ကိုဗစ္ ၁၉ ေၾကာင့္ ေျပာင္းလဲရေတာ့မယ့္ စာသင္ၾကားမႈ

 ေက်ာင္းသားေတြ ကေတာ့ ေက်ာင္းဖြင့္ရက္ ေမွ်ာ္ေနၾက
(Zawgyi)⤵⤵⤵
ႏွစ္စဥ္ ႏွစ္တိုင္း ဒီလိုအခ်ိန္ ေမလ ဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕မွာဆိုရင္ ဗိုလ္ခ်ဳပ္ေဈး၊ သိမ္ႀကီးေဈး စတာေတြမွာ မိဘေတြဟာ ေျခခ်င္းလိမ္မတတ္ ေက်ာင္းဝတ္စုံ နဲ႔ ေက်ာင္းပစၥည္းေတြ ရွာဝယ္ေနရၿပီျဖစ္ပါတယ္။

ဒီႏွစ္ကေတာ့ မိဘအမ်ားစုအတြက္ ေမးခြန္းကေတာ့ ေက်ာင္းကိုလႊတ္ရမွာလား .. အင္တာနက္ကေန စာသင္ရမွာလား ဆိုတဲ့ ေမးခြန္းပဲ ျဖစ္ပါတယ္။

လာမယ့္ ေမလ ၁၅ ရက္ေန႔အထိ လူစုလူေဝးမလုပ္ဖို႔၊ မလိုအပ္ဘဲ အျပင္မသြားဖို႔ စတဲ့ အစိုးရရဲ႕ ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ေရးစီမံခ်က္ ကေတာ့ ရွိေနဆဲပဲ ျဖစ္ပါတယ္။

တကယ္လို႔မ်ား ေက်ာင္းဖြင့္ရာသီ ဇြန္လမွာ ေက်ာင္းေတြ ျပန္မဖြင့္ႏိုင္ေသးဘူးဆိုရင္ေတာ့ အြန္လိုင္းကေန သင္ၾကား ပို႔ခ်မႈေတြ လုပ္ဖို႔ စီစဥ္ေနတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိ သူ ဦးေဇာ္ေဌး က ေမလ၁ရက္ေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ေက်ာင္းသားေတြ ေနာက္ႏွစ္ ကစၿပီး မတ္လကုန္ အထိ ေက်ာင္းတက္ ရမယ္
 ေက်း႐ြာေတြက စာသင္ခန္းေတြက အြန္လိုင္ ကသင္ႏိုင္ပါ့မလား
အစိုးရေက်ာင္းမွာ တက္ေရာက္ သင္ၾကားေနတဲ့ ေတာင္ဥကၠလာၿမိဳ႕နယ္က Grade 4 ေက်ာင္းသား မိဘတစ္ဦးျဖစ္သူ မခင္ဇာဇာကေတာ့ အြန္လိုင္းနဲ႔ စာသင္ဖို႔ဆိုတာ နည္းပညာ အခက္အခဲေတြ ရွိေနႏိုင္တဲ့ အျပင္ ေငြေၾကး မတတ္ႏိုင္သူ သာမန္ လက္လုပ္လက္စားေတြအတြက္ အဆင္မေျပ ႏိုင္ဘူးလို႔ ဆိုပါတယ္။

"အြန္လိုင္းပညာေရးစနစ္က မေကာင္းဘူးလားဆိုေတာ့ ေကာင္းတယ္။ ဒါေပမယ့္ သူတို႔ သင္ၾကားရမယ့္ နည္းပညာက အခက္အခဲျဖစ္လာရင္ အိမ္က လူေတြက ကူညီႏိုင္မွာမဟုတ္ဘူး။ ေနာက္ လူတိုင္းကလည္း ဒီကြန္ပ်ဴတာေတြ အင္တာနက္ေတြနဲ႔ လက္လွမ္းမီမွာ မဟုတ္ဘူး " လို႔ သူ႔အျမင္ကို ေျပာပါတယ္။

