

(Zawgyi)⤵⤵⤵



သစ်ထူးလွင်
-------------------------------------
(Unicode)⤵⤵⤵
ရွှေဘိုမြို့နယ်မှာ မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှာ မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ရွှေဘိုမြို့နယ် ၊ ဘုန်းဘွဲ့ကျေးရွာနေ အောင်မြင့်ကျော်(ခ)ဖိုးလုံး(၂၇)နှစ်ရဲ့ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ရွှေဘိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၅)စီးနဲ့ မီးငြှိမ်းသတ်ခဲ့ ရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၂ လုံး၊ ဆိုင်ကယ် ၂ စီး၊ ထော်လာဂျီ ၁ စီး မီးလောင်ဆုံးရှုံးခဲ့ပြီး အောင်မြင့်ကျော် (ခ)ဖိုးလုံး မှာ  ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများနဲ့ သေဆုံးခဲ့တာကြောင့် ရွှေဘိုမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေကြောင်း ပြည်ထဲရေး
ဝန်ကြီးဌာန ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သစ်ထူးလွင်
ရွှေဘိုမြို့နယ်မှာ မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး ရွှေဘိုမြို့နယ်မှာ မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.