လူ ၁၀၀ ခန္႔တင္လာတဲ့ ပါကစၥတန္ ခရီးသည္တင္ေလယာဥ္ပ်က္က်

 ေလယာဥ္ပ်က္က်တဲ့ေနရာကို ကယ္ဆယ္ေရးလုပ္ေနစဥ္
(Zawgyi)⤵⤵⤵
ကို႐ိုနာေၾကာင့္ ႏိုင္ငံတြင္း ပိတ္ဆို႔မႈေတြ လုပ္ထားရာကေန ေလယာဥ္ေတြ စတင္ပ်ံသန္းၿပီး ရက္ပိုင္းအၾကာမွာ ပါကစၥတန္ ႏိုင္ငံတကာ ေလေၾကာင္း PIA က ေလယာဥ္တစ္စင္း ဒီကေန႔ ေမ ၂၂ ရက္ ၾကာသပေတးေန႔မွာ ကရာခ်ိၿမိဳ႕မွာ ပ်က္က်ခဲ့ပါတယ္။

ေလယာဥ္ဝန္ထမ္း ၈ ဦး အပါအဝင္ လူ ၉၉ ေယာက္ခန္႔တင္ေဆာင္လာတဲ့ ဒီေလယာဥ္ဟာ လာဟိုးၿမိဳ႕ကေန ကရာခ်ိၿမိဳ႕ ကို ပ်ံသန္းလာတာ ျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်မႈေၾကာင့္ အထိအခိုက္ အပ်က္အစီး ဘယ္ေလာက္ရွိတယ္ဆိုတာနဲ႔ ေလယာဥ္ေပၚလိုက္ပါလာသူ အေရအတြက္ကို အတည္ျပဳေနဆဲ ျဖစ္ၿပီး ေလယာဥ္ေပၚကလူေတြ အသက္ရွင္ဖို႔ ခက္ခဲမယ္လို႔ ယူဆရပါတယ္။

ဒီေလယာဥ္ဆင္းမယ့္ ဂ်င္းနား အျပည္ျပည္ဆိုင္ရာ ေလဆိပ္ဟာ ပါကစၥတန္ႏိုင္ငံမွာ ေလယာဥ္အဆင္းအတက္အမ်ားဆုံး ေလဆိပ္ေတြထဲက တစ္ခု ျဖစ္ပါတယ္။

ကရာခ်ိၿမိဳ႕ လူေန ဧရိယာထဲက မီးခိုးေတြ ထြက္ေနတာကို ဆိုရွယ္မီဒီယာေတြမွာ တင္ထားတဲ့ ပုံေတြမွာ ျမင္ရပါတယ္။

ေလယာဥ္က ေဒသအခ်ိန္ ေန႔လယ္ ၂ နာရီခြဲေလာက္မွာ ေလေၾကာင္းထိန္းခ်ဳပ္ေရးနဲ႔ အဆက္အသြယ္ ျပတ္သြားတယ္လို႔ PIA က ေျပာခြင့္ရသူက ေျပာပါတယ္။

ေလယာဥ္ပ်က္က်လို႔ အိမ္ေတြ ပ်က္စီးသြားတဲ့ ေနရာကို အေရးေပၚ ကယ္ဆယ္ေရး အဖြဲ႕ေတြ ေရာက္လာပါၿပီ။

Airbus A320 ေလယာဥ္ဟာ ဆင္းသက္ဖို႔လုပ္ေနတုန္း ဂ်င္းနားေလဆိပ္ရဲ႕ ႏွစ္မိုင္အကြာ ေလာက္မွာ ပ်က္က်ခဲ့တာပါ။