ျမန္မာႏိုင္ငံ စီးပြားေရး နဲ႔ လူတန္းစား အေနအထားအရလည္း အေျခခံလူတန္းစား မ်ားျပားတဲ့ နယ္ၿမိဳ႕႐ြာေတြမွာ အင္တာနက္နဲ႔ အလွမ္းေဝးေနေသးတာေၾကာင့္ အိုင္တီနည္းပညာ မွာ အခက္အခဲေတြ အမ်ားႀကီး ျဖစ္လာႏိုင္သလို အြန္လိုင္း စာသင္ခန္းကို ရင္းႏွီးကြၽမ္းဝင္ဖို႔လည္း မျဖစ္ႏိုင္ေသးဘူးလို႔ ပညာေရး ေလ့လာေနသူေတြက မွတ္ခ်က္ခ်ပါတယ္။

လက္ရွိ အေျခအေနမွာေတာ့ တကၠသိုလ္ဝင္တန္း အေျဖလႊာစစ္ေဆးမႈေတြအျပင္ ၊ စတုတၳတန္းနဲ႔ အ႒မ တန္း စာသင္ႏွစ္ေတြရဲ႕ အေျဖလႊာစစ္ေဆးမႈေတြကလည္း မၿပီးေသးတဲ့အတြက္ လာမယ့္ ေက်ာင္းဖြင့္မယ့္ ကာလကို အတိအက် မေျပာႏိုင္ေသးဘူးလို႔ အေျခခံပညာ ဦးစီးဌာန ၊ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း ဆိုပါတယ္။
 ျမန္မာ့ပညာေရး႐ုပ္သံလိုင္းကို ေမလ ၄ ရက္ေန႔ ကစၿပီး စမ္းသပ္ေန
ျမန္မာႏိုင္ငံမွာ အေျခခံပညာဦးစီးဌာနရဲ႕ လက္ေအာက္မွာ ပညာေရးဝန္ႀကီးဌာနက ျပ႒ာန္းထားတဲ့ သင္႐ိုးကို လိုက္နာသင္ယူေနတဲ့ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္း၊ ကိုယ္ပိုင္ေက်ာင္းေတြနဲ႔ အစိုးရက ဖြင့္လွစ္ထားတဲ့ ေက်ာင္းေတြမွာ ေက်ာင္းသားအအေရအတြက္ ၉ . ၇ သန္းရွိတယ္လို႔ ဦးကိုေလးဝင္းက ဆိုပါတယ္။

ဒီေက်ာင္းသား ၉ .၇ သန္းလုံးအတြက္ အြန္လိုင္းစာသင္ခန္းနဲ႔ မျဖစ္ႏိုင္တာေၾကာင့္ ေက်ာင္းဖြင့္ခြင့္ေတြေပးမယ္ ဆိုရင္ေတာင္ ကိုဗစ္ ၁၉ ႀကိဳတင္ကာကြယ္ေရးအတြက္ ေက်ာင္းသားနဲ႔ ဆရာ ဆရာမတိုင္း မျဖစ္မေန မ်က္ႏွာဖုံးအကာအကြယ္တပ္တာေတြ၊ ေက်ာင္းေတြမွာ လက္ေဆးတဲ့ ေနရာေတြ ထားေပးတာေတြ အျပင္၊ တစ္ခ်ိဳ႕ ေက်ာင္းေတြမွာ လူဦးေရ မ်ားတဲ့အတြက္ ေက်ာင္းခ်ိန္ ႏွစ္သုတ္ ခြဲၿပီး တက္ဖို႔ေတြ အထိ ျပင္ဆင္ စဥ္းစားထားေတြ ရွိေၾကာင္း ဦးကိုေလးဝင္းက ဘီဘီစီကို ေျပာပါတယ္။

