WHO ကား ပစ္ခတ္ခံရမႈ စုံစမ္းေရးေကာ္မရွင္အဖြဲ႕ ကြင္းဆင္းစစ္ေဆး

(Zawgyi)⤵⤵⤵
WHO ကမာၻ႔က်န္းမာေရးအဖြဲ႕က ေမာ္ေတာ္ယာဥ္ ပစ္ခတ္တိုက္ခိုက္ခံရတဲ့ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္ သမၼတ႐ုံးက ဖြဲ႕စည္းေပးထားတဲ့ စုံစမ္းေရးေကာ္မတီအဖြဲ႕ဝင္ေတြဟာ စတင္စစ္ေဆးဖို႔ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို ေရာက္ရွိေနပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ပိုင္ ေမာ္ေတာ္ယာဥ္ ပစ္ခတ္တိုက္ခိုက္ခံရတဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတက ဖြဲ႕စည္းေပးထားတဲ့ စုံစမ္းစစ္ေဆးေရးေကာ္မတီအဖြဲ႕ဟာ ေမလ ၁၃ ရက္ မေန႔က ရခိုင္ျပည္နယ္အစိုးရ၊ ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ေကာ္မတီအဖြဲ႕ဝင္ေတြ ရခိုင္ျပည္နယ္ကို ေရာက္လာတာေၾကာင့္ စုံစမ္းမႈေတြ စတင္ၿပီးလို႔ ေျပာလို႔ရေၾကာင္းနဲ႔ ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ လိုအပ္ရင္ ပူးေပါင္းပါဝင္ဖို႔ ေျပာျဖစ္ခဲ့တယ္လို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

“လက္ရွိရခိုင္ျပည္နယ္ထဲကို ေရာက္ေနၿပီေလ သူတို႔အလုပ္က စၿပီလို႔ ေျပာလို႔ရတယ္။ မေန႔က အစိုးရအဖြဲ႕နဲ႔ ေတြ႕ရွိတယ္။ လႊတ္ေတာ္ဥကၠ႒ကို လာၿပီးေတြ႕ဆုံတာရွိတယ္။ ေျမျပင္က ေတြ႕သင့္တဲ့သူေတြနဲ႔ ေတြ႕ဖို႔ လႊတ္ ေတာ္ဥကၠ႒က သူတို႔ကို အႀကံေပးလိုက္ပါတယ္။ ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ကေတာ့ သူတို႔သိခ်င္ တာရွိရင္ ေျပာဖို႔အဆင္သင့္ပါပဲ”

စုံစမ္းစစ္ေဆးေရးေကာ္မတီအဖြဲ႕ဝင္ ေဒါက္တာေအာင္သူရိန္ကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ ေလာေလာဆယ္ေျဖၾကားဖို႔ အဆင္မေျပေသးတာေၾကာင့္ ေနာက္မွ ျပန္လည္ဆက္သြယ္ဖို႔ ေျပာပါတယ္။

ေကာ္မတီအေနနဲ႔ ေတြ႕ဆုံစစ္ေဆးမယ့္ ေအာက္ေျခက မ်က္ျမင္သက္ေသေတြရဲ႕ ေနာက္ကြယ္က အႏၲရာယ္ေတြကို ကာကြယ္ေပးဖို႔ လိုအပ္တယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ဝင္း က ေျပာပါတယ္။

“သိရသေလာက္ ေတြ႕မယ့္သူေတြက သူတို႔ကို ေၾကာက္ေနတယ္ဗ်။ သူတို႔က အကာအကြယ္ေပးဖို႔ လိုပါတယ္။ ဥပမာ တပ္မေတာ္ကပဲျဖစ္ျဖစ္ AA ကပဲျဖစ္ျဖစ္ ပစ္တာခတ္တာေတြ ႏွစ္ဦးႏွစ္ဖက္ရွိတယ္။ ဘယ္သူကို ဘယ္သူက ပစ္ပါတယ္လို႔ ေျပာရခက္ပါတယ္။ ဒါေပမဲ့ မ်က္ျမင္သက္ေသေတြကေတာ့ရွိပါတယ္။ အဲဒီလူေတြရဲ႕ ေတြ႕ဆုံေျပာ ၾကားမႈအတြက္ ေနာက္ကြယ္ျဖစ္ေပၚလာမယ့္ အႏၲရာယ္ေတြက ကာကြယ္ေပးဖို႔လိုပါတယ္။”

