ကပ္ေရာဂါကာလအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ဆက္လက္ ေပၚေပါက္ေန

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ျပန႔္ပြားမႈေၾကာင့္ ျပည္သူလူထု အထိတ္တလန႔္ျဖစ္ေနတဲ့ကာလမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ေလ်ာ့မသြားတဲ့အျပင္ ပိုမ်ားလာတယ္လို႔ အရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတာ တစ္ႏွစ္ေက်ာ္ၾကာသြားၿပီျဖစ္တဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံျပည္သူေတြက ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အေကာင္အထည္ မေဖာ္ႏိုင္တဲ့အျပင္ တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနရတာ၊ ဖမ္းဆီးသတ္ျဖတ္ခံရတာေတြ ရွိေနဆဲပဲလို႔ ရခိုင္ျပည္နယ္ အေျခစိုက္ သဇင္ဥပေဒ အေထာက္အကူျပဳ ေကာ္မတီအဖြဲ႕ ဒါ႐ိုက္တာ ဦးမ်ိဳးျမတ္ဟိန္းက ေျပာပါတယ္။

"လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရတာေတာ့ ရွိတယ္လို႔ ေျပာရမွာေပါ့ေလ။ အမ်ားႀကီးပဲ ဟိုတစ္ေန႔ကေတာင္မွ ေကာင္ေလးတစ္ေယာက္ကို ဖမ္းသြားတယ္၊ ခဏေလးနဲ႔ အေလာင္းလာအပ္တယ္။ အဲဒါမ်ိဳးေတြေပါ့။ အခုလို ကိုဗစ္ကို တစ္ႏိုင္ငံလုံးက ေက်းလက္ေရာ၊ ၿမိဳ႕ေရာ အကုန္လုံးက Information ေတြေပးေနတဲ့ အခ်ိန္အခါမွာ က်ေနာ္တို႔ အင္တာနက္ျဖတ္ၿပီးေတာ့ လုပ္ထားတာေပါ့ေနာ္။ စစ္ေဘးေရွာင္စခန္းေတြမွာလည္း ဘာမွ ေရေရရာရာ လုပ္ထားတာ မရွိဘူးေပါ့ေနာ္၊ ဒီလိုအေျခအေနမွာေတာ့ အခု က်ေနာ္တို႔ဆိုရင္ သြားရလာရတာ စိုးရိမ္ေၾကာင့္ၾကမႈေတြ ရွိတယ္။ မထင္ရင္ မထင္သလို ဖမ္းတယ္။ မေန႔ကလည္း ပုဏၰားကြၽန္းမွာ ထပ္ဖမ္းသြားတယ္ဆိုၿပီးေတာ့ သတင္းရတယ္။ ဘာ့ေၾကာင့္ဖမ္းတယ္ ဘာျဖစ္လို႔ ဖမ္းတယ္ဆိုတာ ဘယ္သူမွ မသိႏိုင္ဘူးေပါ့"

လက္ရွိကာလဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကာကြယ္ေရးအတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ သတင္းေတြ အလ်င္အျမန္ စီးဆင္းႏိုင္ဖို႔ ဘက္ေပါင္းစုံက ႀကိဳးစားေနၾကသူေတြရွိေပမယ့္ ရခိုင္ျပည္နယ္မွာ ၂၀၁၉ ဇြန္လတည္းက အင္တာနက္ ျဖတ္ေတာက္ခံထားရၿပီး ၂၀၂၀ ေမလ ၃ ရက္ေန႔မွာ ေမာင္ေတာတစ္ၿမိဳ႕တည္းကို အင္တာနက္ ျပန္ဖြင့္ေပးခဲ့ပါတယ္။ အပိတ္ခံထားရတဲ့ ၿမိဳ႕နယ္အားလုံး အင္တာနက္ ျပန္လည္ရရွိေရးအတြက္ အရပ္ဘက္အဖြဲ႕ေတြက ေတာင္းဆိုေနၾကဆဲျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း တေအာင္းပေလာင္ ေဒသမွာဆိုရင္ ဇန္နဝါရီ ၁၄ ရက္ကေန မတ္လ ၂၉ ရက္ေန႔ထိ စာရင္းေတြအရ ေဒသခံျပည္သူေတြ ဖမ္းဆီးခံရတာေတြရွိေနတယ္လို႔ တအာင္းအမ်ိဳးသမီးအဖြဲ႕ TWO ရဲ႕ တြဲဖက္အတြင္းေရးမႉး ၂ မေလးပို႔လဘား က ေျပာပါတယ္။