ကိုဗစ္ ၁၉ ေၾကာင့္ ေျပာင္းလဲရေတာ့မယ့္ စာသင္ၾကားမႈ စနစ္ၾကားမွာ ႏိုင္ငံတကာ ပညာေရးစနစ္ေတြကို အေျခခံ ထားတဲ့ ႏိုင္ငံတကာ ေက်ာင္းေတြမွာ သားသမီးေတြကို ေက်ာင္းထားတဲ့ မိဘေတြလည္း အပါအဝင္ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံက ႏိုင္ငံတကာေက်ာင္းတစ္ခုျဖစ္တဲ့ ILBC ေက်ာင္းကေတာ့ Home Base Learning အစီအစဥ္နဲ႔ ၂၀၂၀ - ၂၀၂၁ ပညာသင္ႏွစ္ကို စတင္ဖို႔ သူတို႔ ရဲ႕ တရားဝင္ အင္တာနက္ စာမ်က္ႏွာကေန ထုတ္ျပန္ထားခဲ့ပါတယ္။

ေမလ ၁၈ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိကို စာရင္းေပးသြင္းထားတဲ့ ေက်ာင္းသားေတြကို အြန္လိုင္းကေန အခမဲ့ စတင္သင္ၾကားမယ္လို႔ ေၾကညာထားေၾကာင္း ILBC က ေက်ာင္းသား မိဘေတြက ဆိုပါတယ္။
ကေလးေတြရဲ႕ သင္ၾကားႏိုင္မႈ စြမ္းရည္အေပၚမွာ မိဘေတြက ပူပန္ေနၾက
ILBC မွာ တက္ေရာက္သင္ၾကားေနတဲ့ Grade 3 ေက်ာင္းသူ မိခင္တစ္ဦးျဖစ္တဲ့ မျဖဴျဖဴကေတာ့ "ကိုယ္က အဆင္ေျပေပမယ့္ မေျပသူေတြအတြက္ စိတ္မေကာင္းဘူး။ ခုေတာင္ laptop ဝယ္ထားေပးရၿပီေလ ။ သူ႔ကို ဒီအတိုင္းလည္း လႊတ္ထားလို႔မရဘူး ၊ ဥပမာ မီးပ်က္သြားရင္ ဘာလုပ္မလဲ ေလ့ က်င့္ခန္းေတြကို ဘယ္လို ျပန္ပို႔ မလည္း စတာေတြပါ့ "လို႔ အခက္အခဲကို ေျပာျပပါတယ္။

အခက္အခဲမ်ိဳးစုံေတြထဲကမွ အဓိက ေက်ာင္းသားမိဘေတြ ေထာက္ျပတဲ့ အခ်က္ေတြကေတာ့ နည္းပညာအခက္အခဲ၊ လွ်ပ္စစ္မီးအခက္အခဲ၊ သင္ၾကားမႈ အေထာက္အကူျပဳပစၥည္းမ်ား အခက္အခဲေတြအျပင္ ကေလးေတြရဲ႕ သင္ၾကားႏိုင္မႈ စြမ္းရည္အေပၚမွာ မိဘေတြက ပူပန္ေနၾကတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အစိုးရေက်ာင္းေတြသာမက ႏိုင္ငံတကာ ေက်ာင္းထားတဲ့ မိဘေတြၾကားမွာလည္း အြန္လိုင္း သင္ၾကားမႈ စနစ္အေပၚ အျငင္းပြားမႈေတြက ရွိေနၾကပါတယ္။

ကိုဗစ္ကာလေၾကာင့္ အတန္းမတက္ႏိုင္သူေတြ ၊ ဆက္တိုက္ ပညာမသင္ၾကားႏိုင္သူေတြ က်န္ခဲ့တာျဖစ္လာမယ့္ သေဘာမွာရွိၿပီး ဒီလို မညီမ ွ်မႈေတြက ႏွစ္ႏွစ္ဆက္တိုက္ ျဖစ္ေနမယ့္ ကိုဗစ္အလြန္ ျမန္မာ့ပညာေရး စိန္ေခၚခ်က္ပဲ ျဖစ္လာႏိုင္တယ္လို႔ ေက်ာင္းသားမိဘတစ္ဦးကမွတ္ခ်က္ျပဳခဲ့ပါတယ္။
မိဘေတြၾကားမွာလည္း အြန္လိုင္း သင္ၾကားမႈ စနစ္အေပၚ အျငင္းပြားမႈေတြရွိ
ေတာင္ဥကၠလာၿမိဳ႕နယ္က Grade 4 ေက်ာင္းသား မိဘတစ္ဦးျဖစ္သူ မခင္ဇာဇာကေတာ့ သူ႔ ကေလးကို အြန္လိုင္းအင္တာနက္ ကသင္တာထက္ေက်ာင္းတက္ေစခ်င္တယ္လို႔ ေျပာပါတယ္။

