အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑အတြက္ အတိုင္ပင္ခံ အဓိကထား စဥ္းစားေန

(Zawgyi)⤵⤵⤵
ကပ္ေရာဂါကာလမွာ ျပည္သူေတြ သြားေရးလာေရးကိစၥဟာ အဓိကထား စဥ္းစားရမယ့္ ကိစၥျဖစ္လာတယ္လို႔ ေမလ ၁၅ ရက္ ဒီကေန႔ ကို႐ိုနာကာလ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးနဲ႔ ပတ္သက္ၿပီး YBS ဘတ္စ္ကားေတြရဲ႕ စီမံခန႔္ခြဲမႈတာဝန္ခံ၊ ဘတ္စ္ကားစီး အလုပ္လုပ္ေနသူ၊ မီးရထားေတြမွာ ကို႐ိုနာ ကာကြယ္ေရး ေဆာင္႐ြက္ေနသူတို႔နဲ႔ အြန္လိုင္း ေဆြးေႏြးခန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါတယ္။

“ဘယ္လိုပဲ ေျပာေျပာ သြားေရးလာေရးဟာ အဓိကထား စဥ္းစားရမယ့္ ကိစၥရပ္တစ္ခုျဖစ္တယ္။ လုံးဝ မသြားရဘူး အိမ္ထဲမွာ ထိုင္ေနဖို႔ ဆိုတာ လုံးဝမျဖစ္ႏိုင္ဘူး လက္ေတြ႕မက်ဘူး။ ပထမဦးဆုံး စရမယ္ဆို အျပင္မွာထြက္ ေဈးဝယ္ရမွာပဲ။ ေန႔တဓူဝ စားေရး ေသာက္ေရးအတြက္ ေနာက္ၿပီးေတာ့ စားေရးေသာက္ေရးအတြက္ ကိုယ္ဝမ္းစာရွာဖို႔ဆိုတာ အလုပ္သြားရမွာပဲ အဲဒါေတြလည္း လိုတယ္။ သြားေရးလာေရး ပို႔ေဆာင္ေရးနဲ႔ ပတ္သက္လို႔လည္း တစ္ခ်ိန္လုံး သုံးသပ္ေနရမွာ ဒီပုံစံ ဒီပုံစံပဲ ဆက္သြားလို႔မရဘူး”

ကို႐ိုနာကာလမွာ ကန႔္သတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ဘယ္အထိ သတ္မွတ္မလဲ ဆိုတာ ဘယ္သူမွ မခန႔္မွန္းႏိုင္ေသးသလို က်န္းမာေရး ရႈေထာင့္ကေနၾကည့္မယ္ ဆိုရင္ မေလွ်ာ့သင့္ေသးဘူးလို႔ ေထာက္ျပမႈေတြ ရွိေနေပမယ့္ စည္းကမ္းခ်က္ေတြကို အေလွ်ာ့အတင္းနဲ႔ လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာခဲ့ပါတယ္။

“က်န္းမာေရးရႈေထာင့္ကေန ေထာက္ျပၾကတာေတာ့ ဒီအခ်ိန္မွာ မေလွ်ာ့သင့္ဘဲနဲ႔ ေလွ်ာ့တယ္ေပါ့။ ေလွ်ာ့တဲ့ဟာက အေထာက္အကူ မျဖစ္ဘူး၊ ေရာဂါပိုၿပီးေတာ့ ျပန႔္ပြားတယ္။ ေရရွည္မွာ ပိုၿပီးေတာ့ စည္းမ်ဥ္းစည္းကမ္းေတြကို ထားတဲ့အေျခအေနေတြ ျဖစ္သြားႏိုင္တယ္ ကြၽန္မတို႔လည္း ဒါကို စဥ္းစားပါတယ္။ ဒါေၾကာင့္မို႔ အေလွ်ာ့အတင္းေပါ့။ ဒါက တစ္ခ်ိန္လုံးလုပ္ေနရတာပဲ။ ကိုဗစ္ အခ်ိန္အခါမွ မဟုတ္ပါဘူး၊ ဘဝက အေလွ်ာ့အတင္းပါပဲ။ ကိုဗစ္ကာလာမွာေတာ့ ပိုၿပီးေတာ့ သိသာတာေပါ့”