ေအာက္ေျခက လက္ေတြ႕က်တဲ့သူေတြကို စစ္ေဆးဖို႔လိုအပ္သလို စစ္ေဆးၿပီးရင္လည္း အေကာင္အထည္ေဖာ္ဖို႔နဲ႔ အေျဖမွန္ေပၚေအာင္လုပ္ဖို႔လိုေၾကာင္းလည္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ဝင္း က ေျပာပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကေတာ့ ေအေအရဲ႕ပစ္ခတ္မႈေၾကာင့္ ႏိုင္ငံတကာဝန္ထမ္း တစ္ဦး ေသဆုံးခဲ့တာမို႔ ႏိုင္ငံတကာက ေက်နပ္ေအာင္ စုံစမ္းစစ္ေဆးေပးရတာျဖစ္ေၾကာင္းနဲ႔ ေအေအ ပစ္ခတ္တဲ့ လုပ္ရပ္မွန္းရွင္းေနတာကို ပိုရွင္းေအာင္ စုံစမ္းေပးရတာျဖစ္တယ္လို႔  ေမလ ၁ ရက္ေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားတယ္။

ဒီေျပာၾကားခ်က္က ဒီေကာ္မတီရဲ႕ ရပ္တည္ခ်က္ကို အနည္းနဲ႔အမ်ား သက္ေရာက္မႈရွိသြားႏိုင္တယ္လို႔ ညီမွ်ျခင္းျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း က ေျပာပါတယ္။

“သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူက AA ဘက္က က်ဴးလြန္ပါတယ္ဆိုၿပီး စြပ္စြဲထားတယ္။ ႏိုင္ငံတကာဖိအားေၾကာင့္ ဒါေတြဖြဲ႕ၿပီးေတာ့ လုပ္ေဆာင္တယ္ဆိုတဲ့ ေျပာၾကားခ်က္က ဒီေကာ္မတီရဲ႕ရပ္တည္ခ်က္ကို အနည္းနဲ႔အမ်ား သက္ေရာက္မႈရွိသြားႏိုင္ပါတယ္။ ေနာက္တစ္ခုက AA က်ဴးလြန္ပါတယ္ဆိုၿပီး ဒါကို သက္ေသအေထာက္ အထားျပဖို႔အတြက္ပဲ ဦးတည္သလို ျဖစ္ၿပီးေတာ့ ျဖစ္ႏိုင္ေလာက္တဲ့ ေျမျပင္အေျခအေနအေပၚမူတည္ၿပီး ဘယ္သူတာဝန္ရွိလဲဆိုတာ စုံစမ္းစစ္ေဆးဖို႔အတြက္ ကန႔္သတ္မႈျဖစ္သြားႏိုင္တာ ဒါက ပထမဆုံးအားနည္း ခ်က္ျဖစ္ပါတယ္။”

ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေကာ္မတီတစ္ရပ္နဲ႔ စုံစမ္းစစ္ေဆးဖို႔ ျပည္တြင္းက လူမႈအဖြဲ႕ အစည္းေပါင္း ၂၉၀ က ဧၿပီလ ၂၃ ရက္ေန႔က ထုတ္ျပန္ေတာင္းဆိုထားပါတယ္။

