တရုတ္နယ္စပ္ကုန္သြယ္ေရး ျမန္မာကုန္သည္ေတြနစ္နာမႈ ေျဖရွင္းဖို႔ေဆြးေႏြး

မူဆယ္ကုန္သြယ္ေရးဂိတ္မွာ ေတြ႔ရတဲ့ ကုန္တင္ကားတခ်ိဳ႕။
[Zawgyi/Unicode]

တရုတ္ - ျမန္မာနယ္စပ္ ကုန္သြယ္ေရးမွာ ျမန္မာကုန္သည္ေတြ နစ္နာၾကတဲ့အေျခအေနကိုေျဖရွင္းဖို႔ ျမန္မာတာ၀န္ရိွသူေတြနဲ႔ တရုတ္ ယူနန္ျပည္နယ္ တာ၀န္ရိွသူေတြ ညိွႏိႈင္းေဆြးေႏြးၾကတဲ့သတင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕ ျမန္မာေကာင္စစ္ဝန္အရာရွိေတြက တ႐ုတ္နဲ႔ ထိစပ္ေနတဲ့ ျမန္မာအေရွ႕ေျမာက္နယ္စပ္ ကုန္သြယ္ေရးကိစၥေတြနဲ႔ ပတ္သက္လို႔ ယူနန္ျပည္နယ္ စီးပြားေရးဌာနနဲ႔ မေန႔က ေမလ ၂၀ ရက္က ေဆြးေႏြးခဲ့တာပါ။ COVID ကာလအတြင္း နယ္စပ္အဝင္အထြက္မွာ တ႐ုတ္ျပည္ရဲ႕ ျပည္ဝင္ခြင့္ ကန႔္သတ္ခ်က္ေတြေၾကာင့္ သစ္သီးဝလံနဲ႔ ေရထြက္ကုန္ေတြ ဆုံးရႈံးခဲ့တာ၊ ကုန္ကားေတြ ပိတ္ဆို႔ခဲ့တာ ဒါေတြကို ျမန္မာဘက္ကေဆြးေႏြးခဲ့ပါတယ္။ အေပါင္းလကၡဏာေဆာင္တဲ့ ေဆြးေႏြးမႈျဖစ္ခဲ့ၿပီး အခ်က္ ႏွစ္ခ်က္ကို သေဘာတူညီမႈရခဲ့တယ္လို႔ ကူမင္းၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးထြန္းေအာင္ေက်ာ္က ဗြီအိုေအကို ေျပာပါတယ္။

“သူတို႔ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္တေယာက္ကို လႊတ္ၿပီးေတာ့ ေအာက္ေျခကိုလည္း သူတို႔ၾကည့္ပါမယ္။ ၿပီးရင္အဲဒီအေပၚမွာ က်ေနာ္တို႔ အျမန္ဆုံး ေဆာင္႐ြက္ပါမယ္။ အဲဒါတခ်က္ပါခင္ဗ်။ ေနာက္က်ေနာ္တို႔ ေတာင္းဆိုတာက ဒုတိယတခုက ယႏၲရား တခုေပါ့ေနာ္။ အဖြဲ႕ တဖြဲ႕ ဖြဲ႕စည္းၿပီးတဲ့အခါမွာ ႏွစ္ဘက္ COVID-19 ကာလမွာ က်ေနာ္တို႔ ဘယ္လိုလုပ္ငန္းေတြကို ဂ႐ုျပဳၿပီးေတာ့ အေကာင္းဆုံး ေဆာင္႐ြက္မလဲဆိုတာ က်ေနာ္တို႔ ညႇိႏႈိင္းပါတယ္ ခင္ဗ်။”

COVID-19 ေရာဂါျဖစ္ပြားေနတဲ့ကာလ တ႐ုတ္ျပည္ဘက္က ျပည္ဝင္ခြင့္ အပါအဝင္ တျခားကန႔္သတ္မႈေတြေၾကာင့္ အခ်ိန္ၾကန႔္ၾကာၿပီး ျမန္မာပို႔ကုန္ေတြ ပ်က္စီးခဲ့ပါတယ္။ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးမညီမွ်တာေတြ၊ တဘက္သတ္စည္းကမ္းခ်က္ေတြ ထုတ္ျပန္ၿပီး ကုန္သြယ္ေရး အသာစီးယူတာေတြ ဒါေတြ ေျဖေလွ်ာ့ေပးဖို႔ မူဆယ္ကုန္သည္ေတြက ေတာင္းဆိုထားပါတယ္။ ျမန္မာဘက္က နစ္နာခ်က္ေတြကို တာ၀န္ရိွသူေတြဘက္က တရုတ္နဲ႔ ရဲရဲတင္းတင္းေျပာဆိုညိွုႏိႈင္းဖို႔ လိုတယ္လို႔ႏိုင္ငံေရးသုံးသပ္သူ ေဒါက္တာအမ္ေကာန္လက ေျပာပါတယ္။