ႏွာေခါင္းစည္းတပ္တာဟာ အျပင္က ေရာဂါမကူးစက္ဖို႔ ကာကြယ္မႈ ပိုမ်ားတဲ့အတြက္ မျဖစ္မေန သြားလာေနရတဲ့သူေတြ အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ ႏွာေခါင္းစည္း တပ္ၾကဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းပါတယ္။

ရန္ကုန္ၿမိဳ႕ဟာ လူဦးေရ ထူထပ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရသူ အမ်ားဆုံးၿမိဳ႕လည္း ျဖစ္တဲ့အျပင္ ဘတ္စ္ကားေပၚမွာ ခရီးသည္ အမ်ားအျပား အတူစီးရတဲ့ အေျခအေနဟာ လူေျပာမ်ားတဲ့ ကိစၥျဖစ္ပါတယ္။

အစိုးရက ဘတ္စ္ကားေတြမွာလိုအပ္တဲ့ CNG ေလာင္စာ ေထာက္ပံ့ေပးႏိုင္မယ္ဆိုရင္ ကားအစီးအေရ မ်ားမ်ား ထြက္ႏိုင္တာေၾကာင့္ ႐ုံးတက္ ႐ုံးဆင္းခ်ိန္ေတြမွာ ခရီးသည္ ျပန႔္သြားၿပီး ဘတ္စ္ကားၾကပ္တာကို ေျဖေလွ်ာ့ႏိုင္မယ္လို႔ YBS စီမံခန႔္ခြဲေရးတာဝန္ခံ ဦးေအာင္ညီညီေမာ္က ေျပာပါတယ္။

“CNG သာ ရမယ္ဆိုရင္ ကားမ်ားမ်ား ထြက္လာႏိုင္မွာျဖစ္ပါတယ္။ ကားမ်ားမ်ားထြက္ႏိုင္ရင္ ခရီးသည္က ပိုၿပီး ျပန႔္သြားမယ့္ အေနအထားရွိပါတယ္။ ႐ုံးတက္ ႐ုံးဆင္းခ်ိန္ေတြမွာလည္း ကားေတြကို စိပ္စိပ္ လႊတ္ပါတယ္။ ဒါေပမဲ့ ထြက္ႏိုင္တဲ့ အစီးအေရအတြက္က အင္မတန္နည္းတယ္ေပါ့ေနာ္။ ခရီးသည္ နည္းေနေသာ္ျငားလည္း ကားအစီးေရ လိုက္နည္းသြားတဲ့ အေျခအေနရွိပါတယ္။ တကယ္လို႔ အစိုးရကေန CNG ျပည့္ဝစြာေထာက္ပံ့ေပးႏိုင္မယ္ဆိုရင္ ကားအစီးေရ မ်ားမ်ား ဆြဲခိုင္းလို႔ရပါတယ္”

အရင္က ေန႔စဥ္ YBS ဘတ္စ္ကား အစီးေရ ေလးေထာင္ေလာက္ ေျပးဆြဲခဲ့ၿပီး ကို႐ိုနာကာလမွာ ႏွစ္ေထာင္ေလာက္ပဲ ေျပးဆြဲႏိုင္တဲ့ အေျခအေနေၾကာင့္ ကားေတာ္ေတာ္မ်ားမ်ားက ရပ္ထားရတယ္လို႔ ဆိုပါတယ္။

