ရန္ကုန္က ႐ုပ္သံသတင္းသမားတစ္ဦး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရ ၊သတင္းသမား၇ဦး ကြာရန္တင္းဝင္ေန

သတင္းသမားေတြ ကြာရန္တင္းဝင္ေနတဲ့ ရန္ကုန္ တကၠသိုလ္ အမရာေဆာင္
(Zawgyi)⤵⤵⤵
ရန္ကုန္အေျခစိုက္ အြန္လိုင္း သတင္းဌာန တစ္ခုက ႐ုပ္သံ သတင္းသမားတစ္ဦး ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတယ္လို႔ အဲဒီ့သတင္းသမားနဲ႔ အတူ အလုပ္အတူလုပ္ တဲ့ HEAR Myanmar က ႐ုပ္သံ သတင္းေထာက္တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ေရာဂါကူးစက္ခံရသူ ႐ုပ္သံသတင္းေထာက္ နဲ႔ အနီးကပ္ ထိေတြ႕သူေတြျဖစ္တဲ့ HEAR Myanmar သတင္းဌာနက ႐ုပ္သံသတင္းေထာက္နဲ႔ အယ္ဒီတာ စုစုေပါင္း ၇ ဦးခန္႔ဟာ အခုအခါ မွာ အစိုးရက သတ္မွတ္ထားတဲ့ရန္ကုန္ တကၠသိုလ္ အမရာေဆာင္ မွာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ ခံေန႔ရတယ္လို႔လည္း အဲဒီ့သတင္းေထာက္က ေျပာပါတယ္။

ကူးစက္ခံရတဲ့ ႐ုပ္သံ သတင္းသမားဟာ လူနာအမွတ္ ၁၇၉ ျဖစ္ၿပီးေတာ့ ခဝဲၿခံ ၂ လမ္းက လူနာအမွတ္ ၁၇၇ ဆီက ကူးစက္ခံရတယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေမလ ၁၀ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

လူနာအမွတ္ ၁၇၉ ဟာ အသက္ ၂၁ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အင္းစိန္က ၄၄ ဦး ေျမာက္လူနာ ျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ ခဝဲၿခံ ၂လမ္းမွာ ေနထိုင္သူတစ္ဦးျဖစ္ၿပီး လူနာအမွတ္-၁၆၂ ၊လူနာအမွတ္ ၁၇၇ တို႔ ရဲ႕ေနအိမ္မွာ အတူေနထိုင္သူတစ္ဦး ျဖစ္တယ္လို႔လည္း အင္းစိန္ၿမိဳ႕နယ္ တိုင္းဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

လူနာအမွတ္ ၁၇၉ သတင္းသမား ဟာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ သတင္းေတြ ႐ိုက္ကူးေရး အခ်ိဳ႕မွာ ပါဝင္ခဲ့ဖူးတယ္လို႔အမရာေဆာင္မွာ ကြာရန္တင္း ၀င္ေနတဲ့ (အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ ခံေန႔ရ တဲ့ ) HEAR Myanmar က ႐ုပ္သံ သတင္းေထာက္တစ္ဦး ျဖစ္တဲ့ မခ်ိဳလြင္ဦးကေျပာပါတယ္။

HEAR Myanmar အြန္လိုင္း မီဒီယာက လူနာအမွတ္ ၁၇၉ သတင္းသမားဟာ ေမလ၅ရက္က သူရဲ႕ လုပ္ေဖာ္ကိုင္ဖက္ သတင္းသမားႏွစ္ဦးနဲ႔ အတူ အလုံၿမိဳ႕နယ္ ဧရာဝတီလမ္းက လူနာအမွတ္ ၁၈၁ ေနအိမ္မွာ အေမမ်ားေန႔အင္တာဗ်ဴး ႐ုပ္သံလာေရာက္႐ိုက္ကူးခဲ့တယ္လို႔လည္း HEAR Myanmar က မခ်ိဳလြင္ဦးက ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ေနာက္ဆုံးထုတ္ျပန္လိုက္တဲ့ အလုံၿမိဳ႕နယ္မွာေနသူ ကို႐ိုနာ ဗိုင္းရပ္စ္ အတည္ျပဳလူနာအမွတ္ ၁၈၁ ဟာ လူနာ အမွတ္ ၁၇၉ သတင္းသမား ဆီကေန တဆင့္ကူးစက္ခဲ့တာ လည္းျဖစ္ပါတယ္။

