Homeschooling - အိမ္တြင္းေက်ာင္းတို႔ ေပၚၿပီလား


(Zawgyi)⤵⤵⤵
အိမ္တြင္းေက်ာင္းလို႔ ေခၚတဲ့ ေက်ာင္းမတက္ဘဲ အိမ္မွာပဲ စာသင္တဲ့Homeschooling စနစ္ကို ျမန္မာျပည္က မိဘတခ်ိဳ႕ အခုေနာက္ပိုင္း မၾကာခဏဆိုသလို ေမးလာၾကပါတယ္။

Homeschooling ဆိုတာကို အိမ္တြင္းေက်ာင္းလို႔ အဓိပၸာယ္ဖြင့္ဆိုၾကသလို မိသားစု ပညာသင္စနစ္လို႔လည္း ဖြင့္ဆိုၾကပါတယ္။

ဒါကေတာ့ အခု တေလာ ကိုဗစ္ကာလမွာ ျမန္မာျပည္က မိဘေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားၿပီး ေျပာဆိုလာၾကတဲ့ စကားလုံးတစ္ခုပါပဲ။

တကယ္ေတာ့ Homeschooling ဆိုတဲ့ မိဘနဲ႔ သားသမီး ရင္အုပ္မကြာ သင္ၾကားတဲ့ ပညာေရး စနစ္က အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ ၁၉ ရာစုနဲ႔ ၂၀ ရာစုႏွစ္ေတြမွာ အဂၤလန္ အပါအဝင္ အေနာက္ႏိုင္ငံေတြမွာ ေခတ္စားခဲ့တဲ့ ပညာသင္စနစ္တစ္ခုပါပဲ။

အဓိက ဇစ္ျမစ္ကေတာ့ အေရွ႕ေတာင္အာရွ အထူးသျဖင့္ အိႏၵိယကေန စတင္ခဲ့တာလို႔လည္း ပညာေရး ဝဘ္ဆိုက္တစ္ခ်ိဳ႕မွာ ဆိုပါတယ္။

သားသမီးေတြကို အစိုးရ စာသင္ေက်ာင္းျဖစ္ျဖစ္ ပုဂၢလိက စာသင္ေက်ာင္းပဲ ျဖစ္ျဖစ္ မလႊတ္ဘဲ ကိုယ့္ဘာသာ မိသားစုတြင္းမွာ သင္ၾကားတဲ့ Homeschooling စစ္စစ္ ေတြရွိသလို အစိုးရေက်ာင္းျဖစ္ေစ ဘုန္းေတာ္ႀကီးသင္ ပညာေရး စနစ္မွာ ျဖစ္ေစ တစိတ္တေဒသ ပါဝင္ သင္ၾကားေစရင္း အိမ္က မိဘကလည္း သားသမီးနဲ႔ ရင္အုပ္မကြာ သင္ၾကားေပးတာေတြလည္း ရွိပါတယ္။

ေမေမ့ေက်ာင္းတစ္ခုရဲ႕ ဇာတ္လမ္း

ျမန္မာျပည္မွာေတာ့ ဒီစနစ္ကို စိတ္ဝင္စားလို႔ စတင္ခ်င္တဲ့ မိဘေတြရွိသလို ကိုယ္တိုင္ က်င့္သုံးေနတဲ့ မိသားစု တခ်ိဳ႕လည္း ရွိေနပါတယ္။

၇ ႏွစ္အ႐ြယ္ သမီးျဖစ္သူကို ဘယ္အစိုးရ ဘယ္ပုဂၢလိက ေက်ာင္းကိုမွ မထားေတာ့ဘဲ ကိုယ့္ဘာသာ ႏိုင္ငံတကာ Home schooling သင္႐ိုးၫႊန္းတမ္းနဲ႔ သင္ၾကားေနတဲ့ ကေလးငယ္႐ြယ္စဥ္ ညာဘက္ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈကို ေလ့က်င့္ေပးတဲ့ Tickle Right Myanmar ပညာေရးအဖြဲ႕က ေဖ်ာက္က သမီးအတြက္ ဒီလို Home schooling ကို စလုပ္စဥ္က လူသိမခံခဲ့ဘူးလို႔ ဆိုပါတယ္။

