COVID-19 ေၾကာင့္ စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္ငန္းထိခိုက္မႈ UMFCCI စစ္တမ္းေကာက္ယူ


(Zawgyi/Unicode)

COVID-19 ႐ိုက္ခတ္မႈေၾကာင့္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္မႈပိုင္းမွာ ဘယ္ေလာက္ ထိခိုက္ဆုံးရႈံးေနလဲဆိုတဲ့ ဆန္းစစ္မႈ Impact Assessment ကို ျမန္မာႏိုင္ငံကုန္သည္စက္မႈအသင္းခ်ဳပ္က ေကာက္ယူေနတယ္ဆိုတာကို ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက တင္ျပထားပါတယ္။

COVID-19 ကမာၻကပ္ေဘးေၾကာင့္ စီးပြားေရးထိခိုက္မႈေတြကို ဘယ္လိုကုစားမလဲဆိုတဲ့ ျပည္ေထာင္စုအစိုးရလုပ္ေနတဲ့ အစီအစဥ္ကို အေထာက္အကူေပးဖို႔ အခုလို စီးပြားေရးလုပ္ငန္းမ်ား အေျခအေနအကဲျဖတ္မႈကို လုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

အစိုးရရဲ႕ ျမန္မာစီးပြားေရး တခုလုံး အေျခေအနအကဲျဖတ္မႈကို အကူအညီေပးဖို႔ ကုန္သည္စက္မႈ အသင္းခ်ဳပ္ UMFCCI ဘက္က ဘယ္လိုပါဝင္ေဆာင္႐ြက္ေနသလဲ ဆိုတာကို ကုန္သည္စက္မႈ အသင္းခ်ဳပ္ UMFCCI က အလုပ္အမႈေဆာင္ ဦးေအာင္ၾကည္စိုးက ဗြီအိုေအကိုေျပာပါတယ္။

"ကုမၸဏီ ရာ ဂဏန္းေပါ့ေနာ္ ... ၄၀၀ လား၊ ၅၀၀ လား အဲ့ေလာက္ေတာ့ ရွိမယ္ထင္ပါတယ္။ အဲဒါကို Survey ေလးေတြ လုပ္လိုက္တယ္ေပါ့ကြယ္။ ၿပီးလုနီးနီးထင္ပါတယ္။ လုပ္ေတာ့ လုပ္ေနပါတယ္။ ဘယ္လို အခန္းက႑လည္းဆိုေတာ့ private sector ရဲ႕ စုစုစည္းစည္းျဖစ္ေနတဲ့ အဖဲြ႔အစည္းတခုအေနနဲ႔ government ကို ရလဒ္ေတြနဲ႔ ဘယ္ sector ေတြက ပိုၿပီးေတာ့ pick up ပိုျမန္ႏိုင္တယ္။ အဲ့လိုမ်ိဳးေပါ့။ အဓိကကေတာ့ government ရဲ႕ အခုလက္ရွိ သူတို႔သြားေနတဲ့ plan နဲ႔ သက္ဆိုင္ရာအဖဲြ႔အစည္းေတြနဲ႔ ေဆြးေႏြးမယ္ဆိုတာလည္း ရွိပါတယ္။ ဦးတို႔အေနအေနနဲ႔ UMFCCI အေနနဲ႔ ready ျဖစ္ေအာင္ ျပင္ဆင္ေနတဲ့အပိုင္းေပါ့ေနာ္။ SME ေရာ၊ တျခားေရာ ၿခဳံမိေအာင္လုပ္ေနပါတယ္။"

ကုန္ထုတ္လုပ္မႈပိုင္း၊ ဝန္ေဆာင္မႈပိုင္းနဲ႔ ကုန္သြယ္ေရးပိုင္းေတြကိုပဲ စစ္တမ္းေကာက္ယူတာျဖစ္တယ္လို႔ ေျပာပါတယ္။ ေကာက္ယူတာမွာ ရန္ကုန္က စက္႐ုံေတြ ပိုမ်ားၿပီး နယ္က နည္းမယ္လို႔ ဆိုပါတယ္။

