ျမန္မာကုိ ေငြေၾကးခ၀ါခ်မႈအမည္ပ်က္စာရင္းထဲ ထည့္သြင္းဖုိ႔ အီးယူ ျပင္ဆင္

ဥေရာပသမဂၢအဖြဲ႕အလံ
(Zawgyi/Unicode)

ေငြေၾကးခဝါခ်မႈဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာဖို႔ပ်က္ကြက္တာေၾကာင့္ ျမန္မာနိုင္ငံကို ေငြေၾကးခဝါခ်မႈဆိုင္ရာအမည္ပ်က္ စာရင္းမွာ ဥေရာပသမဂၢအဖြဲ႕က ထည့္သြင္းဖို႔ ရွိေနပါတယ္။

ျမန္မာနိုင္ငံ အပါအဝင္ နိုင္ငံ ၂၂ နိုင္ငံကို ေငြေၾကးခဝါခ်မႈနဲ႔ ပတ္သက္ၿပီး အနီး ကပ္ ေစာင့္ၾကည့္ရမယ့္ နိုင္ငံစာရင္းမွာ ထည့္သြင္းထားမယ့္ ဥေရာပေကာ္မရွင္ရဲ႕ ေၾကညာခ်က္ကို ၾကာသပေတးေန႔မွာ ထုတ္ျပန္မယ္လို႔ ယူဆရပါတယ္။ ျမန္မာနိုင္ငံနဲ႔အတူ အာရွက ကေမၻာဒီးယားနဲ႔ မြန္ဂိုးလီးယားနိုင္ငံေတြလည္း အမည္ပ်က္စာရင္းထဲ ထည့္သြင္းခံရမွာ ျဖစ္ၿပီး စာရင္းထဲ ထည့္သြင္းခံရမယ့္ နိုင္ငံသစ္ေတြထဲ ပနားမား၊ ဘဟားမားစ္နဲ႔ ေမာရစ္သၽွနိုင္ငံေတြ ပါဝင္တယ္လို႔ ေၾကညာခ်က္မူၾကမ္း ကို ရရွိခဲ့တဲ့ ရိုက္တာ သတင္းဌာနက ေျပာပါတယ္။

ဒီ စာရင္းထဲ ပါတဲ့ ႏိုင္ငံေတြဟာ ဥေရာပ သမဂၢအဖြဲ႕ရဲ့ ေငြေရးေၾကးေရးစနစ္ကို အႏၲရာယ္ျပဳ ၿခိမ္းေျခာက္ေနတယ္လို႔လည္း ေၾကညာခ်က္ မူၾကမ္းမွာ ပါရွိပါတယ္။ EU ရဲ႕ ဥပေဒအရ ဘဏ္ေတြနဲ႔ တစ္ျခား ဘ႑ာေရး အဖြဲ႕အစည္းေတြဟာ သူတို႔ရဲ႕ ေဖာက္သည္ ကုမၸဏီေတြကို အဲဒီ စာရင္းပါ နိုင္ငံေတြ နဲ႔ အလုပ္လုပ္တဲ့အခါ ေသေသခ်ာခ်ာ အနီးကပ္ ေစာင့္ၾကည့္စစ္ေဆးဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ နာမည္ပ်က္ စာရင္းပါ နိုင္ငံေတြထဲက စီးပြားေရး ကုမၸဏီေတြလည္း ဥေရာပ သမဂၢက ေပးအပ္မယ့္ ရန္ပုံေငြ ေထာက္ပံ့ေၾကး အသစ္ေတြကို ရယူနိုင္မွာ မဟုတ္ပါဘူး။

EU က မၾကာခင္ ထုတ္ျပန္ဖို႔ ေရးဆြဲထားတဲ့ ေၾကညာခ်က္ မူၾကမ္းဟာ ကမၻာတစ္ဝွမ္း ေငြေၾကး ခဝါခ်မႈ တိုက္ဖ်က္ေရးမွာ စံႏႈန္းေတြ သက္မွတ္တဲ့ပါရီၿမိဳ႕အေျခစိုက္ FATF – FINANCIAL ACTIONS TASK FORCE က အရင္ထုတ္ျပန္ထားတဲ့စာရင္းနဲ႔ သိပ္ကြာျခားမႈ မရွိပါဘူး။