"သူက ဒီဟာသင္မယ္ ၊ ဒီလို လုပ္မယ္ ဒီတိုင္းၿငိမ္ေနရမယ္ အဲလို သတ္မွတ္ခ်က္ေတြၾကားထဲမွာ ပုံစံကို ေဖ်ာက္ကိုယ္တိုင္လည္း မေနႏိုင္သလို ကိုယ့္သားသမီးကိုလည္း ကိုယ့္စံႏႈန္းအတိုင္း လုပ္ျဖစ္သြားၿပီး အစိုးရေက်ာင္းလည္း မလႊတ္ႏိုင္ဘူး။

အင္တာေနရွင္နယ္လို ျမန္မာစာေကာ အဂၤလိပ္စာေကာ သင္႐ိုးႏွစ္ခု သင္မယ္ဆိုတာကိုလည္း တကယ္သေဘာမက်ဘူး ။

အဓိကကေတာ့ ဘတ္ဂ်က္ေၾကာင့္ပဲ။ ေက်ာင္းမထားေတာ့ဘူး Home schooling လုပ္မယ္ ဆို ဆုံးျဖတ္ျဖစ္သြားတယ္" လို႔ဆိုပါတယ္။

ကိုယ္လိုခ်င္တဲ့ လြတ္လပ္တဲ့ ပညာေရးစနစ္ကို ကိုယ့္ဘာသာ အိမ္တြင္းပညာေရးစနစ္ ထူေထာင္ၿပီး ေဖ်ာက္တို႔လို သင္ၾကားေပးတဲ့ မိသားစုေတြက ျမန္မာျပည္မွာ ေတာ္ေတာ္နည္းေနေသးတယ္လို႔ ဆိုပါတယ္။

ဒီအိမ္တြင္းမွာပဲ ပညာသင္တဲ့စနစ္ လုပ္မယ္လို႔ ဆုံးျဖတ္ၿပီး ကေလးကို ေက်ာင္းထုတ္လိုက္ခ်ိန္မွာေတာ့ ပတ္ဝန္းက်င္ရဲ႕ ေျပာဆို ႐ိုက္ခတ္မႈေတြ ခံရတယ္လို႔ သူက ရင္ဖြင့္ပါတယ္။

ေရရွည္ တည္တံ့ေသာ သဘာဝေနထိုင္မႈနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အလင္းအိမ္အဖြဲ႕က ကိုေနာ္ေအာင္ကေတာ့ " မိဘေပၚမွာ အမ်ားႀကီးမူတည္တယ္ မိဘက Challenge ယူႏိုင္မွ ရမယ္။

ကိုယ့္ကေလးေတြရဲ႕ အေရးအရာကိစၥ စိတ္ဝင္စားတဲ့ မိဘျဖစ္ဖို႔ပါပဲ " လို႔ ေျပာပါတယ္။

အိမ္တြင္းေက်ာင္းအတြက္ စိန္ေခၚမႈ

" ပထမဆုံးႀကဳံရတဲ့ အခက္အခဲကေတာ့ Network မရွိတာ။ နဂိုေက်ာင္းအတူတူ တက္ေနတဲ့ မိဘေတြက မေခၚေတာ့ဘူး။

ကေလးအခ်င္းခ်င္းလည္း နင္က က်ဴရွင္ပဲ လုပ္မွာလား ဆိုတာမ်ိဳး ေျပာတာ အစပိုင္းမယ္ ႀကဳံရတယ္ " လို႔ ေဖ်ာက္က ဆိုပါတယ္။

အခု ကိုဗစ္ကာလမွာ ဒီ Home schooling ကိုလူေတြ အမ်ားစု စိတ္ဝင္စားခ်ိန္မွာေတာ့ သူ႔ရဲ႕ အေတြ႕အႀကဳံကို စၿပီး ျဖန႔္ေဝလာပါတယ္။

ကိုေနာ္ေအာင္က " ကြၽန္ေတာ္တို႔အားလုံးမွာလည္း ကိုယ္သင္ဖို႔ အခက္အခဲရွိတယ္။ အဂၤလိပ္စာ ငါေတာ့ မရဘူး၊ သခ်ၤာမရဘူးတို႔ ဒါေတြက ရွိေလ့ရွိထရွိပါတယ္။