လူနာအမွတ္၁၇၉ သတင္းသမား ဟာ HEAR Myanmar အြန္လိုင္းမီဒီယာ မွာ လက္ေတြ႕လုပ္ငန္းခြင္ဆင္းေနတဲ့ ႐ုပ္သံ သတင္းတင္ဆက္သူျဖစ္တယ္လို႔လည္း HEAR Myanmar က ႐ုပ္သံ သတင္းေထာက္ မခ်ိဳလြင္ဦးက အတည္ျပဳပါတယ္။။

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနရဲ႕ ေမလ ၁၃ ရက္ ထုတ္ျပန္ခ်က္အရ လူနာအမွတ္ ၁၈၁ အသက္၅၂ ႏွစ္ အ႐ြယ္ အမ်ိဳးသမီးဟာ အတည္ျပဳလူနာ (၁၇၉)သတင္းသမားနဲ႔ ထိေတြ႕မႈရွိသူလို႔ ေဖာ္ျပထားပါတယ္။

လူနာအမွတ္ ၁၇၉ သတင္းသမား နဲ႔ အတူအလုပ္ လုပ္ခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ သတင္းသမားေတြက ေတာ့ ေမလ ၁၃ ရက္ေန႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ရဲ႕ ဓာတ္ခြဲ အေျဖအရ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး မေတြ႕ဘူးလို႔လည္း မခ်ိဳလြင္ဦးက ဘီဘီစီကို ေျပာပါတယ္။

HEAR Myanmar အြန္လိုင္းမီဒီယာ သတင္းဌာနကေတာ့ လက္တေလာ ႐ိုက္ကူးေရးေတြ ရပ္ထားၿပီး ႐ိုက္ၿပီးသား႐ုပ္သံေတြကိုေတာ့ ဆက္လက္ တင္ျပထုတ္လႊင့္တာေတြရွိတယ္လို႔လည္း သူကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနတဲ့ ကာလမွာ အစိုးရဘက္ က သတင္းေထာက္ေတြ ကို ဘယ္လို သတင္းယူသင့္တယ္ဆိုတာ လမ္းၫႊန္ထားတာ တိတိက်က် မရွိေၾကာင္း နဲ႔ သတင္းမီဒီယာ အဖြဲ႕စည္းေတြဘက္ကေတာ့ ကိုဗစ္ေၾကာင့္ အလုပ္ျပဳတ္သြားတဲ့ သတင္းသမားေတြ ကို ေငြေၾကးေထာက္ပံ့တာ ရွိသလို ကာကြယ္ေရးဝတ္စုံ ေတြေထာက္ပံ့မယ္ဆိုတာ မ်ိဳးစီစဥ္ေနတာရွိတယ္လို႔လည္း The Voice Daily သတင္းစာက တာဝန္ခံ အယ္ဒီတာ ကိုေအာင္စိုးက ေျပာပါတယ္။