လာမည့္ဇြန္လကုန္ေလာက္မွာေတာ့ စီးပြားေရး ထိခိုက္မႈအေျခအေန အကဲျဖတ္မႈေတြကို အေခ်ာသတ္ ၿပီးစီးေအာင္ ေဆာင္႐ြက္သြားမယ္လို႔ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာဆိုထားဖူးပါတယ္။ အဲဒီကမွ ေနာက္ထပ္ ကုစားေရး အစီအစဥ္ေတြနဲ႔ ဆက္ၿပီး အေကာင္အထည္ ေဖာ္ရမယ့္ လုပ္ငန္းစဥ္ေတြ ထြက္ေပၚလာမယ္လို႔ ဦးေအာင္ႏိုင္ဦးက ေျပာထားပါတယ္။ စီးပြားေရးက႑အစုံ နယ္ပယ္စုံ ျပန္လည္ထူေထာင္ႏိုင္မယ့္ COVID-19 ဘက္စုံတုံ႔ျပန္ေရး စီမံခ်က္ ကိုလည္း ထူေထာင္လုပ္ေဆာင္သြားဖို႔လည္း လုပ္ေဆာင္ေနတယ္လို႔ အစိုးရဘက္က ထုတ္ျပန္ထားပါတယ္။

ကိုဗစ္ ၁၉ ေရာဂါ ႐ိုက္ခတ္မႈေၾကာင့္ ထိခိုက္သြားရတဲ့ စီးပြားေရးလုပ္ငန္းေတြ အေပၚ ျပန္လည္ဆန္းစစ္တဲ့ စီးပြားေရးစစ္တမ္းအျပင္ က်န္းမာေရးနဲ႔ လူမႈေရးထိခိုက္မႈေတြ ဆန္းစစ္အကဲျဖတ္ထားတဲ့ စစ္တမ္းတခုကိုလည္း ေကာက္ယူေပးေနတယ္လို႔ ဒီအပိုင္းကို တာဝန္ယူ ေကာက္ယူေပးေနတဲ့ ကုန္သည္စက္မႈအသင္းခ်ဳပ္ UMFCCI က ေဒါက္တာေမာင္ ေမာင္ေလးက ဗြီအိုေအကိုေျပာျပပါတယ္။

"ျပတ္လပ္မႈ မရွိေအာင္ရယ္၊ တေန႔လုပ္မွ တေန႔စားရတဲ့ လူေတြရယ္၊ မိသားစုေတြကို ပံ့ပိုးဖို႔ပါပဲ။ လိုအပ္ခ်က္ကို လိုအပ္တဲ့ လိုအပ္သလို ျဖည့္ဆည္းေပးသြားဖို႔ လုပ္တာပါ။ တိုင္းအစိုးရေတြနဲ႔ပဲ တဲြတဲြၿပီးေတာ့ ဒါကို အန္ကယ္တို႔သက္ဆိုင္ရာ ျပည္နယ္နဲ႔ တိုင္း ကုန္သည္စက္မႈအသင္းေတြနဲ႔ တဲြၿပီးေတာ့ လုပ္ေနတာပါ။ ေဒသအသီးသီးမွာ လိုအပ္တဲ့အတိုင္းကို ႏိုင္ငံေတာ္ကို ပံ့ပိုးတဲ့အေနနဲ႔ပါ။"

ဒီလိုေကာက္ယူတာမွာ စက္႐ုံ၊ အလုပ္႐ုံေတြ ႀကဳံရတဲ့ နစ္နာမႈေတြ ပါဝင္သလို ဝန္ထမ္း အလုပ္သမားေတြနဲ႔ ပတ္သတ္တဲ့ အေျခအေန က်န္းမာေရးပိုင္း ေစာင့္ေရွာက္ခံရမႈနဲ႔ ခံစားခြင့္ေတြနဲ႔ ပတ္သတ္တာေတြလည္း ပါဝင္တယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ စက္႐ုံ၊ အလုပ္႐ုံေတြကို ျပန္လည္စိစစ္ၿပီး ခြင့္ျပဳေနေပမယ့္ ကိုဗစ္ကပ္ေဘးဆိုင္ရာ အေျခအေနေတြေၾကာင့္ စက္ရံု၊ အလုပ္ရံုတခ်ိဳ႕ မလည္ပတ္ႏိုင္တာေတြ ႀကဳံေနရတယ္လို႔ ေ႐ႊလင္ဗန္း စက္မႈဇုန္ ဥကၠ႒ ဦးေအးေသာင္းကေျပာပါတယ္။