တကယ္တမ္းေျပာမယ္ ဆိုရင္ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ကာယပိုင္းဆိုင္ရာ၊ ႏွလုံးသားပိုင္းဆိုင္ရာ အဓိကထားသြားတာ ဘာေၾကာင့္လဲဆိုေတာ့ အခုလက္ရွိ အဆင့္ျမင့္ နည္းပညာေတြ သုံးလာတဲ့အခါမွာ က်န္တဲ့ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီတို႔ ဘာေတြ အားလုံးက အကုန္ အြန္လိုင္းက ေလ့လာလို႔ရတယ္။

ဒါမွမဟုတ္လည္း ကိုယ့္ကေလးက ဘိုင္အို မသင္ႏိုင္ဘူးဆို ဘိုင္အို သင္ႏိုင္တဲ့ လူနဲ႔ ခ်ိတ္ဆက္ေပးလို႔ရတယ္။

Home schooling လက္ရွိလုပ္ေနတဲ့ ကိုေနာ္ေအာင္ကေတာ့ ဒီသင္ၾကား စနစ္က ကေလးေတြရဲ႕ သဘာဝပတ္ဝန္းက်င္အေပၚအျမင္၊ စာဖတ္ျခင္း၊ ေတြးျခင္းနဲ႔ ဘာသာတရား၊ သမိုင္းေၾကာင္းေတြကို အဓိကထားၿပီး မိဘကိုယ္တိုင္ ကေလးေတြနဲ႔ ေလ့လာၿပီး သြားတာလို႔ပဲ အခုလို သင္ၾကားတာကို အဓိပၸာယ္ ဖြင့္ဆိုပါတယ္။
အတန္းပညာေရးထက္ ကေလးေတြရဲ႕ စိတ္ခံစားခ်က္နဲ႔ ကေလးေတြရဲ႕ ပင္ကိုယ္စြမ္းရည္ကို ေဖာ္ထုတ္ေပးဖို႔ပဲ အားသန္
အတန္းပညာနဲ႔ အိမ္တြင္းေက်ာင္း

ထိုင္းႏိုင္ငံမွာေတာ့ ထိုင္းပညာေရးဌာနက ဥပေဒျပဳၿပီး တရားဝင္ခြင့္ျပဳထားတဲ့အတြက္ ထိုင္းမွာ ဟုမ္းစကူးလုပ္မယ့္ မိဘေတြက သက္ဆိုင္ရာ ၿမိဳ႕နယ္မွာရွိတဲ့ ပညာေရးမႉးဆီမွာ မွတ္ပုံတင္ၿပီး သက္ဆိုင္ရာ ပညာေရးဝန္ထမ္းနဲ႔ မိဘေတြက ကေလးေတြကို သင္ၾကားမယ့္ သင္႐ိုးေတြကို ျပင္ဆင္ ညႇိႏႈိင္း သေဘာတူတာ ရွိတယ္လို႔ ကိုေနာ္ေအာင္ က သူ႔ထိုင္းမိတ္ေဆြနဲ႔ ေဆြးေႏြးရင္း သိရတာကို ေျပာျပပါတယ္။

သူက " Schooling နဲ႔ Education နဲ႔ ျမန္မာႏိုင္ငံမွာ မကြဲတာက အဓိက ျပႆနာ၊

လူတိုင္းေက်ာင္းတက္ရမယ္ဆိုတာနဲ႔ ဝိေရာဓိ ျဖစ္လာေတာ့တာပဲ။

ပညာသင္ၾကားမယ္ ဆိုတာနဲ႔ လူေတြက ေက်ာင္းတက္မယ္လို႔ ျမင္လာေတာ့တယ္" လို႔ သူက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ မိဘ အမ်ားစုအတြက္ စိန္ေခၚခ်က္ ေနာက္တစ္ခုကေတာ့ အိမ္တြင္းေက်ာင္း လုပ္မယ္ဆိုရင္ အတန္းပညာေရးအတြက္ လက္မွတ္မရမွာကို စိတ္ပူေနတဲ့ အခ်က္ပါပဲ။

