လႈိင္သာယာက တ႐ုတ္ စက္႐ုံပိုင္ရွင္ကို သတ္တဲ့ တရားခံ ၂ ဦး ဖမ္းမိ၊ စကားမ်ားရာက လူသတ္မႈျဖစ္လို႔ ထြက္ဆို

၂၀၁၈ ေအာက္တိုဘာတုန္းက လႈိင္သာယာက တ႐ုတ္ပိုင္ ဖုယြန္အထည္ခ်ဳပ္စက္႐ုံအလုပ္သမားေတြရဲ႕ ဆႏၵျပမႈကို ရဲေတြက လာေရာက္ စစ္ေဆးစဥ္
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္ ေ႐ႊလင္ပန္း စက္မႈဇုန္ထဲမွာ တ႐ုတ္ႏိုင္ငံသား စက္႐ုံပိုင္ရွင္ကို ဓားနဲ႔ ထိုးသတ္ခဲ့တဲ့ တရားခံ ၂ ဦးလုံးကို ေမလ ၁၃ ရက္ေန႔ ည ၁၀ နာရီေက်ာ္ေလာက္မွာ ဖမ္းမိခဲ့တယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ ရဲစခန္းမႉးျဖစ္တဲ့ ရဲမႉးခင္ေဇာ္က ေျပာပါတယ္။

ေမလ ၁၃ ရက္ေန႔ ညေနပိုင္းေလာက္က တရားခံတစ္ဦးျဖစ္တဲ့ ရဲကိုကို ကို လႈိင္သာယာမွာ အရင္ စမိၿပီး ည ၁၀ နာရီေလာက္မွာ ငေပြး (ေခၚ) ဟန္ဝင္းထြန္းကို သူေရွာင္တိမ္းေနတဲ့ ေထာက္ႀကံ့က ဦးေလးအိမ္မွာ ထပ္မိခဲ့တာ ျဖစ္ပါတယ္။

"၂ ဦးလုံးက လႈိင္သာယာမွာေနတဲ့ က်ပန္းလုပ္ကိုင္ၾကသူေတြပါ၊ သူတို႔ေျပာတာေတာ့ အဲ့ဒီ တ႐ုတ္က သူတို႔ဆိုင္ကယ္ကို ခ်ိတ္ၿပီးေတာ့ လုပ္သြားလို႔ လိုက္ေျပာရင္းနဲ႔ ရန္ျဖစ္တာပဲ၊ သူ႔စကား ကိုယ္နားမလည္၊ ကိုယ့္စကား သူနားမလည္ေပါ့ဗ်ာ၊ ႀကိဳတင္အႀကံအစည္ေတာ့ ရွိပုံရပါတယ္၊ ကားေပၚက အိတ္ပါ ဆြဲယူသြားတာေလ" လို႔ ရဲမႉးခင္ေဇာ္က ေျပာပါတယ္။

အဲ့ဒီ ပိုက္ဆံအိတ္ထဲမွာ တ႐ုတ္ႏိုင္ငံသားရဲ႕ ပတ္စ္ပို႔နဲ႔ အေမရိကန္ ေဒၚလာ ၁၀၀ တန္ ၁၀ ႐ြက္ေက်ာ္ေလာက္ပါတာ ျဖစ္ပါတယ္။

"ဒီပိုက္ဆံေတြကို သူတို႔ ၂ ေယာက္ ခြဲယူထားၾကတယ္၊ အခုေတာ့ ပိုက္ဆံရယ္၊ ပိုက္ဆံအိတ္ရယ္၊ သူတို႔ သုံးခဲ့တဲ့ ဓားရယ္၊ ဆိုင္ကယ္ရယ္ အကုန္လုံးကို သိမ္းထားၿပီးပါၿပီ" လို႔ ရဲမႉးခင္ေဇာ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသားဟာ လႈိင္သာယာ ေ႐ႊလင္ပန္း စက္မႈဇုန္အကြက္ ၂၂ မွာရွိတဲ့ Myanmar Golden Forever စက္႐ုံပိုင္ရွင္ျဖစ္ၿပီး သူ႔ကို ေ႐ႊလင္ပန္း စက္မႈဇုန္ ဦးဖိုးလႈိင္လမ္းနဲ႔ ဦးထြန္းညိဳလမ္းၾကားေထာင့္ ကားေပၚမွာ ဓားဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ေမလ ၁၁ ရက္ေန႔ ညေန ၄ နာရီခြဲေလာက္မွာ စစ္ေဆးေတြ႕ခဲ့ပါတယ္။

