ေလဖိအားနည္းရပ္ဝန္း ေမ ၁၆ မွာ ဆိုင္ကလုန္းမုန္တိုင္းျဖစ္လာႏိုင္

မုန္တိုင္းအရွိန္ေၾကာင့္ မိုးႀကီးတာ၊ ေျမၿပိဳတာ၊ ေလဆင္ႏွာေမာင္းတိုက္တာ၊ မိုးသီးေႂကြတာေတြ သတိျပဳဖို႔လို
(Zawgyi)⤵⤵⤵
မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနရဲ႕ေမ ၁၄ ရက္ေန႔ ေန႔လယ္ပိုင္းအခ်ိန္တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ အားေကာင္းလာေနၿပီး မုန္တိုင္းငယ္ကေန ဆိုင္ကလုန္းမုန္တိုင္း အျဖစ္အားေကာင္းလာႏိုင္တယ္လို႔ သတိေပးထုတ္ျပန္ ထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္း၊ ယင္းနဲ႔ဆက္စပ္ေနတဲ့ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းေတြမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းသို႔ ေရာက္ရွိ ခဲ့ၿပီး ဆက္လက္တည္ရွိေနကာ၊ ေမ ၁၅ ရက္ေန႔မွာ မုန္တိုင္းငယ္(Depression)အဆင့္သို႔လည္းေကာင္း၊ ေမ ၁၆ရက္ေန႔တြင္ ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm)အဆင့္သို႔လည္းေကာင္း ေရာက္ရွိႏိုင္တယ္လို႔ သိရပါတယ္။

' ' မုန္တိုင္းငယ္အျဖစ္က ေမ ၁၅ မနက္ျဖန္ဆိုေတာ့ ကြၽန္မတို႔ ေစာင့္ၾကည့္ေနပါတယ္။ အားေကာင္းရင္ ေကာင္းလာသလို ထုတ္ျပန္ခ်က္ေတြ ထုတ္ေပးမွာပါ။ မုန္တိုင္းငယ္က အခုေတာ့ အိႏၵိယႏိုင္ငံကမ္းေျခ ဘက္ကို ဦးတည္ၿပီးေ႐ႊ႕လွ်ားမယ္ေပါ့။ ၁၆ ရက္ေန႔မွာေတာ့ ဆိုင္ကလုန္းအျဖစ္ အားေကာင္းလာမယ္လို႔ မွန္းထားတယ္။'' လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ေဒၚခင္ခ်ိဳခ်ိဳရွိန္က ဘီဘီစီကိုေျပာပါတယ္။
 ေမ ၁၆ရက္ေန႔မွာဆိုင္ကလုန္းမုန္တိုင္းအဆင့္သို႔ ေရာက္ရွိႏိုင္
ေမ ၁၇ ရက္ေန႔မွာေတာ့ ေျမာက္-အေရွ႕ေျမာက္အရပ္ကိုေကြ႕ကာ ဘဂၤလားေဒ့ရွ္ဘက္ကို ဦးတည္သြားမယ့္ အေနအထားမ်ိဳးကိုလည္းေတြ႕ရတယ္လို႔ သူကေျပာပါတယ္။

ဘဂၤလားပင္လယ္ေအာ္အတြင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းေတြကေန အားေကာင္းလာၿပီး မုန္တိုင္းအျဖစ္ေျပာင္းလဲလာတဲ့ မုန္တိုင္းေတြဟာ ျမန္မာႏိုင္ငံအေပၚ သက္ေရာက္မႈရွိ သလို ျမန္မာႏိုင္ငံကို ဝင္ေရာက္ တိုက္ခတ္ႏိုင္ေျခလည္းရွိလို႔ သတိထားရမွာျဖစ္တယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာေက်ာ္မိုးဦးက ဘီဘီစီရဲ႕ မုန္တိုင္းအေၾကာင္းသိေကာင္းစရာ အခ်က္ အလက္ေတြကိုေမးျမန္းတဲ့အင္တာဗ်ဳးမွာ ေျဖၾကားထားခဲ့ပါတယ္။

' ' မုန္တိုင္းရဲ႕ အေဆာက္အအုံကလည္း ႀကီးေတာ့ ျမန္မာႏိုင္ငံမွာ လႈိင္းႀကီးတာေတြ၊ ေရႀကီးတာေတြ ေလျပင္းတာေတြ၊ တိမ္တိုက္ေတြကတဆင့္ မိုးႀကိဳးမုန္တိုင္းေတြ ေလဆင္ႏွာေမာင္းေတြ မိုးသီးေႂကြတာ ေတြျဖစ္ႏိုင္ပါတယ္။'' လို႔ ျမန္မာႏိုင္ငံအေနနဲ႔ လက္ရွိျဖစ္ေပၚလာမယ့္မုန္တိုင္းနဲ႔ပတ္သက္ၿပီး သတိျပဳရမယ့္ အခ်က္ေတြကို ေဒၚခင္ခ်ိဳခ်ိဳရွိန္ကေျပာျပပါတယ္။