ေတာင္းဆိုတဲ့အထဲမွာပါဝင္တဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕ အတြင္းေရးမႉး ဦးေဇာ္ေဇာ္ ထြန္းကေတာ့ ေကာ္မတီအေနနဲ႔ ဒီကိစၥမွာပါဝင္ပတ္သက္ေနတဲ့ ႏွစ္ဖက္တပ္ေတြနဲ႔ ေတြ႕ဆုံႏိုင္တဲ့ အခြင့္အေရး ရွိမရွိမသိရသလို အဲဒီအခြင့္အေရးမရွိရင္ေတာ့ ဘာမွထူးလာမယ့္အေျခအေနမရွိဘူးလို႔ ေျပာပါတယ္။

“သူတို႔အေနနဲ႔ ေအာက္ေျခကိုဆင္းၿပီးမွ ျဖစ္ပ်က္ခဲ့တဲ့ေနရာက သက္ဆိုင္ရာ ပါဝင္ပတ္သက္သူေတြ အနီးအနား မွာ ရွိတဲ့သူေတြကို သြားေတြ႕ၿပီး တိတိက်က်ေဖာ္ထုတ္ႏိုင္မယ့္ အေျခအေနရွိမွရမယ္။ ဒီလို လႊတ္ေတာ္ေတြနဲ႔ ေတြ႕လိုက္ အစိုးရနဲ႔ေတြ႕လိုက္ ဒါမ်ိဳးေတြကေတာ့ အေပၚယံလုပ္ေနတာလို႔ ကြၽန္ေတာ္တို႔ သုံးသပ္တယ္။ ပါဝင္တဲ့ႏွစ္ဖက္တပ္ေတြနဲ႔ ေတြ႕ဆုံႏိုင္တဲ့ အေျခအေနမ်ိဳးရွိသလား။ သူတို႔မွာ အဲဒီလို အခြင့္အေရးရွိသလား ဒါမ်ိဳးမပါရင္ေတာ့ ဘာမွ ထူးလာမယ့္ အေျခအေနမရွိဘူးလို႔ထင္တယ္။”

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ကားကို ပစ္ခတ္တိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရရဲ႕ စုံစမ္းစစ္ေဆးမႈကို AA အဖြဲ႕က ပူးေပါင္းေဆာင္႐ြက္မွာ မဟုတ္ေၾကာင္း၊ အမႈမွန္ေပၚေပါက္ေစခ်င္ရင္ ႏိုင္ငံတကာက လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕နဲ႔ လုပ္မွျဖစ္မွာျဖစ္ေၾကာင္းနဲ႔ ဒီလိုအဖြဲ႕မ်ိဳးက စုံစမ္းတဲ့စစ္ေဆးတာမ်ိဳးကိုပဲ ရခိုင့္တပ္ေတာ္ AA ဘက္က ပူးေပါင္းေဆာင္႐ြက္ႏိုင္မယ္လို႔ ေျပာခြင့္ရပုဂၢိဳလ္ ခိုင္သုခ က ေမလ ၁ ရက္ေန႔က RFA ကို ေျပာၾကား ထားပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကေတာ့ သမၼတဖြဲ႕ေပး ထားတဲ့ေကာ္မတီျဖစ္လို႔ လိုက္နာေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေကာ္မတီရဲ႕ ကြင္းဆင္းလုပ္ေဆာင္ခ်က္ေတြကို ကူညီေပးသြားမွာျဖစ္လို စစ္ေဆးေတြ႕ရွိခ်က္ရလဒ္ေတြကလည္း သမာသမတ္က်တဲ့ရလဒ္ ထြက္ေပၚလာလိမ့္မယ္ RFA ကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလ ၂၀ ရက္ေန႔က ရခိုင္ျပည္နယ္က ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ ေစာင့္ၾကည့္ခံရသူေတြရဲ႕ တို႔ဖတ္ နမူနာေတြကို ဓာတ္ခြဲစစ္ေဆးဖို႔ WHO ဝန္ထမ္းဦးျပည့္စုံဝင္းေမာင္နဲ႔ အစိုးရက်န္းမာေရး ဝန္ထမ္း ဦးေအာင္မ်ိဳးဦး တို႔ ေမာ္ေတာ္ကားနဲ႔ ရန္ကုန္ကိုသြားရာမွာ မင္းျပားၿမိဳ႕နယ္ ရာေမာင္ဇက္ဆိပ္အနီးမွာ ပစ္ခတ္ခံခဲ့ရတာပါ။