အသတ္ရခံသူဟာ အသက္ ၆၃ ႏွစ္အ႐ြယ္ မစၥတာ ရန္ဘန္ေခ်ာင္ ျဖစ္ပါတယ္။

"ရန္ျငႇိဳးရန္စ မရွိဘူး၊ အဓိက ကေတာ့ ပိုက္ဆံ လိုက္ညႇစ္တဲ့ သေဘာေပါ့ဗ်ာ၊ ကားတိုက္ခံ ကားတိုက္မိခ်င္ေယာင္ေဆာင္ၿပီးေတာ့ ပိုက္ဆံလိုက္ေတာင္းတဲ့ သေဘာေပါ့၊ အဲ့ဒီအေနအထားမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ခိုက္ရန္ျဖစ္ၾကတာ၊ တ႐ုတ္က သန္တယ္ေလ၊ ၆၃ ႏွစ္ဆိုေပမယ့္ ေထာင္ေထာင္ ေမာင္းေမာင္းႀကီး ဒီက ေကာင္ေတြက ဖလံေလးဆိုေတာ့ ေနာက္ဆုံး မႏိုင္ေတာ့ ဓားနဲ႔ထိုးတာေပါ့" လို႔ ရဲမႉးခင္ေဇာ္က ေျပာပါတယ္။
လႈိင္သာယာၿမိဳ႕နယ္ထဲမွာရွိတဲ့ စက္မႈဇုန္ေတြက အလုပ္သမားေတြရဲ႕ ႐ုံးတက္႐ုံးဆင္းခ်ိန္ျမင္ကြင္း
Myanmar Golden Forever စက္႐ုံဟာ သံမဏိ သံထည္ ေရာင္းဝယ္ေရး လုပ္ငန္းအျပင္ ဂိုေထာင္ႀကီးေတြ အေဆာက္အအုံ ႀကီးေတြ လိုက္ေဆာက္ေပးတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းအႀကီးစား ကုမၸဏီျဖစ္တယ္လို႔လည္း ရဲမႉးက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံသား မေသဆုံးခင္ သူေမာင္းလာတဲ့ တိုယိုတာ ပလက္တီနမ္ကားေနာက္ကို ဆိုင္ကယ္နဲ႔ လိုက္လာၿပီး ကားေပၚက ဆြဲခ်ထိုးႀကိတ္ေနတဲ့ ဗြီဒီယိုဟာ လူမႈကြန္ယက္ေဖ့စ္ဘြတ္ေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

"ဒီဗြီဒီယိုက တ႐ုတ္အခ်င္းခ်င္း WeChat မွာတင္ရင္းနဲ႔ အျပင္ေရာက္သြားတာ ျဖစ္မွာေပါ့၊ ကြၽန္ေတာ္တို႔ဆီက မေပါက္ဘူး၊ ကြၽန္ေတာ္တို႔က အဲ့ဒါကို အေျခခံၿပီးေတာ့ လိုက္ရတာ" လို႔ ရဲမႉး ခင္ေဇာ္က ေျပာပါတယ္။