“စီးပြားကူးသန္းဝန္ႀကီးဌာနမွာ တာဝန္ရွိတယ္ဗ်။ တကယ္တမ္းဆိုရင္ စီးပြားကူးသန္းရယ္၊ ဘ႑ာေရးနဲ႔ ကုန္သြယ္ေရးဝန္ႀကီးဌာနေတြက လုပ္ရမွာ။ ခုစေတာ့ လုပ္ေတာ့လုပ္လာၿပီ။ ဒါေပမဲ့ အရမ္းအထေႏွးတယ္။ ဆုံးရႈံးမႈ ၿပီးသြားမွ ျဖစ္တာ ျဖစ္ေနတယ္။ အဲဒီအတြက္ က်ေနာ္တို႔ အေနနဲ႔က၊ ပြင့္ပြင့္လင္းလင္း ဆိုရင္ နစ္နာမႈအတြက္ကို တ႐ုတ္ကို က်ေနာ္တို႔က တခုခု diplomacy အရ ေတာင္းဆိုသင့္တာ၊ လုပ္သင့္တာေတြ ရွိတယ္ဗ်။ အဲဒါလည္း ရဲရဲလုပ္သင့္တယ္၊ က်ေနာ့အျမင္ေပါ့ေနာ္။ သမၼတခ်င္း တိုက္႐ိုက္ဖုန္းဆက္တယ္၊ ကိုယ္က အင္အားခ်ိဳ႕တဲ့ေသာ္ျငားလည္း ကိုယ့္ရဲ႕ လုပ္ပိုင္ခြင့္ကို ကာကြယ္သင့္တယ္။”

သမၼတဦးဝင္းျမင့္နဲ႔ တ႐ုတ္သမၼတ ရွီက်င့္ပင္တို႔ မေန႔ ေမလ ၂၀ ရက္ ညေနပိုင္း ဖုန္းနဲ႔ ဆက္သြယ္ျပီး ႏွစ္ႏိုင္ငံသေဘာတူထားတဲ့ ရပ္ဝန္းနဲ႔ ပိုးလမ္းမစီမံကိန္း၊ ျမန္မာျပည္တြင္း တ႐ုတ္စီးပြားေရး စၾကၤန္လမ္းနဲ႔ ခ်ိတ္ဆက္အေကာင္အထည္ေဖာ္မယ့္ စီမံကိန္းေတြကို ဆက္ၿပီးလုပ္ဖို႔ ေဆြေႏြးခဲ့ပါတယ္။ စီးပြားကူးသန္းျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသန္းျမင့္နဲ႔ တ႐ုတ္သံအမတ္ Mr Chen Hai တို႔လည္း အင္တာနက္ေပၚမွာ ဒီေန႔ေတြ႕ဆုံခဲ့ၿပီး နယ္စပ္ စီးပြားေရးဇုန္၊ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း၊ ျမန္မာ့လယ္ယာထြက္ကုန္၊ ေရထြက္ကုန္ပိုးမႊားစစ္ေဆးေရး ဒါေတြကို ထပ္ၿပီးေဆြးေႏြးၾကပါတယ္။

တကမာၻလုံး COVID အၾကပ္အတည္းအၿပီး တ႐ုတ္အစိုးရဘက္က ျမန္မာနဲ႔ ဆက္ဆံေရး ထိန္းထားခ်င္တဲ့သေဘာ ရိွတယ္လို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္က သုံးသပ္ပါတယ္။

"COVID အလြန္ျဖစ္လာႏိုင္တာနဲ႔ ဆက္စပ္တယ္လို႔ထင္တယ္။ ဘာေၾကာင့္ဆို တ႐ုတ္သမၼတက ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ကိုလည္း ဖုန္းဆက္တယ္၊ တ႐ုတ္အေပၚမွာ ကမာၻ႔ဖိအားက COVID အလြန္မွာ ပိုၿပီး ျပင္းထန္လာဖို႔ ရွိတယ္လို႔ မွန္းလို႔ ရတယ္။ အဲဒီအခ်ိန္မွာ တ႐ုတ္က သူ႔ဘက္သား စုတယ္လို႔ပဲ ေျပာၾကပါစို႔ဗ်ာ။ အဲလိုလုပ္မယ္ဆိုရင္ ႏွစ္ႏိုင္ငံ စီးပြားေရး နယ္စပ္ကုန္သြယ္ေရး အပါအဝင္ ဒါေတြကို ဒီဘက္ကႏိုင္ငံေတြရဲ႕ အက်ိဳးစီးပြား အတြက္လည္း ပိုၿပီးေတာ့ သူႀကိဳးစားရေတာ့မယ္။ အဲဒါကို ရည္႐ြယ္ၿပီး သြက္သြက္လက္လက္ လုပ္လာတယ္လို႔ အႀကိမ္းဖ်င္းစေျပာလို႔ရမယ္။”

