ဒီးေမာ့ဆို႔ၿမိဳ႕နယ္တြင္ မိုးႀကိဳးထိမွန္ၿပီး လူ ၃ ဦးေသဆုံး


(Zawgyi)⤵⤵⤵
ဒီးေမာ့ဆို႔ၿမိဳ႕နယ္မွာ ေမ ၁၁ရက္ ေန႔လယ္ပိုင္းက မိုးႀကိဳးထိမွန္ၿပီး လူ ၃‌ ‌ေယာက္ေသဆုံးခဲ့ပါတယ္။

လယ္စိုက္ေနတဲ့ အမ်ိဳးသမီး (၂)ေယာက္နဲ႔ လယ္ ထြန္ေနတဲ့ အမ်ိဳးသားတစ္‌ေယာက္တို႔မိုးႀကိဳးထိမွန္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ ဒီးေမာ့ဆို႔ၿမိဳ႕မရဲစခန္းက သိရပါတယ္။

ျဖစ္စဥ္မွာ ေဒါငံခါးရပ္ကြက္ေနသူ အသက္(၄၁)ႏွစ္အ႐ြယ္ ေဒၚလူစီးယာ နဲ႔ အသက္(၇)ႏွစ္အ႐ြယ္ မဂ်ိဳးစဖင္းဆုခိုင္ႏွင္း ဟာ ေငြေတာင္ေက်း႐ြာအုပ္စု ေညာင္ကုန္းစိုက္ကြင္းအမွတ္ (၁၄)မွာ ေကာက္စိုက္ေနတုန္း မိုး႐ြာလာလို႔ တဲရွိရာ ျပန္သြားခ်ိန္ မိုးႀကိဳးပစ္ခ်တာေၾကာင့္ ၂ ေယာက္ စလုံးေသဆုံးခဲ့တာပါ။

အဲဒီအျပင္ နမ့္မယ္ခုံၿမိဳ႕၊ ဘုရားျဖဴ‌ေက်း႐ြာရဲ႕ အေနာက္ (၄)ဖာလုံခန႔္အကြာ အိုေကေက်း႐ြာမွာေနတဲ့ အသက္(၄၆)ႏွစ္အ႐ြယ္ ဦးအယ္ကာဝါး (ခ) ဦးေကာ္ေကာ္ဟာ လယ္ကြင္းအမွတ္ (၆၈) မွာ ထြန္စက္နဲ႔ လယ္ထြန္ေနတုန္း မိုးႀကိဳးထိမွန္ၿပီး ေသဆုံးခဲ့ရပါတယ္။

ေသဆုံးမႈေတြကို ဒီးေမာ့ဆို႔ၿမိဳ႕မရဲစခန္းမွာ ေသမႈေသခင္းဖြင့္လွစ္ထားတယ္လို႔ သိရပါတယ္။

သတင္း-စိုင္းစိုင္း (လြိဳင္ေကာ္)
One News Myanmar
-----------------------------------

(Unicode)⤵⤵⤵
ဒီးမော့ဆို့မြို့နယ်တွင် မိုးကြိုးထိမှန်ပြီး လူ ၃ ဦးသေဆုံး

ဒီးမော့ဆို့မြို့နယ်မှာ မေ ၁၁ရက် နေ့လယ်ပိုင်းက မိုးကြိုးထိမှန်ပြီး လူ ၃‌ ‌ယောက်သေဆုံးခဲ့ပါတယ်။

လယ်စိုက်နေတဲ့ အမျိုးသမီး (၂)ယောက်နဲ့ လယ် ထွန်နေတဲ့ အမျိုးသားတစ်‌ယောက်တို့မိုးကြိုးထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ ဒီးမော့ဆို့မြို့မရဲစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ ဒေါငံခါးရပ်ကွက်နေသူ အသက်(၄၁)နှစ်အရွယ် ဒေါ်လူစီးယာ နဲ့ အသက်(၇)နှစ်အရွယ် မဂျိုးစဖင်းဆုခိုင်နှင်း ဟာ ငွေတောင်ကျေးရွာအုပ်စု ညောင်ကုန်းစိုက်ကွင်းအမှတ် (၁၄)မှာ ကောက်စိုက်နေတုန်း မိုးရွာလာလို့ တဲရှိရာ ပြန်သွားချိန် မိုးကြိုးပစ်ချတာကြောင့် ၂ ယောက် စလုံးသေဆုံးခဲ့တာပါ။

အဲဒီအပြင် နမ့်မယ်ခုံမြို့၊ ဘုရားဖြူ‌ကျေးရွာရဲ့ အနောက် (၄)ဖာလုံခန့်အကွာ အိုကေကျေးရွာမှာနေတဲ့ အသက်(၄၆)နှစ်အရွယ် ဦးအယ်ကာဝါး (ခ) ဦးကော်ကော်ဟာ လယ်ကွင်းအမှတ် (၆၈) မှာ ထွန်စက်နဲ့ လယ်ထွန်နေတုန်း မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။

သေဆုံးမှုတွေကို ဒီးမော့ဆို့မြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

သတင်း-စိုင်းစိုင်း (လွိုင်ကော်)
One News Myanmar
https://www.facebook.com/onenewsmyan/
ဒီးေမာ့ဆို႔ၿမိဳ႕နယ္တြင္ မိုးႀကိဳးထိမွန္ၿပီး လူ ၃ ဦးေသဆုံး ဒီးေမာ့ဆို႔ၿမိဳ႕နယ္တြင္ မိုးႀကိဳးထိမွန္ၿပီး လူ ၃ ဦးေသဆုံး Reviewed by THITHTOOLWIN on 07:56 Rating: 5
Powered by Blogger.