"အခုစက္ရံု၊ အလုပ္ရံုေတာ္ေတာ္မ်ားမ်ားကေတာ့ ဖြင့္ခြင့္ရေအာင္ ျပင္ဆင္ေနပါၿပီ။ စက္ရံု ၂၀၀ ေလာက္ဖြင့္ခြင့္ရသြားပါၿပီ။ စက္ရံုေတြက ဘယ္စက္ရံုမဆို အားလံုး ရာႏႈန္းျပည့္ ျပန္ဖြင့္တယ္ဆိုတာ မရွိႏိုင္ေသးပါဘူး။ ဆန္စက္၊ အေအးခန္းလိုဟာမ်ိဳးကေတာ့ လူနည္းနည္းပဲ သံုးတဲ့ လုပ္ငန္းေတြက်ေတာ့ အဆင္ေျပတယ္။ သူ႔ဟာသူ run ေနတာေပါ့ေနာ္။ ဒါေပမဲ့လည္း ၀ယ္လိုအားေတြ အမ်ားႀကီးက်သြားတယ္။"

ရန္ကုန္တိုင္း ကုန္သည္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း က အတြင္းေရးမွဴး ေဒါက္တာျမင့္ဦးကေတာ့ စစ္တမ္းေကာက္ယူမႈက ေျမျပင္ကို တကယ္လႊမ္းၿခဳံႏိုင္မွသာ စီးပြားေရးကို ျပန္ကုစားႏိုင္မယ္လို႔ ေျပာပါတယ္။

"စစ္တမ္းေကာက္တာ က်ေနာ့္ အျမင္ကေတာ့ ေအာက္ေျခအေနအထားကို တိတိက်က် ေသခ်ာေလ့လာၿပီး ေသခ်ာတင္ျပရင္ တကယ္ထိေရာက္မယ္ထင္ပါတယ္။ မတိက်ရင္ေတာ့ ထိေရာက္မႈ နည္းမွာေပါ့ေနာ္။ ဘယ္အပိုင္း ဘယ္ေလာက္ထိခိုက္လဲဆိုတာ ေျမျပင္မွာ ျဖစ္ေနတာေတြကို ေသခ်ာတဲ့ ေဒတာေကာက္ယူမႈေတြ ျဖစ္ဖို႔ တကယ္လိုအပ္ပါတယ္။"

လက္ရွိမွာေတာ့ စက္႐ုံ အလုပ္႐ုံ ထက္ဝက္နီးပါး ျပန္လည္လည္ပတ္ႏိုင္ျခင္း မရွိေသးသလို အေသးစားလုပ္ငန္းေတြရဲ႕၆၀ ရာခိုင္ႏႈန္းရွိတဲ့ စားေသာက္ကုန္ လုပ္ငန္း ေတြနဲ႔ အိမ္တြင္း စက္မႈလုပ္ငန္းေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းရွိတဲ့ micro လုပ္ငန္းေတြ ရပ္နားထားရတဲ့ အထိ နစ္နာခဲ့တယ္လို႔ ကုန္သည္စက္မႈ အသင္းခ်ဳပ္က ေျပာပါတယ္။ လတ္တေလာမွာေတာ့ အေသးစိတ္ဆုံးရႈံးမႈ ပမာဏကို ေကာက္ယူေနဆဲျဖစ္တယ္လို႔ ေျပာပါတယ္ရွင္။

ေမခ  / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------
[Unicode Version]

COVID-19 ကြောင့် စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းထိခိုက်မှု UMFCCI စစ်တမ်းကောက်ယူ

COVID-19 ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှုပိုင်းမှာ ဘယ်လောက် ထိခိုက်ဆုံးရှုံးနေလဲဆိုတဲ့ ဆန်းစစ်မှု Impact Assessment ကို မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်က ကောက်ယူနေတယ်ဆိုတာကို ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက တင်ပြထားပါတယ်။

COVID-19 ကမ္ဘာကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုတွေကို ဘယ်လိုကုစားမလဲဆိုတဲ့ ပြည်ထောင်စုအစိုးရလုပ်နေတဲ့ အစီအစဉ်ကို အထောက်အကူပေးဖို့ အခုလို စီးပွားရေးလုပ်ငန်းများ အခြေအနေအကဲဖြတ်မှုကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရရဲ့ မြန်မာစီးပွားရေး တခုလုံး အခြေအေနအကဲဖြတ်မှုကို အကူအညီပေးဖို့ ကုန်သည်စက်မှု အသင်းချုပ် UMFCCI ဘက်က ဘယ်လိုပါဝင်ဆောင်ရွက်နေသလဲ ဆိုတာကို ကုန်သည်စက်မှု အသင်းချုပ် UMFCCI က အလုပ်အမှုဆောင် ဦးအောင်ကြည်စိုးက ဗွီအိုအေကိုပြောပါတယ်။