လတ္တေလာ ႐ုပ္သံသတင္းသမားေၾကာင့္ အျခားလူတစ္ဦးကို ကူးစက္ခံခဲ့ရေပမယ္ အဲဒီ ႐ုပ္သံသတင္းသမားဟာ အလုပ္သင္ျဖစ္တဲ့အတြက္ ကို႐ိုနာနဲ႔ ပတ္သက္တဲ့ ႐ိုက္ကူးေရးေတြမွာ လိုက္ပါ သတင္းယူတာ အႀကိမ္ အေရအတြက္ အမ်ားႀကီးမရွိဘူးလို႔လည္းမခ်ိဳလြင္ဦးက ေျပာပါတယ္။
Hear Myanmar သတင္းဌာန အြန္လိုင္းစာမ်က္ႏွာ
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ သူဟာ ႐ုပ္သံ သတင္းသမားျဖစ္တဲ့ အတြက္ အဲဒီ သတင္းဌာန နဲ႔ ႐ိုက္ကူးေရး ေနရာေတြမွာ ဆုံဖူးတဲ့ အျခား႐ုပ္သံသတင္းေထာက္ေတြနဲ႔ ႏိုင္ငံတကာ သတင္းဌာန ကဓာတ္ပုံဆရာေတြက ႐ုပ္သံ သတင္းသမားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ခံရတဲ့အတြက္ စိုးရိမ္မႈေတြရွိၾကပါတယ္။

" ရန္ကုန္တကၠသိုလ္ အမ ရာေဆာင္ ကြာရန္တင္းဝင္ေနကတည္းက အလုပ္နဲ႔ပတ္သက္လို႔ ဘာမွ မခိုင္းေတာ့ပါဘူး၊ လူနာအမွတ္၁၇၉ နဲ႔ပတ္သက္တဲ့ ညီမ တို႔သတင္းဌာန ကလူေတြအားလုံးမွာေတာ့ ေရာဂါပိုးမရွိဘူးဆိုတဲ့ အေျဖ ကိုေတာ့ ေမလ ၁၃ ရက္ေန႔က သိရပါတယ္ "လို႔လည္း မခ်ိဳလြင္ဦးကေျပာပါတယ္။

"ကို႐ိုနာ သတင္းယူေနတုန္းက ေဇာနဲ႔မို႔လို႔ ေရာဂါ ကူးခ်င္ကူးဆိုၿပီး မေၾကာက္တဲ့စိတ္ ရွိေပမယ့္ ကိုယ့္အထဲက လူကူးလာတဲ့အခါ မွာ ကိုယ္ကိုယ္တိုင္ထက္ ကိုယ္နဲ႔ဆက္ႏြယ္သူေတြကူးမွာ ကို အရမ္းစိုးရိမ္ခဲ့ရပါတယ္လို႔ "လည္း သူကေျပာပါတယ္။

႐ုပ္သံအင္တာဗ်ဳးသတင္းရယူတဲ့ေန ရာေတြမွာ သူတို႔ အေနနဲ႔ အစိုးရသတ္မွတ္ထားတဲ့ ခပ္ခြာခြာေနခိုင္းတဲ့ အကြာအေဝးကို မလိုက္နာျဖစ္ခဲ့တာေတြရွိတယ္လို႔လည္းသူကရွင္းျပပါတယ္။

ကြာရန္တင္းဝင္ေနတဲ့ ႐ုပ္သံသတင္းသမားေတြ အာလုံးကေတာ့ က်န္းမာေရး ေကာင္းမြန္တယ္လို႔လည္း မခ်ိဳလြင္ ဦးကေျပာပါတယ္ ။

ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီကေတာ့ ကြာရန္တင္း ဝင္ေနရသူနဲ႔ ကိုဗစ္ကူးစက္ခံရ တဲ့သတင္းသမားေတြကို ေငြက်ပ္ႏွစ္သိန္းစီပံ့ပိုးခဲ့တယ္လို႔ လည္း ေမလ ၁၂ ရက္ေန႔ ကသတင္းထုတ္ျပန္ခဲ့ပါတယ္။

မခ်ိဳလြင္ဦး အပါအဝင္ သတင္းသမားေတြကေတာ့ ၂၁ ရက္ၾကာ ကြာရန္တင္းၿပီး လွ်င္ေနာက္တစ္ေခါက္ပိုး ကူးစက္ခံရတာရွိ မရွိ ကို စစ္ေဆးခံရ ဦးမွာျဖစ္တယ္လို႔လည္းသူကေျပာပါတယ္။

