မင္းလွၿမိဳ႕နယ္မွာ မီးေလာင္မႈေၾကာင့္ ဆရာ/ဆရာမ ေနအိမ္ လိုင္းခန္း ၁၀ လုံး ဆုံးရႈံး


(Zawgyi)⤵⤵⤵
ျပီးခဲ့တဲ့ ေမလ ၉ ရက္ေန ့က မေကြးတုိင္းေဒသၾကီး၊ သရက္ခ႐ိုင္၊ မင္းလွၿမိဳ႕နယ္မွာ မီးေလာင္မႈေၾကာင့္ ဆရာ/ဆရာမ ေနအိမ္ လိုင္းခန္း ၁၀ လုံး ဆုံးရႈံးခဲ့ေၾကာင္း သတင္းရရိွပါတယ္။

မင္းလွၿမိဳ႕နယ္၊ ေဈးႀကီး ေက်း႐ြာ အ.လ.က ဝင္းအတြင္းမွာ ဆရာ/ဆရာမ မ်ားေနထိုင္ဖုိ့ ကိုယ္ထူကိုယ္ထ ေဆာက္လုပ္ ထားတဲ့ သြပ္မိုး/ပ်ဥ္ကာ/ပ်ဥ္ခင္း လုံးခ်င္းေနအိမ္ လိုင္းခန္း ၁၀ လုံးအနက္၊ ေက်ာင္းတြင္ ပန္းရံ ဝင္ေရာက္လုပ္ကိုင္ေနတဲ့ ဇင္မင္းထက္(၂၀)ႏွစ္ပါ အလုပ္သမား ၃ ဦး ေနထိုင္တဲ့ လိုင္းခန္းရွိ မီးဖိုမီးႂကြင္းမီးက်န္မွတစ္ဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့တာလုိ့ ဆုိပါတယ္။

 အဆိုပါမီးေလာင္မႈေၾကာင့္ ေနအိမ္ လိုင္းခန္း ၁၀ လုံး ဆုံးရႈံးခဲ့တာေၾကာင့္ ဇင္မင္းထက္အား ဖမ္းဆီးျပီး ေရနံမနယ္ေျမရဲစခန္းမွာ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာနရဲ ့သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

သစ္ထူးလြင္
-----------------------------------
(Unicode)⤵⤵⤵
မင်းလှမြို့နယ်မှာ မီးလောင်မှုကြောင့် ဆရာ/ဆရာမ နေအိမ် လိုင်းခန်း ၁၀ လုံး ဆုံးရှုံး

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်မှာ မီးလောင်မှုကြောင့် ဆရာ/ဆရာမ နေအိမ် လိုင်းခန်း ၁၀ လုံး ဆုံးရှုံးခဲ့ကြောင့် သတင်းရရှိပါတယ်။

မင်းလှမြို့နယ်၊ ဈေးကြီး ကျေးရွာ အ.လ.က ဝင်းအတွင်းမှာ ဆရာ/ဆရာမ များနေထိုင်ဖို့ ကိုယ်ထူကိုယ်ထ ဆောက်လုပ် ထားတဲ့ သွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း လုံးချင်းနေအိမ် လိုင်းခန်း ၁၀ လုံးအနက်၊ ကျောင်းတွင် ပန်းရံ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဇင်မင်းထက်(၂၀)နှစ်ပါ အလုပ်သမား ၃ ဦး နေထိုင်တဲ့ လိုင်းခန်းရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

 အဆိုပါမီးလောင်မှုကြောင့် နေအိမ် လိုင်းခန်း ၁၀ လုံး ဆုံးရှုံးခဲ့တာကြောင့် ဇင်မင်းထက်အား ဖမ်းဆီးပြီး ရေနံမနယ်မြေရဲစခန်းမှာ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
မင္းလွၿမိဳ႕နယ္မွာ မီးေလာင္မႈေၾကာင့္ ဆရာ/ဆရာမ ေနအိမ္ လိုင္းခန္း ၁၀ လုံး ဆုံးရႈံး မင္းလွၿမိဳ႕နယ္မွာ မီးေလာင္မႈေၾကာင့္ ဆရာ/ဆရာမ ေနအိမ္ လိုင္းခန္း ၁၀ လုံး ဆုံးရႈံး Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.