ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် အမိန့်ချခဲ့တဲ့ ဇန်နဝါရီလနာက်ပိုင်း လေးလပြည့်ကာလအတွက် လာမယ့် မေ ၂၃ မှာ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို မြန်မာက တင်သွင်းရဖို့ရှိပါတယ်။

အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ပတ်သက်လို့တော့ အသေးစိတ်ကို ပြောကြားခွင့်မရှိဘူးလို့ ဦးချမ်းအေးက ဆိုပါတယ်။

"အစီရင်ခံစာကို ဝန်ကြီးဌာနပေါင်းစုံက ညှိနှိုင်းပြီးတော့ ရေးသားထားပါတယ်။ အချိန်မီတင်ဖို့လုပ်နေပါတယ်။ အသေးစိတ်ကိုတော့ ပြောခွင့်မရှိပါဘူး"လို့ သူက ပြောပါတယ်။

အခုလို အစီရင်ခံစာမတင်ခင် ကြားမှာ ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေး ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို နောက်ထပ်တစ်နှစ် ထပ်မံသက်တမ်းတိုး လိုက်ပါတယ်။

ဒါ့အပြင် တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲခံထားရတဲ့ အမှုရင်ဆိုင်နေဆဲနဲ့ အကျဉ်းကျခံနေရတဲ့ ရိုဟင်ဂျာတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါဟာ အိုင်စီဂျေကို အစီရင်ခံစာတင်မယ့်အစီရင်ခံစာအတွက်အထောက်အကူဖြစ်စေဖို့ဆောင်ရွက်ချက်တွေလားလို့ ဘီဘီစီက ဦးချမ်းအေးကို မေးတဲ့အခါ သူက အခုလိုပြောပါတယ်။

" ဆက်စပ်ပြီးတော့တော့ အထောက်အကူပြုနိုင်ပါတယ်။ ဘာလို့လဲဆို သူတို့ကိုပြန်လွှတ်ပေးတယ်ဆိုတာကလည်း သူတို့ဟာ လူကုန်ကူးခံရတဲ့အခြေအနေနဲ့ ဆက်စပ်နေတာဆိုတော့လေ။ သူတို့ကို ပြန်လက်ခံဖို့ သက်တမ်းတိုးတဲ့ကိစ္စတွေက ဒီအိုင်စီဂျေကို အစီရင်ခံစာတင်ရမယ့်ကိစ္စနဲ့တော့ မဆိုင်ဘူး။ ဒါပေမဲ့ သူတို့ကိုပြန်လက်ခံဖို့ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်။ နှစ်ကြိမ်ကတော့ အကြောင်းအမျိုးမျိုးကြောင့်မဆောင်ရွက်နိုင်ဘူး။ တတိယအကြိမ်ကတော့ ဖြစ်အောင်တော့ သူတို့နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်" လို့ ဦးချမ်းအေးကပြောပါတယ်။

အိုင်စီဂျေက ချမှတ်ထားတဲ့ ကြားဖြတ်ဆောင်ရွက်ရမယ့်အချက်တွေဟာ ယေဘုယျဆန်တဲ့တောင်းဆိုချက်တွေသာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ်ပါ မလုပ်ရဘူးဆိုတဲ့အချက်တွေကို မလုပ်ဖို့၊ ကာကွယ်တားဆီးဖို့ ဆိုတဲ့တောင်းဆိုချက်တွေသာဖြစ်တယ်လို့ ဦးချမ်းအေးက ဆိုပါတယ်။

"ဒါတွေက နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်တွင်းမှာလည်း ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်ထားတာတွေရှိတယ်။ တချို့ကိစ္စတွေက ဒါနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် ဆောင်ရွက်ထားတာတွေရှိတာလည်း တွေ့ရမှာပါ။ ခုနက ပြောတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးတဲ့ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုဆောင်ရွက်တာကလည်း ဒါတွေနဲ့ ပတ်သက်နေတာပါ" လို့ ဆိုပါတယ်။

