အမ်ဳိးသားလံုျခံဳေရးဥပေဒျပဌာန္းမယ့္ကိစၥ တ႐ုတ္ကို အေမရိကန္သတိေပး

တရုတ္ႏိုင္ငံ ေဟာင္ေကာင္ၿမိဳ႕ရွိ ေစ်း၀ယ္စင္တာ တခုမွာ ျဖစ္ပြားခဲ့တဲ့ ဆႏၵျပပဲြျဖစ္ပြဲအတြင္းေတြ႕ရတဲ့ ရဲမ်ား။ (ေမ ၁၆၊ ၂ ၀၂၀)
[Zawgyi/Unicode]

ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို အားနည္းေစႏိုင္တဲ့ လုပ္ရပ္တခုမွ မလုပ္ဖုိ႔ အေမရိကန္ျပည္ေထာင္စုက တ႐ုတ္ႏိုင္ငံကို သတိေပးခဲ့ပါတယ္။

ေဟာင္ေကာင္က ဒီမိုကေရစီေတာင္းဆုိဆႏၵျပပြဲေတြမွာ မၾကာခဏ အၾကမ္းဖက္ဆႏၵျပမႈေတြျဖစ္ခဲ့တာေၾကာင့္ အမ်ဳိးသားလံုၿခံဳေရးဥပေဒျပဌာန္းမယ္လို႔ တ႐ုတ္လႊတ္ေတာ္က ၾကာသပေတးေန႔က ေျပာၾကားခဲ့ၿပီးေနာက္ အေမရိကန္က ခုလိုသတိေပးလို္က္တာျဖစ္ပါတယ္။

တကယ္လို႔ ျပဌာန္းခဲ့ရင္ အေမရိကန္က ျပင္းျပင္ထန္ထန္ ကို္င္တြယ္မယ္လို႔ သမၼတ Donald Trump ကေျပာၾကားခဲ့ပါတယ္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Morgan Ortagus
ေဟာင္ေကာင္ျပည္သူေတြရဲ႕ ဆႏၵကိုဆန္႔က်င္တဲ့ အမ်ဳိးသားလံုၿခံဳေရးဥပေဒကို ျပဌာန္းခဲ့မယ္ဆိုရင္ တည္ၿငိမ္မႈ အႀကီးအက်ယ္ပ်က္ျပားသြားႏိုင္ၿပီး အေမရိကန္နဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ ျပင္းျပင္းထန္ထန္ ေဝဖန္ ျပစ္တင္မႈခံရမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ Morgan Ortagus ကလည္း ေျပာၾကားခဲ့ပါတယ္။

ဒီဥပေဒျပဌာန္းမယ့္ အစီအစဥ္ကို ကန္႔ကြက္တဲ့အေနနဲ႔ ေဟာင္ေကာင္မွာ ဒီမိုကေရစီေရးလႈပ္႐ွားသူေတြ၊ လႊတ္ေတာ္အမတ္ေတြဟာ ဒီကေန႔ ျပည္မႀကီးအစိုးရ ဆက္ဆံေရး႐ံုး႐ွိတဲ့ေနရာကို ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ေဟာင္ေကာင္ဟာ ႐ွင္က်န္းလိုျဖစ္လာေနၿပီလို႔ ေၾကြးေၾကာ္ခဲ့ၾကသလို တႏိုင္ငံ စနစ္ ၂ ခုမူကို အဆံုးသတ္မယ့္ ဥပေဒျဖစ္တယ္လို႔ ေျပာဆိုကန္႔ကြက္ခဲ့ၾကပါတယ္။

ဆႏၵျပသူေတြကို လံုၿခံဳေရးေတြက အစပိုင္းတားဆီးခဲ့ေပမဲ့ ေနာက္ပိုင္း ၈ ေယာက္တဖဲြ႔ခ်ီတက္ဖုိ႔ ခြင့္ျပဳခဲ့ပါတယ္။ ေဟာင္ေကာင္လႊတ္ေတာ္ထဲမွာလည္း လႊတ္ေတာ္အမတ္တခ်ဳိ႕ ဆႏၵျပခဲ့ၾကတဲ့အတြက္ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]

အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမယ့်ကိစ္စ တရုတ်ကို အမေရိကန်သတိပေး

ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အားနည်းစေနိုင်တဲ့ လုပ်ရပ်တခုမှ မလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို သတိပေးခဲ့ပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲတွေမှာ မကြာခဏ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ခဲ့တာကြောင့် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမယ်လို့ တရုတ်လွှတ်တော်က ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက် အမေရိကန်က ခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

တကယ်လို့ ပြဌာန်းခဲ့ရင် အမေရိကန်က ပြင်းပြင်ထန်ထန် ကိုင်တွယ်မယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့မယ်ဆိုရင် တည်ငြိမ်မှု အကြီးအကျယ်ပျက်ပြားသွားနိုင်ပြီး အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်မှုခံရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Morgan Ortagus ကလည်း ပြောကြားခဲ့ပါတယ်။

ဒီဥပဒေပြဌာန်းမယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ လွှတ်တော်အမတ်တွေဟာ ဒီကနေ့ ပြည်မကြီးအစိုးရ ဆက်ဆံရေးရုံးရှိတဲ့နေရာကို ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်ဟာ ရှင်ကျန်းလိုဖြစ်လာနေပြီလို့ ကြွေးကြော်ခဲ့ကြသလို တနိုင်ငံ စနစ် ၂ ခုမူကို အဆုံးသတ်မယ့် ဥပဒေဖြစ်တယ်လို့ ပြောဆိုကန့်ကွက်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကို လုံခြုံရေးတွေက အစပိုင်းတားဆီးခဲ့ပေမဲ့ နောက်ပိုင်း ၈ ယောက်တဖွဲ့ချီတက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဟောင်ကောင်လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ်တချို့ ဆန္ဒပြခဲ့ကြတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/hongkong-covid-china/5431405.html
အမ်ဳိးသားလံုျခံဳေရးဥပေဒျပဌာန္းမယ့္ကိစၥ တ႐ုတ္ကို အေမရိကန္သတိေပး အမ်ဳိးသားလံုျခံဳေရးဥပေဒျပဌာန္းမယ့္ကိစၥ တ႐ုတ္ကို အေမရိကန္သတိေပး Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.