အေရာင္ခြဲျခားၿပီးေပးတဲ့ မုန္တိုင္းသတိေပးခ်က္

အဝါေရာင္အဆင့္သတိေပးခ်က္ကို ဘဂၤလားပင္လယ္ေအာ္အတြင္း မုန္တိုင္းတစ္ခုျဖစ္ေပၚၿပီဆိုတာနဲ႔ စတင္ ထုတ္ျပန္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

လိေမၼာ္ေရာင္အဆင့္သတိေပးခ်က္ဟာ မုန္တိုင္းဟာ ျမန္မာ့ကမ္း႐ိုးတန္းကို ဦးတည္ေနၿပီလို႔ဆိုလိုပါတယ္။ မုန္တိုင္းေျပာင္းလဲမႈျဖစ္စဥ္ကို အထူးသတိထားေစာင့္ၾကည့္ဖို႔လိုပါတယ္။

အနီေရာင္အဆင့္ဆိုရင္ေတာ့ မုန္တိုင္းဟာ ကမ္း႐ိုးတန္းကို ၁၂ နာရီအၾကာမွာေရာက္ရွိလာေတာ့မွာျဖစ္ၿပီး အႏၲရာယ္ရွိႏိုင္တာေၾကာင့္ လုံၿခဳံတဲ့ေနရာကို ေ႐ႊ႕ေျပာင္းဖို႔ လိုအပ္ပါတယ္။

အညိဳေရာင္အဆင့္ကေတာ့ မုန္တိုင္းက်ေရာက္ေနၿပီျဖစ္ၿပီၚ လုံၿခဳံစိတ္ခ်ရတဲ့ေနရာမွာခိုလႈံဖို႔ လိုအပ္ပါတယ္။

အစိမ္းေရာင္အဆင့္ထုတ္ျပန္လိုက္ၿပီဆိုရင္ေတာ့ မုန္တိုင္းအားေပ်ာ့ပ်က္ျပယ္သြားၿပီလို႔ မွတ္ယူႏိုင္မွာျဖစ္ပါ တယ္။

' ' ဘဂၤလားပင္လယ္ေအာ္ထဲမွာ မုန္တိုင္းျဖစ္ၿပီဆိုတာနဲ႔ အဝါေရာင္အဆင့္သတိေပးခ်က္ကိုထုတ္တယ္။ အဲကေန ေနာက္တဆင့္ဆိုရင္ လိေမၼာ္ေရာင္ေပါ့။ ကြၽန္မတို႔ဆီ ဦးတည္လာၿပီဆိုရင္ေတာ့ အခါမလပ္ သတိေပးခ်က္ေတြထုတ္ျပန္သြားမွာပါ။'' လို႔ ေဒၚခင္ခ်ိဳခ်ိဳရွိန္ကေျပာပါတယ္။
 နာဂစ္မုန္တိုင္းတိုက္ခတ္စဥ္က ေတြ႕ရတဲ့ ဧရာဝတီတိုင္းကေနရာအခ်ိဳ႕

ျမန္မာႏိုင္ငံမွာ မုန္တိုင္းျဖစ္ႏိုင္တဲ့ကာလေတြ

အမ်ားဆုံးကေတာ့ မိုးႀကိဳကာလျဖစ္တဲ့ ဧၿပီနဲ႔ေမလေပါ့။ အဲဒီကာလမွာ ဘဂၤလားပင္လယ္ေအာ္မွာ မုန္တိုင္း ျဖစ္ၿပီဆိုရင္ ျမန္မာႏိုင္ငံကိုဝင္ႏိုင္တဲ့အတြက္ေၾကာင့္ မုန္တိုင္းရဲ႕ ပထမရာသီလို႔ သတ္မွတ္ထားတယ္။

ဇြန္လကေနစၿပီး ဇူလိုင္ကေန ၾသဂုတ္ ဒီ သုံးလမွာလည္း ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္း ရပ္ဝန္းေတြ မုန္တိုင္းေတြျဖစ္တယ္။ ဒါေပမဲ့ ႏွစ္ေပါင္း ၁၀၀ ေက်ာ္အတြင္း ျမန္မာႏိုင္ငံကို ဝင္ေရာက္ခဲ့တာမ်ိဳးေတာ့မရွိပါဘူး။