အခုလတ်တလောမှာ ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်ကလွဲလို့ အခြားဒေသတွေမှာ တပ်မတော်က တစ်ဖတ်သတ်အပစ်ရပ် ကြေညာထားပါတယ်။ အိုင်စီဂျေကို အစီရင်ခံစာတင်ရမယ့်အချိန်နီးလာချိန်မှာ တပ်မတော်ရဲ့ အပစ်ရပ်ကြေညာချက်ကရော ဒီအပေါ်မှာ အထောက်အကူဖြစ်နိုင်ပါသလားလို့မေးတဲ့အခါ ဦးချမ်းအေးက

"ဆက်စပ်နေတာတွေတော့ရှိပါတယ်။ ဒီဟာတစ်ခုတည်းကိစ္စကြောင့်တော့ မဟုတ်ပါဘူး" လို့ ပြောပါတယ်။

အိုင်စီဂျေက မြန်မာနိုင်ငံကိ အမိန့်ချပြီး လေးလအတွင်း အစီရင်ခံစာတစ်ကြိမ်၊ နောက်ပိုင်း အမှုမပြီးပြတ်မချင်း ခြောက်လတစ်ကြိမ် အစီရင်ခံစာ တင်ဖို့ ချထားပါတယ်။

မြန်မာကို ချမှတ်ထားတဲ့ လတ်တလောဆောင်ရွက်ရမယ့် Provisional measures လို့ ခေါ်တဲ့ကြားဖြတ်ဆောင်ရွက်ရမယ့်အချက်လေးချက်ဟာ မြန်မာနိုင်ငံတွင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေနဲ့ အဓိကသက်ဆိုင်တယ်လို့ ဦးချမ်းအေးက ဆိုပါတယ်။

ဒါကြောင့် အခု တင်ရမယ့်လေးလပတ်အစီရင်ခံစာဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ မူလပင်မစွပ်စွဲချက်ဆီကို ရောက်တဲ့အဆင့်မဟုတ်ဘဲ အမှုနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးမှုတွေမဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

"အမှုကြီးနဲ့ပတ်သက်လို့ မှန်မမှန်ဆိုတဲ့အဆင့်က အပြန်အလှန်တစ်ယောက်နဲ့တစ်ယောက် တင်ပြတာ ၊ဖြေရှင်းတာတွေက လာဦးမှာ။ ဒါကြောင့် Provisional measure ချတာနဲ့ တကယ့်အမှုကြီးနဲ့ကတော့ ကွဲအောင်မြင်ဖို့လိုတယ်" လို့ သူက ပြောပါတယ်။

ဒီကြားကာလမှာ နယ်စပ်ကနေ မြန်မာနိုင်ငံထဲ ပြန်လည်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေရှိနေပြီး လက်ရှိမှာ ကိုဗစ်-၁၉ ကြောင့် နယ်စပ်မှာ လူအဝင်အထွက်ပိတ်ထားတဲ့အတွက် ဧပြီလက စလို့ အသစ်ထပ်ဝင်သူမရှိသေးကြောင်း ဦးချမ်းအေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ဆွေးနွေးမှုမအောင်မြင်ရတာ ဘာကြောင့်လဲ

ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးဆွေးနွေးရာမှာ နှစ်ကြိမ်ရှိပြီဖြစ်ပြီး နှစ်ကြိမ်လုံး မအောင်မြင်ရတဲ့အကြောင်းအရင်းကိုလည်း ဦးချမ်းအေးက ခုလိုပြောပါတယ်။

