အိမ္ျဖဴေတာ္ ကုိ႐ိုနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးအဖဲြ႔၀င္ ၃ ဦး ပုိးေတြ႔လူနာနဲ႔ ဆက္ဆံမႈေၾကာင့္ သီးသန္႔ခဲြေနရ

အိမ္ျဖဴေတာ္ ကုိ႐ိုနာဗုိင္းရပ္စ္တုိက္ဖ်က္ေရး အဖြဲ႔ဝင္မ်ား။ (ဧၿပီ ၂၂၊ ၂၀၂၀)
(Zawgyi / Unicode)

အေမရိကန္သမၼတ အိမ္ျဖဴေတာ္ရဲ႕ ကို႐ိုနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးအဖဲြ႔၀င္ ၃ ဦးဟာ COVID-19 ေရာဂါပုိးရွိသူတဦးနဲ႔ ထိေတြ႔ဆက္ဆံခဲ့ၿပီးတဲ့ေနာက္ သူတုိ႔ဘာသာသူတုိ႔ သီးသန္႔ခဲြၿပီး ေနေနၾကပါတယ္။

ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္ ထိပ္တန္း ကၽြမ္းက်င္ပညာရွင္ Dr. Fauci အျပင္ ေနာက္ထပ္ သီးသန္႔ခဲြေနေနတဲ့သူေတြကေတာ့ အေမရိကန္ ကူးစက္ေရာဂါ တုိက္ဖ်က္ေရးနဲ႔ ထိန္းခ်ဳပ္ေရး ဗဟိုဌာန ညႊန္ၾကားေရးမွဴး Dr. Robert Redfield နဲ႔ အေမရိကန္အစိုးရ အစားအစာနဲ႔ ေဆး၀ါးစီမံကြပ္ကဲေရးဌာန (FDA) အႀကီးအကဲ Stephen Hahn တုိ႔ ျဖစ္ပါတယ္။

Dr. Fauci ကေတာ့ သူ႔မွာ COVID-19 ေရာဂါပိုး မေတြ႔ရွိထားေၾကာင္းနဲ႔ ေရာဂါရွိမရွိ ဆုိတာကို ပုံမွန္စစ္သြားမယ္လို႔ ေျပာပါတယ္။ ေရာဂါပိုးရွိသူနဲ႔ ထိေတြ႔ဆက္ဆံမႈ အတုိင္းအတာ အေနအထားအရ သူ႔မွာ ေရာဂါကူးစက္ခံရဖို႔ အႏၱရာယ္က အေတာ္ေလးနည္းတယ္လို႔ ယူဆေၾကာင္းနဲ႔ တာ၀န္ထမ္းေဆာင္ေနခ်ိန္အတြင္း လူေတြနဲ႔ ထိေတြ႔မႈ ေလ်ာ့နည္းေအာင္ ႀကိဳတင္ကာကြယ္သြားမယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ CDC အႀကီးအကဲ Redfield လည္း Dr. Fauci လိုပဲ ေရာဂါကူးစက္ခံရႏုိင္ေခ် နည္းတယ္ဆုိေပမယ့္ လာမယ့္ သီတင္းပတ္ ၂ ပတ္ကို အိ္မ္ကေနပဲ အလုပ္လုပ္သြားမွာ ျဖစ္တယ္လို႔ CDC ေျပာခြင့္ရက ေျပာပါတယ္။ သူ႔အေနနဲ႔ ေနေကာင္းၿပီး ဘာေရာဂါလကၡဏာမွ ျပတာ မေတြ႔ရဘူးလို႔လည္း ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။

FDA အႀကီးအကဲကေတာ့ ေရာဂါပုိးရွိသူနဲ႔ ထိေတြ႔ဆက္ဆံမႈေတြ ရွိခဲ့ၿပီးေနာက္ သူ႔ဘာသာသူ သီတင္းပတ္အနည္းငယ္ သီးသန္႔ခဲြေနေနတယ္လုိ႔ ေျပာဆုိထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ဝင် ၃ ဦး ပိုးတွေ့လူနာနဲ့ ဆက်ဆံမှုကြောင့် သီးသန့်ခွဲနေရ

အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ဝင် ၃ ဦးဟာ COVID-19 ရောဂါပိုးရှိသူတဦးနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီးတဲ့နောက် သူတို့ဘာသာသူတို့ သီးသန့်ခွဲပြီး နေနေကြပါတယ်။

ကူးစက်ရောဂါဆိုင်ရာ အမေရိကန် ထိပ်တန်း ကျွမ်းကျင်ပညာရှင် Dr. Fauci အပြင် နောက်ထပ် သီးသန့်ခွဲနေနေတဲ့သူတွေကတော့ အမေရိကန် ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူး Dr. Robert Redfield နဲ့ အမေရိကန်အစိုးရ အစားအစာနဲ့ ဆေးဝါးစီမံကွပ်ကဲရေးဌာန (FDA) အကြီးအကဲ Stephen Hahn တို့ ဖြစ်ပါတယ်။

Dr. Fauci ကတော့ သူ့မှာ COVID-19 ရောဂါပိုး မတွေ့ရှိထားကြောင်းနဲ့ ရောဂါရှိမရှိ ဆိုတာကို ပုံမှန်စစ်သွားမယ်လို့ ပြောပါတယ်။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမှု အတိုင်းအတာ အနေအထားအရ သူ့မှာ ရောဂါကူးစက်ခံရဖို့ အန္တရာယ်က အတော်လေးနည်းတယ်လို့ ယူဆကြောင်းနဲ့ တာဝန်ထမ်းဆောင်နေချိန်အတွင်း လူတွေနဲ့ ထိတွေ့မှု လျော့နည်းအောင် ကြိုတင်ကာကွယ်သွားမယ်လို့လည်း ပြောပါတယ်။

ကိုဗစ္ ၁၉ ေၾကာင့္သြားလာမႈကန္႔သတ္မႈ ေျဖေလွ်ာ့ေပးၿပီးေနာက္အျပင္ထြက္လာၾကတဲ့
ဒါ့အပြင် CDC အကြီးအကဲ Redfield လည်း Dr. Fauci လိုပဲ ရောဂါကူးစက်ခံရနိုင်ချေ နည်းတယ်ဆိုပေမယ့် လာမယ့် သီတင်းပတ် ၂ ပတ်ကို အိမ်ကနေပဲ အလုပ်လုပ်သွားမှာ ဖြစ်တယ်လို့ CDC ပြောခွင့်ရက ပြောပါတယ်။ သူ့အနေနဲ့ နေကောင်းပြီး ဘာရောဂါလက္ခဏာမှ ပြတာ မတွေ့ရဘူးလို့လည်းကြေညာချက်ထဲမှာ ပြောထားပါတယ်။

FDA အကြီးအကဲကတော့ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပြီးနောက် သူ့ဘာသာသူ သီတင်းပတ်အနည်းငယ် သီးသန့်ခွဲနေနေတယ်လို့ ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-cdc-fda-chiefs-in-self-quarantine/5413543.html
အိမ္ျဖဴေတာ္ ကုိ႐ိုနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးအဖဲြ႔၀င္ ၃ ဦး ပုိးေတြ႔လူနာနဲ႔ ဆက္ဆံမႈေၾကာင့္ သီးသန္႔ခဲြေနရ အိမ္ျဖဴေတာ္ ကုိ႐ိုနာဗုိင္းရပ္စ္ တုိက္ဖ်က္ေရးအဖဲြ႔၀င္ ၃ ဦး ပုိးေတြ႔လူနာနဲ႔ ဆက္ဆံမႈေၾကာင့္ သီးသန္႔ခဲြေနရ Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.