ျမန္မာႏိုင္ငံရဲ႕ မုန္တိုင္းဒုတိယရာသီျဖစ္တဲ့ မုတ္သုန္နဲ႔ မုတ္သုန္ထြက္တဲ့ကာလ ေတြျဖစ္တဲ့ စက္တင္ဘာလ ကေန ႏိုဝင္ဘာလအထိဟာ သတိျပဳရမယ့္ ကာလျဖစ္ပါတယ္။ စက္တင္ဘာလမွာ ျဖစ္တဲ့မုန္တိုင္းေတြရဲ႕ ၅ ရာခိုင္ႏႈန္းေလာက္က ျမန္မာႏိုင္ငံကိုဝင္တဲ့ အေနအထားရွိပါတယ္။

ေအာက္တိုဘာ၊ ႏိုဝင္ဘာလေတြအတြင္း ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္တဲ့ မုန္တိုင္းေတြရဲ႕ ၂၀ နဲ႔ ၁၅ ရာခိုင္ႏႈန္းေလာက္က ျမန္မာႏိုင္ငံကိုဝင္တယ္။ က်န္တဲ့ ၈၀၊ ၈၅ ရာခိုင္ႏႈန္းကေတာ့ အိႏၵိယႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ကိုသြားပါတယ္။

ဘဂၤလားပင္လယ္ေအာ္မွာျဖစ္တဲ့ မုန္တိုင္းေတြရဲ႕ သက္ေရာက္မႈက ျမန္မာ့ကမ္း႐ိုးတန္းကို ျဖတ္မွ သက္ေရာက္မႈရွိတာျဖစ္ပါတယ္။ ဒါေပမယ့္ သတိျပဳရမွာတခုက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ဝင္ေရာက္ ေပမယ့္လည္း ျမန္မာႏိုင္ငံမွာ မိုးမ်ားၿပီးေရႀကီးေရလွ်ံတာလည္း ရွိတတ္ပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
လေဖိအားနည်းရပ်ဝန်း မေ ၁၆ မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့မေ ၁၄ ရက်နေ့ နေ့လယ်ပိုင်းအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာနေပြီး မုန်တိုင်းငယ်ကနေ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်အားကောင်းလာနိုင်တယ်လို့ သတိပေးထုတ်ပြန် ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ ယင်းနဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိ ခဲ့ပြီး ဆက်လက်တည်ရှိနေကာ၊ မေ ၁၅ ရက်နေ့မှာ မုန်တိုင်းငယ်(Depression)အဆင့်သို့လည်းကောင်း၊ မေ ၁၆ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

' ' မုန်တိုင်းငယ်အဖြစ်က မေ ၁၅ မနက်ဖြန်ဆိုတော့ ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ အားကောင်းရင် ကောင်းလာသလို ထုတ်ပြန်ချက်တွေ ထုတ်ပေးမှာပါ။ မုန်တိုင်းငယ်က အခုတော့ အိန္ဒိယနိုင်ငံကမ်းခြေ ဘက်ကို ဦးတည်ပြီးရွှေ့လျှားမယ်ပေါ့။ ၁၆ ရက်နေ့မှာတော့ ဆိုင်ကလုန်းအဖြစ် အားကောင်းလာမယ်လို့ မှန်းထားတယ်။'' လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်ချိုချိုရှိန်က ဘီဘီစီကိုပြောပါတယ်။

မေ ၁၇ ရက်နေ့မှာတော့ မြောက်-အရှေ့မြောက်အရပ်ကိုကွေ့ကာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဦးတည်သွားမယ့် အနေအထားမျိုးကိုလည်းတွေ့ရတယ်လို့ သူကပြောပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းတွေကနေ အားကောင်းလာပြီး မုန်တိုင်းအဖြစ်ပြောင်းလဲလာတဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိ သလို မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်နိုင်ခြေလည်းရှိလို့ သတိထားရမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်မိုးဦးက ဘီဘီစီရဲ့ မုန်တိုင်းအကြောင်းသိကောင်းစရာ အချက် အလက်တွေကိုမေးမြန်းတဲ့အင်တာဗျုးမှာ ဖြေကြားထားခဲ့ပါတယ်။

' ' မုန်တိုင်းရဲ့ အဆောက်အအုံကလည်း ကြီးတော့ မြန်မာနိုင်ငံမှာ လှိုင်းကြီးတာတွေ၊ ရေကြီးတာတွေ လေပြင်းတာတွေ၊ တိမ်တိုက်တွေကတဆင့် မိုးကြိုးမုန်တိုင်းတွေ လေဆင်နှာမောင်းတွေ မိုးသီးကြွေတာ တွေဖြစ်နိုင်ပါတယ်။'' လို့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဖြစ်ပေါ်လာမယ့်မုန်တိုင်းနဲ့ပတ်သက်ပြီး သတိပြုရမယ့် အချက်တွေကို ဒေါ်ခင်ချိုချိုရှိန်ကပြောပြပါတယ်။

