တ႐ုတ္ရဲ႕လုံၿခဳံေရးဥပေဒသစ္ေၾကာင့္ ေဟာင္ေကာင္အဆုံးသတ္သြားႏိုင္တယ္လို႔ ဆို

(Zawgyi)⤵⤵⤵
တ႐ုတ္အစိုးရက လုံၿခဳံေရးဥပေဒသစ္အတြက္ အစီအစဥ္ေတြကို ေၾကညာၿပီးတဲ့ေနာက္ ေဟာင္ေကာင္အဆုံးသတ္မွာကို ေၾကာက္႐ြံ႕မိတယ္လို႔ ဒီမိုကေရစီအေရးလႈပ္ရွားသူေတြကေျပာပါတယ္။
 ဒီဥပေဒေပၚမွာ ေထာက္ခံသူနဲ႔ကန႔္ကြက္သူေတြရွိေနပါတယ္။
အေမရိကန္ကေတာ့ တ႐ုတ္ရဲ႕ ဒီလႈပ္ရွားမႈဟာ ေဟာင္ေကာင္မွာ အလြန္အမင္းမၿငိမ္မသက္မႈေတြကို ျဖစ္ေစႏိုင္ၿပီး ေဟာင္ေကာင္ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသမွာ တ႐ုတ္အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းတာဝန္ေတြ အားနည္းသြားေစမယ္လို႔ ေျပာပါတယ္။

ဒါေပမဲ့ တ႐ုတ္လႊတ္ေတာ္မွာေတာ့ ဒီေသာၾကာေန႔မွာ ဆူပူထႂကြေအာင္ လႈံ႕ေဆာ္မႈေတြနဲ႔ ပုန္ကန္ေတာ္လွန္မႈေတြကို တားဆီးထားတဲ့ အဲဒီဥပေဒကို ေဆြးေႏြးသြားၾကဖို႔ရွိပါတယ္။

ဒီဥပေဒကိုေထာက္ခံသူေတြဘက္ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္က ျဖစ္ခဲ့တဲ့ ႏိုင္ငံေရးဆႏၵျပပြဲေတြမွာ အၾကမ္းဖက္မႈေတြကို ၿဖိဳခြဲဖို႔ ဒီလိုဥပေဒလိုအပ္တယ္လို႔ ဆိုပါတယ္။

ဆန႔္က်င္သူေတြဘက္ကေတာ့ လူထုရဲ႕အေျခခံလြတ္လပ္ခြင့္ေတြကို ဖယ္ရွားဖို႔ ဒီဥပေဒကို သုံးစြဲလာမွာ ေၾကာက္႐ြံ႕ေနၾကပါတယ္။

ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္ ဝူခ်ီေဝအပါအဝင္ ေဟာင္ေကာင္က ဒီမိုကေရစီအေရးလႈပ္ရွားသူေတြက ဒီဥပေဒနဲ႔ပတ္သတ္တဲ့ တ႐ုတ္အစိုးရရဲ႕ေၾကညာခ်က္ဟာ "တစ္ႏိုင္ငံစနစ္ႏွစ္ခု" အဆုံးသတ္ျခင္းလို႔ ေျပာပါတယ္။
 ေဟာင္ေကာင္သမိုင္းမွာ အဆိုး႐ြားဆုံးေန႔တစ္ေန႔ ျဖစ္လာတယ္လို႔ ဒီမိုကေရစီေရးလႈပ္ရွားသူေတြ ဆို
ျပည္သူ႔ပါတီရဲ႕ ဥပေဒျပဳအမတ္ မစၥတာ Dennis Kwok က တကယ္လို႔ ဒီတိုင္းသာ ဆက္လုပ္မယ္ဆိုရင္တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳးအေျခအေနက တရားဝင္ပယ္ဖ်က္လိုက္ၿပီး ျဖစ္သြားမယ္၊ ဒါဟာ ေဟာင္ေကာင္ရဲ႕ အဆုံးသတ္ပဲ လို႔ ဆိုပါတယ္။ ဒါဟာ ေဟာင္ေကာင္သမိုင္းမွာ အဆိုး႐ြားဆုံးေန႔လည္း ျဖစ္တယ္လို႔ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ တိုင္ရာခ်န္းက ေျပာပါတယ္။

ေဟာင္ေကာင္က ေက်ာင္းသားအေရးလႈပ္ရွားသူနဲ႔ ႏိုင္ငံေရးသမား Joshua Wong က ဘီဂ်င္းဟာ ေဟာင္ေကာင္ရဲ႕အေရးပါတဲ့ အသံေတြကို အေၾကာက္တရားနဲ႔ အင္အားသုံးၿပီး တိတ္ဆိတ္ဖို႔ အားထုတ္ႀကိဳးပမ္းေနတယ္လို႔သူ႔ရဲ႕ တြစ္တာအေကာင့္မွာ ေရးသားထားပါတယ္။

