ကုိဗစ္ဆုိင္ရာ ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ရင္ ကူးစက္မႈ တုိးလာႏုိင္ေၾကာင္း ကန္ ပညာရွင္ေတြေျပာ

Nueva York Park ကဝန္ထမ္းမ်ားက mask ေတြလူေတြကို ေပးေနရာမွ mask ကုန္သြားေသာျမင္ကြင္း
Zawgyi/Unicode

အေမရိကန္ ျပည္ေထာင္စုအတြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႔ႏွံ႔မႈေတြေၾကာင့္ ခ်မွတ္ထားရတဲ႔ ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့ၿပီး စီးပြားေရး ျပန္လည္ လည္ပတ္ဖို႔ ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္လာေနခ်ိန္မွာဘဲ ဒီလို ေဆာင္ရြက္မႈေတြေၾကာင့္ ကူးစက္မႈနဲ႔ ေသဆံုးမႈေတြ ပိုမ်ားလာမယ္လို႔ ကပ္ေဘးေရာဂါ ဆုိင္ရာ ထိပ္တန္း ကြ်မ္းက်င္သူ တဦးက ေျပာဆိုထားပါတယ္။

ျပည္နယ္ ၅၀ ထဲက ၄၇ ျပည္နယ္ရဲ႕ အုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ စီးပြားေရး လုပ္ငန္းဆိုင္ရာ တားျမစ္ ကန္႔သတ္ခ်က္ေတြကို ေျဖေလွ်ာ့ေပးထားၿပီး ျဖစ္ပါတယ္။ စတိုးဆိုင္ေတြ၊ စားေသာက္ဆိုင္ေတြနဲ႔ တျခား စီးပြားေရး လုပ္ငန္းေတြကို အကန္႔အသတ္နဲ႔ ျပန္ဖြင့္ခြင့္ ျပဳထားပါတယ္။ လူတဦးနဲ႔ တဦးၾကား အနည္းဆံုး ၂ မီတာေလာက္ အကြာအေ၀း ျခားထားဖို႔ ဆိုတဲ႔ ကန္႔သတ္ခ်က္မ်ိဳးလည္း ပါ၀င္ပါတယ္။

၀ါရွင္တန္ တကၠသိုလ္ရဲ႕ Institute for Health Metrics and Evaluation အႀကီးအကဲ ေဒါက္တာ Christopher Murray ကေတာ့ ဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ကန္႔သတ္ ထိန္းခ်ဳပ္မႈေတြ မလုပ္ရင္ ကူးစက္မႈ သိသိသာသာ တိုးလာမယ့္ အေနအထားလို႔ သံုးသပ္ပါတယ္။

ဗိုင္းရပ္စ္ စမ္းသပ္မႈေတြကို တိုးျမွင့္ေဆာင္ရြက္မႈ၊ ကူးစက္ခံ လူနာေတြနဲ႔ ထိေတြ႔မႈေတြကို ေဖာ္ထုတ္ေဆာင္ရြက္မႈ၊ ကူးစက္ခံ အတည္ျပဳ လူနာေတြကို သီးျခားခြဲ ထားရွိမႈ၊ လူထုၾကား ႏွာေခါင္းစည္း အသံုးျပဳမႈ က်ယ္က်ယ္ျပန္႔ျပန္႔ ထိထိေရာက္ေရာက္ မရွိဘူးဆိုရင္ေတာ့ ဗိုင္းရပ္စ္ ကူးစက္မႈ အသစ္ေတြ သိသိသာသာ တိုးလာမယ္လို႔ ေဒါက္တာ Christopher Murray က ေထာက္ျပခဲ႔တာပါ။