ဒါေပမယ့္ တကယ္တမ္း ဟုမ္းစကူး လုပ္ေနသူေတြကေတာ့ အတန္းပညာေရးထက္ ကေလးေတြရဲ႕ စိတ္ခံစားခ်က္နဲ႔ ကေလးေတြရဲ႕ ပင္ကိုယ္စြမ္းရည္ကို ေဖာ္ထုတ္ေပးဖို႔ပဲ အားသန္ေနၾကပါတယ္။

ဒီအတြက္ သမီးျဖစ္သူ ေရွ႕ေရးနဲ႔ ပတ္သက္လို႔ ေဖ်ာက္ကေတာ့ အထက္တန္း ပညာေရးအဆင့္ကို ျဖတ္ေက်ာ္ၿပီးၿပီ ဆိုရင္ေတာ့ ႏိုင္ငံတကာ ပညာေရးစနစ္ကို သြားဖို႔ ရည္သန္ထားတယ္လို႔ ဆိုပါတယ္။

သူက " သူတခ်ိန္ တကၠသိုလ္တက္ရင္ေတာ့ အေမရိကားက မိတ္ေဆြေဆြမ်ိဳးေတြကို ေခၚေပးမလားဆို ေျပာထားတာေတာ့ရွိတယ္။

သြားလို႔ရတဲ့လမ္းေၾကာင္းေတြ ရွိတာကို ဖတ္ထားတယ္။ ဒါေပမယ့္ အဲဒါကို အရမ္းသြားေတြးၿပီး သူတို႔သတ္မွတ္ခ်က္ေတြ ဖတ္လိုက္တဲ့ မွတ္လိုက္တဲ့အခါ အားေလ်ာ့သြားမွာလည္း စိုးတယ္ " လို႔ဆိုပါတယ္။

ျမန္မာျပည္မွာ ဟုမ္းစကူး လုပ္ေနတဲ့ မိဘတခ်ိဳ႕ကေတာ့ လက္ရွိမွာ အတန္းပညာ တခုခုအတြက္ အစိုးရေက်ာင္း ျဖစ္ေစ ဘက ေက်ာင္းေတြမွာျဖစ္ေစ တဝက္ ထားရင္း အိမ္မွာ သင္ၾကားေနတာ ရွိသလို ကေလးကို လုံး၀ မိမိတို႔ အိမ္မွာပဲ ထားကာ အြန္လိုင္း သင္႐ိုးေတြနဲ႔ သင္ၾကားေနသူေတြလည္း ရွိပါတယ္။

Homeschooling စနစ္သုံးခ်င္တဲ့ မိဘ အမ်ားစု ေျပာေနတာကေတာ့ ဟုမ္းစကူးကို အစိုးရ ပညာေရးဝန္ႀကီးဌာနက လက္ခံ အသိအမွတ္ျပဳ၊ ဥပေဒ ထဲ ထည့္သြင္းၿပီး ႏိုင္ငံတကာကလို မိဘေတြကို အကူအညီေပးဖို႔ လိုတယ္လို႔ပဲ ျဖစ္ပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
Homeschooling - အိမ်တွင်းကျောင်းတို့ ပေါ်ပြီလား

အိမ်တွင်းကျောင်းလို့ ခေါ်တဲ့ ကျောင်းမတက်ဘဲ အိမ်မှာပဲ စာသင်တဲ့Homeschooling စနစ်ကို မြန်မာပြည်က မိဘတချို့ အခုနောက်ပိုင်း မကြာခဏဆိုသလို မေးလာကြပါတယ်။

Homeschooling ဆိုတာကို အိမ်တွင်းကျောင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုကြသလို မိသားစု ပညာသင်စနစ်လို့လည်း ဖွင့်ဆိုကြပါတယ်။

ဒါကတော့ အခု တလော ကိုဗစ်ကာလမှာ မြန်မာပြည်က မိဘတော်တော်များများ စိတ်ဝင်စားပြီး ပြောဆိုလာကြတဲ့ စကားလုံးတစ်ခုပါပဲ။