"ဗြီဒီယိုထဲ ၃ ေယာက္လို႔ ထင္ရေပမဲ့ ၂ ေယာက္ပါ၊ ကြၽန္ေတာ္တို႔ ေသခ်ာတယ္၊ ကြၽန္ေတာ္တို႔က အဲ့ဒီ စက္႐ုံမွာ သြားထိုင္ၿပီးေတာ့ resolution ေကာင္းတဲ့ဟာနဲ႔ ေသခ်ာ ၾကည့္ေတာ့ ၂ ေယာက္တည္းပါ၊ သူတို႔သြားတဲ့ လမ္းေတာက္ေလွ်ာက္ ၾကည့္တာလည္း ေတာက္ေလွ်ာက္ ၂ ေယာက္တည္းပါ" လို႔ ရဲမႉးက ေျပာပါတယ္။

အခုေတာ့ တရားခံ ၂ ဦးလုံးကို ဖမ္းဆီးထားၿပီး လူသတ္မႈနဲ႔ စြဲဆိုဖို႔ ျပင္ဆင္ေနပါတယ္။

"လူသတ္မႈေတာင္မွ မေသမခ်င္း သတ္တဲ့ဟာနဲ႔ ခ်ရမွာေပါ့၊ ကြၽန္ေတာ္တို႔ကေတာ့ ေသခ်ာ အမႈတြဲ တည္ေဆာက္ၿပီး တင္ေပးလိုက္မယ္" လို႔ လႈိင္သာယာၿမိဳ႕နယ္ ရဲစခန္းမႉးျဖစ္တဲ့ ရဲမႉးခင္ေဇာ္က ေျပာပါတယ္။

ရန္ကုန္တိုင္းထဲမွာ လႈိင္သာယာဟာ လူဦးေရအမ်ားဆုံးရွိတဲ့ ၿမိဳ႕နယ္ျဖစ္ၿပီး ခိုးမႈ လုယက္မႈေတြအပါအဝင္ ရာဇဝတ္မႈေတြ မၾကာခဏ ျဖစ္ေလ့ရွိၿပီး ညဘက္ေတြမွာ အျပင္ကို သတိထား သြားလာရတယ္လို႔ ေ႐ႊလင္ပန္းစက္မႈဇုန္ထဲမွာ ေနတဲ့ စက္႐ုံအလုပ္သမားတစ္ဦးက ေျပာပါတယ္။

လႈိင္သာယာၿမိဳ႕နယ္ စခန္းမႉး ရဲမႉးခင္ေဇာ္ကေတာ့ "လႈိင္သာယာထဲ ကြၽန္ေတာ္တို႔က ေန႔ည ရဲလွည့္ကင္း ၁၁ ဖြဲ႕ ရွိတယ္၊ ေန႔ည နားခ်ိန္မရွိသေလာက္ကို ကိုယ့္အပိုင္းနဲ႔ကိုယ္ နယ္ေျမထဲ လွည့္ေပးေနတာ၊ ျပစ္မႈေတြ ျဖစ္ပြားတဲ့ အေနအထားေပၚ မူတည္ၿပီး မ်ားမ်ားလွည့္ေပးေနပါတယ္" လို႔ ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
လှိုင်သာယာက တရုတ် စက်ရုံပိုင်ရှင်ကို သတ်တဲ့ တရားခံ ၂ ဦး ဖမ်းမိ၊ စကားများရာက လူသတ်မှုဖြစ်လို့ ထွက်ဆို

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ထဲမှာ တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ တရားခံ ၂ ဦးလုံးကို မေလ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်လောက်မှာ ဖမ်းမိခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ရဲစခန်းမှူးဖြစ်တဲ့ ရဲမှူးခင်ဇော်က ပြောပါတယ်။

မေလ ၁၃ ရက်နေ့ ညနေပိုင်းလောက်က တရားခံတစ်ဦးဖြစ်တဲ့ ရဲကိုကို ကို လှိုင်သာယာမှာ အရင် စမိပြီး ည ၁၀ နာရီလောက်မှာ ငပွေး (ခေါ်) ဟန်ဝင်းထွန်းကို သူရှောင်တိမ်းနေတဲ့ ထောက်ကြံ့က ဦးလေးအိမ်မှာ ထပ်မိခဲ့တာ ဖြစ်ပါတယ်။