"ကျွန်တော်တို့ဘက်က ဒုက္ခသည်တွေကိုပြန်လက်ခံဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေကို စိစစ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ထားပါတယ်။ အခု စိစစ်ပြီးတော့ ပြန်လက်ခံမယ်ဆိုတဲ့ သူတွေက ဘယ်သူတွေကတော့ ဘယ်ရွာတွေမှာနေတယ်။ သူတို့အတွက် ဘယ်လိုစီစဉ်ထားတယ်ဆိုတာတွေ ပို့ထားပါတယ်။ မအောင်မြင်ဘူးဆိုတာက နံပါတ်တစ်က ပြန်လာမယ့်လူတွေဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့ဘက်ကို စာရင်းပို့တယ်။ အဲဒီစာရင်းပို့မယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူထားတဲ့ ဖောင်ရှိတယ်။ အဲဒီဖောင်တွေမှာ ကာယကံရှင်တွေကိုယ်တိုင်က လက်မှတ်ထိုးတာတို့ လက်ဗွေနှိပ်တာတို့လုပ်ရမှာ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်က ကျွန်တော်တို့ကို ပို့လာချိန်မှာ ဒီထဲက လူတွေက သိတောင်မသိကြဘူး။ ဆိုတော့ နီးတော့ချိန်ကျတော့မှ ပြန်မယ်ဆိုပြီးလိုက်ခေါ်တော့မှ အဲဒီလူတွေက အဲဒီချိန်ကျမှ သိတာ။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် က ပြန်မယ်ဆိုတဲ့လူတွေနဲ့ သေချာ သူတို့သဘောဆန္ဒရယူပြီးတော့မှ ကျွန်တော်တို့ကိုအစောတည်းက ပို့ရမှာ။ အဲဒီလိုအခြေအနေပါ" လို့ သူက ဆိုပါတယ်။

ဒါကြောင့် လာမယ့် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါငြိမ်သက်ပြီး ပြည်ပခရီးသွားလာဆက်သွယ်ရေးအဆင်ပြေတဲ့အခါ ဘင်္ဂလားဒေ့ရှ်မှာ နောက်တစ်ကြိမ်ဆွေးနွေးပွဲလုပ်ဖို့ရှိတယ်လို့ ဦးချမ်းအေးက ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေး ဘာတွေဆွေးနွေးလဲ

မနေ့က မေ ၁၄ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ပြီးအဲဒီမှာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

ဒါက တံခါးပိတ်ဆွေးနွေးပွဲဖြစ်ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှနာဘာဂီနာက ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရကြောင်း ဦးချမ်းအေးက ဆိုပါတယ်။

"သူလည်း မြန်မာနိုင်ငံအကြောင်း သိထားတာတွေရှိပါတယ်။ ကျွန်တော်တို့လည်း သူ့ကို ရှင်းပြထားတာတွေရှိတယ်။ သူလည်း သူသိတဲ့ဟာတွေကို မျှမျှတတပြန်ဆွေးနွေးတင်ပြမယ်လို့ တော့ သိထားပါတယ်။ တံခါးပိတ်ဆွေးနွေးပွဲဖြစ်လို့ဘာတွေဆွေးနွေးတယ်ဆိုတာမသိရဘူး။ ဒါပေမဲ့ဆွေးနွေးတဲ့အဖွဲ့ဝင်နိုင်ငံတွေထဲမှာပါတဲ့၊ ကျွန်တော်တို့နိုင်ငံအပေါ် မျှမျှတတမြင်တဲ့နိုင်ငံတွေကိုတော့ ကျွန်တော်တို့ဆောင်ရွက်ချက်တွေကို ရှင်းပြထားပါတယ်" လို့ သူက ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေထဲမှာ တရုတ်နဲ့ ရုရှကို မြန်မာအစိုးရကို ထောက်ခံတဲ့ အင်အားကြီးနိုင်ငံတွေပါဝင်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေအပေါ် ကြိုဆိုကြောင်း ဗြိတိန်အစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြား ရခိုင်နဲ့ ချင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြား ပဋိပက္ခတွေမြင့်တက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်မှုတွေဖြစ်တဲ့အပေါ် စိုးရိမ်ပူပန်တာကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးကြဖို့ ဒီအစည်းအဝေးလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကန့်သတ်ခံရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်အပါအဝင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်တွေတိုးလာတယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။