WHO ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္ ကေတာ့ အဲဒီေန႔ညမွာပဲ ဒဏ္ရာေတြနဲ႔ မင္းျပားေဆး႐ုံမွာ ကြယ္လြန္သြားၿပီး က်န္းမာေရးဝန္ထမ္း ဦးေအာင္မ်ိဳးဦးကေတာ့ ေဆးကုသမႈခံယူခဲ့ရပါတယ္။

WHO ဝန္ထမ္းေသဆုံးရတဲ့ကိစၥအေပၚ ကန႔္ကြက္ရႈတ္ခ်ေၾကာင္းနဲ႔ စုံစမ္းမႈေတြလုပ္ဖို႔ ကုလသမဂၢနဲ႔ ႏိုင္ငံတကာကအစိုးရကို တိုက္တြန္းထားပါတယ္။

ဧၿပီလ ၂၈ ရက္ေန႔ ႏိုင္ငံေတာ္သမၼတ႐ုံးကဖြဲ႕စည္းခဲ့တဲ့ ဒီေကာ္မတီမွာ ျပည္သူ႔လႊတ္ေတာ္ ႏိုင္ငံသားမ်ားရဲ႕ မူလအခြင့္အေရးဆိုင္ရာ ေကာ္မတီဥကၠ႒ ဦးေစာက ဥကၠ႒အျဖစ္ တာဝန္ယူထားၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးရဲ႕ တြဲဘက္တာဝန္ကိုယူထားတဲ့ ဗိုလ္မႉးႀကီး ထိန္လင္းကေတာ့ အတြင္းေရးမႉးအျဖစ္ တာဝန္ယူထားပါတယ္။

အဖြဲ႕ဝင္ေတြကေတာ့ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာေအာင္သူရိန္နဲ႔ ကုလသမဂၢ အႀကီးတန္းအႀကံေပး အၿငိမ္းစား ေဒါက္တာစုစုသာထြန္းတို႔ ျဖစ္ပါတယ္။

ေက်ာ္လြင္ဦး၊ ေနမ်ိဳးထြန္း / RFA Burmese
--------------------------------------------

(Unicode)⤵⤵⤵
WHO ကား ပစ်ခတ်ခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ကွင်းဆင်းစစ်ဆေး

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေဟာ စတင်စစ်ဆေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဟာ မေလ ၁၃ ရက် မနေ့က ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကော်မတီအဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်ကို ရောက်လာတာကြောင့် စုံစမ်းမှုတွေ စတင်ပြီးလို့ ပြောလို့ရကြောင်းနဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လိုအပ်ရင် ပူးပေါင်းပါဝင်ဖို့ ပြောဖြစ်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

“လက်ရှိရခိုင်ပြည်နယ်ထဲကို ရောက်နေပြီလေ သူတို့အလုပ်က စပြီလို့ ပြောလို့ရတယ်။ မနေ့က အစိုးရအဖွဲ့နဲ့ တွေ့ရှိတယ်။ လွှတ်တော်ဥက္ကဋ္ဌကို လာပြီးတွေ့ဆုံတာရှိတယ်။ မြေပြင်က တွေ့သင့်တဲ့သူတွေနဲ့ တွေ့ဖို့ လွှတ် တော်ဥက္ကဋ္ဌက သူတို့ကို အကြံပေးလိုက်ပါတယ်။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကတော့ သူတို့သိချင် တာရှိရင် ပြောဖို့အဆင်သင့်ပါပဲ”

စုံစမ်းစစ်ဆေးရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်သူရိန်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လောလောဆယ်ဖြေကြားဖို့ အဆင်မပြေသေးတာကြောင့် နောက်မှ ပြန်လည်ဆက်သွယ်ဖို့ ပြောပါတယ်။