"၂ ဦးလုံးက လှိုင်သာယာမှာနေတဲ့ ကျပန်းလုပ်ကိုင်ကြသူတွေပါ၊ သူတို့ပြောတာတော့ အဲ့ဒီ တရုတ်က သူတို့ဆိုင်ကယ်ကို ချိတ်ပြီးတော့ လုပ်သွားလို့ လိုက်ပြောရင်းနဲ့ ရန်ဖြစ်တာပဲ၊ သူ့စကား ကိုယ်နားမလည်၊ ကိုယ့်စကား သူနားမလည်ပေါ့ဗျာ၊ ကြိုတင်အကြံအစည်တော့ ရှိပုံရပါတယ်၊ ကားပေါ်က အိတ်ပါ ဆွဲယူသွားတာလေ" လို့ ရဲမှူးခင်ဇော်က ပြောပါတယ်။

အဲ့ဒီ ပိုက်ဆံအိတ်ထဲမှာ တရုတ်နိုင်ငံသားရဲ့ ပတ်စ်ပို့နဲ့ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၁၀ ရွက်ကျော်လောက်ပါတာ ဖြစ်ပါတယ်။

"ဒီပိုက်ဆံတွေကို သူတို့ ၂ ယောက် ခွဲယူထားကြတယ်၊ အခုတော့ ပိုက်ဆံရယ်၊ ပိုက်ဆံအိတ်ရယ်၊ သူတို့ သုံးခဲ့တဲ့ ဓားရယ်၊ ဆိုင်ကယ်ရယ် အကုန်လုံးကို သိမ်းထားပြီးပါပြီ" လို့ ရဲမှူးခင်ဇော်က ပြောပါတယ်။

တရုတ်နိုင်ငံသားဟာ လှိုင်သာယာ ရွှေလင်ပန်း စက်မှုဇုန်အကွက် ၂၂ မှာရှိတဲ့ Myanmar Golden Forever စက်ရုံပိုင်ရှင်ဖြစ်ပြီး သူ့ကို ရွှေလင်ပန်း စက်မှုဇုန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးထွန်းညိုလမ်းကြားထောင့် ကားပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မြို့နယ် ရဲတပ်ဖွဲ့က မေလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ စစ်ဆေးတွေ့ခဲ့ပါတယ်။

အသတ်ရခံသူဟာ အသက် ၆၃ နှစ်အရွယ် မစ္စတာ ရန်ဘန်ချောင် ဖြစ်ပါတယ်။

"ရန်ငြှိုးရန်စ မရှိဘူး၊ အဓိက ကတော့ ပိုက်ဆံ လိုက်ညှစ်တဲ့ သဘောပေါ့ဗျာ၊ ကားတိုက်ခံ ကားတိုက်မိချင်ယောင်ဆောင်ပြီးတော့ ပိုက်ဆံလိုက်တောင်းတဲ့ သဘောပေါ့၊ အဲ့ဒီအနေအထားမှာ တစ်ယောက်နဲ့ တစ်ယောက် ခိုက်ရန်ဖြစ်ကြတာ၊ တရုတ်က သန်တယ်လေ၊ ၆၃ နှစ်ဆိုပေမယ့် ထောင်ထောင် မောင်းမောင်းကြီး ဒီက ကောင်တွေက ဖလံလေးဆိုတော့ နောက်ဆုံး မနိုင်တော့ ဓားနဲ့ထိုးတာပေါ့" လို့ ရဲမှူးခင်ဇော်က ပြောပါတယ်။

Myanmar Golden Forever စက်ရုံဟာ သံမဏိ သံထည် ရောင်းဝယ်ရေး လုပ်ငန်းအပြင် ဂိုထောင်ကြီးတွေ အဆောက်အအုံ ကြီးတွေ လိုက်ဆောက်ပေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းအကြီးစား ကုမ္ပဏီဖြစ်တယ်လို့လည်း ရဲမှူးက ပြောပါတယ်။

