ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္ဥကၠ႒ကို ရဲကေခၚစစ္

 ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာ ေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာ ေရးေကာ္မတီ ဥကၠ႒ ဦးေဇယ်ေက်ာ္ကိုေမလ ၉ ရက္ေန႔က ရဲတပ္ဖြဲ႕က စစ္ေဆးဖို႔ဆိုၿပီး ေခၚယူသြားေၾကာင္း ဦးေဇယ်ေက်ာ္ရဲ႕ ညီ ျဖစ္သူကဘီဘီစီကို ေျပာပါတယ္။

ဦးေဇယ်ေက်ာ္ကို မိသားစုဝင္ေတြ က အခုထိအဆက္အသြယ္ မရရွိေသးဘဲ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမွာ စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔သိရေၾကာင္းဦးေဇယ်ေက်ာ္ရဲ႕ ညီျဖစ္သူကေျပာပါတယ္။

ေမလ ၉ ရက္ေန႔ ေန႔လယ္ ၃ နာရီေက်ာ္ေလာက္မွာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးနဲ႔ သတင္းရဲတပ္ဖြဲ႕၊ တပ္မေတာ္စစ္ဖက္ေရးရာလုံၿခဳံေရးအဖြဲ႕ (စရဖ) အဖြဲ႕ ေတြဟာ ကံပိုင္ရပ္ကြက္မွာရွိတဲ့ ဦးေဇယ်ေက်ာ္ ရဲ႕ေနအိမ္ကိုေရာက္ရွိလာခဲ့ၿပီး ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ေတာင္ကုတ္ၿမိဳ႕ခံ ဦးစိုးသီဟက ေျပာပါတယ္။

ဦးေဇယ်ေက်ာ္ကိုလာေရာက္ေခၚေဆာင္တဲ့အခ်ိန္မွာ ေမးျမန္းစရာေတြရွိေနတယ္လို႔ေျပာၿပီး ေခၚသြားတာလို႔ ဦးစိုးသီဟက ေျပာပါတယ္။
 ေတာင္ကုတ္ၿမိဳ႕နယ္ ကိုဗစ္ ၁၉ ကာကြယ္ေရးလုပ္ငန္းေတြမွာလည္း ေဒသအာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနသူ ျဖစ္တယ္လို႔ေဒသခံေတြကေျပာ
" ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးပါတယ္။ စရဖပါတယ္။ သတင္းတပ္ဖြဲ႕က ပါတယ္။ ၿမိဳ႕မစခန္းမႉးကိုယ္တိုင္ပါတယ္။ မေန႔ကညေနပိုင္း စခန္းကိုသြားစုံစမ္းတဲ့အခါမွာ စခန္းမႉးက စရဖနဲ႔ သတင္းတပ္ဖြဲ႕ က စုံစမ္း စစ္ေဆး ေမးျမန္းစရာရွိလို႔ ရဲတပ္ဖြဲ႕အေနနဲ႔ ကူညီေခၚေဆာင္တာျဖစ္တယ္၊တျခားဟာကိုမသိဘူးလို႔ေျပာတယ္" လို႔ ဦးေဇယ်ေက်ာ္ရဲ႕ညီျဖစ္သူကေျပာပါတယ္။

ဦးေဇယ်ေက်ာ္ကို မိသားစုေတြနဲ႔ေတြ႕ခြင့္မရေပမယ့္ သူ႔အတြက္ အစားအေသာက္ေတြကိုေတာ့ သြားေရာက္ပို႔ေဆာင္ေပးခဲ့ရၿပီး က်န္းမာေရးအေျခေန ေကာင္းမြန္ေနတယ္လို႔ စုံစမ္းသိရွိခဲ့ရတယ္လို႔ေျပာပါတယ္။

တာဝန္ရွိသူေတြအေနနဲ႔ ဘာေၾကာင့္ေခၚသြားရတယ္၊ ဘယ္အေၾကာင္းရာကိုစုံစမ္းစစ္ေဆး ေမးျမန္းရတယ္ဆိုတာကို ေမးျမန္းရာမွာေတာ့ အခ်ိန္တန္ရင္ သိရမယ္လို႔ ေျပာဆိုတယ္လို႔ဆိုပါတယ္။