"ေမလ ၅ ရက္ေန႔ ေနာက္ပိုင္းမွာ ႐ိုက္ကူးေရးေတြ သြားခဲ့တာေတြေတာ့ ရွိတယ္ ဒါေပမယ့္ ကိုယ္က အခု ပိုးမရွိဘူးဆိုေတာ့ သူတို႔ အတြက္ စိတ္နည္းနည္းေအး ရတာေပါ့ "လို႔လည္း မခ်ိဳလြင္ဦးကေျပာပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ရန်ကုန်က ရုပ်သံသတင်းသမားတစ်ဦး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရ ၊သတင်းသမား၇ဦး ကွာရန်တင်းဝင်နေ

ရန်ကုန်အခြေစိုက် အွန်လိုင်း သတင်းဌာန တစ်ခုက ရုပ်သံ သတင်းသမားတစ်ဦး ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ အဲဒီ့သတင်းသမားနဲ့ အတူ အလုပ်အတူလုပ် တဲ့ HEAR Myanmar က ရုပ်သံ သတင်းထောက်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရောဂါကူးစက်ခံရသူ ရုပ်သံသတင်းထောက် နဲ့ အနီးကပ် ထိတွေ့သူတွေဖြစ်တဲ့ HEAR Myanmar သတင်းဌာနက ရုပ်သံသတင်းထောက်နဲ့ အယ်ဒီတာ စုစုပေါင်း ၇ ဦးခန့်ဟာ အခုအခါ မှာ အစိုးရက သတ်မှတ်ထားတဲ့ရန်ကုန် တက္ကသိုလ် အမရာဆောင် မှာ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေ့ရတယ်လို့လည်း အဲဒီ့သတင်းထောက်က ပြောပါတယ်။

ကူးစက်ခံရတဲ့ ရုပ်သံ သတင်းသမားဟာ လူနာအမှတ် ၁၇၉ ဖြစ်ပြီးတော့ ခဝဲခြံ ၂ လမ်းက လူနာအမှတ် ၁၇၇ ဆီက ကူးစက်ခံရတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လူနာအမှတ် ၁၇၉ ဟာ အသက် ၂၁နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အင်းစိန်က ၄၄ ဦး မြောက်လူနာ ဖြစ်ကြောင်း အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂လမ်းမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး လူနာအမှတ်-၁၆၂ ၊လူနာအမှတ် ၁၇၇ တို့ ရဲ့နေအိမ်မှာ အတူနေထိုင်သူတစ်ဦး ဖြစ်တယ်လို့လည်း အင်းစိန်မြို့နယ် တိုင်းဒသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

လူနာအမှတ် ၁၇၉ သတင်းသမား ဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သတင်းတွေ ရိုက်ကူးရေး အချို့မှာ ပါဝင်ခဲ့ဖူးတယ်လို့အမရာဆောင်မှာ ကွာရန်တင်း ဝင်နေတဲ့ (အသွားအလာ ကန့်သတ်စောင့်ကြည့် ခံနေ့ရ တဲ့ ) HEAR Myanmar က ရုပ်သံ သတင်းထောက်တစ်ဦး ဖြစ်တဲ့ မချိုလွင်ဦးကပြောပါတယ်။

HEAR Myanmar အွန်လိုင်း မီဒီယာက လူနာအမှတ် ၁၇၉ သတင်းသမားဟာ မေလ၅ရက်က သူရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားနှစ်ဦးနဲ့ အတူ အလုံမြို့နယ် ဧရာဝတီလမ်းက လူနာအမှတ် ၁၈၁ နေအိမ်မှာ အမေများနေ့အင်တာဗျူး ရုပ်သံလာရောက်ရိုက်ကူးခဲ့တယ်လို့လည်း HEAR Myanmar က မချိုလွင်ဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အလုံမြို့နယ်မှာနေသူ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာအမှတ် ၁၈၁ ဟာ လူနာ အမှတ် ၁၇၉ သတင်းသမား ဆီကနေ တဆင့်ကူးစက်ခဲ့တာ လည်းဖြစ်ပါတယ်။

