ကိုဗစ္လူနာေတြအတြက္ေဆး အိႏၵိယနဲ႔ ပါကစၥတန္ ထုတ္မယ္

ရမ္ဒက္စ္ဆီဗီယာ Remdesivir ေဆး
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ လူနာေတြ ေရာဂါ ျပန္သက္သာခ်ိန္ ျမန္ဆန္ေစတဲ့ေဆး ရမ္ဒက္စ္ဆီဗီယာ Remdesivir ကို ထုတ္လုပ္ဖို႔ အေမရိကန္ေဆးကုမၸဏီႀကီးတစ္ခုနဲ႔ အိႏၵိယနဲ႔ ပါကစၥတန္ ကုမၸဏီေတြ သေဘာတူ စာခ်ဳပ္ ခ်ဳပ္ခဲ့ပါတယ္။

အေမရိကန္ေဆးကုမၸဏီႀကီး Gilead ဂိလိယတ္ နဲ႔ အိႏၵိယနဲ႔ ပါကစၥတန္ ကုမၸဏီ ငါးခုတို႔က ျမန္မာအပါအဝင္ ဝင္ေငြနည္းပါးတဲ့ႏိုင္ငံေတြနဲ႔ ႏိုင္ငံ ၁၂၇ ခု အတြက္ ေဆးေတြ ထုတ္လုပ္ျဖန္႔ခ်ိဖို႔ သေဘာတူခဲ့ၾကတယ္လို႔ ဂိလိယတ္က ဒီသီတင္းပတ္ထဲမွာ ေၾကညာခဲ့တာပါ။

ဒီေဆးေတြ ျဖန္႔ခ်ိႏိုင္မယ့္ ႏိုင္ငံေတြကိုလည္း ဂိလိယတ္က ေၾကညာထားပါတယ္။

ဒီေဆးက ကိုဗစ္လူနာေတြကို ေရာဂါ ျပန္သက္သာခ်ိန္ ပိုျမန္ေစတာကို ႏိုင္ငံတကာက ေဆး႐ုံေတြမွာ စမ္းသပ္မႈအရ ေတြ႕ရပါတယ္။

ဒီေဆးမသုံးသူေတြက ၁၅ ရက္မွာ ျပန္သက္သာတာကို ေတြ႕ရၿပီး ဒီေဆးနဲ႔ဆိုရင္ ၁၁ ရက္ ၾကာတာကို စမ္းသပ္မႈေတြမွာ ေတြ႕ခဲ့ရပါတယ္။

တကယ္ေတာ့ ဒီ ဗိုင္းရပ္စ္ကုသေဆးကို အီဘိုလာေရာဂါကို ကုသဖို႔အတြက္ ထုတ္လုပ္ထားခဲ့တာပါ။

ဒီေဆးက ကိုယ္ထဲက ဆဲလ္ေတြမွာ ဗိုင္းရပ္စ္ ပြားေအာင္လုပ္ႏိုင္တဲ့ အင္ဇိုင္းကို တားေပးပါတယ္။

အေမရိကန္ ကုမၸဏီနဲ႔ သေဘာတူညီခ်က္အရ Cipla၊ Ferozsons၊ Hetero ၊ Jubilant Lifesciences နဲ Mylan ကုမၸဏီတို႔ကို ေဆးထုတ္လုပ္ဖို႔ လိုအပ္တဲ့ နည္းပညာ အခ်က္အလက္ေတြ လႊဲေျပာင္းေပးမွာ ျဖစ္ပါတယ္။

အခုအခ်ိန္မွာ ေဆးကို ဘယ္ေလာက္နဲ႔ေရာင္းမယ္၊ ဘယ္အခ်ိန္ စထုတ္မယ္ဆိုတာေတြ ေျပာဖို႔ ေစာလြန္းေသးတယ္လို႔ ဟိုက္ဒရာဘတ္ အေျခစိုက္ ပုဂၢလိကပိုင္ Hetero Labs က အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာက ေျပာပါတယ္။