ေက်ာင္းတက္မယ္ဆိုရင္ေတာ့ မျဖစ္မေန ႏွာေခါင္းစည္း ဝတ္ရေတာ့မယ္၊ လက္ေဆးဖို႔ လက္ေဆးရည္ေတြ ဝယ္စုထားတယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ေတာ့ မ်က္ႏွာကို ဖလင္ျပားေတြနဲ႔လုပ္တဲ့ အကာ ေလးေတြ ပါဝယ္ေပးရမယ္လို႔သူကေျပာပါတယ္။

"က်မတို႔လို အေျခခံ လူတန္းစားအတြက္ကေတာ့ အတတ္ႏိုင္ဆုံး ကိုယ့္သားသမီးကို ကာကြယ္ေပးပီးေက်ာင္းလႊတ္ရမွာပဲ"မခင္ဇာဇာကေျပာပါတယ္။

BBC Burmese
---------------------------------------
(Unicode)⤵⤵⤵
ကိုဗစ် ၁၉ ကြောင့် ပြောင်းလဲရတော့မယ့် စာသင်ကြားမှု

နှစ်စဉ် နှစ်တိုင်း ဒီလိုအချိန် မေလ ဆိုရင်တော့ ရန်ကုန်မြို့မှာဆိုရင် ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး စတာတွေမှာ မိဘတွေဟာ ခြေချင်းလိမ်မတတ် ကျောင်းဝတ်စုံ နဲ့ ကျောင်းပစ္စည်းတွေ ရှာဝယ်နေရပြီဖြစ်ပါတယ်။

ဒီနှစ်ကတော့ မိဘအများစုအတွက် မေးခွန်းကတော့ ကျောင်းကိုလွှတ်ရမှာလား .. အင်တာနက်ကနေ စာသင်ရမှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

လာမယ့် မေလ ၁၅ ရက်နေ့အထိ လူစုလူဝေးမလုပ်ဖို့၊ မလိုအပ်ဘဲ အပြင်မသွားဖို့ စတဲ့ အစိုးရရဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးစီမံချက် ကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။

တကယ်လို့များ ကျောင်းဖွင့်ရာသီ ဇွန်လမှာ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးဘူးဆိုရင်တော့ အွန်လိုင်းကနေ သင်ကြား ပို့ချမှုတွေ လုပ်ဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေး က မေလ၁ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကျောင်းသားတွေ နောက်နှစ် ကစပြီး မတ်လကုန် အထိ ကျောင်းတက် ရမယ်

အစိုးရကျောင်းမှာ တက်ရောက် သင်ကြားနေတဲ့ တောင်ဥက္ကလာမြို့နယ်က Grade 4 ကျောင်းသား မိဘတစ်ဦးဖြစ်သူ မခင်ဇာဇာကတော့ အွန်လိုင်းနဲ့ စာသင်ဖို့ဆိုတာ နည်းပညာ အခက်အခဲတွေ ရှိနေနိုင်တဲ့ အပြင် ငွေကြေး မတတ်နိုင်သူ သာမန် လက်လုပ်လက်စားတွေအတွက် အဆင်မပြေ နိုင်ဘူးလို့ ဆိုပါတယ်။