လူနာအမှတ်၁၇၉ သတင်းသမား ဟာ HEAR Myanmar အွန်လိုင်းမီဒီယာ မှာ လက်တွေ့လုပ်ငန်းခွင်ဆင်းနေတဲ့ ရုပ်သံ သတင်းတင်ဆက်သူဖြစ်တယ်လို့လည်း HEAR Myanmar က ရုပ်သံ သတင်းထောက် မချိုလွင်ဦးက အတည်ပြုပါတယ်။။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ မေလ ၁၃ ရက် ထုတ်ပြန်ချက်အရ လူနာအမှတ် ၁၈၁ အသက်၅၂ နှစ် အရွယ် အမျိုးသမီးဟာ အတည်ပြုလူနာ (၁၇၉)သတင်းသမားနဲ့ ထိတွေ့မှုရှိသူလို့ ဖော်ပြထားပါတယ်။

လူနာအမှတ် ၁၇၉ သတင်းသမား နဲ့ အတူအလုပ် လုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားတွေက တော့ မေလ ၁၃ ရက်နေ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ဓာတ်ခွဲ အဖြေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မတွေ့ဘူးလို့လည်း မချိုလွင်ဦးက ဘီဘီစီကို ပြောပါတယ်။

HEAR Myanmar အွန်လိုင်းမီဒီယာ သတင်းဌာနကတော့ လက်တလော ရိုက်ကူးရေးတွေ ရပ်ထားပြီး ရိုက်ပြီးသားရုပ်သံတွေကိုတော့ ဆက်လက် တင်ပြထုတ်လွှင့်တာတွေရှိတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ကာလမှာ အစိုးရဘက် က သတင်းထောက်တွေ ကို ဘယ်လို သတင်းယူသင့်တယ်ဆိုတာ လမ်းညွှန်ထားတာ တိတိကျကျ မရှိကြောင်း နဲ့ သတင်းမီဒီယာ အဖွဲ့စည်းတွေဘက်ကတော့ ကိုဗစ်ကြောင့် အလုပ်ပြုတ်သွားတဲ့ သတင်းသမားတွေ ကို ငွေကြေးထောက်ပံ့တာ ရှိသလို ကာကွယ်ရေးဝတ်စုံ တွေထောက်ပံ့မယ်ဆိုတာ မျိုးစီစဉ်နေတာရှိတယ်လို့လည်း The Voice Daily သတင်းစာက တာဝန်ခံ အယ်ဒီတာ ကိုအောင်စိုးက ပြောပါတယ်။

လတ်တလော ရုပ်သံသတင်းသမားကြောင့် အခြားလူတစ်ဦးကို ကူးစက်ခံခဲ့ရပေမယ် အဲဒီ ရုပ်သံသတင်းသမားဟာ အလုပ်သင်ဖြစ်တဲ့အတွက် ကိုရိုနာနဲ့ ပတ်သက်တဲ့ ရိုက်ကူးရေးတွေမှာ လိုက်ပါ သတင်းယူတာ အကြိမ် အရေအတွက် အများကြီးမရှိဘူးလို့လည်းမချိုလွင်ဦးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သူဟာ ရုပ်သံ သတင်းသမားဖြစ်တဲ့ အတွက် အဲဒီ သတင်းဌာန နဲ့ ရိုက်ကူးရေး နေရာတွေမှာ ဆုံဖူးတဲ့ အခြားရုပ်သံသတင်းထောက်တွေနဲ့ နိုင်ငံတကာ သတင်းဌာန ကဓာတ်ပုံဆရာတွေက ရုပ်သံ သတင်းသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ခံရတဲ့အတွက် စိုးရိမ်မှုတွေရှိကြပါတယ်။

