လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိမရွိ စစ္မယ္

လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေမလ ၉ ရက္ေန႔ကစလို႔ေနျပည္ေတာ္ကိုေရာက္ရွိေနၾက
(Zawgyi)⤵⤵⤵
ေမလ ၁၈ ရက္ေန႔မွာျပန္လည္စတင္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးကို တက္ေရာက္ဖို႔အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေမလ ၉ ရက္ေန႔ကစလို႔ေနျပည္ေတာ္ကိုေရာက္ရွိေနၾကပါတယ္။

ေနျပည္ေတာ္ကို ေရာက္ရွိေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို အစည္းအေဝးမတက္ခင္ ကိုဗစ္-၁၉ ေရာ ဂါပိုးရွိမရွိ စစ္ေဆးသြားမယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး႒ာန ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ျမတ္ဝဏၰစိုး ကဘီဘီစီကိုေျပာပါတယ္။

ဒါအျပင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုလဲ မိမိေနထိုင္တဲ့အခန္းမွာပဲ Home Stay ပုံစံသီးျခားစီေနထိုင္ဖို႔ကို လဲေမတၱာရပ္ခံထားတယ္လို လည္း ေဒါက္တာျမတ္ဝဏၰစိုးက ဆိုပါတယ္။

မၾကာခင္စတင္မယ့္ လႊတ္ေတာ္အစည္းအေဝးကို တက္ေရာက္ဖို႔ ေနျပည္ေတာ္ကိုလာေရာက္တဲ့ NLD ပါတီကိုယ္စားလွယ္ေတြအေနနဲ႔ မိသားစု ေခၚမလာရဘဲ တစ္ေယာက္တည္းလာဖို႔ NLD ပါတီက ေခါင္းေဆာင္ေတြက ၫြန္ၾကားထားခဲ့တယ္လို႔ သိရပါတယ္။
တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ ကိုဗစ္ႏိုင္တင္းေရာဂါပိုးရွိမရွိ စစ္ေဆးထားၿပီး
ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးတက္ေရာက္မယ့္ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ ေမလ ၇ ရက္ေန႔က ကိုဗစ္ႏိုင္တင္းေရာဂါပိုးရွိမရွိ စစ္ေဆးထားၿပီးပိုးေတြ႕တဲ့လူမရွိဘူးလို႔ လည္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

လႊတ္ေတာ္အစည္းအေဝးခန္းမကိုလည္း အစည္းအေဝးက်င္းပေနစဥ္မွာ တံခါးေတြဖြင့္ထားမွာ ျဖစ္သလို႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြေနနဲ႔လည္း တစ္ခုံျခားစီထိုင္ရမွာျဖစ္တယ္လို႔လည္းဆိုပါတယ္။

ေမလ ၁၈ ရက္ေန႔မွာ ျပန္လည္စတင္မယ့္ အစည္းအေဝးမွာ အဓိကအားျဖင့္ျဖည့္စြက္ဘက္ဂ်က္ေတာင္းခံမူ႔ကို အဓိက ေဆြးေႏြးမွာျဖစ္သလို ႏိုင္ငံတကာအဖြဲ႕အစည္းေတြကေခ်းယူမယ့္ ေခ်းေငြကိစၥတို႔ ကို အဓိက ထား ေဆြးေႏြးမွာျဖစ္ပါတယ္။

အခုျပန္လည္စတင္မယ့္ အစည္းအေဝးဟာ ႏွစ္ပတ္ေလာက္သာက်င္းပဖို ရွိၿပီး NLD ပါတီကိုယ္စားလွယ္ေတြကလြဲလို႔ က်န္တိုင္းရင္းသားပါတီက လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကေတာ့ ဒီတစ္ႀကိမ္အစည္းအေဝးကို မတက္ေရာက္ၾကဘဲ ခြင့္ယူထားၾကပါတယ္ ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ႏိုင္တင္းေရာဂါ ျဖစ္ပြားသူ ၁၈၀ ဦးရွိၿပီး ေသဆုံးသူ ၆ ဦး၊ ျပန္လည္ေကာင္းမြန္သူ ၇၂ ဦးရွိပါတယ္၊ လက္ရွိမွာ ေစာင့္ၾကည့္လူနာ ၃,၈၃၅ ဦး ရွိၿပီး တစ္ႏိုင္ငံလုံးဓာတ္ခြဲစစ္ေဆးခဲ့သူ စုစုေပါင္းတစ္ေသာင္းတစ္ေထာင္ေက်ာ္ ရွိတယ္လို႔က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေမလ ၁၁ က ထုတ္ျပန္ထားပါတယ္။

BBC Burmese
-------------------------
(Unicode)⤵⤵⤵
လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ စစ်မယ်

မေလ ၁၈ ရက်နေ့မှာပြန်လည်စတင်မယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မေလ ၉ ရက်နေ့ကစလို့နေပြည်တော်ကိုရောက်ရှိနေကြပါတယ်။

နေပြည်တော်ကို ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အစည်းအဝေးမတက်ခင် ကိုဗစ်-၁၉ ရော ဂါပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဋ္ဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ကဘီဘီစီကိုပြောပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်တွေကိုလဲ မိမိနေထိုင်တဲ့အခန်းမှာပဲ Home Stay ပုံစံသီးခြားစီနေထိုင်ဖို့ကို လဲမေတ္တာရပ်ခံထားတယ်လို လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။

မကြာခင်စတင်မယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကိုလာရောက်တဲ့ NLD ပါတီကိုယ်စားလှယ်တွေအနေနဲ့ မိသားစု ခေါ်မလာရဘဲ တစ်ယောက်တည်းလာဖို့ NLD ပါတီက ခေါင်းဆောင်တွေက ညွန်ကြားထားခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ မေလ ၇ ရက်နေ့က ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးထားပြီးပိုးတွေ့တဲ့လူမရှိဘူးလို့ လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမကိုလည်း အစည်းအဝေးကျင်းပနေစဉ်မှာ တံခါးတွေဖွင့်ထားမှာ ဖြစ်သလို့လွှတ်တော်ကိုယ်စားလှယ်တွေနေနဲ့လည်း တစ်ခုံခြားစီထိုင်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

မေလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်မယ့် အစည်းအဝေးမှာ အဓိကအားဖြင့်ဖြည့်စွက်ဘက်ဂျက်တောင်းခံမူ့ကို အဓိက ဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေကချေးယူမယ့် ချေးငွေကိစ္စတို့ ကို အဓိက ထား ဆွေးနွေးမှာဖြစ်ပါတယ်။

အခုပြန်လည်စတင်မယ့် အစည်းအဝေးဟာ နှစ်ပတ်လောက်သာကျင်းပဖို ရှိပြီး NLD ပါတီကိုယ်စားလှယ်တွေကလွဲလို့ ကျန်တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ ဒီတစ်ကြိမ်အစည်းအဝေးကို မတက်ရောက်ကြဘဲ ခွင့်ယူထားကြပါတယ် ။

မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ပြန်လည်ကောင်းမွန်သူ ၇၂ ဦးရှိပါတယ်၊ လက်ရှိမှာ စောင့်ကြည့်လူနာ ၃,၈၃၅ ဦး ရှိပြီး တစ်နိုင်ငံလုံးဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းတစ်သောင်းတစ်ထောင်ကျော် ရှိတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၁ က ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52616916
လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိမရွိ စစ္မယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကို႐ိုနာဗိုင္းရပ္စ္ ပိုးရွိမရွိ စစ္မယ္ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.