ကို႐ိုနာဗိုင္းရပ္စ္ - ႏိုင္ငံျခား အလုပ္သမား သုံးသိန္းေက်ာ္ စင္ကာပူ ပိုးစစ္မယ္

တစ္ေန႔ကို လူ ၃၀၀၀ ဝန္းက်င္ႏႈန္းနဲ႔ ပိုးစစ္ေန
(Zawgyi)⤵⤵⤵
စင္ကာပူႏိုင္ငံမွာ လာအလုပ္လုပ္ၿပီး အေဆာင္ေတြမွာ ေနထိုင္ေနၾကတဲ့ ႏိုင္ငံျခားသား အလုပ္သမား ၃၂၃,၀၀၀ ကို ကို႐ိုနာဗိုင္းရပ္စ္ပိုး ရွိမရွိ စစ္မယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကမာၻမွာ စျပန္႔ခဲ့ခ်ိန္က ပိုးထိန္းခ်ဳပ္ေရး စံျပအျဖစ္ လုပ္ႏိုင္ခဲ့တဲ့ စင္ကာပူမွာ အခုအခါမွာေတာ့ ေ႐ႊ႕ေျပာင္းအလုပ္သမား အသိုင္းအဝိုင္းထဲ ကူးစက္မႈေတြ အမ်ားအျပား ျဖစ္ေနတာပါ။

ေ႐ႊ႕ေျပာင္း အလုပ္သမား သိန္းခ်ီ ရွိေနတဲ့ စင္ကာပူမွာ အမ်ားစုက ေတာင္အာရွက ေရာက္လာတာ ျဖစ္ၿပီး သူတို႔ေတြထဲက အမ်ားအျပားက ေဆာက္လုပ္ေရး လုပ္ငန္းေတြမွာ လုပ္ၾကပါတယ္။

ေဆာက္လုပ္ေရး အလုပ္သမားေတြဟာ က်ဥ္းက်ဥ္းက်ပ္က်ပ္ အေဆာင္ခန္းေတြမွာ ေနၾကရပါတယ္။ တခ်ိဳ႕အခန္းေတြမွာ တစ္ခန္းတည္းကို လူ ၁၆ ေယာက္ ေလာက္ ေနၾကတာပါ။ အဲဒီအလုပ္သမားေတြ ေနတဲ့ အေဆာင္ခန္းေတြကို အစိုးရက ကြာရန္တင္းလုပ္ထားတာေတာင္မွ ပိုးေတြ႕သူ ေန႔စဥ္ ရာခ်ီ ရွိေနပါတယ္။

အခုအခ်ိန္ထိ အဲဒီအေဆာင္ေတြက အလုပ္သမား ၃၂,၀၀၀ ကို ပိုးစစ္ထားၿပီးပါၿပီ။ အဲဒါဟာ အလုပ္သမား စုစုေပါင္းရဲ႕ ၁၀ ပုံ ၁ ပုံ ပမာဏ ရွိပါတယ္။

အစိုးရက တစ္ေန႔ကို လူ ၃၀၀၀ ေလာက္ ပိုးစစ္ေနတယ္လို႔ ထုတ္ေျပာထားပါတယ္။

ေမလ ၁၃ ရက္ ဗုဒၶဟူးေန႔ မွာ ကူးစက္မႈ အသစ္ ၆၇၅ ခု ရွိတယ္လို႔ စင္ကာပူ က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ စင္ကာပူမွာ ကူးစက္သူ ၂၅,၃၄၆ ရွိၿပီ ျဖစ္ၿပီး အမ်ားစုက ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ပါတယ္။ ေသဆုံးသူက ၂၁ ဦး ရွိပါၿပီ။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - နိုင်ငံခြား အလုပ်သမား သုံးသိန်းကျော် စင်ကာပူ ပိုးစစ်မယ်

စင်ကာပူနိုင်ငံမှာ လာအလုပ်လုပ်ပြီး အဆောင်တွေမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမား ၃၂၃,၀၀၀ ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာမှာ စပြန့်ခဲ့ချိန်က ပိုးထိန်းချုပ်ရေး စံပြအဖြစ် လုပ်နိုင်ခဲ့တဲ့ စင်ကာပူမှာ အခုအခါမှာတော့ ရွှေ့ပြောင်းအလုပ်သမား အသိုင်းအဝိုင်းထဲ ကူးစက်မှုတွေ အများအပြား ဖြစ်နေတာပါ။

ရွှေ့ပြောင်း အလုပ်သမား သိန်းချီ ရှိနေတဲ့ စင်ကာပူမှာ အများစုက တောင်အာရှက ရောက်လာတာ ဖြစ်ပြီး သူတို့တွေထဲက အများအပြားက ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကြပါတယ်။

ဆောက်လုပ်ရေး အလုပ်သမားတွေဟာ ကျဉ်းကျဉ်းကျပ်ကျပ် အဆောင်ခန်းတွေမှာ နေကြရပါတယ်။ တချို့အခန်းတွေမှာ တစ်ခန်းတည်းကို လူ ၁၆ ယောက် လောက် နေကြတာပါ။ အဲဒီအလုပ်သမားတွေ နေတဲ့ အဆောင်ခန်းတွေကို အစိုးရက ကွာရန်တင်းလုပ်ထားတာတောင်မှ ပိုးတွေ့သူ နေ့စဉ် ရာချီ ရှိနေပါတယ်။

အခုအချိန်ထိ အဲဒီအဆောင်တွေက အလုပ်သမား ၃၂,၀၀၀ ကို ပိုးစစ်ထားပြီးပါပြီ။ အဲဒါဟာ အလုပ်သမား စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံ ပမာဏ ရှိပါတယ်။

အစိုးရက တစ်နေ့ကို လူ ၃၀၀၀ လောက် ပိုးစစ်နေတယ်လို့ ထုတ်ပြောထားပါတယ်။

မေလ ၁၃ ရက် ဗုဒ္ဓဟူးနေ့ မှာ ကူးစက်မှု အသစ် ၆၇၅ ခု ရှိတယ်လို့ စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စင်ကာပူမှာ ကူးစက်သူ ၂၅,၃၄၆ ရှိပြီ ဖြစ်ပြီး အများစုက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ သေဆုံးသူက ၂၁ ဦး ရှိပါပြီ။

BBC Burmese
https://www.bbc.com/burmese/world-52646339
ကို႐ိုနာဗိုင္းရပ္စ္ - ႏိုင္ငံျခား အလုပ္သမား သုံးသိန္းေက်ာ္ စင္ကာပူ ပိုးစစ္မယ္ ကို႐ိုနာဗိုင္းရပ္စ္ - ႏိုင္ငံျခား အလုပ္သမား သုံးသိန္းေက်ာ္ စင္ကာပူ ပိုးစစ္မယ္ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.