ဒီပဋိပက္ခတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူသားချင်းစာနာထောက်ထားမှုအရေးအပေါ်အခြေအနေနဲ့ ကြုံနေရတဲ့လူတွေ အထူးသဖြင့် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူတွေနဲ့ ရိုဟင်ဂျာလူထုတွေလို ထိခိုက်လွယ်တဲ့သူတွေမှာ အပိုဆောင်းကန့်သတ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေအပေါ် ကြိုဆိုကြောင်း ဗြိတိန်အစိုးရက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြား ရခိုင်နဲ့ ချင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်ကြား ပဋိပက္ခတွေမြင့်တက်နေပြီး အရပ်သားတွေ အကြီးအကျယ် ထိခိုက်မှုတွေဖြစ်တဲ့အပေါ် စိုးရိမ်ပူပန်တာကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးကြဖို့ ဒီအစည်းအဝေးလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေ ဖြစ်ပွားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကန့်သတ်ခံရသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်အပါအဝင် အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အရေအတွက်တွေတိုးလာတယ်လို့ ဗြိတိန်အစိုးရကပြောပါတယ်။

ဒီပဋိပက္ခတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် လူသားချင်းစာနာထောက်ထားမှုအရေးအပေါ်အခြေအနေနဲ့ ကြုံနေရတဲ့လူတွေ အထူးသဖြင့် ဒုက္ခသည်တွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူတွေနဲ့ ရိုဟင်ဂျာလူထုတွေလို ထိခိုက်လွယ်တဲ့သူတွေမှာ အပိုဆောင်းကန့်သတ်ခံရမှုတွေနဲ့ ရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။

မြန်မာအစိုးရရဲ့ ကပ်ရောဂါအရေးဖြေရှင်းတဲ့ခြေလှမ်းတွေကိုလည်း အသိမှတ်ပြုတယ်လို့ ဆိုပါတယ်။

အဲဒီလိုဖြေရှင်းရာမှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှေးကွေးသွားအောင် အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး လူထုအခြေပြုအသိပညာပေးလှုပ်ရှားမှုတွေလုပ်တာ၊ ကိုဗစ်ကြောင့် ထိခိုက်တဲ့စီးပွားရေးအခက်အခဲတွေကိုဖြေရှင်းဖို့ ကိုဗစ်၁၉ စီးပွားရေးကုစားမှုအစီအစဉ်ထုတ်ပြန်တာနဲ့ ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်ဖွဲ့စည်းတာ ဆိုတဲ့အချက်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန်က ဒီကနဦးအပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို ထောက်ခံတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အဲဒီကအရပ်သားတွေဟာ တခြား ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတဲ့ဒေသက လူတွေထက် ပိုပြီး အန္တရာယ်များတဲ့အခြေအနေမှာရှိတယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ စိန်ခေါ်မှုတွေပိုများလာနိုင်ပြီး အရေးတကြီးဖြေရှင်းဖို့လိုနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လုံခြုံမှုရှိရှိနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ဖို့နဲ့ ပြန်လည်နေရာချထားရေးတို့ဖန်တီးပေးဖို့ ပိုပြီးခက်ခဲစေမယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် မေ ၉ ရက်က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့တစ်ဖတ်သက်အပစ်ရပ်ကြေညာချက်မှာ ရခိုင်နဲ့ ချင်းပြည်နယ်ကိုပါ ထည့်သွင်းဖို့ တပ်မတော်ကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အင်တာနက်ပိတ်ထားတဲ့ဒေသတွေကိုလည်း အင်တာနက်တွေပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