တစ္ခ်ိန္တည္းမွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ေဟာင္ေကာင္ျပည္သူေတြရဲ႕ ဆႏၵကို ထင္ဟပ္ျခင္းမရွိတဲ့ အမ်ိဳးသားလုံၿခဳံေရးဥပေဒကို ျပဌာန္းဖို႔ ႀကိဳးစားအားထုတ္မႈတိုင္းဟာ အလြန္အမင္းမတည္မၿငိမ္မႈေတြျဖစ္ေစၿပီး ျပင္းထန္တဲ့ ရႈံ႕ခ်မႈေတြနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ ဆိုပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကတ႐ုတ္အေနနဲ႔ အေသးစိတ္အခ်က္အလက္ေတြမပါဘဲ အခုအဆိုျပဳခ်က္ေတြအတိုင္း ဒီဥပေဒကို ဆက္လုပ္မယ္ဆိုရင္ အေမရိကန္အေနနဲ႔ ျပင္းျပင္းထန္ထန္တုံ႔ျပန္ဖို႔ရွိတယ္လို႔ ဆိုပါတယ္။

BBC Burmese
------------------------------------
(Unicode)⤵⤵⤵
တရုတ်ရဲ့လုံခြုံရေးဥပဒေသစ်ကြောင့် ဟောင်ကောင်အဆုံးသတ်သွားနိုင်တယ်လို့ ဆို

တရုတ်အစိုးရက လုံခြုံရေးဥပဒေသစ်အတွက် အစီအစဉ်တွေကို ကြေညာပြီးတဲ့နောက် ဟောင်ကောင်အဆုံးသတ်မှာကို ကြောက်ရွံ့မိတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောပါတယ်။

အမေရိကန်ကတော့ တရုတ်ရဲ့ ဒီလှုပ်ရှားမှုဟာ ဟောင်ကောင်မှာ အလွန်အမင်းမငြိမ်မသက်မှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်ကောင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသမှာ တရုတ်အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်တွေ အားနည်းသွားစေမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တရုတ်လွှတ်တော်မှာတော့ ဒီသောကြာနေ့မှာ ဆူပူထကြွအောင် လှုံ့ဆော်မှုတွေနဲ့ ပုန်ကန်တော်လှန်မှုတွေကို တားဆီးထားတဲ့ အဲဒီဥပဒေကို ဆွေးနွေးသွားကြဖို့ရှိပါတယ်။

ဒီဥပဒေကိုထောက်ခံသူတွေဘက်ကတော့ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေကို ဖြိုခွဲဖို့ ဒီလိုဥပဒေလိုအပ်တယ်လို့ ဆိုပါတယ်။

ဆန့်ကျင်သူတွေဘက်ကတော့ လူထုရဲ့အခြေခံလွတ်လပ်ခွင့်တွေကို ဖယ်ရှားဖို့ ဒီဥပဒေကို သုံးစွဲလာမှာ ကြောက်ရွံ့နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဝူချီဝေအပါအဝင် ဟောင်ကောင်က ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဒီဥပဒေနဲ့ပတ်သတ်တဲ့ တရုတ်အစိုးရရဲ့ကြေညာချက်ဟာ "တစ်နိုင်ငံစနစ်နှစ်ခု" အဆုံးသတ်ခြင်းလို့ ပြောပါတယ်။

ပြည်သူ့ပါတီရဲ့ ဥပဒေပြုအမတ် မစ္စတာ Dennis Kwok က တကယ်လို့ ဒီတိုင်းသာ ဆက်လုပ်မယ်ဆိုရင်တစ်နိုင်ငံ စနစ်နှစ်မျိုးအခြေအနေက တရားဝင်ပယ်ဖျက်လိုက်ပြီး ဖြစ်သွားမယ်၊ ဒါဟာ ဟောင်ကောင်ရဲ့ အဆုံးသတ်ပဲ လို့ ဆိုပါတယ်။ ဒါဟာ ဟောင်ကောင်သမိုင်းမှာ အဆိုးရွားဆုံးနေ့လည်း ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တိုင်ရာချန်းက ပြောပါတယ်။

ဟောင်ကောင်က ကျောင်းသားအရေးလှုပ်ရှားသူနဲ့ နိုင်ငံရေးသမား Joshua Wong က ဘီဂျင်းဟာ ဟောင်ကောင်ရဲ့အရေးပါတဲ့ အသံတွေကို အကြောက်တရားနဲ့ အင်အားသုံးပြီး တိတ်ဆိတ်ဖို့ အားထုတ်ကြိုးပမ်းနေတယ်လို့သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်ခြင်းမရှိတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းဖို့ ကြိုးစားအားထုတ်မှုတိုင်းဟာ အလွန်အမင်းမတည်မငြိမ်မှုတွေဖြစ်စေပြီး ပြင်းထန်တဲ့ ရှုံ့ချမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတရုတ်အနေနဲ့ အသေးစိတ်အချက်အလက်တွေမပါဘဲ အခုအဆိုပြုချက်တွေအတိုင်း ဒီဥပဒေကို ဆက်လုပ်မယ်ဆိုရင် အမေရိကန်အနေနဲ့ ပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ရှိတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52761140
တ႐ုတ္ရဲ႕လုံၿခဳံေရးဥပေဒသစ္ေၾကာင့္ ေဟာင္ေကာင္အဆုံးသတ္သြားႏိုင္တယ္လို႔ ဆို တ႐ုတ္ရဲ႕လုံၿခဳံေရးဥပေဒသစ္ေၾကာင့္ ေဟာင္ေကာင္အဆုံးသတ္သြားႏိုင္တယ္လို႔ ဆို Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.