တကယ်တော့ Homeschooling ဆိုတဲ့ မိဘနဲ့ သားသမီး ရင်အုပ်မကွာ သင်ကြားတဲ့ ပညာရေး စနစ်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၉ ရာစုနဲ့ ၂၀ ရာစုနှစ်တွေမှာ အင်္ဂလန် အပါအဝင် အနောက်နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ ပညာသင်စနစ်တစ်ခုပါပဲ။

အဓိက ဇစ်မြစ်ကတော့ အရှေ့တောင်အာရှ အထူးသဖြင့် အိန္ဒိယကနေ စတင်ခဲ့တာလို့လည်း ပညာရေး ဝဘ်ဆိုက်တစ်ချို့မှာ ဆိုပါတယ်။

သားသမီးတွေကို အစိုးရ စာသင်ကျောင်းဖြစ်ဖြစ် ပုဂ္ဂလိက စာသင်ကျောင်းပဲ ဖြစ်ဖြစ် မလွှတ်ဘဲ ကိုယ့်ဘာသာ မိသားစုတွင်းမှာ သင်ကြားတဲ့ Homeschooling စစ်စစ် တွေရှိသလို အစိုးရကျောင်းဖြစ်စေ ဘုန်းတော်ကြီးသင် ပညာရေး စနစ်မှာ ဖြစ်စေ တစိတ်တဒေသ ပါဝင် သင်ကြားစေရင်း အိမ်က မိဘကလည်း သားသမီးနဲ့ ရင်အုပ်မကွာ သင်ကြားပေးတာတွေလည်း ရှိပါတယ်။

မေမေ့ကျောင်းတစ်ခုရဲ့ ဇာတ်လမ်း

မြန်မာပြည်မှာတော့ ဒီစနစ်ကို စိတ်ဝင်စားလို့ စတင်ချင်တဲ့ မိဘတွေရှိသလို ကိုယ်တိုင် ကျင့်သုံးနေတဲ့ မိသားစု တချို့လည်း ရှိနေပါတယ်။

၇ နှစ်အရွယ် သမီးဖြစ်သူကို ဘယ်အစိုးရ ဘယ်ပုဂ္ဂလိက ကျောင်းကိုမှ မထားတော့ဘဲ ကိုယ့်ဘာသာ နိုင်ငံတကာ Home schooling သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားနေတဲ့ ကလေးငယ်ရွယ်စဉ် ညာဘက်ဦးနှောက် ဖွံ့ဖြိုးမှုကို လေ့ကျင့်ပေးတဲ့ Tickle Right Myanmar ပညာရေးအဖွဲ့က ဖျောက်က သမီးအတွက် ဒီလို Home schooling ကို စလုပ်စဉ်က လူသိမခံခဲ့ဘူးလို့ ဆိုပါတယ်။

"သူက ဒီဟာသင်မယ် ၊ ဒီလို လုပ်မယ် ဒီတိုင်းငြိမ်နေရမယ် အဲလို သတ်မှတ်ချက်တွေကြားထဲမှာ ပုံစံကို ဖျောက်ကိုယ်တိုင်လည်း မနေနိုင်သလို ကိုယ့်သားသမီးကိုလည်း ကိုယ့်စံနှုန်းအတိုင်း လုပ်ဖြစ်သွားပြီး အစိုးရကျောင်းလည်း မလွှတ်နိုင်ဘူး။

အင်တာနေရှင်နယ်လို မြန်မာစာကော အင်္ဂလိပ်စာကော သင်ရိုးနှစ်ခု သင်မယ်ဆိုတာကိုလည်း တကယ်သဘောမကျဘူး ။

အဓိကကတော့ ဘတ်ဂျက်ကြောင့်ပဲ။ ကျောင်းမထားတော့ဘူး Home schooling လုပ်မယ် ဆို ဆုံးဖြတ်ဖြစ်သွားတယ်" လို့ဆိုပါတယ်။

ကိုယ်လိုချင်တဲ့ လွတ်လပ်တဲ့ ပညာရေးစနစ်ကို ကိုယ့်ဘာသာ အိမ်တွင်းပညာရေးစနစ် ထူထောင်ပြီး ဖျောက်တို့လို သင်ကြားပေးတဲ့ မိသားစုတွေက မြန်မာပြည်မှာ တော်တော်နည်းနေသေးတယ်လို့ ဆိုပါတယ်။