"အခြင့္အေရး ခ်ိဳးေဖာက္မႈေၾကာင့္ ရွိေနတုန္းပဲလို႔ ေျပာရမယ္။ တစ္ခါတစ္ေလ က်လို႔ရွိရင္ေတာ့ ကိုဗစ္ႏိုင္တင္း ကာလအေတာအတြင္းမွာ ဘယ္မွမသြားရဘူးတို႔ဘာတို႔ တားထားတဲ့ဟာမွာ အဲဒီအေပၚမွာ အခြင့္ေကာင္းယူေနသလားလို႔ အစိုးရ တပ္သြားတဲ့ အခါမ်ိဳးေတြမွာလည္း ႐ြာသူ႐ြာသားေတြ ဖမ္းခံရတဲ့ဟာေတြ ႐ြာဥကၠ႒ ဖမ္းဆီးခံရတာေတြ ရွိတယ္။ ႐ြာသားေတြကို အခုေနာက္ပိုင္းဆိုရင္ ျပန္ၿပီးေတာ့ ဖမ္းဆီးၿပီးေတာ့ တရားစြဲတာေတြ ရွိတယ္ေပါ့ေလ"

ကို႐ိုနာကာလမွာေတာ့ ႏွစ္ဘက္ လက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ တိုက္ပြဲေတြနဲ႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ရပ္တန႔္ေပးေစခ်င္တယ္လို႔ သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ကယားျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ ေမလ ၃ ရက္ေန႔ ေဒသႏၲရအမိန႔္ ထုတ္ျပန္ခ်က္မွာ အစိုးရကို အၾကည္အညိဳပ်က္ေစတဲ့ အျပဳအမူ၊ ေျပာဆိုတာေတြမလုပ္ဖို႔ အမိန႔္ထုတ္ထားတာဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ထိခိုက္ေစတယ္ဆိုၿပီး ေဝဖန္မႈေတြ ရွိေနပါတယ္။ ကယားျပည္နယ္အစိုးရရဲ႕ ေဒသႏၲရအမိန႔္ ထုတ္ျပန္ခ်က္ဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ တစ္ခုျဖစ္တယ္လို႔ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူ မေဝေဝႏုက ေျပာပါတယ္။

"စစ္ျဖစ္တဲ့ေဒသေတြမွာ အျပစ္မဲ့တဲ့ ျပည္သူေတြ ပစ္မွတ္ထားၿပီးေတာ့ တိုက္ခိုက္တာေတြရွိတယ္ ႐ြာေတြကိုတိုက္ခိုက္တာေတြ ရွိတယ္ တစ္ခ်ိဳ႕ေနရာေတြမွာလည္း တစ္ျခားေသာလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုလည္း ေတြ႕လာရပါတယ္ ဥပမာ ရွမ္းျပည္မွာဆိုလို႔ရွိရင္ ခ်ားစ္ေက်ာင္းႀကီးကို ဖ်က္ဆီးလိုက္တာမ်ိဳးေတြ လြိဳင္ေကာ္ၿမိဳ႕မွာ ဆိုလို႔ရွိရင္ ေထြအုပ္႐ုံးကေနၿပီးေတာ့ စာထုတ္ၿပီးေတာ့ လူေတြရဲ႕ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ကန႔္သတ္တာ အစိုးရကို မေဝဖန္ရဘူးလို႔ လူေတြရဲ႕ လြတ္လပ္စြာ ေျပာဆိုခြင့္ကို တားဆီးပိတ္ပင္တဲ့စာေတြ ထုတ္တာမ်ိဳးတို႔ မီဒီယာသမားေတြကို လိုက္လံဖမ္းဆီးတာမ်ိဳးတို႔ အဲဒါမ်ိဳးေတြ က်မတို႔ ေတြ႕ရတယ္"

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို တိုင္းရင္းသားေဒသေတြအျပင္ အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူေတြမွာလည္း ႀကဳံေတြ႕ေနရပါတယ္။

အလုပ္သမားအေရး တက္ႂကြလႈပ္ရွားသူေတြ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဖမ္းဆီးေထာင္ခ်ခံခဲ့ရပါတယ္။ အလုပ္သမားေတြရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ကို႐ိုနာဗိုင္းရပ္စ္နဲ႔ အေၾကာင္းျပၿပီး ဖမ္းဆီးလိုက္တာလို႔ ညီမွ်ျခင္း ျမန္မာရဲ႕ ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေထာက္ျပပါတယ္။