စီးနင္းမယ့္ ခရီးသည္အေရအတြက္ကလည္း ၈၀ ရာခိုင္ႏႈန္းေလာက္ က်သြားသလို ယာဥ္ေမာင္းခ၊ ေလာင္စာခေၾကာင့္ ယာဥ္ပိုင္ကုမၸဏီေတြဘက္က ပုံမွန္ေျပးဆြဲဖို႔ အခက္အခဲ ရွိတယ္လို႔လည္း ဆိုပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မီးရထားက႑မွာလည္း တိုးတက္ေအာင္ လုပ္ေဆာင္ၿပီး ေရရွည္မွာ ႏိုင္ငံအတြက္လည္း အက်ိဳးရွိေအာင္ ႀကိဳးစားဖို႔ တိုက္တြန္းခဲ့သလို ကို႐ိုနာကာလမွာ ဘတ္စ္ကားၾကပ္တာကို ေျဖေလွ်ာ့ႏိုင္ဖို႔ မီးရထား သယ္ယူပို႔ေဆာင္ေရးက႑ကို ျဖန႔္ၿပီး အသုံးျပဳၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
-----------------------------------

(Unicode)⤵⤵⤵
အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အတိုင်ပင်ခံ အဓိကထား စဉ်းစားနေ

ကပ်ရောဂါကာလမှာ ပြည်သူတွေ သွားရေးလာရေးကိစ္စဟာ အဓိကထား စဉ်းစားရမယ့် ကိစ္စဖြစ်လာတယ်လို့ မေလ ၁၅ ရက် ဒီကနေ့ ကိုရိုနာကာလ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး YBS ဘတ်စ်ကားတွေရဲ့ စီမံခန့်ခွဲမှုတာဝန်ခံ၊ ဘတ်စ်ကားစီး အလုပ်လုပ်နေသူ၊ မီးရထားတွေမှာ ကိုရိုနာ ကာကွယ်ရေး ဆောင်ရွက်နေသူတို့နဲ့ အွန်လိုင်း ဆွေးနွေးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဘယ်လိုပဲ ပြောပြော သွားရေးလာရေးဟာ အဓိကထား စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုဖြစ်တယ်။ လုံးဝ မသွားရဘူး အိမ်ထဲမှာ ထိုင်နေဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ဘူး လက်တွေ့မကျဘူး။ ပထမဦးဆုံး စရမယ်ဆို အပြင်မှာထွက် ဈေးဝယ်ရမှာပဲ။ နေ့တဓူဝ စားရေး သောက်ရေးအတွက် နောက်ပြီးတော့ စားရေးသောက်ရေးအတွက် ကိုယ်ဝမ်းစာရှာဖို့ဆိုတာ အလုပ်သွားရမှာပဲ အဲဒါတွေလည်း လိုတယ်။ သွားရေးလာရေး ပို့ဆောင်ရေးနဲ့ ပတ်သက်လို့လည်း တစ်ချိန်လုံး သုံးသပ်နေရမှာ ဒီပုံစံ ဒီပုံစံပဲ ဆက်သွားလို့မရဘူး”

ကိုရိုနာကာလမှာ ကန့်သတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်အထိ သတ်မှတ်မလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်သေးသလို ကျန်းမာရေး ရှုထောင့်ကနေကြည့်မယ် ဆိုရင် မလျှော့သင့်သေးဘူးလို့ ထောက်ပြမှုတွေ ရှိနေပေမယ့် စည်းကမ်းချက်တွေကို အလျှော့အတင်းနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

“ကျန်းမာရေးရှုထောင့်ကနေ ထောက်ပြကြတာတော့ ဒီအချိန်မှာ မလျှော့သင့်ဘဲနဲ့ လျှော့တယ်ပေါ့။ လျှော့တဲ့ဟာက အထောက်အကူ မဖြစ်ဘူး၊ ရောဂါပိုပြီးတော့ ပြန့်ပွားတယ်။ ရေရှည်မှာ ပိုပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကို ထားတဲ့အခြေအနေတွေ ဖြစ်သွားနိုင်တယ် ကျွန်မတို့လည်း ဒါကို စဉ်းစားပါတယ်။ ဒါကြောင့်မို့ အလျှော့အတင်းပေါ့။ ဒါက တစ်ချိန်လုံးလုပ်နေရတာပဲ။ ကိုဗစ် အချိန်အခါမှ မဟုတ်ပါဘူး၊ ဘဝက အလျှော့အတင်းပါပဲ။ ကိုဗစ်ကာလာမှာတော့ ပိုပြီးတော့ သိသာတာပေါ့”