"ကုမ္ပဏီ ရာ ဂဏန်းပေါ့နော် ... ၄၀၀ လား၊ ၅၀၀ လား အဲ့လောက်တော့ ရှိမယ်ထင်ပါတယ်။ အဲဒါကို Survey လေးတွေ လုပ်လိုက်တယ်ပေါ့ကွယ်။ ပြီးလုနီးနီးထင်ပါတယ်။ လုပ်တော့ လုပ်နေပါတယ်။ ဘယ်လို အခန်းကဏ္ဍလည်းဆိုတော့ private sector ရဲ့ စုစုစည်းစည်းဖြစ်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ government ကို ရလဒ်တွေနဲ့ ဘယ် sector တွေက ပိုပြီးတော့ pick up ပိုမြန်နိုင်တယ်။ အဲ့လိုမျိုးပေါ့။ အဓိကကတော့ government ရဲ့ အခုလက်ရှိ သူတို့သွားနေတဲ့ plan နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်ဆိုတာလည်း ရှိပါတယ်။ ဦးတို့အနေအနေနဲ့ UMFCCI အနေနဲ့ ready ဖြစ်အောင် ပြင်ဆင်နေတဲ့အပိုင်းပေါ့နော်။ SME ရော၊ တခြားရော ခြုံမိအောင်လုပ်နေပါတယ်။"

ကုန်ထုတ်လုပ်မှုပိုင်း၊ ဝန်ဆောင်မှုပိုင်းနဲ့ ကုန်သွယ်ရေးပိုင်းတွေကိုပဲ စစ်တမ်းကောက်ယူတာဖြစ်တယ်လို့ ပြောပါတယ်။ ကောက်ယူတာမှာ ရန်ကုန်က စက်ရုံတွေ ပိုများပြီး နယ်က နည်းမယ်လို့ ဆိုပါတယ်

လာမည့်ဇွန်လကုန်လောက်မှာတော့ စီးပွားရေး ထိခိုက်မှုအခြေအနေ အကဲဖြတ်မှုတွေကို အချောသတ် ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောဆိုထားဖူးပါတယ်။ အဲဒီကမှ နောက်ထပ် ကုစားရေး အစီအစဉ်တွေနဲ့ ဆက်ပြီး အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေ ထွက်ပေါ်လာမယ်လို့ ဦးအောင်နိုင်ဦးက ပြောထားပါတယ်။ စီးပွားရေးကဏ္ဍအစုံ နယ်ပယ်စုံ ပြန်လည်ထူထောင်နိုင်မယ့် COVID-19 ဘက်စုံတုံ့ပြန်ရေး စီမံချက် ကိုလည်း ထူထောင်လုပ်ဆောင်သွားဖို့လည်း လုပ်ဆောင်နေတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ကိုဗစ် ၁၉ ရောဂါ ရိုက်ခတ်မှုကြောင့် ထိခိုက်သွားရတဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ် ပြန်လည်ဆန်းစစ်တဲ့ စီးပွားရေးစစ်တမ်းအပြင် ကျန်းမာရေးနဲ့ လူမှုရေးထိခိုက်မှုတွေ ဆန်းစစ်အကဲဖြတ်ထားတဲ့ စစ်တမ်းတခုကိုလည်း ကောက်ယူပေးနေတယ်လို့ ဒီအပိုင်းကို တာဝန်ယူ ကောက်ယူပေးနေတဲ့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI က ဒေါက်တာမောင် မောင်လေးက ဗွီအိုအေကိုပြောပြပါတယ်။

"ပြတ်လပ်မှု မရှိအောင်ရယ်၊ တနေ့လုပ်မှ တနေ့စားရတဲ့ လူတွေရယ်၊ မိသားစုတွေကို ပံ့ပိုးဖို့ပါပဲ။ လိုအပ်ချက်ကို လိုအပ်တဲ့ လိုအပ်သလို ဖြည့်ဆည်းပေးသွားဖို့ လုပ်တာပါ။ တိုင်းအစိုးရတွေနဲ့ပဲ တွဲတွဲပြီးတော့ ဒါကို အန်ကယ်တို့သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ကုန်သည်စက်မှုအသင်းတွေနဲ့ တွဲပြီးတော့ လုပ်နေတာပါ။ ဒေသအသီးသီးမှာ လိုအပ်တဲ့အတိုင်းကို နိုင်ငံတော်ကို ပံ့ပိုးတဲ့အနေနဲ့ပါ။"

