ရခိုင္ေျမာက္ပိုင္း မုန္တိုင္းအႏၲရာယ္သတိျပဳဖုိ႔ မိုးဇလႏိႈးေဆာ္

(ဓာတ္ပံု - မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန - ေမ ၁၄၊ ၂၀၂၀)
(Zawgyi/Unicode)

ဘဂၤလားပင္လယ္ေအာ္မွာ လက္ရိွျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္၀န္းဟာ ပိုမိုအားေကာင္းလာၿပီး ၂၄ နာရီအတြင္းမွာ မုန္တိုင္းငယ္အဆင့္ကို ေရာက္ရိွႏိုင္သလို ဒီလ ၁၆ ရက္ေန႔မွာေတာ့ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ကို ေရာက္ရိွႏိုင္တယ္ဆုိတဲ့ ေနာက္ဆံုးရ မုိးေလ၀သ သတိေပးခ်က္ကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ေလဖိအားနည္းရပ္၀န္းဟာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာ တည္ရိွေနၿပီး လာမယ့္ ေသာၾကာေန႔မွာ ဆိုင္ကလုန္းမုန္တုိင္းအဆင့္ကို ေရာက္ရိွႏိုင္ေၾကာင္း မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မုိးဦးက VOA ကို ေျပာပါတယ္။

“ေန႔ခင္း ၁နာရီခဲြအေက်ာ္ တုိင္းထြာခ်က္အရဆုိရင္ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ေနတဲ့ ေလဖိအားနည္း ရပ္၀န္းဟာ အေရွ႔ေတာင္ပိုင္းမွာပဲ ဆက္ၿပီးတည္ရိွေနပါတယ္။ သူဟာ တျဖည္းျဖည္းေတာ့ အေနာက္ေျမာက္ဘက္ထဲကို ေရႊ႕ေနၿပီးေတာ့မွ ပိုမုိအားေကာင္းလာၿပီးေတာ့မွ ေနာက္ ၂၄ နာရီမွာေတာ့ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းမွာ မုန္တိုင္းငယ္အဆင့္ကို ေရာက္ရိွႏိုင္ပါတယ္။ ၿပီးသြားရင္ေတာ့ ေနာက္ ၄၈ နာရီအတြင္းမွာေတာ့ ဆုိင္ကလုန္းမုန္တိုင္းအဆင့္ကို ေရာက္ရိွႏိုင္တဲ့ အေနအထားမ်ိဳး ရိွပါတယ္။”

မုန္တိုင္းငယ္အဆင့္ေရာက္ရိွခ်ိန္ အစပိုင္းမွာေတာ့ အေနာက္ ေျမာက္ဘက္ကိုေရႊ႕ၿပီး ၁၇ ရက္ေန႔ေလာက္က်ရင္ ေျမာက္၊ အေရွ႔ေျမာက္ဘက္ကို ဦးတည္ေရႊ႔႕လ်ားႏိုင္တာေၾကာင့္ အိႏိၵယ၊ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံ ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသေတြဟာ မုန္တိုင္းအႏၱရာယ္ သတိထားရမယ့္ အေျခအေန ရိွေနပါတယ္။

မုန္တုိင္းဟာ အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္က ၀င္ေရာက္ခ့ဲရင္ေတာင္ ရခုိင္ကမ္းရိုးတန္းေဒသမွာ မုိးသက္ေလျပင္းတိုက္ခုိက္တာေတြ ျဖစ္ႏိုင္ေၾကာင္းလည္း ေဒါက္တာ ေက်ာ္မိုးဦးက ခန္႔မွန္းထားပါတယ္။