လက္ရွိမွာ ဦးေဇယ်ေက်ာ္ဟာ စည္ပင္သာယာ ေရးေကာ္မတီ ဥကၠ႒ တစ္ေယာက္အေနနဲ႔ စည္ပင္လုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္ေနသလို ေတာင္ကုတ္ၿမိဳ႕နယ္ ကိုဗစ္ ၁၉ ကာကြယ္ေရးလုပ္ငန္းေတြမွာလည္း ေဒသအာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ေနသူျဖစ္တယ္လို႔ လည္း ေတာင္ကုတ္ၿမိဳ႕ခံေတြဆီကေနသိရပါတယ္။
အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းၿပီး လူမႈေရးလုပ္ငန္းေတြမွာ ပါဝင္သူလို႔ ေဒသခံတြကေျပာ
သူ႔ကိုေခၚေဆာင္ စစ္ေဆးေနတာနဲ႔ပတ္သက္လို႔တာဝန္ရွိသူေတြအေနနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာဆိုတာမရွိဘဲ ၂၄ နာရီေက်ာ္သြားၿပီး အခုခ်ိန္ အထိျပန္လႊတ္ေပးတာ မရွိေသးလို႔ စိတ္ပူေနတယ္လို႔လည္း မိသားစုဝင္ေတြကေျပာပါတယ္။

ဦးေဇယ်ေက်ာ္ဟာ ယခင္က အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းၿပီး လူမႈေရးလုပ္ငန္းေတြမွာ ပါဝင္ခဲ့ဖူးကာ လက္ရွိမွာေတာ့ ေတာင္ကုတ္စည္ပင္ေကာ္မတီဥကၠ႒ အျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္တယ္လို႔ ေတာင္ကုတ္ ၿမိဳ႕ခံ ဦးစိုးသီဟက ေျပာပါတယ္။

" ကြၽန္ေတာ္တို႔ေခၚသြားတာမဟုတ္ဘူး။ သတင္းတပ္ဖြဲ႕ကေခၚသြားတာပါ။ စစ္ေဆးတာမဟုတ္ဘူး။ ေမးျမန္းေနတာပါ။ ေလာေလာဆယ္ေတာ့ ေျပာေနၾကတုန္းပါပဲ"လို႔ ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမႉးက ဘီဘီစီကိုေျပာပါတယ္။

ၿပီးခဲ့တဲ့ ေမလ ၅ ရက္ေန႔ကလည္း ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ဘူးေ႐ႊေမာ္ေက်း႐ြာက ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီမွာ ဥကၠ႒ျဖစ္သူ ႐ြာသား ဦးသန္းေ႐ႊကို ေမလ ၅ ရက္ေန႔ မနက္အေစာပိုင္းမွာ ေအေအ အဖြဲ႕ က လာေရာက္ဖမ္းဆီးသြားတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးကလည္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

BBC Burmese
-------------------------------
(Unicode)⤵⤵⤵
တောင်ကုတ်မြို့နယ် စည်ပင်ဥက္ကဋ္ဌကို ရဲကခေါ်စစ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်ကိုမေလ ၉ ရက်နေ့က ရဲတပ်ဖွဲ့က စစ်ဆေးဖို့ဆိုပြီး ခေါ်ယူသွားကြောင်း ဦးဇေယျကျော်ရဲ့ ညီ ဖြစ်သူကဘီဘီစီကို ပြောပါတယ်။

ဦးဇေယျကျော်ကို မိသားစုဝင်တွေ က အခုထိအဆက်အသွယ် မရရှိသေးဘဲ တောင်ကုတ်မြို့မရဲစခန်းမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရကြောင်းဦးဇေယျကျော်ရဲ့ ညီဖြစ်သူကပြောပါတယ်။