ပါကစၥတန္ စစ္တပ္က တပ္ဖြဲ႕ဝင္ေတြ ကူညီဖို႔ အဲဒီေနရာကို ေရာက္ေနၿပီလို႔ ေျပာပါတယ္။
 အေရးေပၚကယ္ဆယ္ေရးနဲ႔ စစ္တပ္ ကယ္ဆယ္ေရးလုပ္
ေလယာဥ္ပ်က္က်ရတဲ့ အေၾကာင္းကိုေတာ့ မသိရေသးပါဘူး။ ေလယာဥ္မႉးက ေလယာဥ္မွာ စက္ပိုင္းဆိုင္ရာ အခက္အခဲ ျဖစ္ခဲ့တာကို ေလေၾကာင္းထိန္းသိမ္းေရးကို သတင္းပို႔ခဲ့တယ္လို႔ PIA အႀကီးအကဲ တစ္ဦးက ေျပာပါတယ္။

ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ အင္မရန္ခန္းက ေလယာဥ္ပ်က္က်မႈေၾကာင့္ အံ့ၾသတုန္လႈပ္ စိတ္မေကာင္း ျဖစ္ရတယ္လို႔ ေျပာၿပီး စုံစမ္းစစ္ေဆးေရးကို ခ်က္ခ်င္းလုပ္မယ္လို႔ ကတိေပးပါတယ္။

ပါကစၥတန္ႏိုင္ငံတဝန္းမွာ ရာမာဒန္ ဥပုသ္လအဆုံးပြဲေတာ္ကို က်င္းပဖို႔ ျပင္ဆင္ေနၾကၿပီး ရပ္႐ြာေတြကို ျပန္ၾကဖို႔ ျပင္ဆင္ေနၾကသူေတြ အမ်ားႀကီး ရွိေနပါတယ္။

ပါကစၥတန္ ေလေၾကာင္းမေတာ္တဆမႈ မွတ္တမ္း

ပါကစၥတန္ ေလေၾကာင္းသမိုင္းမွာ လူအမ်ားဆုံးေသဆုံးခဲ့တဲ့ ေလယာဥ္မေတာ္တဆမႈက ၂၀၁၀ တုန္းက ျဖစ္ခဲ့တာပါ။ ပုဂၢလိက ေလေၾကာင္းလိုင္း Airblue က ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ေလယာဥ္ေပၚပါ လူ ၁၅၂ ဦး ေသဆုံးခဲ့ပါတယ္။

၂၀၁၂ မွာေတာ့ ဘိုဂ်ာေလေၾကာင္းက ဘိုးအင္း 737-200 ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ေလယာဥ္ဝန္ထမ္း ေျခာက္ဦးနဲ႔ ခရီးသည္ ၁၂၁ ဦး ေသဆုံးခဲ့ပါတယ္။

၂၀၁၆ မွာ အခုပ်က္က်တဲ့ PAI ေလေၾကာင္းက ေလယာဥ္တစ္စင္း ပ်ံသန္းေနစဥ္ မီးေလာင္ၿပီး လူ ၄၇ ဦး ေသဆုံးခဲ့ပါတယ္။
လာဟိုးၿမိဳ႕နဲ႔ ကရာခ်ိၿမိဳ႕ျပ ေျမပုံ 

BBC Burmese
------------------------------------
(Unicode)⤵⤵⤵
လူ ၁၀၀ ခန့်တင်လာတဲ့ ပါကစ္စတန် ခရီးသည်တင်လေယာဉ်ပျက်ကျ

ကိုရိုနာကြောင့် နိုင်ငံတွင်း ပိတ်ဆို့မှုတွေ လုပ်ထားရာကနေ လေယာဉ်တွေ စတင်ပျံသန်းပြီး ရက်ပိုင်းအကြာမှာ ပါကစ္စတန် နိုင်ငံတကာ လေကြောင်း PIA က လေယာဉ်တစ်စင်း ဒီကနေ့ မေ ၂၂ ရက် ကြာသပတေးနေ့မှာ ကရာချိမြို့မှာ ပျက်ကျခဲ့ပါတယ်။

