ျပည္ပပုိ႔ ထုိင္းဆန္ေစ်းေတြက်


(Zawgyi/Unicode)

မိုးေခါင္ေရရွား ျပႆနာၾကဳံေနရတဲ့ ထိုင္းနိုင္ငံမွာ ဒီသီတင္းပတ္ထဲ ဆန္သစ္ေတြ ေပၚလာတာနဲ႔ အတူ ေစ်းပိုသက္သာတဲ့ အိႏၵိယနဲ႔ ဗီယက္နမ္ဆန္ေတြနဲ႔လည္း အႀကိတ္အနယ္ ေစ်းၿပိဳင္ခဲ့ရတာေၾကာင့္ ျပည္ပပို႔ ဆန္ေစ်းေတြ က်ဆင္းခဲ့ပါတယ္။

အပဲ့အစင္ ဆန္က်ိဳး ၅ % ပါတဲ့ ထိုင္းဆန္ တတန္ကို ၿပီးခဲ့တဲ့ သီတင္းပတ္ေပါက္ေစ်း အေမရိကန္ ေဒၚလာ ၅၁၅ ကေန ၅၄၆ အတြင္းရွိခဲ့ရာ က ဒီတပတ္ထဲ ေဒၚလာ ၄၈၀ ကေန ၄၈၅ ပဲရွိတဲ့အတြက္ ဒါဟာမတ္လကုန္ေနာက္ပိုင္း အနိမ့္ဆုံးက်ခဲ့တာပါ။

ဒီလ ေစ်းကြက္ထဲ ဆန္သစ္ေတြဝင္လာသလို မိုးရြာမယ္လို႔လည္း ခန္႔မွန္းၾကတဲ့အတြက္ ဆန္ျပတ္လပ္ မွာကို သိပ္မစိုးရိမ္ရေတာ့ဘူးလို႔ ဘန္ေကာက္ၿမိဳ႕အေျခစိုက္ ဆန္ကုန္သည္တဦးက ေျပာပါတယ္။

၁၀ စုႏွစ္အတြင္း ထိုင္းနိုင္ငံမွာမိုးေခါင္ေရရွား ျပႆနာအဆိုးဆုံးၾကဳံခဲ့ရတာေၾကာင့္ ဧၿပီလတြင္း ဆန္ေစ်းျမင့္တက္ခဲ့တာပါ။ ဗီယက္နမ္ ေစ်းကြက္နဲ႔အၿပိဳင္ျဖစ္ေနၿပီး ဝယ္လိုအားနည္းေနေပမဲ့လည္း အခုလို ေစ်းႏႈန္းက်ဆင္းလာတဲ့ ထိုင္းဆန္ကိုဝယ္ယူဖို႔ဖိလစ္ပိုင္ႏိုင္ငံလို နိုင္ငံေတြ အေနနဲ႔ စိတ္ဝင္စားနိုင္တယ္လို႔ ဆန္ကုန္သည္တဦးက ခန္႔မွန္းပါတယ္။

ဆန္တင္ပို႔မႈ အမ်ားဆုံးျဖစ္တဲ့ အိႏၵိယက ဆန္အက်ိဳး ၅ %ပါ ဆန္ ၁ တန္ကို ဒီသီတင္းပတ္မွာ အေမရိကန္ ေဒၚလာ ၃၈၀ ကေန ၃၈၅ ေပါက္ခဲ့တဲ့အတြက္ ၾသဂုတ္လ အေစာပိုင္းေနာက္မွာ ေစ်းအျမင့္ဆုံးေရာက္ခဲ့တာပါ။ ထိုင္းနဲ႔ ဗီယက္နမ္တို႔ထက္စာရင္ အိႏၵိယဆန္က ေစ်းသက္သာတဲ့ အတြက္ မႏွစ္ကထက္ ေရာင္းအားတက္လာတယ္လို႔ အိႏၵိယ ဆန္ကုန္သည္ႀကီးမ်ား အသင္းဥကၠဌ B.V. Krishna Rao ကေျပာပါတယ္။

ဒီသီတင္းပတ္ ၅ % ဆန္အက်ိဳးပါ ဗီယက္နမ္ဆန္ ၁ တန္ အေမရိကန္ ေဒၚလာ ၄၅၀ ကေန ၄၆၀ အတြင္း ေပါက္ေစ်းရွိပါတယ္။ ကိုရိုနာ ဗိုင္းရပ္စ္ ကပ္ေရာဂါထဲ ဆန္အလုံအေလာက္ရွိေစဖို႔ ဗီယက္နမ္အစိုးရက ျပည္ပဆန္တင္ပို႔တာကို မတ္လကစၿပီး ပိတ္ပင္ထားခဲ့ေပမဲ့ ေမလထဲမွာေတာ့ ျပည္ပဆန္တင္ပို႔မႈကို အျပည့္အဝ ျပန္လည္ ခြင့္ျပဳခဲ့ပါတယ္။ ဒါေၾကာင့္ ဗီယက္နမ္ ဆန္ကုန္သည္ေတြက အရင္ စာခ်ဳပ္နဲ႔ ဝယ္လက္ေတြဆီကို ဆန္ေတြ အလ်င္အျမန္ တင္ပို႔ေပးေနတာလည္းျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