မေလ ၉ ရက်နေ့ နေ့လယ် ၃ နာရီကျော်လောက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ သတင်းရဲတပ်ဖွဲ့၊ တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) အဖွဲ့ တွေဟာ ကံပိုင်ရပ်ကွက်မှာရှိတဲ့ ဦးဇေယျကျော် ရဲ့နေအိမ်ကိုရောက်ရှိလာခဲ့ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ တောင်ကုတ်မြို့ခံ ဦးစိုးသီဟက ပြောပါတယ်။

ဦးဇေယျကျော်ကိုလာရောက်ခေါ်ဆောင်တဲ့အချိန်မှာ မေးမြန်းစရာတွေရှိနေတယ်လို့ပြောပြီး ခေါ်သွားတာလို့ ဦးစိုးသီဟက ပြောပါတယ်။

" ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတယ်။ စရဖပါတယ်။ သတင်းတပ်ဖွဲ့က ပါတယ်။ မြို့မစခန်းမှူးကိုယ်တိုင်ပါတယ်။ မနေ့ကညနေပိုင်း စခန်းကိုသွားစုံစမ်းတဲ့အခါမှာ စခန်းမှူးက စရဖနဲ့ သတင်းတပ်ဖွဲ့ က စုံစမ်း စစ်ဆေး မေးမြန်းစရာရှိလို့ ရဲတပ်ဖွဲ့အနေနဲ့ ကူညီခေါ်ဆောင်တာဖြစ်တယ်၊တခြားဟာကိုမသိဘူးလို့ပြောတယ်" လို့ ဦးဇေယျကျော်ရဲ့ညီဖြစ်သူကပြောပါတယ်။

ဦးဇေယျကျော်ကို မိသားစုတွေနဲ့တွေ့ခွင့်မရပေမယ့် သူ့အတွက် အစားအသောက်တွေကိုတော့ သွားရောက်ပို့ဆောင်ပေးခဲ့ရပြီး ကျန်းမာရေးအခြေနေ ကောင်းမွန်နေတယ်လို့ စုံစမ်းသိရှိခဲ့ရတယ်လို့ပြောပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ဘာကြောင့်ခေါ်သွားရတယ်၊ ဘယ်အကြောင်းရာကိုစုံစမ်းစစ်ဆေး မေးမြန်းရတယ်ဆိုတာကို မေးမြန်းရာမှာတော့ အချိန်တန်ရင် သိရမယ်လို့ ပြောဆိုတယ်လို့ဆိုပါတယ်။

လက်ရှိမှာ ဦးဇေယျကျော်ဟာ စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ စည်ပင်လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေသလို တောင်ကုတ်မြို့နယ် ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေသူဖြစ်တယ်လို့ လည်း တောင်ကုတ်မြို့ခံတွေဆီကနေသိရပါတယ်။

သူ့ကိုခေါ်ဆောင် စစ်ဆေးနေတာနဲ့ပတ်သက်လို့တာဝန်ရှိသူတွေအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတာမရှိဘဲ ၂၄ နာရီကျော်သွားပြီး အခုချိန် အထိပြန်လွှတ်ပေးတာ မရှိသေးလို့ စိတ်ပူနေတယ်လို့လည်း မိသားစုဝင်တွေကပြောပါတယ်။

ဦးဇေယျကျော်ဟာ ယခင်က အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ဖူးကာ လက်ရှိမှာတော့ တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ တောင်ကုတ် မြို့ခံ ဦးစိုးသီဟက ပြောပါတယ်။

" ကျွန်တော်တို့ခေါ်သွားတာမဟုတ်ဘူး။ သတင်းတပ်ဖွဲ့ကခေါ်သွားတာပါ။ စစ်ဆေးတာမဟုတ်ဘူး။ မေးမြန်းနေတာပါ။ လောလောဆယ်တော့ ပြောနေကြတုန်းပါပဲ"လို့ တောင်ကုတ်မြို့မရဲစခန်းမှူးက ဘီဘီစီကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီမှာ ဥက္ကဋ္ဌဖြစ်သူ ရွာသား ဦးသန်းရွှေကို မေလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ အေအေ အဖွဲ့ က လာရောက်ဖမ်းဆီးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52605550
ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္ဥကၠ႒ကို ရဲကေခၚစစ္ ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္ဥကၠ႒ကို ရဲကေခၚစစ္ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.