နှာခေါင်းစည်းတပ်တာဟာ အပြင်က ရောဂါမကူးစက်ဖို့ ကာကွယ်မှု ပိုများတဲ့အတွက် မဖြစ်မနေ သွားလာနေရတဲ့သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နှာခေါင်းစည်း တပ်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အများဆုံးမြို့လည်း ဖြစ်တဲ့အပြင် ဘတ်စ်ကားပေါ်မှာ ခရီးသည် အများအပြား အတူစီးရတဲ့ အခြေအနေဟာ လူပြောများတဲ့ ကိစ္စဖြစ်ပါတယ်။

အစိုးရက ဘတ်စ်ကားတွေမှာလိုအပ်တဲ့ CNG လောင်စာ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကားအစီးအရေ များများ ထွက်နိုင်တာကြောင့် ရုံးတက် ရုံးဆင်းချိန်တွေမှာ ခရီးသည် ပြန့်သွားပြီး ဘတ်စ်ကားကြပ်တာကို ဖြေလျှော့နိုင်မယ်လို့ YBS စီမံခန့်ခွဲရေးတာဝန်ခံ ဦးအောင်ညီညီမော်က ပြောပါတယ်။

“CNG သာ ရမယ်ဆိုရင် ကားများများ ထွက်လာနိုင်မှာဖြစ်ပါတယ်။ ကားများများထွက်နိုင်ရင် ခရီးသည်က ပိုပြီး ပြန့်သွားမယ့် အနေအထားရှိပါတယ်။ ရုံးတက် ရုံးဆင်းချိန်တွေမှာလည်း ကားတွေကို စိပ်စိပ် လွှတ်ပါတယ်။ ဒါပေမဲ့ ထွက်နိုင်တဲ့ အစီးအရေအတွက်က အင်မတန်နည်းတယ်ပေါ့နော်။ ခရီးသည် နည်းနေသော်ငြားလည်း ကားအစီးရေ လိုက်နည်းသွားတဲ့ အခြေအနေရှိပါတယ်။ တကယ်လို့ အစိုးရကနေ CNG ပြည့်ဝစွာထောက်ပံ့ပေးနိုင်မယ်ဆိုရင် ကားအစီးရေ များများ ဆွဲခိုင်းလို့ရပါတယ်”

အရင်က နေ့စဉ် YBS ဘတ်စ်ကား အစီးရေ လေးထောင်လောက် ပြေးဆွဲခဲ့ပြီး ကိုရိုနာကာလမှာ နှစ်ထောင်လောက်ပဲ ပြေးဆွဲနိုင်တဲ့ အခြေအနေကြောင့် ကားတော်တော်များများက ရပ်ထားရတယ်လို့ ဆိုပါတယ်။

စီးနင်းမယ့် ခရီးသည်အရေအတွက်ကလည်း ၈၀ ရာခိုင်နှုန်းလောက် ကျသွားသလို ယာဉ်မောင်းခ၊ လောင်စာခကြောင့် ယာဉ်ပိုင်ကုမ္ပဏီတွေဘက်က ပုံမှန်ပြေးဆွဲဖို့ အခက်အခဲ ရှိတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီးရထားကဏ္ဍမှာလည်း တိုးတက်အောင် လုပ်ဆောင်ပြီး ရေရှည်မှာ နိုင်ငံအတွက်လည်း အကျိုးရှိအောင် ကြိုးစားဖို့ တိုက်တွန်းခဲ့သလို ကိုရိုနာကာလမှာ ဘတ်စ်ကားကြပ်တာကို ဖြေလျှော့နိုင်ဖို့ မီးရထား သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖြန့်ပြီး အသုံးပြုကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/dassk-focus-public-transportation-sector-during-corona-period-05152020071037.html
အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑အတြက္ အတိုင္ပင္ခံ အဓိကထား စဥ္းစားေန အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑အတြက္ အတိုင္ပင္ခံ အဓိကထား စဥ္းစားေန Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.