ပြည်ပပို့ ထိုင်းဆန်ဈေးတွေကျ

(Unicode)

မိုးခေါင်ရေရှား ပြဿနာကြုံနေရတဲ့ ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ဆန်သစ်တွေ ပေါ်လာတာနဲ့ အတူ ဈေးပိုသက်သာတဲ့ အိန္ဒိယနဲ့ ဗီယက်နမ်ဆန်တွေနဲ့လည်း အကြိတ်အနယ် ဈေးပြိုင်ခဲ့ရတာကြောင့် ပြည်ပပို့ ဆန်ဈေးတွေ ကျဆင်းခဲ့ပါတယ်။

အပဲ့အစင် ဆန်ကျိုး ၅ % ပါတဲ့ ထိုင်းဆန် တတန်ကို ပြီးခဲ့တဲ့ သီတင်းပတ်ပေါက်ဈေး အမေရိကန် ဒေါ်လာ ၅၁၅ ကနေ ၅၄၆ အတွင်းရှိခဲ့ရာ က ဒီတပတ်ထဲ ဒေါ်လာ ၄၈၀ ကနေ ၄၈၅ ပဲရှိတဲ့အတွက် ဒါဟာမတ်လကုန်နောက်ပိုင်း အနိမ့်ဆုံးကျခဲ့တာပါ။

ဒီလ ဈေးကွက်ထဲ ဆန်သစ်တွေဝင်လာသလို မိုးရွာမယ်လို့လည်း ခန့်မှန်းကြတဲ့အတွက် ဆန်ပြတ်လပ် မှာကို သိပ်မစိုးရိမ်ရတော့ဘူးလို့ ဘန်ကောက်မြို့အခြေစိုက် ဆန်ကုန်သည်တဦးက ပြောပါတယ်။

၁၀ စုနှစ်အတွင်း ထိုင်းနိုင်ငံမှာမိုးခေါင်ရေရှား ပြဿနာအဆိုးဆုံးကြုံခဲ့ရတာကြောင့် ဧပြီလတွင်း ဆန်ဈေးမြင့်တက်ခဲ့တာပါ။ ဗီယက်နမ် ဈေးကွက်နဲ့အပြိုင်ဖြစ်နေပြီး ဝယ်လိုအားနည်းနေပေမဲ့လည်း အခုလို ဈေးနှုန်းကျဆင်းလာတဲ့ ထိုင်းဆန်ကိုဝယ်ယူဖို့ဖိလစ်ပိုင်နိုင်ငံလို နိုင်ငံတွေ အနေနဲ့ စိတ်ဝင်စားနိုင်တယ်လို့ ဆန်ကုန်သည်တဦးက ခန့်မှန်းပါတယ်။

ဆန်တင်ပို့မှု အများဆုံးဖြစ်တဲ့ အိန္ဒိယက ဆန်အကျိုး ၅ %ပါ ဆန် ၁ တန်ကို ဒီသီတင်းပတ်မှာ အမေရိကန် ဒေါ်လာ ၃၈၀ ကနေ ၃၈၅ ပေါက်ခဲ့တဲ့အတွက် သြဂုတ်လ အစောပိုင်းနောက်မှာ ဈေးအမြင့်ဆုံးရောက်ခဲ့တာပါ။ ထိုင်းနဲ့ ဗီယက်နမ်တို့ထက်စာရင် အိန္ဒိယဆန်က ဈေးသက်သာတဲ့ အတွက် မနှစ်ကထက် ရောင်းအားတက်လာတယ်လို့ အိန္ဒိယ ဆန်ကုန်သည်ကြီးများ အသင်းဥက္ကဌ B.V. Krishna Rao ကပြောပါတယ်။

ဒီသီတင်းပတ် ၅ % ဆန်အကျိုးပါ ဗီယက်နမ်ဆန် ၁ တန် အမေရိကန် ဒေါ်လာ ၄၅၀ ကနေ ၄၆၀ အတွင်း ပေါက်ဈေးရှိပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါထဲ ဆန်အလုံအလောက်ရှိစေဖို့ ဗီယက်နမ်အစိုးရက ပြည်ပဆန်တင်ပို့တာကို မတ်လကစပြီး ပိတ်ပင်ထားခဲ့ပေမဲ့ မေလထဲမှာတော့ ပြည်ပဆန်တင်ပို့မှုကို အပြည့်အဝ ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ် ဆန်ကုန်သည်တွေက အရင် စာချုပ်နဲ့ ဝယ်လက်တွေဆီကို ဆန်တွေ အလျင်အမြန် တင်ပို့ပေးနေတာလည်းဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/thai-rice-/5420245.html
ျပည္ပပုိ႔ ထုိင္းဆန္ေစ်းေတြက် ျပည္ပပုိ႔ ထုိင္းဆန္ေစ်းေတြက် Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.