ျမန္မာအစိုးရအေနနဲ႔ အခုလို တရုတ္တာ၀န္ရိွသူေတြနဲ႔ ေဆြးေႏြးမႈေတြကေန အျပန္အလွန္ အက်ိဳးစီးပြားအတြက္ လက္ေတြက်က် အေကာင္အထည္ေဖာ္ဖို႔ လိုတယ္လို႔လည္း စီးပြားေရးပညာရွင္ေတြက အႀကံျပဳၾကပါတယ္။

ေဇာ္ထက္ / ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------
[Unicode Version]

တရုတ်နယ်စပ်ကုန်သွယ်ရေး မြန်မာကုန်သည်တွေနစ်နာမှု ဖြေရှင်းဖို့ဆွေးနွေး

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ မြန်မာကုန်သည်တွေ နစ်နာကြတဲ့အခြေအနေကိုဖြေရှင်းဖို့ မြန်မာတာဝန်ရှိသူတွေနဲ့ တရုတ် ယူနန်ပြည်နယ် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးကြတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ယူနန်ပြည်နယ်၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်အရာရှိတွေက တရုတ်နဲ့ ထိစပ်နေတဲ့ မြန်မာအရှေ့မြောက်နယ်စပ် ကုန်သွယ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ယူနန်ပြည်နယ် စီးပွားရေးဌာနနဲ့ မနေ့က မေလ ၂၀ ရက်က ဆွေးနွေးခဲ့တာပါ။ COVID ကာလအတွင်း နယ်စပ်အဝင်အထွက်မှာ တရုတ်ပြည်ရဲ့ ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကြောင့် သစ်သီးဝလံနဲ့ ရေထွက်ကုန်တွေ ဆုံးရှုံးခဲ့တာ၊ ကုန်ကားတွေ ပိတ်ဆို့ခဲ့တာ ဒါတွေကို မြန်မာဘက်ကဆွေးနွေးခဲ့ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုဖြစ်ခဲ့ပြီး အချက် နှစ်ချက်ကို သဘောတူညီမှုရခဲ့တယ်လို့ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ ဒုတိယညွှန်ကြားရေးမှူးချုပ်တယောက်ကို လွှတ်ပြီးတော့ အောက်ခြေကိုလည်း သူတို့ကြည့်ပါမယ်။ ပြီးရင်အဲဒီအပေါ်မှာ ကျနော်တို့ အမြန်ဆုံး ဆောင်ရွက်ပါမယ်။ အဲဒါတချက်ပါခင်ဗျ။ နောက်ကျနော်တို့ တောင်းဆိုတာက ဒုတိယတခုက ယန္တရား တခုပေါ့နော်။ အဖွဲ့ တဖွဲ့ ဖွဲ့စည်းပြီးတဲ့အခါမှာ နှစ်ဘက် COVID-19 ကာလမှာ ကျနော်တို့ ဘယ်လိုလုပ်ငန်းတွေကို ဂရုပြုပြီးတော့ အကောင်းဆုံး ဆောင်ရွက်မလဲဆိုတာ ကျနော်တို့ ညှိနှိုင်းပါတယ် ခင်ဗျ။”

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ တရုတ်ပြည်ဘက်က ပြည်ဝင်ခွင့် အပါအဝင် တခြားကန့်သတ်မှုတွေကြောင့် အချိန်ကြန့်ကြာပြီး မြန်မာပို့ကုန်တွေ ပျက်စီးခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေးမညီမျှတာတွေ၊ တဘက်သတ်စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ကုန်သွယ်ရေး အသာစီးယူတာတွေ ဒါတွေ ဖြေလျှော့ပေးဖို့ မူဆယ်ကုန်သည်တွေက တောင်းဆိုထားပါတယ်။ မြန်မာဘက်က နစ်နာချက်တွေကို တာဝန်ရှိသူတွေဘက်က တရုတ်နဲ့ ရဲရဲတင်းတင်းပြောဆိုညှိုနှိုင်းဖို့ လိုတယ်လို့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာအမ်ကောန်လက ပြောပါတယ်။