အရောင်ခွဲခြားပြီးပေးတဲ့ မုန်တိုင်းသတိပေးချက်

အဝါရောင်အဆင့်သတိပေးချက်ကို ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းတစ်ခုဖြစ်ပေါ်ပြီဆိုတာနဲ့ စတင် ထုတ်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

လိမ္မော်ရောင်အဆင့်သတိပေးချက်ဟာ မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီလို့ဆိုလိုပါတယ်။ မုန်တိုင်းပြောင်းလဲမှုဖြစ်စဉ်ကို အထူးသတိထားစောင့်ကြည့်ဖို့လိုပါတယ်။

အနီရောင်အဆင့်ဆိုရင်တော့ မုန်တိုင်းဟာ ကမ်းရိုးတန်းကို ၁၂ နာရီအကြာမှာရောက်ရှိလာတော့မှာဖြစ်ပြီး အန္တရာယ်ရှိနိုင်တာကြောင့် လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်ပါတယ်။

အညိုရောင်အဆင့်ကတော့ မုန်တိုင်းကျရောက်နေပြီဖြစ်ပြီါ် လုံခြုံစိတ်ချရတဲ့နေရာမှာခိုလှုံဖို့ လိုအပ်ပါတယ်။

အစိမ်းရောင်အဆင့်ထုတ်ပြန်လိုက်ပြီဆိုရင်တော့ မုန်တိုင်းအားပျော့ပျက်ပြယ်သွားပြီလို့ မှတ်ယူနိုင်မှာဖြစ်ပါ တယ်။

' ' ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ပြီဆိုတာနဲ့ အဝါရောင်အဆင့်သတိပေးချက်ကိုထုတ်တယ်။ အဲကနေ နောက်တဆင့်ဆိုရင် လိမ္မော်ရောင်ပေါ့။ ကျွန်မတို့ဆီ ဦးတည်လာပြီဆိုရင်တော့ အခါမလပ် သတိပေးချက်တွေထုတ်ပြန်သွားမှာပါ။'' လို့ ဒေါ်ခင်ချိုချိုရှိန်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဖြစ်နိုင်တဲ့ကာလတွေ

အများဆုံးကတော့ မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့မေလပေါ့။ အဲဒီကာလမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ဖြစ်ပြီဆိုရင် မြန်မာနိုင်ငံကိုဝင်နိုင်တဲ့အတွက်ကြောင့် မုန်တိုင်းရဲ့ ပထမရာသီလို့ သတ်မှတ်ထားတယ်။

ဇွန်လကနေစပြီး ဇူလိုင်ကနေ သြဂုတ် ဒီ သုံးလမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတွေ မုန်တိုင်းတွေဖြစ်တယ်။ ဒါပေမဲ့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာမျိုးတော့မရှိပါဘူး။

မြန်မာနိုင်ငံရဲ့ မုန်တိုင်းဒုတိယရာသီဖြစ်တဲ့ မုတ်သုန်နဲ့ မုတ်သုန်ထွက်တဲ့ကာလ တွေဖြစ်တဲ့ စက်တင်ဘာလ ကနေ နိုဝင်ဘာလအထိဟာ သတိပြုရမယ့် ကာလဖြစ်ပါတယ်။ စက်တင်ဘာလမှာ ဖြစ်တဲ့မုန်တိုင်းတွေရဲ့ ၅ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကိုဝင်တဲ့ အနေအထားရှိပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာလတွေအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၂၀ နဲ့ ၁၅ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံကိုဝင်တယ်။ ကျန်တဲ့ ၈၀၊ ၈၅ ရာခိုင်နှုန်းကတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကိုသွားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ သက်ရောက်မှုက မြန်မာ့ကမ်းရိုးတန်းကို ဖြတ်မှ သက်ရောက်မှုရှိတာဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမှာတခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ပေမယ့်လည်း မြန်မာနိုင်ငံမှာ မိုးများပြီးရေကြီးရေလျှံတာလည်း ရှိတတ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52660964
ေလဖိအားနည္းရပ္ဝန္း ေမ ၁၆ မွာ ဆိုင္ကလုန္းမုန္တိုင္းျဖစ္လာႏိုင္ ေလဖိအားနည္းရပ္ဝန္း ေမ ၁၆ မွာ ဆိုင္ကလုန္းမုန္တိုင္းျဖစ္လာႏိုင္ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.