ဒီအိမ်တွင်းမှာပဲ ပညာသင်တဲ့စနစ် လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကလေးကို ကျောင်းထုတ်လိုက်ချိန်မှာတော့ ပတ်ဝန်းကျင်ရဲ့ ပြောဆို ရိုက်ခတ်မှုတွေ ခံရတယ်လို့ သူက ရင်ဖွင့်ပါတယ်။

ရေရှည် တည်တံ့သော သဘာဝနေထိုင်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလင်းအိမ်အဖွဲ့က ကိုနော်အောင်ကတော့ " မိဘပေါ်မှာ အများကြီးမူတည်တယ် မိဘက Challenge ယူနိုင်မှ ရမယ်။

ကိုယ့်ကလေးတွေရဲ့ အရေးအရာကိစ္စ စိတ်ဝင်စားတဲ့ မိဘဖြစ်ဖို့ပါပဲ " လို့ ပြောပါတယ်။

အိမ်တွင်းကျောင်းအတွက် စိန်ခေါ်မှု

" ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ Network မရှိတာ။ နဂိုကျောင်းအတူတူ တက်နေတဲ့ မိဘတွေက မခေါ်တော့ဘူး။

ကလေးအချင်းချင်းလည်း နင်က ကျူရှင်ပဲ လုပ်မှာလား ဆိုတာမျိုး ပြောတာ အစပိုင်းမယ် ကြုံရတယ် " လို့ ဖျောက်က ဆိုပါတယ်။

အခု ကိုဗစ်ကာလမှာ ဒီ Home schooling ကိုလူတွေ အများစု စိတ်ဝင်စားချိန်မှာတော့ သူ့ရဲ့ အတွေ့အကြုံကို စပြီး ဖြန့်ဝေလာပါတယ်။

ကိုနော်အောင်က " ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်သင်ဖို့ အခက်အခဲရှိတယ်။ အင်္ဂလိပ်စာ ငါတော့ မရဘူး၊ သင်္ချာမရဘူးတို့ ဒါတွေက ရှိလေ့ရှိထရှိပါတယ်။

တကယ်တမ်းပြောမယ် ဆိုရင် ကျွန်တော်တို့က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ၊ နှလုံးသားပိုင်းဆိုင်ရာ အဓိကထားသွားတာ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အဆင့်မြင့် နည်းပညာတွေ သုံးလာတဲ့အခါမှာ ကျန်တဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီတို့ ဘာတွေ အားလုံးက အကုန် အွန်လိုင်းက လေ့လာလို့ရတယ်။

ဒါမှမဟုတ်လည်း ကိုယ့်ကလေးက ဘိုင်အို မသင်နိုင်ဘူးဆို ဘိုင်အို သင်နိုင်တဲ့ လူနဲ့ ချိတ်ဆက်ပေးလို့ရတယ်။

Home schooling လက်ရှိလုပ်နေတဲ့ ကိုနော်အောင်ကတော့ ဒီသင်ကြား စနစ်က ကလေးတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်အမြင်၊ စာဖတ်ခြင်း၊ တွေးခြင်းနဲ့ ဘာသာတရား၊ သမိုင်းကြောင်းတွေကို အဓိကထားပြီး မိဘကိုယ်တိုင် ကလေးတွေနဲ့ လေ့လာပြီး သွားတာလို့ပဲ အခုလို သင်ကြားတာကို အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။

အတန်းပညာနဲ့ အိမ်တွင်းကျောင်း

ထိုင်းနိုင်ငံမှာတော့ ထိုင်းပညာရေးဌာနက ဥပဒေပြုပြီး တရားဝင်ခွင့်ပြုထားတဲ့အတွက် ထိုင်းမှာ ဟုမ်းစကူးလုပ်မယ့် မိဘတွေက သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ ပညာရေးမှူးဆီမှာ မှတ်ပုံတင်ပြီး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းနဲ့ မိဘတွေက ကလေးတွေကို သင်ကြားမယ့် သင်ရိုးတွေကို ပြင်ဆင် ညှိနှိုင်း သဘောတူတာ ရှိတယ်လို့ ကိုနော်အောင် က သူ့ထိုင်းမိတ်ဆွေနဲ့ ဆွေးနွေးရင်း သိရတာကို ပြောပြပါတယ်။