“သူက ေနာက္ဆံုးေတာင္မွ မုန္တိုင္းက အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ကို ၀င္ေတာ့မယ္ဆုိရင္ က်ေနာ္တုိ႔ ရခုိင္ကမ္းရိုးတန္းမွာေတာ့ အဲဒီရက္ပိုင္းေတြမွာေတာ့ ေလျပင္းတုိက္တာတို႔ ဘာတုိ႔ ရိွလာႏိုင္တာေပါ့။ ဒီမုန္တုိင္းရဲ႕ အရိွန္ေၾကာင့္မုိ႔လုိ႔ေပါ့ ပင္လယ္ျပင္မွာ မုိးသက္ေလျပင္းက်တာတို႔ ဘာတို႔ ဒီဟာမ်ိဳးေတြေတာ့ ရိွလာႏိုင္ပါတယ္။”

ႏိုင္ငံတကာမိုးေလ၀သ ဌာနေတြအေနနဲ႔ ေလဖိအားနည္းရပ္၀န္းကေန မုန္တုိင္းအျဖစ္ ေျပာင္းလဲၿပီး ဦးတည္ေရႊ႕လ်ားမယ့္ ေနရာကို ခန္႔မွန္းတြက္ခ်က္တာေတြဟာ ေလာေလာဆည္အခ်ိန္မွာ ကဲြလဲြတာေတြ ရိွေနေၾကာင္းလည္း ေဒါက္တာ ေက်ာ္မိုးဦးက ေျပာပါတယ္။

အိႏိၵယႏိုင္ငံ မုိးေလ၀သ ဌာနကေတာ့ ဘဂၤလားပင္လယ္ေအာ္အတြင္းက ေလဖိအားနည္း ရပ္၀န္းဟာ ဒီသတင္းပတ္အကုန္မွာ အင္အားျပင္း ဆိုင္ကလုန္း မုန္တုိင္းအျဖစ္သို႔ ေရာက္ရိွႏိုင္ေၾကာင္း ထုတ္ျပန္ထား ပါတယ္။

လက္ရိွ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္၀န္းဟာ ဒီႏွစ္ မိုးၾကိဳကာလမွာ ဒုတိယအၾကိမ္ျဖစ္ေပၚတဲ့ ေလဖိအားနည္း ရပ္၀န္းျဖစ္ပါတယ္။ဒီလဆန္းပိုင္းကလည္း တစ္ၾကိမ္ျဖစ္ေပၚခဲ့ေပမဲ့ မုန္တုိင္းအျဖစ္ကို မေရာက္ရိွဘဲ ပ်က္ျပယ္သြားခဲ့ပါတယ္။

ဒီႏွစ္ မုိးရာသီမွာေတာ့ အေနာက္ေတာင္မုတ္သုန္ေလဟာ ျမန္မာႏိုင္ငံေတာင္ပိုင္းကို ဒီလ ၁၆ ကေန ၂၁ ရက္ေန႔၊ ျမစ္၀ကြ်န္းေပၚေဒသကို ၂၁ ကေန႔ ၂၆ ရက္ေန႔၊ ျမန္မာျပည္အလယ္ပိုင္းကိုေတာ့ လကုန္ရက္ပိုင္းေလာက္မွာ ၀င္ေရာက္ႏိုင္ေၾကာင္း ေလဖိအားနည္းရပ္၀န္းအရိွန္ေၾကာင့္လည္း ျမန္မာႏိုင္ငံတ၀ွမ္းမွာ မုိးရရိွႏိုင္ေၾကာင္း မုိးဇလဌာနက ခန္႔မွန္းထားပါတယ္။

မုိးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
[Unicode Version]

ရခိုင်မြောက်ပိုင်း မုန်တိုင်းအန္တရာယ်သတိပြုဖို့ မိုးဇလနှိုးဆော်

ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး ၂၄ နာရီအတွင်းမှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်သလို ဒီလ ၁၆ ရက်နေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်တယ်ဆိုတဲ့ နောက်ဆုံးရ မိုးလေဝသ သတိပေးချက်ကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ တည်ရှိနေပြီး လာမယ့် သောကြာနေ့မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOA ကို ပြောပါတယ်။