"အွန်လိုင်းပညာရေးစနစ်က မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ ဒါပေမယ့် သူတို့ သင်ကြားရမယ့် နည်းပညာက အခက်အခဲဖြစ်လာရင် အိမ်က လူတွေက ကူညီနိုင်မှာမဟုတ်ဘူး။ နောက် လူတိုင်းကလည်း ဒီကွန်ပျူတာတွေ အင်တာနက်တွေနဲ့ လက်လှမ်းမီမှာ မဟုတ်ဘူး " လို့ သူ့အမြင်ကို ပြောပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး နဲ့ လူတန်းစား အနေအထားအရလည်း အခြေခံလူတန်းစား များပြားတဲ့ နယ်မြို့ရွာတွေမှာ အင်တာနက်နဲ့ အလှမ်းဝေးနေသေးတာကြောင့် အိုင်တီနည်းပညာ မှာ အခက်အခဲတွေ အများကြီး ဖြစ်လာနိုင်သလို အွန်လိုင်း စာသင်ခန်းကို ရင်းနှီးကျွမ်းဝင်ဖို့လည်း မဖြစ်နိုင်သေးဘူးလို့ ပညာရေး လေ့လာနေသူတွေက မှတ်ချက်ချပါတယ်။

လက်ရှိ အခြေအနေမှာတော့ တက္ကသိုလ်ဝင်တန်း အဖြေလွှာစစ်ဆေးမှုတွေအပြင် ၊ စတုတ္ထတန်းနဲ့ အဋ္ဌမ တန်း စာသင်နှစ်တွေရဲ့ အဖြေလွှာစစ်ဆေးမှုတွေကလည်း မပြီးသေးတဲ့အတွက် လာမယ့် ကျောင်းဖွင့်မယ့် ကာလကို အတိအကျ မပြောနိုင်သေးဘူးလို့ အခြေခံပညာ ဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာဦးစီးဌာနရဲ့ လက်အောက်မှာ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ သင်ရိုးကို လိုက်နာသင်ယူနေတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ အစိုးရက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းသားအအရေအတွက် ၉ . ၇ သန်းရှိတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ဒီကျောင်းသား ၉ .၇ သန်းလုံးအတွက် အွန်လိုင်းစာသင်ခန်းနဲ့ မဖြစ်နိုင်တာကြောင့် ကျောင်းဖွင့်ခွင့်တွေပေးမယ် ဆိုရင်တောင် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းသားနဲ့ ဆရာ ဆရာမတိုင်း မဖြစ်မနေ မျက်နှာဖုံးအကာအကွယ်တပ်တာတွေ၊ ကျောင်းတွေမှာ လက်ဆေးတဲ့ နေရာတွေ ထားပေးတာတွေ အပြင်၊ တစ်ချို့ ကျောင်းတွေမှာ လူဦးရေ များတဲ့အတွက် ကျောင်းချိန် နှစ်သုတ် ခွဲပြီး တက်ဖို့တွေ အထိ ပြင်ဆင် စဉ်းစားထားတွေ ရှိကြောင်း ဦးကိုလေးဝင်းက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ် ၁၉ ကြောင့် ပြောင်းလဲရတော့မယ့် စာသင်ကြားမှု စနစ်ကြားမှာ နိုင်ငံတကာ ပညာရေးစနစ်တွေကို အခြေခံ ထားတဲ့ နိုင်ငံတကာ ကျောင်းတွေမှာ သားသမီးတွေကို ကျောင်းထားတဲ့ မိဘတွေလည်း အပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံတကာကျောင်းတစ်ခုဖြစ်တဲ့ ILBC ကျောင်းကတော့ Home Base Learning အစီအစဉ်နဲ့ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်ကို စတင်ဖို့ သူတို့ ရဲ့ တရားဝင် အင်တာနက် စာမျက်နှာကနေ ထုတ်ပြန်ထားခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိကို စာရင်းပေးသွင်းထားတဲ့ ကျောင်းသားတွေကို အွန်လိုင်းကနေ အခမဲ့ စတင်သင်ကြားမယ်လို့ ကြေညာထားကြောင်း ILBC က ကျောင်းသား မိဘတွေက ဆိုပါတယ်။

