ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသတြင္ ေ႐ႊက်င္ရန္ တူးေဖာ္ေနျခင္းအား တားျမစ္ခဲ့ရ ၊ လုံၿခဳံေရးအရ ဆက္လက္ေစာင့္ၾကည့္လ်က္ရွိ

ပုဂံယဥ္ေက်းမႈေဒသအားေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ေမ ၁၄ ရက္ (ဆင္ဟြာ)

    ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသတြင္ ေ႐ႊက်င္ရန္ တူးေဖာ္ေနျခင္းကို တားျမစ္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ လက္ရွိတြင္လည္း ပုဂံယဥ္ေက်းမႈေဒသ၏ လုံၿခဳံေရး ကိုဆက္လက္ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သာသနာေရး ႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသန ႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုကိုႏိုင္က ဆင္ဟြာသို႔  ယေန႔ ေမ ၁၄ ရက္ တြင္ ေျပာၾကားခဲ့သည္။

၎က “ေ႐ႊရွာေဖြသူကို ေနာင္မလုပ္ဖို႔ ခံဝန္လက္မွတ္ထိုးခိုင္းထားပါတယ္။ အရင္က ေ႐ႊတူးေဖာ္ထားတဲ့ ေျမစာပုံ ေတြ မွာ ေ႐ႊျပန္ရွာေနၾကတာပါ။ ပုဂံယဥ္ေက်းမႈေဒသရဲ႕ လုံၿခဳံေရးအတြက္ ရဲ၊ ဌာနဆိုင္ရာ လုံၿခဳံေရး အဖြဲ႕ေတြ၊ ရပ္႐ြာ ျပည္သူလူထုနဲ႔ ေပါင္းၿပီး ေဆာင္႐ြက္ေနပါတယ္”  ဟုေျပာသည္။

COVID-19 ေရာဂါ ေၾကာင့္ လုပ္ငန္းခြင္မ်ားရပ္နားထားသည့္ ကာလတြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္းဦးၿမိဳ႕နယ္၊ ျမင္းကပါေက်း႐ြာ အပိုင္ ေတာင္ဘီေက်း႐ြာ အနီး ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသအတြင္း ေဒသခံအင္အား (၂၀) ဦးခန႔္သည္ ေရွးေဟာင္း ပစၥည္းျဖစ္ေသာ ပုတီးေစ့ မ်ား တူးေဖာ္ရွာေဖြေနေၾကာင္း သတင္းအရ ေမ၇ရက္တြင္  ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ ပုဂံဌာနခြဲမွ တာဝန္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာ တာဝန္ရွိသူတို႔ ပူးေပါင္း၍ ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း သိရသည္။

 ထိုသို႔စစ္ေဆးစဥ္ တူးေဖာ္ေနသူ (၁၀)ဦးအားေတြ႕ရွိခဲ့ရေၾကာင္း ၊  ၎တို႔ႏွင့္ အတူ ေ႐ႊတူးေဖာ္ရာတြင္ အသုံးျပဳသည့္ ဇကာမ်ားႏွင့္ပစၥည္းမ်ား ပါဝင္ေၾကာင္း ႏွင့္  သိမ္းဆည္းရမိသည့္ ပစၥည္းမ်ားထဲတြင္ ေရွးေဟာင္း ပုတီးေစ့မ်ား ပါဝင္ျခင္းမရွိေၾကာင္း သိရသည္။

အလားတူ ျမင္းကပါေက်း႐ြာအနီး ေ႐ႊဥမင္ဘုန္းႀကီးေက်ာင္း ေဘးတြင္ ေရွးေဟာင္းပစၥည္း မ်ားတူးေဖာ္ေနေၾကာင္း သတင္းရရွိမႈအရ ေမ၁၀ရက္၊ ဝရး၄၅ နာရီအခ်ိန္တြင္ ေရွးေဟာင္းသုေတသန ႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ ပုဂံဌာနခြဲမွတာဝန္ရွိသူမ်ားႏွင့္ သက္ဆိုင္ရာအစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ား ပူးေပါင္း၍ ကြင္းဆင္းစစ္ေဆးခဲ့ရာ တူးေဖာ္ေနသူ (၄)ဦးခန႔္ကို ေတြ႕ရွိရၿပီး ၎တို႔အသုံးျပဳသည့္ ပစၥည္းကိရိယာမ်ားကို ယူေဆာင္ထြက္ေျပး ခဲ့သျဖင့္ ဆက္လက္ၾကည့္ရႈစစ္ေဆးရာ ေျမက်င္းအနက္ (၃ ေပ / ၄ ေပ)ခန႔္၊ အခ်င္း (၄)ေပပတ္လည္ခန႔္ရွိေသာ ေျမက်င္းမ်ားႏွင့္ တူးေဖာ္ရာတြင္အသုံးျပဳ သည့္ သံတူ႐ြင္း(၁)ေခ်ာင္း၊ ေျမေကာ္ေဂၚျပား (၂)ေခ်ာင္း၊ တူး႐ြင္းငန္းျပား(၁)ေခ်ာင္း၊ ေျမသယ္ယူသည့္ ဆာလာအိတ္ မ်ား၊ ေျမေကာ္ယူသည့္ စတီးသတၳဳခြက္မ်ား၊ ေျမဇကာခ်သည့္ ဇကာ(၅)ခုတို႔ကို ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါေနရာမ်ားသည္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ အတြင္းရွိ ယဥ္ေက်းမႈအေမြအႏွစ္ မ်ားတည္ရွိရာေဒသ(ယခင္ MZ) ဧရိယာတြင္ က်ေရာက္လ်က္ရွိေၾကာင္း သိရသည္။