"အလုပ္သမားေတြနဲ႔ ပတ္သက္ေသာ စီတန္းလွည့္လည္ ဆႏၵျပတာတို႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ ကိစၥေတြကို ပိတ္ပင္တာေတြ အဲဒီလိုမ်ိဳးလုပ္ေဆာင္မႈကို ဥပေဒနဲ႔ဖမ္းဆီးမႈက က်ေနာ္တို႔ တိုးတက္လာတယ္။ တစ္ဘက္သူတို႔က ဘာေျပာလဲဆိုေတာ့ ဒါက ကိုဗစ္ကာလမို႔လို႔ ဒီလိုမ်ိဳးစုေဝးတာေတြ မလုပ္သင့္ဘူး ေျပာၿပီးေတာ့ ဒါကိုအေရးယူမႈရွိေပမယ့္ တစ္ခါတစ္ေလက်လို႔ရွိရင္ က်ေနာ္တို႔မွာ ဒီကိစၥကို ညႇိႏႈိင္းတဲ့သေဘာမ်ိဳး အဆင္ေျပေအာင္ လုပ္တာမဟုတ္ဘဲနဲ႔ အေရးယူမႈေတြ  ခ်က္ခ်င္းေထာင္ခ်တဲ့ ပုံစံမ်ိဳးျဖစ္တာေတြ ေတြ႕ရတာတစ္ခုက ဒါစိုးရိမ္စရာေပါ့ေနာ္"

လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြဟာ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ ပိုမ်ားေနၿပီး ခ်ိဳးေဖာက္သူေတြကို ေဖာ္ထုတ္ႏိုင္တာမရွိဘူးလို႔လည္း ေျပာၾကပါတယ္။ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို တိုင္ၾကားႏိုင္မယ့္ လူ႔အခြင့္အေရး ေကာ္မရွင္ကိုလည္း ဒီကာလမွာ တိုင္ၾကားဖို႔ အခက္အခဲရွိေနပါတယ္။

RFA Burmese
-------------------------------

(Unicode)⤵⤵⤵
ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ပေါ်ပေါက်နေ

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကြောင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်နေတဲ့ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့မသွားတဲ့အပြင် ပိုများလာတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်ကျော်ကြာသွားပြီဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံပြည်သူတွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အကောင်အထည် မဖော်နိုင်တဲ့အပြင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ရှိနေဆဲပဲလို့ ရခိုင်ပြည်နယ် အခြေစိုက် သဇင်ဥပဒေ အထောက်အကူပြု ကော်မတီအဖွဲ့ ဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

"လူ့အခွင့်အရေး ချိုးဖောက်ခံရတာတော့ ရှိတယ်လို့ ပြောရမှာပေါ့လေ။ အများကြီးပဲ ဟိုတစ်နေ့ကတောင်မှ ကောင်လေးတစ်ယောက်ကို ဖမ်းသွားတယ်၊ ခဏလေးနဲ့ အလောင်းလာအပ်တယ်။ အဲဒါမျိုးတွေပေါ့။ အခုလို ကိုဗစ်ကို တစ်နိုင်ငံလုံးက ကျေးလက်ရော၊ မြို့ရော အကုန်လုံးက Information တွေပေးနေတဲ့ အချိန်အခါမှာ ကျနော်တို့ အင်တာနက်ဖြတ်ပြီးတော့ လုပ်ထားတာပေါ့နော်။ စစ်ဘေးရှောင်စခန်းတွေမှာလည်း ဘာမှ ရေရေရာရာ လုပ်ထားတာ မရှိဘူးပေါ့နော်၊ ဒီလိုအခြေအနေမှာတော့ အခု ကျနော်တို့ဆိုရင် သွားရလာရတာ စိုးရိမ်ကြောင့်ကြမှုတွေ ရှိတယ်။ မထင်ရင် မထင်သလို ဖမ်းတယ်။ မနေ့ကလည်း ပုဏ္ဏားကျွန်းမှာ ထပ်ဖမ်းသွားတယ်ဆိုပြီးတော့ သတင်းရတယ်။ ဘာ့ကြောင့်ဖမ်းတယ် ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးပေါ့"

လက်ရှိကာလဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတင်းတွေ အလျင်အမြန် စီးဆင်းနိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားနေကြသူတွေရှိပေမယ့် ရခိုင်ပြည်နယ်မှာ ၂၀၁၉ ဇွန်လတည်းက အင်တာနက် ဖြတ်တောက်ခံထားရပြီး ၂၀၂၀ မေလ ၃ ရက်နေ့မှာ မောင်တောတစ်မြို့တည်းကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပါတယ်။ အပိတ်ခံထားရတဲ့ မြို့နယ်အားလုံး အင်တာနက် ပြန်လည်ရရှိရေးအတွက် အရပ်ဘက်အဖွဲ့တွေက တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းပလောင် ဒေသမှာဆိုရင် ဇန်နဝါရီ ၁၄ ရက်ကနေ မတ်လ ၂၉ ရက်နေ့ထိ စာရင်းတွေအရ ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ တွဲဖက်အတွင်းရေးမှူး ၂ မလေးပို့လဘား က ပြောပါတယ်။