ဥေရာပေကာ္မရွင္က ၿပီးခဲ့တဲ့ႏွစ္ စာရင္းထဲပါဝင္တဲ့အာရွ ၂ နိုင္ငံျဖစ္တဲ့ လာအိုနဲ႔ သီရိလကၤာႏိုင္ငံေတြကို ဒီႏွစ္ နာမည္ပ်က္ စာရင္းထဲကေန ပယ္ဖ်က္ထားတယ္လို႔လည္း ရိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

မြန်မာကို ငွေကြေးခဝါချမှုအမည်ပျက်စာရင်းထဲ ထည့်သွင်းဖို့ အီးယူ ပြင်ဆင်

(Unicode)

ငွေကြေးခဝါချမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပျက်ကွက်တာကြောင့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုဆိုင်ရာအမည်ပျက် စာရင်းမှာ ဥရောပသမဂ္ဂအဖွဲ့က ထည့်သွင်းဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၂၂ နိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး အနီး ကပ် စောင့်ကြည့်ရမယ့် နိုင်ငံစာရင်းမှာ ထည့်သွင်းထားမယ့် ဥရောပကော်မရှင်ရဲ့ ကြေညာချက်ကို ကြာသပတေးနေ့မှာ ထုတ်ပြန်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံနဲ့အတူ အာရှက ကမ္ဘောဒီးယားနဲ့ မွန်ဂိုးလီးယားနိုင်ငံတွေလည်း အမည်ပျက်စာရင်းထဲ ထည့်သွင်းခံရမှာ ဖြစ်ပြီး စာရင်းထဲ ထည့်သွင်းခံရမယ့် နိုင်ငံသစ်တွေထဲ ပနားမား၊ ဘဟားမားစ်နဲ့ မောရစ်သျှနိုင်ငံတွေ ပါဝင်တယ်လို့ ကြေညာချက်မူကြမ်း ကို ရရှိခဲ့တဲ့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ဒီ စာရင်းထဲ ပါတဲ့ နိုင်ငံတွေဟာ ဥရောပ သမဂ္ဂအဖွဲ့ရဲ့ ငွေရေးကြေးရေးစနစ်ကို အန္တရာယ်ပြု ခြိမ်းခြောက်နေတယ်လို့လည်း ကြေညာချက် မူကြမ်းမှာ ပါရှိပါတယ်။ EU ရဲ့ ဥပဒေအရ ဘဏ်တွေနဲ့ တစ်ခြား ဘဏ္ဍာရေး အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ဖောက်သည် ကုမ္ပဏီတွေကို အဲဒီ စာရင်းပါ နိုင်ငံတွေ နဲ့ အလုပ်လုပ်တဲ့အခါ သေသေချာချာ အနီးကပ် စောင့်ကြည့်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နာမည်ပျက် စာရင်းပါ နိုင်ငံတွေထဲက စီးပွားရေး ကုမ္ပဏီတွေလည်း ဥရောပ သမဂ္ဂက ပေးအပ်မယ့် ရန်ပုံငွေ ထောက်ပံ့ကြေး အသစ်တွေကို ရယူနိုင်မှာ မဟုတ်ပါဘူး။

EU က မကြာခင် ထုတ်ပြန်ဖို့ ရေးဆွဲထားတဲ့ ကြေညာချက် မူကြမ်းဟာ ကမ္ဘာတစ်ဝှမ်း ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးမှာ စံနှုန်းတွေ သက်မှတ်တဲ့ပါရီမြို့အခြေစိုက် FATF – FINANCIAL ACTIONS TASK FORCE က အရင်ထုတ်ပြန်ထားတဲ့စာရင်းနဲ့ သိပ်ကွာခြားမှု မရှိပါဘူး။

ဥရောပကော်မရှင်က ပြီးခဲ့တဲ့နှစ် စာရင်းထဲပါဝင်တဲ့အာရှ ၂ နိုင်ငံဖြစ်တဲ့ လာအိုနဲ့ သီရိလင်္ကာနိုင်ငံတွေကို ဒီနှစ် နာမည်ပျက် စာရင်းထဲကနေ ပယ်ဖျက်ထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-money-laundering-european-union-/5407402.html
ျမန္မာကုိ ေငြေၾကးခ၀ါခ်မႈအမည္ပ်က္စာရင္းထဲ ထည့္သြင္းဖုိ႔ အီးယူ ျပင္ဆင္ ျမန္မာကုိ ေငြေၾကးခ၀ါခ်မႈအမည္ပ်က္စာရင္းထဲ ထည့္သြင္းဖုိ႔ အီးယူ ျပင္ဆင္ Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.