စပိန္ အသက္အႀကီးဆုံး အမ်ိဳးသမီး ကို႐ိုနာကေန လြတ္ေျမာက္


(Zawgyi)⤵⤵⤵
စပိန္မွာ အသက္အႀကီးဆုံးလို႔ ယူဆရတဲ့ အသက္ ၁၁၃ ႏွစ္ အမ်ိဳးသမီးႀကီးဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈကေန ျပန္လည္ ေနေကာင္းသက္သာ လာတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လတုန္းက စပိန္မွာ ေလာ့ခ္ေဒါင္းလုပ္ထားခ်ိန္မွာ မာရီယာ ဘရာညာဟာ ကိုဗစ္-၁၉ ကူးစက္ခံထားရတာကို စစ္ေဆး ေတြ႕ရွိခဲ့ရတာပါ။

သူ႔မွာ ကို႐ိုနာဗိုင္းရပ္စ္ လကၡဏာ အနည္းငယ္ပဲျပခဲ့ၿပီး တပတ္ေလာက္ သီးျခားခြဲေနထိုင္ၿပီးခ်ိန္မွာေတာ့ ျပန္လည္ သက္သာသြားၿပီ ျဖစ္ပါတယ္။

သူ႔ဟာ ၁၉၁၈ ခုႏွစ္ကေန ၁၉၁၉ ခုႏွစ္ အထိ ျဖစ္ေပၚခဲ့တဲ့ စပိန္တုပ္ေကြး၊ ၿပီးေတာ့ ၁၉၃၆ ကေန ၁၉၃၉ ခုႏွစ္ ျဖစ္ခဲ့တဲ့ ျပည္တြင္းစစ္နဲ႔ အခုတစ္ခါ ျဖစ္ခဲ့တဲ့ ကို႐ိုနာ ကမာၻ႔ ကပ္ေရာေဘးႀကီးတို႔ကေန လြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။

“မာရီယာဟာ အခုေတာ့ ေနေကာင္းက်န္းမာေနပါၿပီ။ သူဟာ တကယ့္ကို အံ့မခန္းပါပဲ။ စကားေျပာခ်င္ေနတယ္။ သူသတိရတာေတြကို ျပန္ရွင္းျပခ်င္ေနၿပီး ဒါမွမာရီယာပါပဲလို႔" သမီး ျဖစ္သူက တြစ္တာ လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

မရီယာကို ၁၉၀၇ ခုႏွစ္က မကၠစီကိုႏိုင္ငံမွာ ေမြးဖြားခဲ့ပါတယ္။ ေနာက္ေတာ့ ဆန္ဖရန္စၥကို ကိုေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၿပီး ေနာက္၂ႏွစ္ အၾကာ ပထမကမာၻစစ္ ကာလအတြင္းမွာ ေတာ့ စပိန္ႏိုင္ငံ ကတ္တလန္ျပည္နယ္က ဂ်ီ႐ိုနာကို ဖခင္ျဖစ္သူ စပိန္ သတင္းေထာက္နဲ႔ အတူေရာက္ရွိခဲ့တာပါ။

မရီယာမွာ သားသမီး သုံးေယာက္ရွိၿပီး တစ္ေယာက္က မၾကာခင္ကမွ အသက္ ၈၆ ႏွစ္ျပည့္ခဲ့ပါတယ္။ သူ႔မွာ ေျမး ၁၁ေယာက္ ရွိၿပီး အသက္အႀကီးဆုံးက အသက္ ၆၀ ရွိၿပီ ျဖစ္ပါတယ္။ ျမစ္ ၁၃ ေယာက္လည္း ရွိပါတယ္။

စပိန္ႏိုင္ငံ အိုေလာ့ၿမိဳ႕က ဘိုးဘြားေစာင့္ေရွာက္ေရး ေဂဟာမွာ ႏွစ္၂၀ ေက်ာ္ေနထိုင္ေနပါတယ္။

သူ႔အေနနဲ႔ အသက္ရွင္ေနထိုင္႐ုံကလြဲၿပီး က်န္တာဘာမွ မလုပ္ခဲ့ဘူးလို႔လည္း သူက စပိန္ သတင္းစာလာ ဗန္ဂါးဒီးယားကို ေျပာဆိုခဲ့ပါေသးတယ္။