"အခွင့်အရေး ချိုးဖောက်မှုကြောင့် ရှိနေတုန်းပဲလို့ ပြောရမယ်။ တစ်ခါတစ်လေ ကျလို့ရှိရင်တော့ ကိုဗစ်နိုင်တင်း ကာလအတောအတွင်းမှာ ဘယ်မှမသွားရဘူးတို့ဘာတို့ တားထားတဲ့ဟာမှာ အဲဒီအပေါ်မှာ အခွင့်ကောင်းယူနေသလားလို့ အစိုးရ တပ်သွားတဲ့ အခါမျိုးတွေမှာလည်း ရွာသူရွာသားတွေ ဖမ်းခံရတဲ့ဟာတွေ ရွာဥက္ကဋ္ဌ ဖမ်းဆီးခံရတာတွေ ရှိတယ်။ ရွာသားတွေကို အခုနောက်ပိုင်းဆိုရင် ပြန်ပြီးတော့ ဖမ်းဆီးပြီးတော့ တရားစွဲတာတွေ ရှိတယ်ပေါ့လေ"

ကိုရိုနာကာလမှာတော့ နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ပေးစေချင်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရဲ့ မေလ ၃ ရက်နေ့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်မှာ အစိုးရကို အကြည်အညိုပျက်စေတဲ့ အပြုအမူ၊ ပြောဆိုတာတွေမလုပ်ဖို့ အမိန့်ထုတ်ထားတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။ ကယားပြည်နယ်အစိုးရရဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။

"စစ်ဖြစ်တဲ့ဒေသတွေမှာ အပြစ်မဲ့တဲ့ ပြည်သူတွေ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေရှိတယ် ရွာတွေကိုတိုက်ခိုက်တာတွေ ရှိတယ် တစ်ချို့နေရာတွေမှာလည်း တစ်ခြားသောလူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း တွေ့လာရပါတယ် ဥပမာ ရှမ်းပြည်မှာဆိုလို့ရှိရင် ချားစ်ကျောင်းကြီးကို ဖျက်ဆီးလိုက်တာမျိုးတွေ လွိုင်ကော်မြို့မှာ ဆိုလို့ရှိရင် ထွေအုပ်ရုံးကနေပြီးတော့ စာထုတ်ပြီးတော့ လူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်တာ အစိုးရကို မဝေဖန်ရဘူးလို့ လူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တားဆီးပိတ်ပင်တဲ့စာတွေ ထုတ်တာမျိုးတို့ မီဒီယာသမားတွေကို လိုက်လံဖမ်းဆီးတာမျိုးတို့ အဲဒါမျိုးတွေ ကျမတို့ တွေ့ရတယ်"

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းရင်းသားဒေသတွေအပြင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေမှာလည်း ကြုံတွေ့နေရပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ အလုပ်သမားတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုရိုနာဗိုင်းရပ်စ်နဲ့ အကြောင်းပြပြီး ဖမ်းဆီးလိုက်တာလို့ ညီမျှခြင်း မြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

"အလုပ်သမားတွေနဲ့ ပတ်သက်သော စီတန်းလှည့်လည် ဆန္ဒပြတာတို့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကိစ္စတွေကို ပိတ်ပင်တာတွေ အဲဒီလိုမျိုးလုပ်ဆောင်မှုကို ဥပဒေနဲ့ဖမ်းဆီးမှုက ကျနော်တို့ တိုးတက်လာတယ်။ တစ်ဘက်သူတို့က ဘာပြောလဲဆိုတော့ ဒါက ကိုဗစ်ကာလမို့လို့ ဒီလိုမျိုးစုဝေးတာတွေ မလုပ်သင့်ဘူး ပြောပြီးတော့ ဒါကိုအရေးယူမှုရှိပေမယ့် တစ်ခါတစ်လေကျလို့ရှိရင် ကျနော်တို့မှာ ဒီကိစ္စကို ညှိနှိုင်းတဲ့သဘောမျိုး အဆင်ပြေအောင် လုပ်တာမဟုတ်ဘဲနဲ့ အရေးယူမှုတွေ  ချက်ချင်းထောင်ချတဲ့ ပုံစံမျိုးဖြစ်တာတွေ တွေ့ရတာတစ်ခုက ဒါစိုးရိမ်စရာပေါ့နော်"

လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ပိုများနေပြီး ချိုးဖောက်သူတွေကို ဖော်ထုတ်နိုင်တာမရှိဘူးလို့လည်း ပြောကြပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်ကြားနိုင်မယ့် လူ့အခွင့်အရေး ကော်မရှင်ကိုလည်း ဒီကာလမှာ တိုင်ကြားဖို့ အခက်အခဲရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/humanrights-violations-during-covid-19-05082020063418.html
ကပ္ေရာဂါကာလအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ဆက္လက္ ေပၚေပါက္ေန ကပ္ေရာဂါကာလအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား ဆက္လက္ ေပၚေပါက္ေန Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.