လေယာဉ်ဝန်ထမ်း ၈ ဦး အပါအဝင် လူ ၉၉ ယောက်ခန့်တင်ဆောင်လာတဲ့ ဒီလေယာဉ်ဟာ လာဟိုးမြို့ကနေ ကရာချိမြို့ ကို ပျံသန်းလာတာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုကြောင့် အထိအခိုက် အပျက်အစီး ဘယ်လောက်ရှိတယ်ဆိုတာနဲ့ လေယာဉ်ပေါ်လိုက်ပါလာသူ အရေအတွက်ကို အတည်ပြုနေဆဲ ဖြစ်ပြီး လေယာဉ်ပေါ်ကလူတွေ အသက်ရှင်ဖို့ ခက်ခဲမယ်လို့ ယူဆရပါတယ်။

ဒီလေယာဉ်ဆင်းမယ့် ဂျင်းနား အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ ပါကစ္စတန်နိုင်ငံမှာ လေယာဉ်အဆင်းအတက်အများဆုံး လေဆိပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကရာချိမြို့ လူနေ ဧရိယာထဲက မီးခိုးတွေ ထွက်နေတာကို ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ပုံတွေမှာ မြင်ရပါတယ်။

လေယာဉ်ပျက်ကျတဲ့နေရာ မီးခိုးတွေ ထွက်နေတာကို မြင်ရ

လေယာဉ်က ဒေသအချိန် နေ့လယ် ၂ နာရီခွဲလောက်မှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ PIA က ပြောခွင့်ရသူက ပြောပါတယ်။

လေယာဉ်ပျက်ကျလို့ အိမ်တွေ ပျက်စီးသွားတဲ့ နေရာကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာပါပြီ။

Airbus A320 လေယာဉ်ဟာ ဆင်းသက်ဖို့လုပ်နေတုန်း ဂျင်းနားလေဆိပ်ရဲ့ နှစ်မိုင်အကွာ လောက်မှာ ပျက်ကျခဲ့တာပါ။

ပါကစ္စတန် စစ်တပ်က တပ်ဖွဲ့ဝင်တွေ ကူညီဖို့ အဲဒီနေရာကို ရောက်နေပြီလို့ ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။ လေယာဉ်မှူးက လေယာဉ်မှာ စက်ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်ခဲ့တာကို လေကြောင်းထိန်းသိမ်းရေးကို သတင်းပို့ခဲ့တယ်လို့ PIA အကြီးအကဲ တစ်ဦးက ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းက လေယာဉ်ပျက်ကျမှုကြောင့် အံ့သြတုန်လှုပ် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပြီး စုံစမ်းစစ်ဆေးရေးကို ချက်ချင်းလုပ်မယ်လို့ ကတိပေးပါတယ်။

ပါကစ္စတန်နိုင်ငံတဝန်းမှာ ရာမာဒန် ဥပုသ်လအဆုံးပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပြီး ရပ်ရွာတွေကို ပြန်ကြဖို့ ပြင်ဆင်နေကြသူတွေ အများကြီး ရှိနေပါတယ်။

ပါကစ္စတန် လေကြောင်းမတော်တဆမှု မှတ်တမ်း

ပါကစ္စတန် လေကြောင်းသမိုင်းမှာ လူအများဆုံးသေဆုံးခဲ့တဲ့ လေယာဉ်မတော်တဆမှုက ၂၀၁၀ တုန်းက ဖြစ်ခဲ့တာပါ။ ပုဂ္ဂလိက လေကြောင်းလိုင်း Airblue က လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ မှာတော့ ဘိုဂျာလေကြောင်းက ဘိုးအင်း 737-200 လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ဝန်ထမ်း ခြောက်ဦးနဲ့ ခရီးသည် ၁၂၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ မှာ အခုပျက်ကျတဲ့ PAI လေကြောင်းက လေယာဉ်တစ်စင်း ပျံသန်းနေစဉ် မီးလောင်ပြီး လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52771258
လူ ၁၀၀ ခန္႔တင္လာတဲ့ ပါကစၥတန္ ခရီးသည္တင္ေလယာဥ္ပ်က္က် လူ ၁၀၀ ခန္႔တင္လာတဲ့ ပါကစၥတန္ ခရီးသည္တင္ေလယာဥ္ပ်က္က် Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.