ဇြန္လေလာက္က်ရင္ အေျခအေနေတြကို ရွင္းရွင္းလင္းလင္း သိလာမွာပါလို႔ သူက ေျပာပါတယ္။

အေမရိကန္ ေဒၚလာ တစ္ဘီလ်ံနဲ႔ လည္ပတ္ေနတဲ့ ဒီေဆးကုမၸဏီဟာ အိတ္ခ်္အိုင္ဗီေဆး ထုတ္တဲ့ ကမာၻ႔အႀကီးဆုံး ကုမၸဏီတစ္ခုလည္း ျဖစ္ၿပီး လူနာ ငါးသန္းေလာက္အတြက္ ေဆးေတြ ထုတ္ေနတာပါ။

ေဆးဝါးအမ်ိဳးအစား ၃၀၀ ေလာက္ကို ကမာၻအႏွံ႔ျဖန္႔ေနတဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။

အိႏၵိယေဆးသုေတသနေကာင္စီက အႀကီးတန္းပညာရွင္တစ္ေယာက္ကေတာ့ အိႏၵိယ ကုမၸဏီေတြက ေဆးထုတ္ႏိုင္ၿပီဆိုရင္ ႏိုင္ငံထဲမွာ ဒီေဆးသုံးတဲ့ကိစၥ စဥ္းစားမယ္လို႔ ေျပာပါတယ္။

"အေစာပိုင္း အခ်က္အလက္ေတြအရ ဒီေဆးက ထိေရာက္တယ္ဆိုတာေတာ့ ေတြ႕ရတယ္။ ဒါေပမယ့္ ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO ကလုပ္ေနတဲ့ စမ္းသပ္မႈ ေနာက္ထပ္အဆင့္ေတြနဲ႔ တျခားကုမၸဏီေတြက ေရာ လုပ္ႏိုင္ဦးမလားဆိုတာ ၾကည့္ဦးမယ္"လို႔ သူက ေျပာပါတယ္။

ဒီေဆးကို လူနာေတြနဲ႔ စမ္းသပ္တာကို ဓာတ္မတည့္မႈနဲ႔ ကူးစက္ေရာဂါ ဆိုင္ရာ အေမရိကန္ အမ်ိဳးသား သိပၸံ NIAID က လူ ၁၀၆၃ ဦးမွာ လုပ္ခဲ့တာပါ။

ဒီေဆးက ေရာဂါသက္လာခ်ိန္ ပိုျမန္တာေတြ႕ရေပမဲ့ ေသဆုံးမႈႏႈန္းမွာေတာ့ သိသာတဲ့ အက်ိဳးသက္ေရာက္မႈ မေတြ႕ရပါဘူး။ ဒီေဆးနဲ႔ ကုသခံရသူေတြရဲ႕ ေသဆုံးႏႈန္းက ၈ ရာခိုင္ႏႈန္းရွိၿပီး ဒီေဆးမေပးသူေတြမွာေတာ့ ၁၁ ရာခိုင္ႏႈန္းေက်ာ္ ရွိပါတယ္။

ဒါ့အျပင္ စမ္းသပ္မႈနဲ႔ ပတ္သက္လို႔ ဘယ္လိုလူေတြမွာ ပိုအက်ိဳးရွိတယ္စတဲ့ အခ်က္အလက္ေတြကိုလည္း အေသးစိတ္မထုတ္ျပန္လို႔ မသိရေသးပါဘူးလို႔ ဘီဘီစီ က်န္းမာေရးနဲ႔ သိပၸံသတင္းေထာက္ ဂ်ိမ္းဂယ္ေလဟာက ေျပာပါတယ္။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်လူနာတွေအတွက်ဆေး အိန္ဒိယနဲ့ ပါကစ္စတန် ထုတ်မယ်

ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန်သက်သာချိန် မြန်ဆန်စေတဲ့ဆေး ရမ်ဒက်စ်ဆီဗီယာ Remdesivir ကို ထုတ်လုပ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီးတစ်ခုနဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီတွေ သဘောတူ စာချုပ် ချုပ်ခဲ့ပါတယ်။