တရုတ်နိုင်ငံသား မသေဆုံးခင် သူမောင်းလာတဲ့ တိုယိုတာ ပလက်တီနမ်ကားနောက်ကို ဆိုင်ကယ်နဲ့ လိုက်လာပြီး ကားပေါ်က ဆွဲချထိုးကြိတ်နေတဲ့ ဗွီဒီယိုဟာ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

"ဒီဗွီဒီယိုက တရုတ်အချင်းချင်း WeChat မှာတင်ရင်းနဲ့ အပြင်ရောက်သွားတာ ဖြစ်မှာပေါ့၊ ကျွန်တော်တို့ဆီက မပေါက်ဘူး၊ ကျွန်တော်တို့က အဲ့ဒါကို အခြေခံပြီးတော့ လိုက်ရတာ" လို့ ရဲမှူး ခင်ဇော်က ပြောပါတယ်။

"ဗွီဒီယိုထဲ ၃ ယောက်လို့ ထင်ရပေမဲ့ ၂ ယောက်ပါ၊ ကျွန်တော်တို့ သေချာတယ်၊ ကျွန်တော်တို့က အဲ့ဒီ စက်ရုံမှာ သွားထိုင်ပြီးတော့ resolution ကောင်းတဲ့ဟာနဲ့ သေချာ ကြည့်တော့ ၂ ယောက်တည်းပါ၊ သူတို့သွားတဲ့ လမ်းတောက်လျှောက် ကြည့်တာလည်း တောက်လျှောက် ၂ ယောက်တည်းပါ" လို့ ရဲမှူးက ပြောပါတယ်။

အခုတော့ တရားခံ ၂ ဦးလုံးကို ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ စွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

"လူသတ်မှုတောင်မှ မသေမချင်း သတ်တဲ့ဟာနဲ့ ချရမှာပေါ့၊ ကျွန်တော်တို့ကတော့ သေချာ အမှုတွဲ တည်ဆောက်ပြီး တင်ပေးလိုက်မယ်" လို့ လှိုင်သာယာမြို့နယ် ရဲစခန်းမှူးဖြစ်တဲ့ ရဲမှူးခင်ဇော်က ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ လှိုင်သာယာဟာ လူဦးရေအများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပြီး ခိုးမှု လုယက်မှုတွေအပါအဝင် ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး ညဘက်တွေမှာ အပြင်ကို သတိထား သွားလာရတယ်လို့ ရွှေလင်ပန်းစက်မှုဇုန်ထဲမှာ နေတဲ့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ် စခန်းမှူး ရဲမှူးခင်ဇော်ကတော့ "လှိုင်သာယာထဲ ကျွန်တော်တို့က နေ့ည ရဲလှည့်ကင်း ၁၁ ဖွဲ့ ရှိတယ်၊ နေ့ည နားချိန်မရှိသလောက်ကို ကိုယ့်အပိုင်းနဲ့ကိုယ် နယ်မြေထဲ လှည့်ပေးနေတာ၊ ပြစ်မှုတွေ ဖြစ်ပွားတဲ့ အနေအထားပေါ် မူတည်ပြီး များများလှည့်ပေးနေပါတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52659489
လႈိင္သာယာက တ႐ုတ္ စက္႐ုံပိုင္ရွင္ကို သတ္တဲ့ တရားခံ ၂ ဦး ဖမ္းမိ၊ စကားမ်ားရာက လူသတ္မႈျဖစ္လို႔ ထြက္ဆို လႈိင္သာယာက တ႐ုတ္ စက္႐ုံပိုင္ရွင္ကို သတ္တဲ့ တရားခံ ၂ ဦး ဖမ္းမိ၊ စကားမ်ားရာက လူသတ္မႈျဖစ္လို႔ ထြက္ဆို Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.