“နေ့ခင်း ၁နာရီခွဲအကျော် တိုင်းထွာချက်အရဆိုရင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အရှေ့တောင်ပိုင်းမှာပဲ ဆက်ပြီးတည်ရှိနေပါတယ်။ သူဟာ တဖြည်းဖြည်းတော့ အနောက်မြောက်ဘက်ထဲကို ရွှေ့နေပြီးတော့မှ ပိုမိုအားကောင်းလာပြီးတော့မှ နောက် ၂၄ နာရီမှာတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပါတယ်။ ပြီးသွားရင်တော့ နောက် ၄၈ နာရီအတွင်းမှာတော့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။”

မုန်တိုင်းငယ်အဆင့်ရောက်ရှိချိန် အစပိုင်းမှာတော့ အနောက် မြောက်ဘက်ကိုရွှေ့ပြီး ၁၇ ရက်နေ့လောက်ကျရင် မြောက်၊ အရှေ့မြောက်ဘက်ကို ဦးတည်ရွှေ့လျားနိုင်တာကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေဟာ မုန်တိုင်းအန္တရာယ် သတိထားရမယ့် အခြေအနေ ရှိနေပါတယ်။

မုန်တိုင်းဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်ခဲ့ရင်တောင် ရခိုင်ကမ်းရိုးတန်းဒေသမှာ မိုးသက်လေပြင်းတိုက်ခိုက်တာတွေ ဖြစ်နိုင်ကြောင်းလည်း ဒေါက်တာ ကျော်မိုးဦးက ခန့်မှန်းထားပါတယ်။

“သူက နောက်ဆုံးတောင်မှ မုန်တိုင်းက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်တော့မယ်ဆိုရင် ကျနော်တို့ ရခိုင်ကမ်းရိုးတန်းမှာတော့ အဲဒီရက်ပိုင်းတွေမှာတော့ လေပြင်းတိုက်တာတို့ ဘာတို့ ရှိလာနိုင်တာပေါ့။ ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့်မို့လို့ပေါ့ ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျတာတို့ ဘာတို့ ဒီဟာမျိုးတွေတော့ ရှိလာနိုင်ပါတယ်။”

နိုင်ငံတကာမိုးလေဝသ ဌာနတွေအနေနဲ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအဖြစ် ပြောင်းလဲပြီး ဦးတည်ရွှေ့လျားမယ့် နေရာကို ခန့်မှန်းတွက်ချက်တာတွေဟာ လောလောဆည်အချိန်မှာ ကွဲလွဲတာတွေ ရှိနေကြောင်းလည်း ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနကတော့ ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်း ရပ်ဝန်းဟာ ဒီသတင်းပတ်အကုန်မှာ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထား ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနှစ် မိုးကြိုကာလမှာ ဒုတိယအကြိမ်ဖြစ်ပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းဖြစ်ပါတယ်။ဒီလဆန်းပိုင်းကလည်း တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပေမဲ့ မုန်တိုင်းအဖြစ်ကို မရောက်ရှိဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။

ဒီနှစ် မိုးရာသီမှာတော့ အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံတောင်ပိုင်းကို ဒီလ ၁၆ ကနေ ၂၁ ရက်နေ့၊ မြစ်ဝကျွန်းပေါ်ဒေသကို ၂၁ ကနေ့ ၂၆ ရက်နေ့၊ မြန်မာပြည်အလယ်ပိုင်းကိုတော့ လကုန်ရက်ပိုင်းလောက်မှာ ဝင်ရောက်နိုင်ကြောင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံတဝှမ်းမှာ မိုးရရှိနိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

မိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-weather/5419397.html
ရခိုင္ေျမာက္ပိုင္း မုန္တိုင္းအႏၲရာယ္သတိျပဳဖုိ႔ မိုးဇလႏိႈးေဆာ္ ရခိုင္ေျမာက္ပိုင္း မုန္တိုင္းအႏၲရာယ္သတိျပဳဖုိ႔ မိုးဇလႏိႈးေဆာ္ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.