ငပလီၿမိဳ႕တြင္ ေနအိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီး တစ္ဦးေပ်ာက္ဆုံး


(Zawgyi)⤵⤵⤵
ငပလီ ေမ  ၂၁

ငပလီၿမိဳ႕  ျမျပင္ရပ္ကြက္တြင္ မတ္ ၂၁ ရက္  နံနက္ ၁  နာရီခန႔္တြင္ ေနအိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး မီးေလာင္ျပင္အတြင္း အမ်ိဳးသမီးငယ္တစ္ဦး ေပ်ာက္ဆုံးေနေၾကာင္းသိရသည္။

 ျဖစ္စဥ္မွာ ငပလီၿမိဳ႕ ၊ ျမျပင္ရပ္ကြက္ေန အိမ္ပိုင္ရွင္ ေဒၚခင္ပိုႏွင့္ အတူေနသမီး မခိုင္မာေထြး (စိတ္က်န္းမာေရး မေကာင္း) သူတို႔သည္ ေမ ၂၀ ရက္ ည ၈ နာရီအခ်ိန္ ညအိပ္ခဲ့ရာ  သမီးျဖစ္သူမွာ ေနအိမ္ အေပၚထပ္အတြင္းခန္းတြင္အိပ္ၿပီး မိခင္ျဖစ္သူမွာ ေနအိမ္ေရွ႕ခန္းတြင္ အိပ္ခဲ့ၾကေၾကာင္း ေမ ၂၁ ရက္ေန႔ နံနက္ (၁:၄၅) အခ်ိန္ခန႔္တြင္ ေနအိမ္ေနာက္ခန္း မီးဖိုေခ်ာင္အတြင္း မီးႂကြင္းမီးက်န္မွ မီးစတင္ေလာင္ကြၽမ္းခဲ့ၿပီး သမီးျဖစ္သူ  မွာ မီးေလာင္ျပင္၌ မေတြ႕ရဘဲ လတ္တေလာေပ်ာက္ဆုံးေနေၾကာင္း သိရသည္။

 အဆိုပါ မီးေလာင္မႈ ျဖစ္ပြားေၾကာင္းသတင္းအရ သံတြဲၿမိဳ႕နယ္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမႉး ဦးေနလင္းေက်ာ္ ဦးစီး (၂၀) ဦး ၊ အရံမီးသတ္တပ္ဖြဲ႕ (၂၀) ဦး ၊ နယ္ေျမခံစခန္းမႉး ၊ ရပ္ကြက္ေနျပည္သူမ်ားႏွင့္ အတူ မီးသတ္ယာဥ္ (၅) စီးျဖင့္ မီးၿငိမ္းသတ္ခဲ့ရာ သြပ္မိုး ၊ ပ်ဥ္ကာ ၊ ပ်ဥ္ခင္း ၊ (၂) ထပ္ေနအိမ္ တစ္လုံးသာ မီးေလာင္ကြၽမ္းခဲ့ေၾကာင္းသတင္းရရွိသည္။

ရန္ၿငိမ္း ( ျပန္/ဆက္) / Myanmaalinn
------------------------------------------
(Unicode)⤵⤵⤵
ငပလီမြို့တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီးအမျိုးသမီး တစ်ဦးပျောက်ဆုံး

ငပလီ မေ  ၂၁

ငပလီမြို့  မြပြင်ရပ်ကွက်တွင် မတ် ၂၁ ရက်  နံနက် ၁  နာရီခန့်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ပြင်အတွင်း အမျိုးသမီးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ငပလီမြို့ ၊ မြပြင်ရပ်ကွက်နေ အိမ်ပိုင်ရှင် ဒေါ်ခင်ပိုနှင့် အတူနေသမီး မခိုင်မာထွေး (စိတ်ကျန်းမာရေး မကောင်း) သူတို့သည် မေ ၂၀ ရက် ည ၈ နာရီအချိန် ညအိပ်ခဲ့ရာ  သမီးဖြစ်သူမှာ နေအိမ် အပေါ်ထပ်အတွင်းခန်းတွင်အိပ်ပြီး မိခင်ဖြစ်သူမှာ နေအိမ်ရှေ့ခန်းတွင် အိပ်ခဲ့ကြကြောင်း မေ ၂၁ ရက်နေ့ နံနက် (၁:၄၅) အချိန်ခန့်တွင် နေအိမ်နောက်ခန်း မီးဖိုချောင်အတွင်း မီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး သမီးဖြစ်သူ  မှာ မီးလောင်ပြင်၌ မတွေ့ရဘဲ လတ်တလောပျောက်ဆုံးနေကြောင်း သိရသည်။

 အဆိုပါ မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ သံတွဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းကျော် ဦးစီး (၂၀) ဦး ၊ အရံမီးသတ်တပ်ဖွဲ့ (၂၀) ဦး ၊ နယ်မြေခံစခန်းမှူး ၊ ရပ်ကွက်နေပြည်သူများနှင့် အတူ မီးသတ်ယာဉ် (၅) စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ သွပ်မိုး ၊ ပျဉ်ကာ ၊ ပျဉ်ခင်း ၊ (၂) ထပ်နေအိမ် တစ်လုံးသာ မီးလောင်ကျွမ်းခဲ့ကြောင်းသတင်းရရှိသည်။

ရန်ငြိမ်း ( ပြန်/ဆက်) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငပလီၿမိဳ႕တြင္ ေနအိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီး တစ္ဦးေပ်ာက္ဆုံး ငပလီၿမိဳ႕တြင္ ေနအိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီး တစ္ဦးေပ်ာက္ဆုံး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.