ကော်မတီအနေနဲ့ တွေ့ဆုံစစ်ဆေးမယ့် အောက်ခြေက မျက်မြင်သက်သေတွေရဲ့ နောက်ကွယ်က အန္တရာယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။

“သိရသလောက် တွေ့မယ့်သူတွေက သူတို့ကို ကြောက်နေတယ်ဗျ။ သူတို့က အကာအကွယ်ပေးဖို့ လိုပါတယ်။ ဥပမာ တပ်မတော်ကပဲဖြစ်ဖြစ် AA ကပဲဖြစ်ဖြစ် ပစ်တာခတ်တာတွေ နှစ်ဦးနှစ်ဖက်ရှိတယ်။ ဘယ်သူကို ဘယ်သူက ပစ်ပါတယ်လို့ ပြောရခက်ပါတယ်။ ဒါပေမဲ့ မျက်မြင်သက်သေတွေကတော့ရှိပါတယ်။ အဲဒီလူတွေရဲ့ တွေ့ဆုံပြော ကြားမှုအတွက် နောက်ကွယ်ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေက ကာကွယ်ပေးဖို့လိုပါတယ်။”

အောက်ခြေက လက်တွေ့ကျတဲ့သူတွေကို စစ်ဆေးဖို့လိုအပ်သလို စစ်ဆေးပြီးရင်လည်း အကောင်အထည်ဖော်ဖို့နဲ့ အဖြေမှန်ပေါ်အောင်လုပ်ဖို့လိုကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကတော့ အေအေရဲ့ပစ်ခတ်မှုကြောင့် နိုင်ငံတကာဝန်ထမ်း တစ်ဦး သေဆုံးခဲ့တာမို့ နိုင်ငံတကာက ကျေနပ်အောင် စုံစမ်းစစ်ဆေးပေးရတာဖြစ်ကြောင်းနဲ့ အေအေ ပစ်ခတ်တဲ့ လုပ်ရပ်မှန်းရှင်းနေတာကို ပိုရှင်းအောင် စုံစမ်းပေးရတာဖြစ်တယ်လို့  မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတယ်။

ဒီပြောကြားချက်က ဒီကော်မတီရဲ့ ရပ်တည်ချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားနိုင်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

“သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက AA ဘက်က ကျူးလွန်ပါတယ်ဆိုပြီး စွပ်စွဲထားတယ်။ နိုင်ငံတကာဖိအားကြောင့် ဒါတွေဖွဲ့ပြီးတော့ လုပ်ဆောင်တယ်ဆိုတဲ့ ပြောကြားချက်က ဒီကော်မတီရဲ့ရပ်တည်ချက်ကို အနည်းနဲ့အများ သက်ရောက်မှုရှိသွားနိုင်ပါတယ်။ နောက်တစ်ခုက AA ကျူးလွန်ပါတယ်ဆိုပြီး ဒါကို သက်သေအထောက် အထားပြဖို့အတွက်ပဲ ဦးတည်သလို ဖြစ်ပြီးတော့ ဖြစ်နိုင်လောက်တဲ့ မြေပြင်အခြေအနေအပေါ်မူတည်ပြီး ဘယ်သူတာဝန်ရှိလဲဆိုတာ စုံစမ်းစစ်ဆေးဖို့အတွက် ကန့်သတ်မှုဖြစ်သွားနိုင်တာ ဒါက ပထမဆုံးအားနည်း ချက်ဖြစ်ပါတယ်။”

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ကော်မတီတစ်ရပ်နဲ့ စုံစမ်းစစ်ဆေးဖို့ ပြည်တွင်းက လူမှုအဖွဲ့ အစည်းပေါင်း ၂၉၀ က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။

တောင်းဆိုတဲ့အထဲမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော် ထွန်းကတော့ ကော်မတီအနေနဲ့ ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့ နှစ်ဖက်တပ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ အခွင့်အရေး ရှိမရှိမသိရသလို အဲဒီအခွင့်အရေးမရှိရင်တော့ ဘာမှထူးလာမယ့်အခြေအနေမရှိဘူးလို့ ပြောပါတယ်။