BBC Burmese
မာရီယာမွာ ကို႐ိုနာ လကၡဏာ အနည္းငယ္ပဲခံစားရ 
----------------------------------
(Unicode)⤵⤵⤵
စပိန် အသက်အကြီးဆုံး အမျိုးသမီး ကိုရိုနာကနေ လွတ်မြောက်

စပိန်မှာ အသက်အကြီးဆုံးလို့ ယူဆရတဲ့ အသက် ၁၁၃ နှစ် အမျိုးသမီးကြီးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်လည် နေကောင်းသက်သာ လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက စပိန်မှာ လော့ခ်ဒေါင်းလုပ်ထားချိန်မှာ မာရီယာ ဘရာညာဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို စစ်ဆေး တွေ့ရှိခဲ့ရတာပါ။

သူ့မှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ အနည်းငယ်ပဲပြခဲ့ပြီး တပတ်လောက် သီးခြားခွဲနေထိုင်ပြီးချိန်မှာတော့ ပြန်လည် သက်သာသွားပြီ ဖြစ်ပါတယ်။

သူ့ဟာ ၁၉၁၈ ခုနှစ်ကနေ ၁၉၁၉ ခုနှစ် အထိ ဖြစ်ပေါ်ခဲ့တဲ့ စပိန်တုပ်ကွေး၊ ပြီးတော့ ၁၉၃၆ ကနေ ၁၉၃၉ ခုနှစ် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်နဲ့ အခုတစ်ခါ ဖြစ်ခဲ့တဲ့ ကိုရိုနာ ကမ္ဘာ့ ကပ်ရောဘေးကြီးတို့ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

“မာရီယာဟာ အခုတော့ နေကောင်းကျန်းမာနေပါပြီ။ သူဟာ တကယ့်ကို အံ့မခန်းပါပဲ။ စကားပြောချင်နေတယ်။ သူသတိရတာတွေကို ပြန်ရှင်းပြချင်နေပြီး ဒါမှမာရီယာပါပဲလို့" သမီး ဖြစ်သူက တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

မရီယာကို ၁၉၀၇ ခုနှစ်က မက္ကစီကိုနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ နောက်တော့ ဆန်ဖရန်စ္စကို ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီး နောက်၂နှစ် အကြာ ပထမကမ္ဘာစစ် ကာလအတွင်းမှာ တော့ စပိန်နိုင်ငံ ကတ်တလန်ပြည်နယ်က ဂျီရိုနာကို ဖခင်ဖြစ်သူ စပိန် သတင်းထောက်နဲ့ အတူရောက်ရှိခဲ့တာပါ။

မရီယာမှာ သားသမီး သုံးယောက်ရှိပြီး တစ်ယောက်က မကြာခင်ကမှ အသက် ၈၆ နှစ်ပြည့်ခဲ့ပါတယ်။ သူ့မှာ မြေး ၁၁ယောက် ရှိပြီး အသက်အကြီးဆုံးက အသက် ၆၀ ရှိပြီ ဖြစ်ပါတယ်။ မြစ် ၁၃ ယောက်လည်း ရှိပါတယ်။

စပိန်နိုင်ငံ အိုလော့မြို့က ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာမှာ နှစ်၂၀ ကျော်နေထိုင်နေပါတယ်။

သူ့အနေနဲ့ အသက်ရှင်နေထိုင်ရုံကလွဲပြီး ကျန်တာဘာမှ မလုပ်ခဲ့ဘူးလို့လည်း သူက စပိန် သတင်းစာလာ ဗန်ဂါးဒီးယားကို ပြောဆိုခဲ့ပါသေးတယ်။

BBC Burmese
https://www.bbc.com/burmese/world-52648881
စပိန္ အသက္အႀကီးဆုံး အမ်ိဳးသမီး ကို႐ိုနာကေန လြတ္ေျမာက္ စပိန္ အသက္အႀကီးဆုံး အမ်ိဳးသမီး ကို႐ိုနာကေန လြတ္ေျမာက္ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.