“စီးပွားကူးသန်းဝန်ကြီးဌာနမှာ တာဝန်ရှိတယ်ဗျ။ တကယ်တမ်းဆိုရင် စီးပွားကူးသန်းရယ်၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနတွေက လုပ်ရမှာ။ ခုစတော့ လုပ်တော့လုပ်လာပြီ။ ဒါပေမဲ့ အရမ်းအထနှေးတယ်။ ဆုံးရှုံးမှု ပြီးသွားမှ ဖြစ်တာ ဖြစ်နေတယ်။ အဲဒီအတွက် ကျနော်တို့ အနေနဲ့က၊ ပွင့်ပွင့်လင်းလင်း ဆိုရင် နစ်နာမှုအတွက်ကို တရုတ်ကို ကျနော်တို့က တခုခု diplomacy အရ တောင်းဆိုသင့်တာ၊ လုပ်သင့်တာတွေ ရှိတယ်ဗျ။ အဲဒါလည်း ရဲရဲလုပ်သင့်တယ်၊ ကျနော့အမြင်ပေါ့နော်။ သမ္မတချင်း တိုက်ရိုက်ဖုန်းဆက်တယ်၊ ကိုယ်က အင်အားချို့တဲ့သော်ငြားလည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်သင့်တယ်။”
တရုတ်သမ္မတ ရှီကျင့်ပင်
တရုတ်သမ္မတ ရှီကျင့်ပင်

သမ္မတဦးဝင်းမြင့်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ မနေ့ မေလ ၂၀ ရက် ညနေပိုင်း ဖုန်းနဲ့ ဆက်သွယ်ပြီး နှစ်နိုင်ငံသဘောတူထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း၊ မြန်မာပြည်တွင်း တရုတ်စီးပွားရေး စင်္ကြန်လမ်းနဲ့ ချိတ်ဆက်အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကို ဆက်ပြီးလုပ်ဖို့ ဆွေနွေးခဲ့ပါတယ်။ စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့ တရုတ်သံအမတ် Mr Chen Hai တို့လည်း အင်တာနက်ပေါ်မှာ ဒီနေ့တွေ့ဆုံခဲ့ပြီး နယ်စပ် စီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြန်မာ့လယ်ယာထွက်ကုန်၊ ရေထွက်ကုန်ပိုးမွှားစစ်ဆေးရေး ဒါတွေကို ထပ်ပြီးဆွေးနွေးကြပါတယ်။
တရုတ္ႏိုင္ငံဘက္ကို ၀င္ဖို႔ ေစာင့္ေနၾကတဲ့ ကုန္တင္ကားမ်ားကို တရုတ္ႏိုင္ငံနယ္စပ္ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕အနီးမွာေတြ႔ရ (ဧၿပီ ၂၀၊ ၂၀၂၀)
SEE ALSO:
ကုိဗစ္ကာလ ျမန္မာႏုိင္ငံ နယ္စပ္ကုန္သြယ္ေရး ေဒၚလာသန္း ၃၀ ေလာက္ေလ်ာ့က်

တကမ္ဘာလုံး COVID အကြပ်အတည်းအပြီး တရုတ်အစိုးရဘက်က မြန်မာနဲ့ ဆက်ဆံရေး ထိန်းထားချင်တဲ့သဘော ရှိတယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။

"COVID အလွန်ဖြစ်လာနိုင်တာနဲ့ ဆက်စပ်တယ်လို့ထင်တယ်။ ဘာကြောင့်ဆို တရုတ်သမ္မတက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကိုလည်း ဖုန်းဆက်တယ်၊ တရုတ်အပေါ်မှာ ကမ္ဘာ့ဖိအားက COVID အလွန်မှာ ပိုပြီး ပြင်းထန်လာဖို့ ရှိတယ်လို့ မှန်းလို့ ရတယ်။ အဲဒီအချိန်မှာ တရုတ်က သူ့ဘက်သား စုတယ်လို့ပဲ ပြောကြပါစို့ဗျာ။ အဲလိုလုပ်မယ်ဆိုရင် နှစ်နိုင်ငံ စီးပွားရေး နယ်စပ်ကုန်သွယ်ရေး အပါအဝင် ဒါတွေကို ဒီဘက်ကနိုင်ငံတွေရဲ့ အကျိုးစီးပွား အတွက်လည်း ပိုပြီးတော့ သူကြိုးစားရတော့မယ်။ အဲဒါကို ရည်ရွယ်ပြီး သွက်သွက်လက်လက် လုပ်လာတယ်လို့ အကြိမ်းဖျင်းစပြောလို့ရမယ်။”

မြန်မာအစိုးရအနေနဲ့ အခုလို တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကနေ အပြန်အလှန် အကျိုးစီးပွားအတွက် လက်တွေကျကျ အကောင်အထည်ဖော်ဖို့ လိုတယ်လို့လည်း စီးပွားရေးပညာရှင်တွေက အကြံပြုကြပါတယ်။

ဇော်ထက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/mm-china-border-trade/5429986.html
တရုတ္နယ္စပ္ကုန္သြယ္ေရး ျမန္မာကုန္သည္ေတြနစ္နာမႈ ေျဖရွင္းဖို႔ေဆြးေႏြး တရုတ္နယ္စပ္ကုန္သြယ္ေရး ျမန္မာကုန္သည္ေတြနစ္နာမႈ ေျဖရွင္းဖို႔ေဆြးေႏြး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.