" ရန်ကုန်တက္ကသိုလ် အမ ရာဆောင် ကွာရန်တင်းဝင်နေကတည်းက အလုပ်နဲ့ပတ်သက်လို့ ဘာမှ မခိုင်းတော့ပါဘူး၊ လူနာအမှတ်၁၇၉ နဲ့ပတ်သက်တဲ့ ညီမ တို့သတင်းဌာန ကလူတွေအားလုံးမှာတော့ ရောဂါပိုးမရှိဘူးဆိုတဲ့ အဖြေ ကိုတော့ မေလ ၁၃ ရက်နေ့က သိရပါတယ် "လို့လည်း မချိုလွင်ဦးကပြောပါတယ်။

"ကိုရိုနာ သတင်းယူနေတုန်းက ဇောနဲ့မို့လို့ ရောဂါ ကူးချင်ကူးဆိုပြီး မကြောက်တဲ့စိတ် ရှိပေမယ့် ကိုယ့်အထဲက လူကူးလာတဲ့အခါ မှာ ကိုယ်ကိုယ်တိုင်ထက် ကိုယ်နဲ့ဆက်နွယ်သူတွေကူးမှာ ကို အရမ်းစိုးရိမ်ခဲ့ရပါတယ်လို့ "လည်း သူကပြောပါတယ်။

ရုပ်သံအင်တာဗျုးသတင်းရယူတဲ့နေ ရာတွေမှာ သူတို့ အနေနဲ့ အစိုးရသတ်မှတ်ထားတဲ့ ခပ်ခွာခွာနေခိုင်းတဲ့ အကွာအဝေးကို မလိုက်နာဖြစ်ခဲ့တာတွေရှိတယ်လို့လည်းသူကရှင်းပြပါတယ်။

ကွာရန်တင်းဝင်နေတဲ့ ရုပ်သံသတင်းသမားတွေ အာလုံးကတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း မချိုလွင် ဦးကပြောပါတယ် ။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတော့ ကွာရန်တင်း ဝင်နေရသူနဲ့ ကိုဗစ်ကူးစက်ခံရ တဲ့သတင်းသမားတွေကို ငွေကျပ်နှစ်သိန်းစီပံ့ပိုးခဲ့တယ်လို့ လည်း မေလ ၁၂ ရက်နေ့ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

မချိုလွင်ဦး အပါအဝင် သတင်းသမားတွေကတော့ ၂၁ ရက်ကြာ ကွာရန်တင်းပြီး လျှင်နောက်တစ်ခေါက်ပိုး ကူးစက်ခံရတာရှိ မရှိ ကို စစ်ဆေးခံရ ဦးမှာဖြစ်တယ်လို့လည်းသူကပြောပါတယ်။

"မေလ ၅ ရက်နေ့ နောက်ပိုင်းမှာ ရိုက်ကူးရေးတွေ သွားခဲ့တာတွေတော့ ရှိတယ် ဒါပေမယ့် ကိုယ်က အခု ပိုးမရှိဘူးဆိုတော့ သူတို့ အတွက် စိတ်နည်းနည်းအေး ရတာပေါ့ "လို့လည်း မချိုလွင်ဦးကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52666010
ရန္ကုန္က ႐ုပ္သံသတင္းသမားတစ္ဦး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရ ၊သတင္းသမား၇ဦး ကြာရန္တင္းဝင္ေန ရန္ကုန္က ႐ုပ္သံသတင္းသမားတစ္ဦး ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရ ၊သတင္းသမား၇ဦး ကြာရန္တင္းဝင္ေန Reviewed by THITHTOOLWIN on 06:23 Rating: 5
Powered by Blogger.