မေလးရွားမွာ ကုိဗစ္ကာလ ကန္႔သတ္မႈေတြ သီတင္း ၄ ပတ္ သက္တမ္းတုိး

မေလးရွားတြင္ COVID-19 ျဖစ္ပြားေနသည့္ ကာလအတြင္း တရားမဝင္အလုပ္သမားမ်ားကို ရွာေဖြ ဖမ္းဆီးေနသည့္ ကာကြယ္ေရးဝတ္စုံဝတ္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၁၊ ၂၀၂၀)
(Zawgyi / Unicode)

မေလးရွားႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔တာကို ထိန္းခ်ဳပ္ဖို႔ အသြားအလာ ပိတ္ပင္ကန္႔သတ္ထားတာကို ဇြန္လ ၉ ရက္ေန႔အထိ ေနာက္ထပ္သီတင္း ၄ ပတ္ ထပ္တိုးလိုက္ပါတယ္။

အစိုးရရဲ႕ ကပ္ေရာဂါထိန္းခ်ဳပ္မႈ ေဆာင္ရြက္ေနတဲ့ ၂ လတာ ကာလအတြင္း တုံ႔ဆိုင္းေနတဲ့ စီးပြားေရးလုပ္ငန္းေတြကိုေတာ့ ဒီသီတင္းပတ္ အေစာပိုင္းကစလို႔ တင္းက်ပ္တဲ့ က်န္းမာေရး လမ္းၫႊန္ခ်က္ေတြ ခ်မွတ္ၿပီး တျဖည္းျဖည္း ျပန္ဖြင့္ေပးေနတာပါ။

မေလးရွားမွာ ေရာဂါကူးစက္ခံထားရသူ စုစုေပါင္း ၆၅၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၀၀ ေက်ာ္ ရွိပါတယ္။

အခု ဇြန္လ ၉ ရက္ေန႔အထိ ထပ္တိုးသတ္မွတ္လိုက္တဲ့ အသြားအလာ ပိတ္ပင္ကန္႔သတ္အမိန္႔ထဲ ေရာဂါကာကြယ္ေရး တကိုယ္ေရနဲ႔ ပတ္ဝန္းက်င္ သန္႔ရွင္းေရးအျပင္ လူတဦးနဲ႔တဦး အကြာအေဝးတခုျခား ခပ္ခြာခြာေနဖို႔ ခ်မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြလည္း ပါဝင္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က တနဂၤေႏြေန႔က ႐ုပ္သံကတဆင့္ မိန္႔ခြန္းေျပာၾကားတဲ့အထဲ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------

(Unicode)

မလေးရှားမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေ သီတင်း ၄ ပတ် သက်တမ်းတိုး

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ အသွားအလာ ပိတ်ပင်ကန့်သတ်ထားတာကို ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ်သီတင်း ၄ ပတ် ထပ်တိုးလိုက်ပါတယ်။

အစိုးရရဲ့ ကပ်ရောဂါထိန်းချုပ်မှု ဆောင်ရွက်နေတဲ့ ၂ လတာ ကာလအတွင်း တုံ့ဆိုင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ဒီသီတင်းပတ် အစောပိုင်းကစလို့ တင်းကျပ်တဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေ ချမှတ်ပြီး တဖြည်းဖြည်း ပြန်ဖွင့်ပေးနေတာပါ။

အခု ဇွန်လ ၉ ရက်နေ့အထိ ထပ်တိုးသတ်မှတ်လိုက်တဲ့ အသွားအလာ ပိတ်ပင်ကန့်သတ်အမိန့်ထဲ ရောဂါကာကွယ်ရေး တကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအပြင် လူတဦးနဲ့တဦး အကွာအဝေးတခုခြား ခပ်ခွာခွာနေဖို့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေလည်း ပါဝင်တယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က တနင်္ဂနွေနေ့က ရုပ်သံကတဆင့် မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-malaysia/5413537.html
မေလးရွားမွာ ကုိဗစ္ကာလ ကန္႔သတ္မႈေတြ သီတင္း ၄ ပတ္ သက္တမ္းတုိး မေလးရွားမွာ ကုိဗစ္ကာလ ကန္႔သတ္မႈေတြ သီတင္း ၄ ပတ္ သက္တမ္းတုိး Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.