ကုိဗစ္အေရး သမၼတ Trump ေျဖရွင္းပုံ သမၼတေဟာင္း Obama ေ၀ဖန္


(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump ရဲ႕ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈနဲ႔ ပတ္သက္ၿပီး ကိုင္တြယ္ေဆာင္ရြက္ပုံေတြဟာ လုံး၀ကို ဖ႐ုိဖရဲနဲ႔ ပရမ္းပတာ ႏုိင္လြန္းတယ္လို႔ အေမရိကန္ သမၼတေဟာင္း Barack Obama က ေျပာလိုက္ပါတယ္။

ဘယ္သူဘာျဖစ္ေနေန၊ ကိုယ့္အတြက္ ဘာရမလဲဆုိတဲ့ စိတ္ဓာတ္မ်ဳိးနဲ႔ အစုိးရလုပ္ေနတာဟာ ပရမ္းပတာ ႏုိင္လြန္းတယ္လုိ႔ သမၼတေဟာင္း Obama က သူ႔ရဲ႕ အိမ္ျဖဴေတာ္ အစိုးရအဖဲြ႔၀င္ေဟာင္းေတြနဲ႔ ဗီြဒီယိုကေနတဆင့္ ဆက္သြယ္ေျပာၾကားခဲ့စဥ္အတြင္း ေျပာတာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၁.၃ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၈ ေသာင္းေလာက္ရွိၿပီး ကမာၻေပၚမွာ ေရာဂါကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

ဗုိင္းရပ္စ္ကူးစက္မႈေတြ အဆုိးရြားဆုံးျဖစ္ေနတဲ့ နယူးေယာက္ၿမိဳ႕မွာေတာ့ ကေလး ၃ ေယာက္ေသဆုံးၿပီး ေနာက္ထပ္ ကေလး ၇၀ ေလာက္လည္း ဗုိင္းရပ္စ္နဲ႔ ဆက္စပ္တဲ့ အဖ်ားေရာဂါလကၡဏာတမ်ိဳး ေတြ႔ခဲ့ရတယ္လုိ႔ နယူးေယာက္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က ေျပာပါတယ္။

အေစာပုိင္းတုန္းကေတာ့ ကေလးေတြဟာ ဗုိင္းရပ္စ္ကူးစက္မႈကို ခံႏုိင္ရည္ရွိတယ္လို႔ ယူဆခဲ့ၾကေပမယ့္ အခုအခါမွာေတာ့ ဒါနဲ႔ပတ္သက္ၿပီး ျပန္ၿပီးေတာ့ ေမးခြန္းထုတ္ရမယ့္ သတင္းအခ်က္အလက္ေတြ စတင္ထြက္လာေနပါတယ္။

အခုဆုိရင္ ကမာၻတ၀ွမ္းမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၄ သန္း ေက်ာ္လာခဲ့ၿပီျဖစ္ၿပီး ေသဆုံးသူအေရအတြက္ ၂၇၉,၀၀၀ ေက်ာ္ ရွိလာေနၿပီျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
(Unicode)

ကိုဗစ်အရေး သမ္မတ Trump ဖြေရှင်းပုံ သမ္မတဟောင်း Obama ဝေဖန်

အမေရိကန်သမ္မတ Donald Trump ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ပုံတွေဟာ လုံးဝကို ဖရိုဖရဲနဲ့ ပရမ်းပတာ နိုင်လွန်းတယ်လို့ အမေရိကန် သမ္မတဟောင်း Barack Obama က ပြောလိုက်ပါတယ်။

ဘယ်သူဘာဖြစ်နေနေ၊ ကိုယ့်အတွက် ဘာရမလဲဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ အစိုးရလုပ်နေတာဟာ ပရမ်းပတာ နိုင်လွန်းတယ်လို့ သမ္မတဟောင်း Obama က သူ့ရဲ့ အိမ်ဖြူတော် အစိုးရအဖွဲ့ဝင်ဟောင်းတွေနဲ့ ဗွီဒီယိုကနေတဆင့် ဆက်သွယ်ပြောကြားခဲ့စဉ်အတွင်း ပြောတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၃ သန်းကျော်နဲ့ သေဆုံးသူ ၈ သောင်းလောက်ရှိပြီး ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ အဆိုးရွားဆုံးဖြစ်နေတဲ့ နယူးယောက်မြို့မှာတော့ ကလေး ၃ ယောက်သေဆုံးပြီး နောက်ထပ် ကလေး ၇၀ လောက်လည်း ဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ အဖျားရောဂါလက္ခဏာတမျိုး တွေ့ခဲ့ရတယ်လို့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ကလေးတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုကို ခံနိုင်ရည်ရှိတယ်လို့ ယူဆခဲ့ကြပေမယ့် အခုအခါမှာတော့ ဒါနဲ့ပတ်သက်ပြီး ပြန်ပြီးတော့ မေးခွန်းထုတ်ရမယ့် သတင်းအချက်အလက်တွေ စတင်ထွက်လာနေပါတယ်။

အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄ သန်း ကျော်လာခဲ့ပြီဖြစ်ပြီး သေဆုံးသူအရေအတွက် ၂၇၉,၀၀၀ ကျော် ရှိလာနေပြီဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/obama-trump-covid19/5413630.html
ကုိဗစ္အေရး သမၼတ Trump ေျဖရွင္းပုံ သမၼတေဟာင္း Obama ေ၀ဖန္ ကုိဗစ္အေရး သမၼတ Trump ေျဖရွင္းပုံ သမၼတေဟာင္း Obama ေ၀ဖန္ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.