အမေရိကန်ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ် နဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ နိုင်ငံ ၁၂၇ ခု အတွက် ဆေးတွေ ထုတ်လုပ်ဖြန့်ချိဖို့ သဘောတူခဲ့ကြတယ်လို့ ဂိလိယတ်က ဒီသီတင်းပတ်ထဲမှာ ကြေညာခဲ့တာပါ။

ဒီဆေးတွေ ဖြန့်ချိနိုင်မယ့် နိုင်ငံတွေကိုလည်း ဂိလိယတ်က ကြေညာထားပါတယ်။

ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။

ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။

ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို တားပေးပါတယ်။

အမေရိကန် ကုမ္ပဏီနဲ့ သဘောတူညီချက်အရ Cipla၊ Ferozsons၊ Hetero ၊ Jubilant Lifesciences နဲ Mylan ကုမ္ပဏီတို့ကို ဆေးထုတ်လုပ်ဖို့ လိုအပ်တဲ့ နည်းပညာ အချက်အလက်တွေ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ ဆေးကို ဘယ်လောက်နဲ့ရောင်းမယ်၊ ဘယ်အချိန် စထုတ်မယ်ဆိုတာတွေ ပြောဖို့ စောလွန်းသေးတယ်လို့ ဟိုက်ဒရာဘတ် အခြေစိုက် ပုဂ္ဂလိကပိုင် Hetero Labs က အုပ်ချုပ်မှု ဒါရိုက်တာက ပြောပါတယ်။

ဇွန်လလောက်ကျရင် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိလာမှာပါလို့ သူက ပြောပါတယ်။

အမေရိကန် ဒေါ်လာ တစ်ဘီလျံနဲ့ လည်ပတ်နေတဲ့ ဒီဆေးကုမ္ပဏီဟာ အိတ်ချ်အိုင်ဗီဆေး ထုတ်တဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုလည်း ဖြစ်ပြီး လူနာ ငါးသန်းလောက်အတွက် ဆေးတွေ ထုတ်နေတာပါ။

ဆေးဝါးအမျိုးအစား ၃၀၀ လောက်ကို ကမ္ဘာအနှံ့ဖြန့်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

အိန္ဒိယဆေးသုတေသနကောင်စီက အကြီးတန်းပညာရှင်တစ်ယောက်ကတော့ အိန္ဒိယ ကုမ္ပဏီတွေက ဆေးထုတ်နိုင်ပြီဆိုရင် နိုင်ငံထဲမှာ ဒီဆေးသုံးတဲ့ကိစ္စ စဉ်းစားမယ်လို့ ပြောပါတယ်။

"အစောပိုင်း အချက်အလက်တွေအရ ဒီဆေးက ထိရောက်တယ်ဆိုတာတော့ တွေ့ရတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကလုပ်နေတဲ့ စမ်းသပ်မှု နောက်ထပ်အဆင့်တွေနဲ့ တခြားကုမ္ပဏီတွေက ရော လုပ်နိုင်ဦးမလားဆိုတာ ကြည့်ဦးမယ်"လို့ သူက ပြောပါတယ်။

ဒီဆေးကို လူနာတွေနဲ့ စမ်းသပ်တာကို ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါ ဆိုင်ရာ အမေရိကန် အမျိုးသား သိပ္ပံ NIAID က လူ ၁၀၆၃ ဦးမှာ လုပ်ခဲ့တာပါ။

ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်းမှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေမှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါ့အပြင် စမ်းသပ်မှုနဲ့ ပတ်သက်လို့ ဘယ်လိုလူတွေမှာ ပိုအကျိုးရှိတယ်စတဲ့ အချက်အလက်တွေကိုလည်း အသေးစိတ်မထုတ်ပြန်လို့ မသိရသေးပါဘူးလို့ ဘီဘီစီ ကျန်းမာရေးနဲ့ သိပ္ပံသတင်းထောက် ဂျိမ်းဂယ်လေဟာက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52663276
ကိုဗစ္လူနာေတြအတြက္ေဆး အိႏၵိယနဲ႔ ပါကစၥတန္ ထုတ္မယ္ ကိုဗစ္လူနာေတြအတြက္ေဆး အိႏၵိယနဲ႔ ပါကစၥတန္ ထုတ္မယ္ Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.