COVID 19 ေၾကာင့္ အေမရိကန္ ျပည္သူ ၈၀,၀၀၀ နီးပါး ေသဆံုးခဲ႔ရၿပီးပါၿပီ။ ၾသဂုတ္လ အေစာပိုင္း အေရာက္မွာ အေမရိကန္ ၁၃၇,၀၀၀ ေက်ာ္ ေသဆံုးႏုိင္တယ္လို႔လည္း ၀ါရွင္တန္ တကၠသိုလ္ Institute for Health Metrics and Evaluation က ခန္႔မွန္း ထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
[Unicode]
ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေ ဖြေလျော့ရင် ကူးစက်မှု တိုးလာနိုင်ကြောင်း ကန် ပညာရှင်တွေပြော

အမေရိကန် ပြည်ထောင်စုအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေကြောင့် ချမှတ်ထားရတဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပြီး စီးပွားရေး ပြန်လည် လည်ပတ်ဖို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်လာနေချိန်မှာဘဲ ဒီလို ဆောင်ရွက်မှုတွေကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုတွေ ပိုများလာမယ်လို့ ကပ်ဘေးရောဂါ ဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူ တဦးက ပြောဆိုထားပါတယ်။

ပြည်နယ် ၅၀ ထဲက ၄၇ ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ စီးပွားရေး လုပ်ငန်းဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးထားပြီး ဖြစ်ပါတယ်။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ တခြား စီးပွားရေး လုပ်ငန်းတွေကို အကန့်အသတ်နဲ့ ပြန်ဖွင့်ခွင့် ပြုထားပါတယ်။ လူတဦးနဲ့ တဦးကြား အနည်းဆုံး ၂ မီတာလောက် အကွာအဝေး ခြားထားဖို့ ဆိုတဲ့ ကန့်သတ်ချက်မျိုးလည်း ပါဝင်ပါတယ်။

ဝါရှင်တန် တက္ကသိုလ်ရဲ့ Institute for Health Metrics and Evaluation အကြီးအကဲ ဒေါက်တာ Christopher Murray ကတော့ ဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး ကန့်သတ် ထိန်းချုပ်မှုတွေ မလုပ်ရင် ကူးစက်မှု သိသိသာသာ တိုးလာမယ့် အနေအထားလို့ သုံးသပ်ပါတယ်။

ဗိုင်းရပ်စ် စမ်းသပ်မှုတွေကို တိုးမြှင့်ဆောင်ရွက်မှု၊ ကူးစက်ခံ လူနာတွေနဲ့ ထိတွေ့မှုတွေကို ဖော်ထုတ်ဆောင်ရွက်မှု၊ ကူးစက်ခံ အတည်ပြု လူနာတွေကို သီးခြားခွဲ ထားရှိမှု၊ လူထုကြား နှာခေါင်းစည်း အသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် မရှိဘူးဆိုရင်တော့ ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ သိသိသာသာ တိုးလာမယ်လို့ ဒေါက်တာ Christopher Murray က ထောက်ပြခဲ့တာပါ။

COVID 19 ကြောင့် အမေရိကန် ပြည်သူ ၈၀,၀၀၀ နီးပါး သေဆုံးခဲ့ရပြီးပါပြီ။ သြဂုတ်လ အစောပိုင်း အရောက်မှာ အမေရိကန် ၁၃၇,၀၀၀ ကျော် သေဆုံးနိုင်တယ်လို့လည်း ဝါရှင်တန် တက္ကသိုလ် Institute for Health Metrics and Evaluation က ခန့်မှန်း ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-specialist-said-virus-infection-might-increase-due-to-lift/5415578.html
ကုိဗစ္ဆုိင္ရာ ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ရင္ ကူးစက္မႈ တုိးလာႏုိင္ေၾကာင္း ကန္ ပညာရွင္ေတြေျပာ ကုိဗစ္ဆုိင္ရာ ကန္႔သတ္ခ်က္ေတြ ေျဖေလ်ာ့ရင္ ကူးစက္မႈ တုိးလာႏုိင္ေၾကာင္း ကန္ ပညာရွင္ေတြေျပာ Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.