“သူတို့အနေနဲ့ အောက်ခြေကိုဆင်းပြီးမှ ဖြစ်ပျက်ခဲ့တဲ့နေရာက သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေ အနီးအနား မှာ ရှိတဲ့သူတွေကို သွားတွေ့ပြီး တိတိကျကျဖော်ထုတ်နိုင်မယ့် အခြေအနေရှိမှရမယ်။ ဒီလို လွှတ်တော်တွေနဲ့ တွေ့လိုက် အစိုးရနဲ့တွေ့လိုက် ဒါမျိုးတွေကတော့ အပေါ်ယံလုပ်နေတာလို့ ကျွန်တော်တို့ သုံးသပ်တယ်။ ပါဝင်တဲ့နှစ်ဖက်တပ်တွေနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေမျိုးရှိသလား။ သူတို့မှာ အဲဒီလို အခွင့်အရေးရှိသလား ဒါမျိုးမပါရင်တော့ ဘာမှ ထူးလာမယ့် အခြေအနေမရှိဘူးလို့ထင်တယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကားကို ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုကို AA အဖွဲ့က ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း၊ အမှုမှန်ပေါ်ပေါက်စေချင်ရင် နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ လုပ်မှဖြစ်မှာဖြစ်ကြောင်းနဲ့ ဒီလိုအဖွဲ့မျိုးက စုံစမ်းတဲ့စစ်ဆေးတာမျိုးကိုပဲ ရခိုင့်တပ်တော် AA ဘက်က ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ က မေလ ၁ ရက်နေ့က RFA ကို ပြောကြား ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ သမ္မတဖွဲ့ပေး ထားတဲ့ကော်မတီဖြစ်လို့ လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး ကော်မတီရဲ့ ကွင်းဆင်းလုပ်ဆောင်ချက်တွေကို ကူညီပေးသွားမှာဖြစ်လို စစ်ဆေးတွေ့ရှိချက်ရလဒ်တွေကလည်း သမာသမတ်ကျတဲ့ရလဒ် ထွက်ပေါ်လာလိမ့်မယ် RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်းဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကိုသွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရတာပါ။

WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် ကတော့ အဲဒီနေ့ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်သွားပြီး ကျန်းမာရေးဝန်ထမ်း ဦးအောင်မျိုးဦးကတော့ ဆေးကုသမှုခံယူခဲ့ရပါတယ်။

WHO ဝန်ထမ်းသေဆုံးရတဲ့ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စုံစမ်းမှုတွေလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကအစိုးရကို တိုက်တွန်းထားပါတယ်။

ဧပြီလ ၂၈ ရက်နေ့ နိုင်ငံတော်သမ္မတရုံးကဖွဲ့စည်းခဲ့တဲ့ ဒီကော်မတီမှာ ပြည်သူ့လွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်သမ္မတရုံးရဲ့ တွဲဘက်တာဝန်ကိုယူထားတဲ့ ဗိုလ်မှူးကြီး ထိန်လင်းကတော့ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။

အဖွဲ့ဝင်တွေကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်နဲ့ ကုလသမဂ္ဂ အကြီးတန်းအကြံပေး အငြိမ်းစား ဒေါက်တာစုစုသာထွန်းတို့ ဖြစ်ပါတယ်။

ကျော်လွင်ဦး၊ နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/program_2/who-car-attack-investigate-05142020054424.html
WHO ကား ပစ္ခတ္ခံရမႈ စုံစမ္းေရးေကာ္မရွင္အဖြဲ႕ ကြင္းဆင္းစစ္ေဆး WHO ကား ပစ္ခတ္ခံရမႈ စုံစမ္းေရးေကာ္မရွင္အဖြဲ႕ ကြင္းဆင္းစစ္ေဆး Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.