မစ္စ ရန်ဟီးလီနေရာမှာ ယာယီခန့်အပ်သူအပေါ် မြန်မာအစိုးရ သဘောထား

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်ဟီးလီနေရာမှာ အမေရိကန်အောက်လွှတ်တော်အမတ်ဟောင်း သောမတ်စ်အန်ဒရူးစ်ကို ယာယီခန့်အပ်ထားပါတယ်။

မစ္စရန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေကိုအစီရင်ခံစာတင်သွင်းသူဖြစ်ပြီး ၂၀၁၄ ကနေ ၂၀၂၀ ထိ နှစ်စဉ် သက်တမ်းတိုးပြီး ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာအစိုးရကမစ္စ ရန်ဟီးလီရဲ့ အစီရင်ခံစာနဲ့ မြန်မာ့အရေးပြောဆိုဆုံးဖြတ်ချက်တွေဟာ တစ်ဖတ်သက်ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်းကစလို့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်ခဲ့ပါတယ်။

မစ္စရန်ဟီးလီကိုလည်း ပြည်ဝင်ခွင့်မပေးခဲ့တဲ့အတွက် အထူးကိုယ်စားလှယ်ဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ပြီး မြန်မာ့အရေး လေ့လာသုံးသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလို အထူးကိုယ်စားလှယ်သစ်ခန့်အပ်တဲ့အပေါ် မြန်မာအစိုးရရဲ့ သဘောထားကိုမေးတဲ့အခါ ဦးချမ်းအေးက

"ကျွန်တော်တို့က အစတည်းက ဒီကိုယ်စားလှယ်ရဲ့ Mandate(လုပ်ပိုင်ခွင့်နဲ့ တာဝန်)ကို လက်မခံဘူး။ ဒါပေမဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မူဝါဒရယ်၊ ကျွန်တော်တို့ဆောင်ရွက်ချက်တွေကို သူသိအောင် ဆိုပြီး ခန့်ခဲ့တဲ့အထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ွရက်ခဲ့တယ်။ ဒါပေမဲ့ ရန်ဟီးလီရဲ့ နောက်ပိုင်းမှာ လုပ်ရပ်တွေကြောင့် ဘယ်လိုမှ ပူးပေါင်းဆောင်ရွက်လို့မရဘူး။ တစ်ဖက်သတ်ဖြစ်လာတယ်။ အစိုးရတစ်ခုတည်းမဟုတ်ဘူး။ ပြည်သူတွေရော လွှတ်တော်ကပါလက်မခံတော့တာ။ ဒါကြောင့် သူ့နဲ့ပူးပေါင်းဆောင်ရွက်မှုကိုရပ်ပစ်လိုက်တာ။ ဒါက ကျွန်တော်တို့ရဲ့ မူဝါဒက အထူးကိုယ်စားလှယ်ရဲ့Mandate ကိုလက်မခံဘူး။ country rapporteur (နိုင်ငံတစ်နိုင်ငံတည်းပေါ်မူတည်ပြီးခန့်အပ်တဲ့ အထူးကိုယ်စားလှယ်) ကိုလက်မခံဘူး။ မူဝါဒအရ ပူးပေါင်းခဲ့တယ်။ လက်တွေ့မှာ ဖြစ်မလာတဲ့အတွက် ရပ်ထားတယ်။ ဒါက ကျွန်တော်တို့ရဲ့ရပ်တည်ချက်ပါပဲ" လို့ ဦးချမ်းအေးက ပြောပါတယ်။

အခု အသစ်ခန့်အပ်တဲ့ကိုယ်စားလှယ်နဲ့ ပတ်သက်လို့လည်း ပြောစရာမရှိဘဲ မူလရပ်တည်ချက်အတိုင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52677806
အိုင္စီေဂ် အေရး ျမန္မာဘက္က ဘာဆက္လုပ္ဖို႔ ရွိလဲ အိုင္စီေဂ် အေရး ျမန္မာဘက္က ဘာဆက္လုပ္ဖို႔ ရွိလဲ Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.