ILBC မှာ တက်ရောက်သင်ကြားနေတဲ့ Grade 3 ကျောင်းသူ မိခင်တစ်ဦးဖြစ်တဲ့ မဖြူဖြူကတော့ "ကိုယ်က အဆင်ပြေပေမယ့် မပြေသူတွေအတွက် စိတ်မကောင်းဘူး။ ခုတောင် laptop ဝယ်ထားပေးရပြီလေ ။ သူ့ကို ဒီအတိုင်းလည်း လွှတ်ထားလို့မရဘူး ၊ ဥပမာ မီးပျက်သွားရင် ဘာလုပ်မလဲ လေ့ ကျင့်ခန်းတွေကို ဘယ်လို ပြန်ပို့ မလည်း စတာတွေပါ့ "လို့ အခက်အခဲကို ပြောပြပါတယ်။

အခက်အခဲမျိုးစုံတွေထဲကမှ အဓိက ကျောင်းသားမိဘတွေ ထောက်ပြတဲ့ အချက်တွေကတော့ နည်းပညာအခက်အခဲ၊ လျှပ်စစ်မီးအခက်အခဲ၊ သင်ကြားမှု အထောက်အကူပြုပစ္စည်းများ အခက်အခဲတွေအပြင် ကလေးတွေရဲ့ သင်ကြားနိုင်မှု စွမ်းရည်အပေါ်မှာ မိဘတွေက ပူပန်နေကြတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အစိုးရကျောင်းတွေသာမက နိုင်ငံတကာ ကျောင်းထားတဲ့ မိဘတွေကြားမှာလည်း အွန်လိုင်း သင်ကြားမှု စနစ်အပေါ် အငြင်းပွားမှုတွေက ရှိနေကြပါတယ်။

ကိုဗစ်ကာလကြောင့် အတန်းမတက်နိုင်သူတွေ ၊ ဆက်တိုက် ပညာမသင်ကြားနိုင်သူတွေ ကျန်ခဲ့တာဖြစ်လာမယ့် သဘောမှာရှိပြီး ဒီလို မညီမ ျှမှုတွေက နှစ်နှစ်ဆက်တိုက် ဖြစ်နေမယ့် ကိုဗစ်အလွန် မြန်မာ့ပညာရေး စိန်ခေါ်ချက်ပဲ ဖြစ်လာနိုင်တယ်လို့ ကျောင်းသားမိဘတစ်ဦးကမှတ်ချက်ပြုခဲ့ပါတယ်။

တောင်ဥက္ကလာမြို့နယ်က Grade 4 ကျောင်းသား မိဘတစ်ဦးဖြစ်သူ မခင်ဇာဇာကတော့ သူ့ ကလေးကို အွန်လိုင်းအင်တာနက် ကသင်တာထက်ကျောင်းတက်စေချင်တယ်လို့ ပြောပါတယ်။

ကျောင်းတက်မယ်ဆိုရင်တော့ မဖြစ်မနေ နှာခေါင်းစည်း ဝတ်ရတော့မယ်၊ လက်ဆေးဖို့ လက်ဆေးရည်တွေ ဝယ်စုထားတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မျက်နှာကို ဖလင်ပြားတွေနဲ့လုပ်တဲ့ အကာ လေးတွေ ပါဝယ်ပေးရမယ်လို့သူကပြောပါတယ်။

"ကျမတို့လို အခြေခံ လူတန်းစားအတွက်ကတော့ အတတ်နိုင်ဆုံး ကိုယ့်သားသမီးကို ကာကွယ်ပေးပီးကျောင်းလွှတ်ရမှာပဲ"မခင်ဇာဇာကပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/52532097
ကိုဗစ္ ၁၉ ေၾကာင့္ ေျပာင္းလဲရေတာ့မယ့္ စာသင္ၾကားမႈ ကိုဗစ္ ၁၉ ေၾကာင့္ ေျပာင္းလဲရေတာ့မယ့္ စာသင္ၾကားမႈ Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.