သူက " Schooling နဲ့ Education နဲ့ မြန်မာနိုင်ငံမှာ မကွဲတာက အဓိက ပြဿနာ၊

လူတိုင်းကျောင်းတက်ရမယ်ဆိုတာနဲ့ ဝိရောဓိ ဖြစ်လာတော့တာပဲ။

ပညာသင်ကြားမယ် ဆိုတာနဲ့ လူတွေက ကျောင်းတက်မယ်လို့ မြင်လာတော့တယ်" လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိဘ အများစုအတွက် စိန်ခေါ်ချက် နောက်တစ်ခုကတော့ အိမ်တွင်းကျောင်း လုပ်မယ်ဆိုရင် အတန်းပညာရေးအတွက် လက်မှတ်မရမှာကို စိတ်ပူနေတဲ့ အချက်ပါပဲ။

ဒါပေမယ့် တကယ်တမ်း ဟုမ်းစကူး လုပ်နေသူတွေကတော့ အတန်းပညာရေးထက် ကလေးတွေရဲ့ စိတ်ခံစားချက်နဲ့ ကလေးတွေရဲ့ ပင်ကိုယ်စွမ်းရည်ကို ဖော်ထုတ်ပေးဖို့ပဲ အားသန်နေကြပါတယ်။

ဒီအတွက် သမီးဖြစ်သူ ရှေ့ရေးနဲ့ ပတ်သက်လို့ ဖျောက်ကတော့ အထက်တန်း ပညာရေးအဆင့်ကို ဖြတ်ကျော်ပြီးပြီ ဆိုရင်တော့ နိုင်ငံတကာ ပညာရေးစနစ်ကို သွားဖို့ ရည်သန်ထားတယ်လို့ ဆိုပါတယ်။

သူက " သူတချိန် တက္ကသိုလ်တက်ရင်တော့ အမေရိကားက မိတ်ဆွေဆွေမျိုးတွေကို ခေါ်ပေးမလားဆို ပြောထားတာတော့ရှိတယ်။

သွားလို့ရတဲ့လမ်းကြောင်းတွေ ရှိတာကို ဖတ်ထားတယ်။ ဒါပေမယ့် အဲဒါကို အရမ်းသွားတွေးပြီး သူတို့သတ်မှတ်ချက်တွေ ဖတ်လိုက်တဲ့ မှတ်လိုက်တဲ့အခါ အားလျော့သွားမှာလည်း စိုးတယ် " လို့ဆိုပါတယ်။

မြန်မာပြည်မှာ ဟုမ်းစကူး လုပ်နေတဲ့ မိဘတချို့ကတော့ လက်ရှိမှာ အတန်းပညာ တခုခုအတွက် အစိုးရကျောင်း ဖြစ်စေ ဘက ကျောင်းတွေမှာဖြစ်စေ တဝက် ထားရင်း အိမ်မှာ သင်ကြားနေတာ ရှိသလို ကလေးကို လုံး၀ မိမိတို့ အိမ်မှာပဲ ထားကာ အွန်လိုင်း သင်ရိုးတွေနဲ့ သင်ကြားနေသူတွေလည်း ရှိပါတယ်။

Homeschooling စနစ်သုံးချင်တဲ့ မိဘ အများစု ပြောနေတာကတော့ ဟုမ်းစကူးကို အစိုးရ ပညာရေးဝန်ကြီးဌာနက လက်ခံ အသိအမှတ်ပြု၊ ဥပဒေ ထဲ ထည့်သွင်းပြီး နိုင်ငံတကာကလို မိဘတွေကို အကူအညီပေးဖို့ လိုတယ်လို့ပဲ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52545322
Homeschooling - အိမ္တြင္းေက်ာင္းတို႔ ေပၚၿပီလား Homeschooling - အိမ္တြင္းေက်ာင္းတို႔ ေပၚၿပီလား Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.