ဒီလိုကောက်ယူတာမှာ စက်ရုံ၊ အလုပ်ရုံတွေ ကြုံရတဲ့ နစ်နာမှုတွေ ပါဝင်သလို ဝန်ထမ်း အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ အခြေအနေ ကျန်းမာရေးပိုင်း စောင့်ရှောက်ခံရမှုနဲ့ ခံစားခွင့်တွေနဲ့ ပတ်သတ်တာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်လည်စိစစ်ပြီး ခွင့်ပြုနေပေမယ့် ကိုဗစ်ကပ်ဘေးဆိုင်ရာ အခြေအနေတွေကြောင့် စက်ရုံ၊ အလုပ်ရုံတချို့ မလည်ပတ်နိုင်တာတွေ ကြုံနေရတယ်လို့ ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းကပြောပါတယ်။

"အခုစက်ရုံ၊ အလုပ်ရုံတော်တော်များများကတော့ ဖွင့်ခွင့်ရအောင် ပြင်ဆင်နေပါပြီ။ စက်ရုံ ၂၀၀ လောက်ဖွင့်ခွင့်ရသွားပါပြီ။ စက်ရုံတွေက ဘယ်စက်ရုံမဆို အားလုံး ရာနှုန်းပြည့် ပြန်ဖွင့်တယ်ဆိုတာ မရှိနိုင်သေးပါဘူး။ ဆန်စက်၊ အအေးခန်းလိုဟာမျိုးကတော့ လူနည်းနည်းပဲ သုံးတဲ့ လုပ်ငန်းတွေကျတော့ အဆင်ပြေတယ်။ သူ့ဟာသူ run နေတာပေါ့နော်။ ဒါပေမဲ့လည်း ဝယ်လိုအားတွေ အများကြီးကျသွားတယ်။"

ရန်ကုန်တိုင်း ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း က အတွင်းရေးမှူး ဒေါက်တာမြင့်ဦးကတော့ စစ်တမ်းကောက်ယူမှုက မြေပြင်ကို တကယ်လွှမ်းခြုံနိုင်မှသာ စီးပွားရေးကို ပြန်ကုစားနိုင်မယ်လို့ ပြောပါတယ်။

"စစ်တမ်းကောက်တာ ကျနော့် အမြင်ကတော့ အောက်ခြေအနေအထားကို တိတိကျကျ သေချာလေ့လာပြီး သေချာတင်ပြရင် တကယ်ထိရောက်မယ်ထင်ပါတယ်။ မတိကျရင်တော့ ထိရောက်မှု နည်းမှာပေါ့နော်။ ဘယ်အပိုင်း ဘယ်လောက်ထိခိုက်လဲဆိုတာ မြေပြင်မှာ ဖြစ်နေတာတွေကို သေချာတဲ့ ဒေတာကောက်ယူမှုတွေ ဖြစ်ဖို့ တကယ်လိုအပ်ပါတယ်။"

လက်ရှိမှာတော့ စက်ရုံ အလုပ်ရုံ ထက်ဝက်နီးပါး ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးသလို အသေးစားလုပ်ငန်းတွေရဲ့၆၀ ရာခိုင်နှုန်းရှိတဲ့ စားသောက်ကုန် လုပ်ငန်း တွေနဲ့ အိမ်တွင်း စက်မှုလုပ်ငန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ micro လုပ်ငန်းတွေ ရပ်နားထားရတဲ့ အထိ နစ်နာခဲ့တယ်လို့ ကုန်သည်စက်မှု အသင်းချုပ်က ပြောပါတယ်။ လတ်တလောမှာတော့ အသေးစိတ်ဆုံးရှုံးမှု ပမာဏကို ကောက်ယူနေဆဲဖြစ်တယ်လို့ ပြောပါတယ်ရှင်။

မေခ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-mm-eco-umfcci-survey/5417942.html
COVID-19 ေၾကာင့္ စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္ငန္းထိခိုက္မႈ UMFCCI စစ္တမ္းေကာက္ယူ COVID-19 ေၾကာင့္ စီးပြားေရးနဲ႔ ကုန္ထုတ္လုပ္ငန္းထိခိုက္မႈ UMFCCI စစ္တမ္းေကာက္ယူ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.