 (Xinhua)
--------------------------------------
(Unicode)⤵⤵⤵
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရွှေကျင်ရန် တူးဖော်နေခြင်းအား တားမြစ်ခဲ့ရ ၊ လုံခြုံရေးအရ ဆက်လက်စောင့်ကြည့်လျက်ရှိ

    ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

    ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ရွှေကျင်ရန် တူးဖော်နေခြင်းကို တားမြစ်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း ပုဂံယဉ်ကျေးမှုဒေသ၏ လုံခြုံရေး ကိုဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ဆင်ဟွာသို့  ယနေ့ မေ ၁၄ ရက် တွင် ပြောကြားခဲ့သည်။

၎င်းက “ရွှေရှာဖွေသူကို နောင်မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းထားပါတယ်။ အရင်က ရွှေတူးဖော်ထားတဲ့ မြေစာပုံ တွေ မှာ ရွှေပြန်ရှာနေကြတာပါ။ ပုဂံယဉ်ကျေးမှုဒေသရဲ့ လုံခြုံရေးအတွက် ရဲ၊ ဌာနဆိုင်ရာ လုံခြုံရေး အဖွဲ့တွေ၊ ရပ်ရွာ ပြည်သူလူထုနဲ့ ပေါင်းပြီး ဆောင်ရွက်နေပါတယ်”  ဟုပြောသည်။

COVID-19 ရောဂါ ကြောင့် လုပ်ငန်းခွင်များရပ်နားထားသည့် ကာလတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးမြို့နယ်၊ မြင်းကပါကျေးရွာ အပိုင် တောင်ဘီကျေးရွာ အနီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ဒေသခံအင်အား (၂၀) ဦးခန့်သည် ရှေးဟောင်း ပစ္စည်းဖြစ်သော ပုတီးစေ့ များ တူးဖော်ရှာဖွေနေကြောင်း သတင်းအရ မေ၇ရက်တွင်  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 ထိုသို့စစ်ဆေးစဉ် တူးဖော်နေသူ (၁၀)ဦးအားတွေ့ရှိခဲ့ရကြောင်း ၊  ၎င်းတို့နှင့် အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဇကာများနှင့်ပစ္စည်းများ ပါဝင်ကြောင်း နှင့်  သိမ်းဆည်းရမိသည့် ပစ္စည်းများထဲတွင် ရှေးဟောင်း ပုတီးစေ့များ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

အလားတူ မြင်းကပါကျေးရွာအနီး ရွှေဥမင်ဘုန်းကြီးကျောင်း ဘေးတွင် ရှေးဟောင်းပစ္စည်း များတူးဖော်နေကြောင်း သတင်းရရှိမှုအရ မေ၁၀ရက်၊ ဝရး၄၅ နာရီအချိန်တွင် ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ရာ တူးဖော်နေသူ (၄)ဦးခန့်ကို တွေ့ရှိရပြီး ၎င်းတို့အသုံးပြုသည့် ပစ္စည်းကိရိယာများကို ယူဆောင်ထွက်ပြေး ခဲ့သဖြင့် ဆက်လက်ကြည့်ရှုစစ်ဆေးရာ မြေကျင်းအနက် (၃ ပေ / ၄ ပေ)ခန့်၊ အချင်း (၄)ပေပတ်လည်ခန့်ရှိသော မြေကျင်းများနှင့် တူးဖော်ရာတွင်အသုံးပြု သည့် သံတူရွင်း(၁)ချောင်း၊ မြေကော်ဂေါ်ပြား (၂)ချောင်း၊ တူးရွင်းငန်းပြား(၁)ချောင်း၊ မြေသယ်ယူသည့် ဆာလာအိတ် များ၊ မြေကော်ယူသည့် စတီးသတ္ထုခွက်များ၊ မြေဇကာချသည့် ဇကာ(၅)ခုတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါနေရာများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် များတည်ရှိရာဒေသ(ယခင် MZ) ဧရိယာတွင် ကျရောက်လျက်ရှိကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com/myanmar/culture-entertainment/27537-2020-05-14-07-39-24
ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသတြင္ ေ႐ႊက်င္ရန္ တူးေဖာ္ေနျခင္းအား တားျမစ္ခဲ့ရ ၊ လုံၿခဳံေရးအရ ဆက္လက္ေစာင့္ၾကည့္လ်က္ရွိ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသတြင္ ေ႐ႊက်င္ရန္ တူးေဖာ္ေနျခင္းအား တားျမစ္ခဲ့ရ ၊ လုံၿခဳံေရးအရ ဆက္လက္ေစာင့္ၾကည့္လ်က္ရွိ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.